iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရႊင္စရာေတြ မ႐ွိေတာ့တဲ့ RS တစ္ခုဟာ စိုးရိမ္ပူပန္မႈေတြနဲ႔ စိတ္ဖိစီးရပါတယ္။ စိတ္က်ေရာဂါကိုပါအစပ်ဳိးလာေစပါတယ္။ လမ္းခဲြျခင္းဟာ တစ္ခ်ဳိ ႔အတဲြေတြအတြက္ေတာ့ အရမ္းခက္ခဲပါတယ္။
Rs တစ္ခုကို သူတို႔အေကာင္းဆံုးတည္ေဆာက္မယ္လို႔ ယံုၾကည္ထားခဲ့ေပမယ့္ ကိုယ္လက္တဲြတဲ့လူက ကိုယ္ဆဲြေခၚသလို ပါမလာတဲ့အခါ မေပ်ာ္ရေတာ့ဘူး။ မေပ်ာ္မွန္းသိရက္နဲ႔လည္း ဒီဆက္ဆံေရးတစ္ခုအတြက္အခ်ိန္ေတြအကုန္ခံေနၾကတယ္။ သူ႔ကိုဆံုး႐ႈံးရမွာ ေၾကာက္တဲ့စိတ္တစ္ခုတည္းနဲ႔ ကိုယ့္ကိုကိုယ္ ေလွာင္ပိတ္ေနၾကတယ္။ အခ်စ္မ႐ွိေတာ့တဲ့ Rs တစ္ခုကို လက္လႊတ္လိုက္ရမွာ ဒီအခ်က္ေတြေၾကာင့္ လူေတြ ေၾကာက္ရြံ႕ေနၾကတာျဖစ္ပါတယ္။


ကိုယ့္ကိုကိုယ္ ယံုၾကည္မႈမ႐ွိ

ေပ်ာ္ရႊင္စရာမေကာင္းတဲ့ Rs ဟာ ကိုယ့္ကိုကိုယ္ပါ ယံုၾကည္ခ်က္မ႐ွိေတာ့ေအာင္ ႐ုိက္ခ်ဳိးပစ္တတ္ပါတယ္။ ခ်စ္တဲ့သူဆီက ဆိုးဝါးစြာဆက္ဆံခံရတဲ့အခါ ကိုယ့္ရဲ႕ျဖစ္တည္မႈအေပၚပါ သံသယ႐ွိလာျပီးေနာက္ဆံုး ငါဟာ အခ်စ္နဲ႔မထိုက္တန္တဲ့ လူတစ္ေယာက္ ၊ ဘာညာ ဆိုျပီး ထင္ေယာင္ထင္မွားေတြျဖစ္လာတတ္ပါတယ္။
– ကိုယ့္ကိုကိုယ္ ရင္းႏွီးျမဳပ္ႏွံပါဦး။ ဒါဟာ ဝါႆနာအသစ္တစ္ခုလည္းျဖစ္ခ်င္ျဖစ္မယ္။ သင္တန္းတက္ ၊ ခရီးသြားျခင္းစသျဖင့္ စိတ္ထဲဆႏၵ႐ွိသမွ် လုပ္လိုက္ပါ။ ကိုယ့္ကို ဂ႐ုစိုက္ရမွာကိုယ္ပါပဲ။
– ခြင့္လႊတ္တတ္ေအာင္ ၾကိဳးစား။ ျပီးခဲ့တဲ့ ကိစၥေတြအတြက္ ကိုယ့္ကိုကိုယ္ အျပစ္တင္ေနတာရပ္လုိက္ျပီးအနာဂတ္ကို ေတြးပါ။
– ကိုယ့္ကိုကိုယ္ အ႐ႈံးသမား ၊ အ႐ူး ဆိုတဲ့ စကားလံုးေတြမေျပာပါနဲ႔။ နင္ဟာ အေကာင္းဆံုးေတြနဲ႔
ထိုက္တန္ျပီးသားလုိ႔ အားေပးႏွစ္သိမ့္ပါ။

အသက္

အသက္ရြယ္ကလည္း အတိုင္းတာတစ္ခုထိေလာက္ပဲ အေရးပါတာပါ။ အသက္၄ဝေက်ာ္သြားလည္း အခ်စ္ကို ႐ွာမေတြ႔ႏုိင္ဘူးလို႔ ဘယ္သူေျပာလဲ။ မေပ်ာ္ရတဲ့ အခ်စ္ေရးတစ္ခုကို ဆုပ္ကိုင္ထားျပီး တစ္သက္လံုး ေသတဲ့အထိ ေနသြားမလို႔လား။ တကယ့္အခ်စ္စစ္နဲ႔တည္ေဆာက္ထားတဲ့ ေပ်ာ္ရႊင္စရာဘဝေလးကို ေရာ မလိုခ်င္ေတာ့ဘူးလား။ သူဟာ မင္းကိုမလုိလားဘူးဆုိရင္ ဆုပ္ကိုင္မထားပါနဲ႔။ လႊတ္ခ်လိုက္ပါ။ ဒီအေျခအေနထက္ မင္းအမ်ားၾကီး ပိုေပ်ာ္ရမယ္လို႔ ရဲရဲၾကီးအာမခံတယ္။

ပုိက္ဆံ

သမီးရည္းစားဘဝမွာေတာ့ ဘာမွမျဖစ္ေပမယ့္ အိမ္ေထာင္တစ္ခုက်တဲ့အခါ အဆင္မေျပလို႔ ကဲြမယ္၊ ကြာမယ္ဆိုရင္ ပိုက္ဆံအေျခအေနေတြက ၾကည့္ရပါေသးတယ္။ ဒီေခတ္ၾကီးမွာ ေယာက်္ားလုပ္စားထိုင္စားတဲ့မိန္းမေတြ မ႐ွိေတာ့ပါဘူး။ အိမ္ေထာင္က်သြားတာနဲ႔ သူ႔အေပၚေမွ်ာ္ကိုးေနရမယ္ဆိုလည္း မျဖစ္ေသးဘူး။ ကိုယ့္မွာ အလုပ္ေလးတစ္ခု႐ွိေနမွ ရင္ေကာ့ျပီးထြက္လာလို႔ရမွာေပါ့။ ဒီလိုမဟုတ္ပဲ ေယာက်္ားအေပၚ မွီခိုေနမယ္ဆိုရင္ေတာ့ ပုိက္ဆံေၾကာင့္ စိတ္ဆင္းရဲခံ ၊ အေျပာဆိုခံျပီး ေနေနရမွာပါပဲ။ ကိုယ္ပုိင္ ဝင္ေငြ႐ွိေနသေရြ႔ သူ႔ကို မင္းအခ်ိန္မေရြးထားခဲ့ႏုိင္သလို အေျခအေနေတြ ၊ အခ်ိန္ခါေတြ ေစာင့္ေနစရာမလိုေတာ့ဘူးေပါ့ ။

ပတ္ဝန္းက်င္

ကိုယ့္ဘဝအတြက္ ပတ္ဝန္းက်င္ကို လုိက္ဂ႐ုစိုက္ေနလို႔မရပါဘူး။ အဆင္မေျပေတာ့တဲ့ RS တစ္ခုမွာ ပတ္ဝန္းက်င္ေျပာမွာစိုးလို႔ဆိုျပီး ဆက္ေနရင္ ကုိယ္ပဲခံရမွာေပါ့။ သမီးရည္းစားအတဲြေတြ ျပတ္သြားရင္လည္း ႏွစ္အၾကာၾကီးတဲြျပီးမွ မိန္းကေလးဘက္က နစ္နာသလိုအေျပာေတြ ၊ အိမ္ေထာင္သည္ေတြ ကဲြျပန္ရင္လည္း ေယာက်္ားကံကို မေကာင္းတာပါဆိုတဲ့ ခပ္ေပါေပါစကားေတြကို ေခါင္းထဲ ထည့္မေနပါနဲ႔။ မင္းတို႔ႏွစ္ေယာက္ရဲ႕ကိစၥက မင္းတို႔နဲ႔ပဲ သက္ဆိုင္ပါတယ္။ ႏွစ္ေယာက္သားညွိႏိႈင္းလို႔မရရင္ေတာ့ နည္းလမ္းက တစ္ခုပဲ႐ွိပါတယ္။ ကိုယ့္ဘ​ဝ ကိုယ္ေလွ်ာက္ရမွာပါ။ ဘယ္ပတ္ဝန္းက်င္ကမွ မင္းအတြက္ ဂ႐ုစိုက္တာမဟုတ္ပါဘူး။ သူတို႔အာ႐ံုစိုက္တာ မင္းရဲ႕က်႐ႈံးတစ္ခုပါပဲ။

အျပစ္ေတြၾကားထဲက အေကာင္းျမင္ေပးေန

အနည္းဆံုးေတာ့ သူက မေသာက္တတ္ပါဘူး။ သူ ငါ့ကိုမ႐ုိက္တာပဲ ေတာ္ပါေသးတယ္။ သူငါ့အေပၚ မေဖာက္ျပန္တာပဲ ေတာ္ပါေသးတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ေပ်ာ္စရာမေကာင္းတဲ့ Rs ကို လႊတ္လိုက္ဖို႔ တြန္႔ဆုတ္ေနတတ္ၾကပါတယ္။ အမ်ဳိးသမီး ေတာ္ေတာ္မ်ားမ်ားက ဒီေယာက်္ားမေကင္းေပမယ့္ ေသခ်ာျပဳျပင္ရင္ရႏုိင္မယ္ထင္သလို ေငြေရးေၾကးေရး ကိိစၥကိုလည္း ေတာ္ေတာ္ၾကည့္ၾကတယ္လို႔ ေလ့လာတစ္ခုမွာ ေျပာထားပါတယ္။ အိမ္ေထာင္ကဲြတစ္ခုကေန ရႏုိင္တဲ့ ဆိုးက်ိဳးေတြအတြက္ ေရ႐ွည္ကုိေတြးေနၾကတာပါ။ အနည္းဆံုးေတာ့ဆိုျပီး… သူ႔ရဲ႕ေကာင္းကြက္ေလးေတြ ေျပးျမင္ျပီး ခြင့္လႊတ္ေပးခ်င္တဲ့စိတ္က မင္းကို တြန္႔ဆုတ္ေစတာပါပဲ။

Credit: Trend
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

ပျော်ရွှင်စရာတွေ မရှိတော့တဲ့ RS တစ်ခုဟာ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးရပါတယ်။ စိတ်ကျရောဂါကိုပါအစပျိုးလာစေပါတယ်။ လမ်းခွဲခြင်းဟာ တစ်ချို့အတွဲတွေအတွက်တော့ အရမ်းခက်ခဲပါတယ်။
Rs တစ်ခုကို သူတို့အကောင်းဆုံးတည်ဆောက်မယ်လို့ ယုံကြည်ထားခဲ့ပေမယ့် ကိုယ်လက်တွဲတဲ့လူက ကိုယ်ဆွဲခေါ်သလို ပါမလာတဲ့အခါ မပျော်ရတော့ဘူး။ မပျော်မှန်းသိရက်နဲ့လည်း ဒီဆက်ဆံရေးတစ်ခုအတွက်အချိန်တွေအကုန်ခံနေကြတယ်။ သူ့ကိုဆုံးရှုံးရမှာ ကြောက်တဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ့်ကိုကိုယ် လှောင်ပိတ်နေကြတယ်။ အချစ်မရှိတော့တဲ့ Rs တစ်ခုကို လက်လွှတ်လိုက်ရမှာ ဒီအချက်တွေကြောင့် လူတွေ ကြောက်ရွံ့နေကြတာဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိ

ပျော်ရွှင်စရာမကောင်းတဲ့ Rs ဟာ ကိုယ့်ကိုကိုယ်ပါ ယုံကြည်ချက်မရှိတော့အောင် ရိုက်ချိုးပစ်တတ်ပါတယ်။ ချစ်တဲ့သူဆီက ဆိုးဝါးစွာဆက်ဆံခံရတဲ့အခါ ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်ပါ သံသယရှိလာပြီးနောက်ဆုံး ငါဟာ အချစ်နဲ့မထိုက်တန်တဲ့ လူတစ်ယောက် ၊ ဘာညာ ဆိုပြီး ထင်ယောင်ထင်မှားတွေဖြစ်လာတတ်ပါတယ်။
– ကိုယ့်ကိုကိုယ် ရင်းနှီးမြုပ်နှံပါဦး။ ဒါဟာ ဝါဿနာအသစ်တစ်ခုလည်းဖြစ်ချင်ဖြစ်မယ်။ သင်တန်းတက် ၊ ခရီးသွားခြင်းစသဖြင့် စိတ်ထဲဆန္ဒရှိသမျှ လုပ်လိုက်ပါ။ ကိုယ့်ကို ဂရုစိုက်ရမှာကိုယ်ပါပဲ။
– ခွင့်လွှတ်တတ်အောင် ကြိုးစား။ ပြီးခဲ့တဲ့ ကိစ္စတွေအတွက် ကိုယ့်ကိုကိုယ် အပြစ်တင်နေတာရပ်လိုက်ပြီးအနာဂတ်ကို တွေးပါ။
– ကိုယ့်ကိုကိုယ် အရှုံးသမား ၊ အရူး ဆိုတဲ့ စကားလုံးတွေမပြောပါနဲ့။ နင်ဟာ အကောင်းဆုံးတွေနဲ့
ထိုက်တန်ပြီးသားလို့ အားပေးနှစ်သိမ့်ပါ။

အသက်

အသက်ရွယ်ကလည်း အတိုင်းတာတစ်ခုထိလောက်ပဲ အရေးပါတာပါ။ အသက်၄ဝကျော်သွားလည်း အချစ်ကို ရှာမတွေ့နိုင်ဘူးလို့ ဘယ်သူပြောလဲ။ မပျော်ရတဲ့ အချစ်ရေးတစ်ခုကို ဆုပ်ကိုင်ထားပြီး တစ်သက်လုံး သေတဲ့အထိ နေသွားမလို့လား။ တကယ့်အချစ်စစ်နဲ့တည်ဆောက်ထားတဲ့ ပျော်ရွှင်စရာဘဝလေးကို ရော မလိုချင်တော့ဘူးလား။ သူဟာ မင်းကိုမလိုလားဘူးဆိုရင် ဆုပ်ကိုင်မထားပါနဲ့။ လွှတ်ချလိုက်ပါ။ ဒီအခြေအနေထက် မင်းအများကြီး ပိုပျော်ရမယ်လို့ ရဲရဲကြီးအာမခံတယ်။

ပိုက်ဆံ

သမီးရည်းစားဘဝမှာတော့ ဘာမှမဖြစ်ပေမယ့် အိမ်ထောင်တစ်ခုကျတဲ့အခါ အဆင်မပြေလို့ ကွဲမယ်၊ ကွာမယ်ဆိုရင် ပိုက်ဆံအခြေအနေတွေက ကြည့်ရပါသေးတယ်။ ဒီခေတ်ကြီးမှာ ယောကျ်ားလုပ်စားထိုင်စားတဲ့မိန်းမတွေ မရှိတော့ပါဘူး။ အိမ်ထောင်ကျသွားတာနဲ့ သူ့အပေါ်မျှော်ကိုးနေရမယ်ဆိုလည်း မဖြစ်သေးဘူး။ ကိုယ့်မှာ အလုပ်လေးတစ်ခုရှိနေမှ ရင်ကော့ပြီးထွက်လာလို့ရမှာပေါ့။ ဒီလိုမဟုတ်ပဲ ယောကျ်ားအပေါ် မှီခိုနေမယ်ဆိုရင်တော့ ပိုက်ဆံကြောင့် စိတ်ဆင်းရဲခံ ၊ အပြောဆိုခံပြီး နေနေရမှာပါပဲ။ ကိုယ်ပိုင် ဝင်ငွေရှိနေသရွေ့ သူ့ကို မင်းအချိန်မရွေးထားခဲ့နိုင်သလို အခြေအနေတွေ ၊ အချိန်ခါတွေ စောင့်နေစရာမလိုတော့ဘူးပေါ့ ။

ပတ်ဝန်းကျင်

ကိုယ့်ဘဝအတွက် ပတ်ဝန်းကျင်ကို လိုက်ဂရုစိုက်နေလို့မရပါဘူး။ အဆင်မပြေတော့တဲ့ RS တစ်ခုမှာ ပတ်ဝန်းကျင်ပြောမှာစိုးလို့ဆိုပြီး ဆက်နေရင် ကိုယ်ပဲခံရမှာပေါ့။ သမီးရည်းစားအတွဲတွေ ပြတ်သွားရင်လည်း နှစ်အကြာကြီးတွဲပြီးမှ မိန်းကလေးဘက်က နစ်နာသလိုအပြောတွေ ၊ အိမ်ထောင်သည်တွေ ကွဲပြန်ရင်လည်း ယောကျ်ားကံကို မကောင်းတာပါဆိုတဲ့ ခပ်ပေါပေါစကားတွေကို ခေါင်းထဲ ထည့်မနေပါနဲ့။ မင်းတို့နှစ်ယောက်ရဲ့ကိစ္စက မင်းတို့နဲ့ပဲ သက်ဆိုင်ပါတယ်။ နှစ်ယောက်သားညှိနှိုင်းလို့မရရင်တော့ နည်းလမ်းက တစ်ခုပဲရှိပါတယ်။ ကိုယ့်ဘဝ ကိုယ်လျှောက်ရမှာပါ။ ဘယ်ပတ်ဝန်းကျင်ကမှ မင်းအတွက် ဂရုစိုက်တာမဟုတ်ပါဘူး။ သူတို့အာရုံစိုက်တာ မင်းရဲ့ကျရှုံးတစ်ခုပါပဲ။

အပြစ်တွေကြားထဲက အကောင်းမြင်ပေးနေ

အနည်းဆုံးတော့ သူက မသောက်တတ်ပါဘူး။ သူ ငါ့ကိုမရိုက်တာပဲ တော်ပါသေးတယ်။ သူငါ့အပေါ် မဖောက်ပြန်တာပဲ တော်ပါသေးတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပျော်စရာမကောင်းတဲ့ Rs ကို လွှတ်လိုက်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ အမျိုးသမီး တော်တော်များများက ဒီယောကျ်ားမကေင်းပေမယ့် သေချာပြုပြင်ရင်ရနိုင်မယ်ထင်သလို ငွေရေးကြေးရေး ကိစ္စကိုလည်း တော်တော်ကြည့်ကြတယ်လို့ လေ့လာတစ်ခုမှာ ပြောထားပါတယ်။ အိမ်ထောင်ကွဲတစ်ခုကနေ ရနိုင်တဲ့ ဆိုးကျိုးတွေအတွက် ရေရှည်ကိုတွေးနေကြတာပါ။ အနည်းဆုံးတော့ဆိုပြီး… သူ့ရဲ့ကောင်းကွက်လေးတွေ ပြေးမြင်ပြီး ခွင့်လွှတ်ပေးချင်တဲ့စိတ်က မင်းကို တွန့်ဆုတ်စေတာပါပဲ။

Credit: Trend

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top