iMyanmarHouse.com - Best Property Website for Myanmar
×
၆။ရေများများသောက်ပါ
၈။တရားထိုင်ပါ
Credit: popo
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
ဆေးလိပ်သောက်တာဟာ ကျန်းမာရေးအတွက်ထိခိုက်စေတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ဘယ်သူမှလွယ်ကူစွာမဖြတ်နိုင်ကြပါဘူး။ကိုယ့်အတွက်လည်းမကောင်းသလို ဆေးလိပ်အနံ့ရှုမိတဲ့ သူတွေအတွက်လည်းရောဂါဖြစ်စေပါတယ်။ အဲ့ဒါကြောင့်ဆေးလိပ်ဖြတ်ချင်ပေမဲ့ ခံနိုင်ရည်မရှိပဲပြန်သောက်မိနေမှာစိုးတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးချင်ပါတယ်။
၁။ဆေးလိပ်ပြတ်ရမယ်ဆိုတဲ့စိတ်ထားပါ
စိတ်ထဲမှာဆေးလိပ်ပြတ်ရမယ်ဆိုတဲ့စိတ်စွဲထားမှ ဆေးလိပ်အမြန်ဆုံးဖြတ်နိုင်မှာပါ။ပြတ်ချင်တဲ့အချိန်ပြတ်ဆိုရင်တော့ ခဏခဏသောက်မိနေမှာအသေအချာပါပဲ။ကိုယ့်စိတ်ကိုပြင်ဆင်ပြီးမှစတာအကောင်းဆုံးပါပဲ။တစ်နေ့ကိုဆေးလိပ် ၂ဘူးကုန်အောင်သောက်တဲ့သူဆိုရင်  တစ်ဘူးပဲဝယ်ထားပြီးအောက်ကနည်းလမ်းတွေအတိုင်းထိန်းချုပ်ပြီးသောက်ပါ။
၂။သင့်အိမ်၊အခန်းကိုရှင်းပါ
အခန်းကိုသန့်ရှင်းရေးလုပ်ပါ။ဆေးလိပ်တိုတွေ၊ဆေးလိပ်မှုန့်တွေကိုရှင်းလင်းပြီးအခန်းကိုမွှေးပျံ့နေအောင်ထားပါ။ဆေးလိပ်နံ့စွဲနေတဲ့ အိပ်ရာခင်း၊စောင်တွေကိုလျှော်ပါ။သန့်ရှင်းမွှေးပျံ့နေတဲ့အခန်းထဲမှာဆေးလိပ်သောက်ဖို့ကို သင်တုံ့နှေးနေမှာပါ။
၃။ဆေးလိပ်မသောက်ရမယ့်နေရာတွေကိုသတ်မှတ်ပါ
စစချင်းတော့ ဘယ်သူမှချက်ချင်းမဖြတ်နိုင်ပါဘူး။တစ်နေ့ ဆယ်လိပ်ကနေငါးလိပ်လောက်ထိလျှော့ချနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုသတ်မှတ်ထားပါ။လူများတဲ့နေရာ၊ကလေးတွေရှိတဲ့နေရာ၊စားသောက်ဆိုင်မှာစတဲ့နေရာတွေမှာမသောက်ဘူးဆိုတဲ့ သတ်မှတ်ချက်မျိုးထားပါ။အဲ့ဒါဟာ သင့်ရဲ့ဆေးလိပ်သောက်ချင်တဲ့စိတ်ကို လျှော့ချပေးနိုင်တဲ့နည်းလမ်းတစ်ခုပါ။
၄။ပါးစပ်နဲ့လက်ကိုအလုပ်ပေးထားပါ
ဆေးလိပ်သောက်မယ့်အစား ပါးစပ်ထဲမှာပီကေတစ်ခုခုထည့်ပြီးဝါးပါ။သကြားလုံးဝါးပါ။သကြားလုံးထုပ်လေးတွေဆောင်ထားပါ။ လက်တွေကိုဆေးလိပ်မကိုင်မိအောင်ဘောပင်န်၊ခဲဖျက်၊ဘောလုံး ဒါမှမဟုတ် ဂိမ်းတစ်ခုခုကို ကစားပါ။ဆေးလိပ်သောက်ချင်တဲ့အာရုံမရှိတော့အောင်လုပ်ပါ။ခက်ခဲပေမဲ့ ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင်တော့ ကိုယ့်စိတ်ကိုနိုင်မှဖြစ်မှာပါ။
၅။အသက်ကိုပြင်းပြင်းရှုပါ
ဆေးလိပ်အရမ်းသောက်ချင်နေပြီဆိုရင် ချက်ချင်းအသက်ကိုပြင်းပြင်းရှုပါ။ပြီးရင်ရှုလိုက်၊ထုတ်လိုက်နဲ့၅မိနစ်လောက်လုပ်ပေးပါ။ အသက်ပြင်းပြင်းရှုပေးတာဟာ ဆေးလိပ်သောက်ချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။ဆေးလိပ်သောက်ချင်လာပြီဆိုတာနဲ့ အသက်ကိုပြင်းပြင်းရှုပြီးအာရုံပြောင်းပေးပါ။
၆။ရေများများသောက်ပါ
ဆေးလိပ်သောက်တာက အဆုတ်ကိုထိခိုက်စေတဲ့အတွက် ရေများများသောက်ပေးမှအဆင်ပြေပါမယ်။ အားတဲ့အချိန်တိုင်းမှာဆေးလိပ်ကိုမကိုင်ပဲ ရေသောက်လိုက်၊တခြားအလုပ်တစ်ခုခုလုပ်လိုက်နဲ့အာရုံပြောင်းပါ။ တစ်နေ့ကိုဖန်ခွက်နဲ့၁၀ခွက်သောက်ပေးပါ။
၇။ဝါသနာပါတာတစ်ခုခုလုပ်ပါ
အာရုံပြောင်းတဲ့အနေနဲ့ သင်ဝါသနာပါတဲ့အားကစား၊ဂီတာ၊အနုပညာတစ်ခုခုကိုအချိန်ပေးပြီးလုပ်ပါ။ဆေးလိပ်ထက်ပိုပြီး ဆွဲဆောင်မှုအားပြင်းစေမယ့်အလုပ်တစ်ခုခုကိုလုပ်ပါ။ဝါသနာပါတဲ့အလုပ်တစ်ခုကိုလုပ်နေတာကအဲ့ဒီအလုပ်ပေါ်မှာ အာရုံပိုစူးစိုက်မိပြီးဆေးလိပ်သောက်တာဘက်ကိုအာရုံလျော့နည်းလာစေပါတယ်။
၈။တရားထိုင်ပါ
နောက်ဆုံးတစ်ချက်ကတော့ ညအိပ်ခါနီးတိုင်း ၁၀မိနစ်လောက်အချိန်ပေးပြီးတရားထိုင်ပေးပါ။ဝင်လေထွက်လေကို မှတ်ထားပြီးအသက်ရှုလိုက်ထုတ်လိုက်လုပ်ပေးတာကစိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကင်းဝေးစေပါတယ်။ စိတ်ကိုလည်းထိန်းချုပ်ပေးတဲ့အတွက်ဒီနည်းလမ်းတွေကိုသာမှန်မှန်လုပ်ပေးသွားမယ်ဆိုရင် မကြာခင်ဆေးလိပ်ပြတ်သွားပါလိမ့်မယ်။
Credit: popo
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top