iMyanmarHouse.com - Best Property Website for Myanmar
×


ခႏၶာကိုယ္တြင္း အပူဓာတ္မ်ားသူေတြမွာ ျဖစ္ေပၚေလ့ရွိတဲ့ ခံတြင္းထဲမွာ အပူကန္နာေတြေပါက္ျခင္းဟာ အစာစားတဲ့ အခါမ်ိဳးေတြမွာ နာက်င္မႈေဝဒနာကို ခံစားရေလ့ ရွိပါတယ္။ဒါေၾကာင့္မို႔လို႔ ခံတြင္းထဲက အပူကန္နာေတြကို အခ်ိန္တိုအတြင္း သက္သာေပ်ာက္ကင္းေစမယ့္ နည္းလမ္းေကာင္းေတြကို စာဖတ္ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အုန္းႏို႔ရည္ဟာ ခံတြင္းမွာျဖစ္တဲ့ အပူကန္နာေတြကို အခ်ိန္တိုအတြင္း သက္သာေပ်ာက္ကင္းေစႏိုင္တဲ့ သဘာဝေဆး နည္းပဲ ျဖစ္ပါတယ္။ အုန္းႏို႔ရည္နဲ႔ မၾကာခဏ ပလုပ္က်င္းေပးျခင္းအားျဖင့္ အပူကန္နာေတြကို ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

(၂) ပ်ားရည္ဟာ ဘက္တီးရီးယားေတြကို ေသေစႏိုင္တဲ့အစြမ္းရွိၿပီး ေရာင္ရမ္းမႈကို ေလ်ာ့က်ေစတာေၾကာင့္ အပူကန္နာ ျဖစ္ေပၚေနတဲ့ ေနရာကို ပ်ားရည္ သုတ္လိမ္းေပးျခင္းအားျဖင့္လည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၃) အပူကန္နာျဖစ္ေနတဲ့ ေနရာကို ေရခဲကပ္ေပးျခင္းကလည္း နာက်င္မႈကို သက္သာေစႏိုင္သလို ေရာင္ရမ္းမႈကိုလည္း ေလ်ာ့ပါးေစတာေၾကာင့္ အနာက်က္ျမန္ေစပါတယ္။

(၄) တ႐ုတ္နံနံပင္မွာ ေဖာလစ္အက္ဆစ္ ၊ ဗီတာမင္စီနဲ႔ ဗီတာမင္ဘီတို႔ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ လတ္လတ္ဆတ္ ဆတ္ တ႐ုတ္နံနံပင္ကို ဝါးစားေပးျခင္းအားျဖင့္လည္း ခံတြင္းထဲက အပူကန္နာေတြကို ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

(၅) ရွားေစာင္းလက္ပတ္ဟာ ခံတြင္းမွာ ျဖစ္တဲ့ အပူကန္နာေတြအျပင္ လည္ေခ်ာင္းနာတာနဲ႔ သြားဖုံးေရာင္တာေတြကို ပါ ေပ်ာက္ကင္းေစႏိုင္တာေၾကာင့္ အပူကန္နာေပၚကို ရွားေစာင္းလက္ပတ္ဂ်ယ္လ္ အနည္းငယ္ သုတ္လိမ္းေပးျခင္းကလည္း သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၆) ဆားနဲ႔ ေရခပ္ေႏြးေႏြးကို ေရာစပ္ၿပီး ပလုတ္က်င္းေပးျခင္းဟာ အနည္းငယ္ စပ္ဖ်ဥ္းဖ်ဥ္း ႏိုင္ေပမယ့္ အပူကန္နာေတြကို အျမန္ဆုံး ေပ်ာက္ကင္းေစႏိုင္တဲ့ နည္းလမ္းပဲ ျဖစ္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ခံတွင်းထဲမှာ အပူကန်နာတွေပေါက်ခြင်းဟာ အစာစားတဲ့ အခါမျိုးတွေမှာ နာကျင်မှုဝေဒနာကို ခံစားရလေ့ ရှိပါတယ်။ဒါကြောင့်မို့လို့ ခံတွင်းထဲက အပူကန်နာတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေမယ့် နည်းလမ်းကောင်းတွေကို စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အုန်းနို့ရည်ဟာ ခံတွင်းမှာဖြစ်တဲ့ အပူကန်နာတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေး နည်းပဲ ဖြစ်ပါတယ်။ အုန်းနို့ရည်နဲ့ မကြာခဏ ပလုပ်ကျင်းပေးခြင်းအားဖြင့် အပူကန်နာတွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၂) ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိပြီး ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် အပူကန်နာ ဖြစ်ပေါ်နေတဲ့ နေရာကို ပျားရည် သုတ်လိမ်းပေးခြင်းအားဖြင့်လည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၃) အပူကန်နာဖြစ်နေတဲ့ နေရာကို ရေခဲကပ်ပေးခြင်းကလည်း နာကျင်မှုကို သက်သာစေနိုင်သလို ရောင်ရမ်းမှုကိုလည်း လျော့ပါးစေတာကြောင့် အနာကျက်မြန်စေပါတယ်။

(၄) တရုတ်နံနံပင်မှာ ဖောလစ်အက်ဆစ် ၊ ဗီတာမင်စီနဲ့ ဗီတာမင်ဘီတို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် လတ်လတ်ဆတ် ဆတ် တရုတ်နံနံပင်ကို ဝါးစားပေးခြင်းအားဖြင့်လည်း ခံတွင်းထဲက အပူကန်နာတွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၅) ရှားစောင်းလက်ပတ်ဟာ ခံတွင်းမှာ ဖြစ်တဲ့ အပူကန်နာတွေအပြင် လည်ချောင်းနာတာနဲ့ သွားဖုံးရောင်တာတွေကို ပါ ပျောက်ကင်းစေနိုင်တာကြောင့် အပူကန်နာပေါ်ကို ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ် သုတ်လိမ်းပေးခြင်းကလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၆) ဆားနဲ့ ရေခပ်နွေးနွေးကို ရောစပ်ပြီး ပလုတ်ကျင်းပေးခြင်းဟာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း နိုင်ပေမယ့် အပူကန်နာတွေကို အမြန်ဆုံး ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top