iMyanmarHouse.com - Best Property Website for Myanmar
×

လူ႔ခႏၶာကိုယ္အတြက္ပရိုတင္းဓာတ္ကမရွိမျဖစ္လိုအပ္တဲ႔အရာတစ္ခုပါ။ပရုိတင္းဓာတ္ရွိမွခႏၶာကုိယ္ရဲ႔လုပ္ေဆာင္ခ်က္ေတြမွန္ကန္ျပီး က်န္းမာေရးနဲ႔ညီညြတ္မွာပဲျဖစ္ပါတယ္။ခႏၶာကုိယ္မွလိုအပ္တဲ႔ကယ္လိုရီကုိပရိုတင္းဓာတ္ကေနရရွိေနတာပဲျဖစ္ပါတယ္။ပရိုတင္းနည္းရင္လည္း မေကာင္းသလို မ်ားရင္လည္းမေကာင္းပါဘူး။က်န္းမာေရးေလ့လာခ်က္အရ အသက္၁၉ႏွစ္ကေန ၇၀အရြယ္ထိ အမ်ိဳးသမီးတစ္ေယာက္က တစ္ရက္ကို ပရိုတင္း ၄၆ဂရမ္စားသံုးေပးရပါမယ္။အမ်ိဳးသားတစ္ေယာက္ဟာ ၅၆ဂရမ္စားသံုးေပးရပါမယ္။သတ္မွတ္ထားတဲ႔အတိုင္းမဟုတ္ပဲ နည္းသြားခဲ႔ရင္ ၾကာလာတဲ႔အခါခႏၶာကုိယ္ကေနသတိေပးလာပါလိမ့့္မယ္။ဘာေတြလဲဆုိေတာ့...
၁။ၾကြက္သားေတြ အားနည္းလာမယ္

ခႏၶာကုိယ္ၾကြက္သားေတြကအရင္ကလုိမသန္မာေတာ့ပဲအားနည္းလာမယ္ဆုိရင္သတိထားသင့္ပါျပီ။သင့္ၾကြက္သားထဲက ပရိုတင္းဓာတ္နည္းပါးတဲ႔အတြက္ အားအင္ေတြေလ်ာ့လာတာပဲျဖစ္ပါတယ္။အဲ့ဒါေၾကာင့္သတိထားမိတာနဲ႔ပရိုတင္းဓာတ္ပါတဲ႔အစားအေသာက္ေတြကို အလြန္အကြ်ံမျဖစ္ေအာင္၊အားျပန္ျဖည့္ေပး ႏုိင္တဲ႔အထိစားသံုးေပးပါ။
၂။ဆံပင္ေတြကြ်တ္လာမယ္

ပံုမွန္ထက္ပိုျပီးဆံပင္ေတြကြ်တ္လာမယ္ဆိုရင္ေတာ့ သင့္ဆံပင္အေရျပားကဆဲလ္ေတြအတြက္ပရိုတင္းဓာတ္မလံုေလာက္လို႔ပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ဆံပင္အားျဖည့္ေပးႏုိင္မယ့္ပရိုတင္းဓာတ္ပါတဲ႔အစားအစာေတြကုိစားေပးပါ။
၃။ခ်ိဳတဲ႔အစားအစာေတြကိုပုိျပီးေတာင့္တလာမယ္

ပရုိတင္းဓာတ္လိုအပ္ေနျပီဆိုရင္လူအမ်ားစုဟာ ခ်ိဳတဲ႔အစားအစာေတြကုိမၾကာခဏေတာင့္တ လာပါလိမ့္မယ္။ေခ်ာကလက္၊ေရခဲမုန္႔၊ကိတ္မုန္႔စသျဖင့္ေပါ့။ စားေနရေပမဲ႔လည္းစားရတာနည္းေနတယ္လို႔ထင္ေနပါလိမ့္မယ္။ သင့္ကိုယ္သင္သတိထားျပီးပရိုတင္းဓာတ္ပါတဲ႔အစားအစာေတြေရြးခ်ယ္စားဖို႔လိုေနပါျပီ။
၄။မၾကာခဏဖ်ားေနမယ္

တစ္ပတ္ကုိ ၂ခါေလာက္ဖ်ားေနမယ္ဆိုရင္ေတာ့ ပရိုတင္းဓာတ္နည္းပါးေနတဲ႔အတြက္ေၾကာင့္ျဖစ္ပါတယ္။ ပရိုတင္းဓာတ္ကကုိယ္ခံစြမ္းအားကိုျမွင့္တင္ေပးတာေၾကာင့္ ေနမေကာင္းျဖစ္ေနရင္ ပရိုတင္းဓာတ္ပါ၀င္တဲ့အစားအစာေတြ၊ေဆးေတြေသာက္ေပးပါ။ဆရာ၀န္လည္းျပသစစ္ေဆးပါ။
၅။လက္သည္းေတြက်ိဳးပဲ့ျပီးျဖဴေဖ်ာ့ေနမယ္

ခႏၶာကုိယ္မွာပရိုတင္းဓာတ္နည္းပါးလာျပီဆုိရင္လက္သည္းေတြကလည္းက်န္းမာေရးအေျခအေနကိုျပေလ့ရွိပါတယ္။ သင့္ရဲ႔လက္သည္းေတြျဖဴေဖ်ာ့ျပီးက်ိဳးပဲ့လြယ္ေနျပီဆိုရင္သတိထားပါ။ဆရာ၀န္နဲ႔ေသခ်ာစစ္ေဆးျပီးပရုိတင္းမ်ားတဲ႔အစားအစာေတြစားေပးပါ။
၆။အိပ္ေရးမ၀ပဲျဖစ္ေနမယ္

ပရိုတင္းဓာတ္နည္းပါးေနတဲ႔အခါ ေစာေစာအိပ္ေပမဲ႔လည္း မနက္ႏုိးလာတဲ့အခါအိပ္ေရးမ၀သလို ခံစားေနရပါလိမ့္မယ္။မၾကာခဏအ႔ဲလိုျဖစ္ေနျပီဆုိရင္ ဆရာ၀န္နဲ႔တုိင္ပင္ျပီးစားေသာက္ပံုကိုေျပာင္းလဲပါ။က်န္းမာေစတဲ႔ အစားအေသာက္ေတြ၊ပရိုတင္းပါတဲ႔အစားအစာေတြကုိေျပာင္းလဲစားေသာက္ပါ။

Credit: popo
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူ့ခန္ဓာကိုယ်အတွက်ပရိုတင်းဓာတ်ကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ပရိုတင်းဓာတ်ရှိမှခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေမှန်ကန်ပြီး ကျန်းမာရေးနဲ့ညီညွတ်မှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှလိုအပ်တဲ့ကယ်လိုရီကိုပရိုတင်းဓာတ်ကနေရရှိနေတာပဲဖြစ်ပါတယ်။ပရိုတင်းနည်းရင်လည်း မကောင်းသလို များရင်လည်းမကောင်းပါဘူး။ကျန်းမာရေးလေ့လာချက်အရ အသက်၁၉နှစ်ကနေ ၇၀အရွယ်ထိ အမျိုးသမီးတစ်ယောက်က တစ်ရက်ကို ပရိုတင်း ၄၆ဂရမ်စားသုံးပေးရပါမယ်။အမျိုးသားတစ်ယောက်ဟာ ၅၆ဂရမ်စားသုံးပေးရပါမယ်။သတ်မှတ်ထားတဲ့အတိုင်းမဟုတ်ပဲ နည်းသွားခဲ့ရင် ကြာလာတဲ့အခါခန္ဓာကိုယ်ကနေသတိပေးလာပါလိမ့်မယ်။ဘာတွေလဲဆိုတော့...
၁။ကြွက်သားတွေ အားနည်းလာမယ်

ခန္ဓာကိုယ်ကြွက်သားတွေကအရင်ကလိုမသန်မာတော့ပဲအားနည်းလာမယ်ဆိုရင်သတိထားသင့်ပါပြီ။သင့်ကြွက်သားထဲက ပရိုတင်းဓာတ်နည်းပါးတဲ့အတွက် အားအင်တွေလျော့လာတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်သတိထားမိတာနဲ့ပရိုတင်းဓာတ်ပါတဲ့အစားအသောက်တွေကို အလွန်အကျွံမဖြစ်အောင်၊အားပြန်ဖြည့်ပေး နိုင်တဲ့အထိစားသုံးပေးပါ။
၂။ဆံပင်တွေကျွတ်လာမယ်

ပုံမှန်ထက်ပိုပြီးဆံပင်တွေကျွတ်လာမယ်ဆိုရင်တော့ သင့်ဆံပင်အရေပြားကဆဲလ်တွေအတွက်ပရိုတင်းဓာတ်မလုံလောက်လို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဆံပင်အားဖြည့်ပေးနိုင်မယ့်ပရိုတင်းဓာတ်ပါတဲ့အစားအစာတွေကိုစားပေးပါ။
၃။ချိုတဲ့အစားအစာတွေကိုပိုပြီးတောင့်တလာမယ်

ပရိုတင်းဓာတ်လိုအပ်နေပြီဆိုရင်လူအများစုဟာ ချိုတဲ့အစားအစာတွေကိုမကြာခဏတောင့်တ လာပါလိမ့်မယ်။ချောကလက်၊ရေခဲမုန့်၊ကိတ်မုန့်စသဖြင့်ပေါ့။ စားနေရပေမဲ့လည်းစားရတာနည်းနေတယ်လို့ထင်နေပါလိမ့်မယ်။ သင့်ကိုယ်သင်သတိထားပြီးပရိုတင်းဓာတ်ပါတဲ့အစားအစာတွေရွေးချယ်စားဖို့လိုနေပါပြီ။
၄။မကြာခဏဖျားနေမယ်

တစ်ပတ်ကို ၂ခါလောက်ဖျားနေမယ်ဆိုရင်တော့ ပရိုတင်းဓာတ်နည်းပါးနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတာကြောင့် နေမကောင်းဖြစ်နေရင် ပရိုတင်းဓာတ်ပါဝင်တဲ့အစားအစာတွေ၊ဆေးတွေသောက်ပေးပါ။ဆရာဝန်လည်းပြသစစ်ဆေးပါ။
၅။လက်သည်းတွေကျိုးပဲ့ပြီးဖြူဖျော့နေမယ်

ခန္ဓာကိုယ်မှာပရိုတင်းဓာတ်နည်းပါးလာပြီဆိုရင်လက်သည်းတွေကလည်းကျန်းမာရေးအခြေအနေကိုပြလေ့ရှိပါတယ်။ သင့်ရဲ့လက်သည်းတွေဖြူဖျော့ပြီးကျိုးပဲ့လွယ်နေပြီဆိုရင်သတိထားပါ။ဆရာဝန်နဲ့သေချာစစ်ဆေးပြီးပရိုတင်းများတဲ့အစားအစာတွေစားပေးပါ။
၆။အိပ်ရေးမဝပဲဖြစ်နေမယ်

ပရိုတင်းဓာတ်နည်းပါးနေတဲ့အခါ စောစောအိပ်ပေမဲ့လည်း မနက်နိုးလာတဲ့အခါအိပ်ရေးမဝသလို ခံစားနေရပါလိမ့်မယ်။မကြာခဏအဲ့လိုဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးစားသောက်ပုံကိုပြောင်းလဲပါ။ကျန်းမာစေတဲ့ အစားအသောက်တွေ၊ပရိုတင်းပါတဲ့အစားအစာတွေကိုပြောင်းလဲစားသောက်ပါ။

Credit: popo
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top