iMyanmarHouse.com - Best Property Website for Myanmar
×


လြန္ခဲ့တဲ့ ၂၀၀၀ ျပည့္ႏွစ္ေတြကတည္းက ပရိသတ္အခိုင္မာရွိတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ ဦးဧရာကေတာ့ တေလာတုန္းက က်န္းမာေရးအေျခေနေတြေၾကာင့္ ေဆးရံုတက္ေနရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိမွာေတာ့ သက္သာတဲ့အေျခေနကို ေရာက္လာတာေၾကာင့္ ေဆးရံုေပၚက ဆင္းလာရျပီ ျဖစ္ပါတယ္။ ဦးဧရာနဲ႔ ပတ္သက္ျပီး ပရိသတ္ေတြရဲ့ ဝိုင္းဝန္းေဖးမမႈကေနတဆင့္ အလွဴရွင္ေတြ ေပၚလာျပီး လာလွဴျဖစ္တဲ့အေၾကာင္း သူ႔ရဲ့လက္ရွိက်န္းမာေရး အေျခေနေတြကိုေတာ့ ဦးဧရာက အခုလိုပဲ ေျဖရားသြားခဲ့ပါတယ္။

8 day နဲ႔ အင္တာဗ်ဴးမွာေတာ့ သရုပ္ေဆာင္လူရႊင္ေတာ္ ဦးဧရာကေတာ့ Naing Family Cherry Oo Company မိသားစုမွ ဘာေရာက္လွဴဒါန္းခဲ့တဲ့အတြက္ ဘယ္လိုခံစားရလဲဆိုတဲ့ အေပၚမွာ “ခ်ယ္ရီဦးက လာျပီးေတာ့ လွဴတယ္ဆိုေတာ့ ယံုေတာင္မယံုႏိုင္ဘူး စိတ္ထဲမွာ ေက်းဇူးတင္ပါတယ္။ ျပီးေတာ့ ခ်ယ္ရီဦးက ဟိုအရင္တုန္းက တီဗီအစီအစဥ္ စကားနပန္းဆိုတာ ရွိတယ္။ အဲ့မွာ ႏိုင္ႏိုင္မႏိုင္ႏိုင္ နာရီတေယာက္ တလံုးစီ ဆုခ်ေပးေနၾက အဖိုးတန္နာရီပါ”


က်န္းမာေရး အေျခေနနဲ႔ ပတ္သက္ျပီး “ေဆးရုံက ဆင္းတာကေတာ့ ၁၀ ရက္ေလာက္ရွိျပီ။ အေၾကာေတြ အကင္းေတာ့ မေသေသးပါဘူး။ ဆရာဝန္ကေတာ့ နားဦးဆိုလို႔ နားေနရတာေပါ့။ လိုအပ္ရင္တာ့ ေဆးရံုျပန္ျပရမယ္။ ထပ္တက္ရမယ္ေပါ့။ ေနာက္ျပီးေတာ့ ေသြးထဲမွာ ကင္ဆာအေရာင္ေတြ႔တယ္ေပါ့။ ဒါေပမယ့္လည္း တျခားဟာေတြလည္း ျဖစ္ႏိုင္တယ္။ စစ္ရမယ္ဆိုလို႔ သြားစစ္တာေပါ့။ စစ္တုန္းကေတာ့ အဲ့ေလာက္ကုန္မယ္မထင္ဘူးေလ။ အမ်ားဆံုးကုန္ ၁ သိန္း ၂ သိန္းေပါ့။ တကယ္တမ္းစစ္လိုက္ေတာ့ ၁၀ သိန္းနဲ႔ ၈ ေသာင္းကုန္သြားတယ္။ ေတာ္ေသးတယ္။ ဒီလိုပဲ ေခ်း ငွားရတာေပါ့။ ေခ်း လိုက္ေတာ့ ျပည့္သြားတယ္။ ျပည့္သြားေတာ့ ေပးျပီး ျပန္လာတယ္။

အသားစ စစ္တဲ့အခ်ိန္မွာလည္း သြားမျပခ်င္ဘူး။ ပိုက္ဆံကလည္း ကုန္မွာပဲေလ။ အဲ့ဒါနဲ႔ အိမ္နားမွာရွိတဲ့ ေဒါက္တာကို ျပၾကည့္ဆိုေတာ့ သူကလည္း တခုခ်င္း မိန္းမကို ရွင္းျပတယ္။ ဘာမွမရွိဘူးေပါ့။ ေအးေဆးပါပဲတဲ့။ အစာအိမ္မွာ အကိုက္ခဲေပ်ာက္ေဆး ေသာက္တာမ်ားေတာ့ ဒဏ္ေလးရွိေနတာတဲ့။ အဲ့ဒါေၾကာင့္ စိတ္ထဲေပ်ာ္သြားတယ္”


ပရိသတ္ေတြအတြက္ စကားလက္ေဆာင္နဲ႔ ပတ္သက္ျပီး “အေမေပးတဲ့အသက္မရွိေတာ့ပါဘူး။ ပရိသတ္ေတြေပးတဲ့ အသက္ပဲ ရွိပါေတာ့တယ္။ ေနာက္ဆက္လက္ အသက္ရွင္ဖို႔ကလည္း ပရိသတ္ေတြေပးတဲ့အသက္နဲ႔ပဲ ဆက္ရွင္ရမွာပါ။ ဒါေၾကာင့္ ဆက္ျပီးေတာ့ အားေပးၾကပါ။ လူတိုင္းက ေသရမွာပါ။ ဒါေၾကာင့္ ကြ်န္ေတာ္ေသတဲ့အခ်ိန္မွာ ရိုက္ကြင္းမွာပဲ ျဖစ္ျဖစ္ ဇာတ္ခံုေပၚမွာပဲ ျဖစ္ျဖစ္ လွဲျပီးေတ့ာ ေသလိုက္ခ်င္တယ္။ ဒဏ္ရာေတြနဲ႔ အိပ္ရာထဲလွဲ ေဝဒနာကိုအၾကာၾကီးခံျပီးေတာ့ မေသခ်င္ဘူး။ အဲ့ဒါေလးေတြ ဘုရားရွိခိုးပါတယ္။ ဒါေလးတခုေတာ့ ျဖစ္ခြင့္ေပးပါဆိုျပီးေတ့ာ” ဟု ေျဖၾကားသြားခဲ့ပါတယ္။

Credit:Nanmalgyi

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တွေကတည်းက ပရိသတ်အခိုင်မာရှိတဲ့ လူရွှင်တော် သရုပ်ဆောင် ဦးဧရာကတော့ တလောတုန်းက ကျန်းမာရေးအခြေနေတွေကြောင့် ဆေးရုံတက်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ သက်သာတဲ့အခြေနေကို ရောက်လာတာကြောင့် ဆေးရုံပေါ်က ဆင်းလာရပြီ ဖြစ်ပါတယ်။ ဦးဧရာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝိုင်းဝန်းဖေးမမှုကနေတဆင့် အလှူရှင်တွေ ပေါ်လာပြီး လာလှူဖြစ်တဲ့အကြောင်း သူ့ရဲ့လက်ရှိကျန်းမာရေး အခြေနေတွေကိုတော့ ဦးဧရာက အခုလိုပဲ ဖြေရားသွားခဲ့ပါတယ်။

8 day နဲ့ အင်တာဗျူးမှာတော့ သရုပ်ဆောင်လူရွှင်တော် ဦးဧရာကတော့ Naing Family Cherry Oo Company မိသားစုမှ ဘာရောက်လှူဒါန်းခဲ့တဲ့အတွက် ဘယ်လိုခံစားရလဲဆိုတဲ့ အပေါ်မှာ “ချယ်ရီဦးက လာပြီးတော့ လှူတယ်ဆိုတော့ ယုံတောင်မယုံနိုင်ဘူး စိတ်ထဲမှာ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ချယ်ရီဦးက ဟိုအရင်တုန်းက တီဗီအစီအစဉ် စကားနပန်းဆိုတာ ရှိတယ်။ အဲ့မှာ နိုင်နိုင်မနိုင်နိုင် နာရီတယောက် တလုံးစီ ဆုချပေးနေကြ အဖိုးတန်နာရီပါ”

ကျန်းမာရေး အခြေနေနဲ့ ပတ်သက်ပြီး “ဆေးရုံက ဆင်းတာကတော့ ၁၀ ရက်လောက်ရှိပြီ။ အကြောတွေ အကင်းတော့ မသေသေးပါဘူး။ ဆရာဝန်ကတော့ နားဦးဆိုလို့ နားနေရတာပေါ့။ လိုအပ်ရင်တာ့ ဆေးရုံပြန်ပြရမယ်။ ထပ်တက်ရမယ်ပေါ့။ နောက်ပြီးတော့ သွေးထဲမှာ ကင်ဆာအရောင်တွေ့တယ်ပေါ့။ ဒါပေမယ့်လည်း တခြားဟာတွေလည်း ဖြစ်နိုင်တယ်။ စစ်ရမယ်ဆိုလို့ သွားစစ်တာပေါ့။ စစ်တုန်းကတော့ အဲ့လောက်ကုန်မယ်မထင်ဘူးလေ။ အများဆုံးကုန် ၁ သိန်း ၂ သိန်းပေါ့။ တကယ်တမ်းစစ်လိုက်တော့ ၁၀ သိန်းနဲ့ ၈ သောင်းကုန်သွားတယ်။ တော်သေးတယ်။ ဒီလိုပဲ ချေး ငှားရတာပေါ့။ ချေး လိုက်တော့ ပြည့်သွားတယ်။ ပြည့်သွားတော့ ပေးပြီး ပြန်လာတယ်။

အသားစ စစ်တဲ့အချိန်မှာလည်း သွားမပြချင်ဘူး။ ပိုက်ဆံကလည်း ကုန်မှာပဲလေ။ အဲ့ဒါနဲ့ အိမ်နားမှာရှိတဲ့ ဒေါက်တာကို ပြကြည့်ဆိုတော့ သူကလည်း တခုချင်း မိန်းမကို ရှင်းပြတယ်။ ဘာမှမရှိဘူးပေါ့။ အေးဆေးပါပဲတဲ့။ အစာအိမ်မှာ အကိုက်ခဲပျောက်ဆေး သောက်တာများတော့ ဒဏ်လေးရှိနေတာတဲ့။ အဲ့ဒါကြောင့် စိတ်ထဲပျော်သွားတယ်”

ပရိသတ်တွေအတွက် စကားလက်ဆောင်နဲ့ ပတ်သက်ပြီး “အမေပေးတဲ့အသက်မရှိတော့ပါဘူး။ ပရိသတ်တွေပေးတဲ့ အသက်ပဲ ရှိပါတော့တယ်။ နောက်ဆက်လက် အသက်ရှင်ဖို့ကလည်း ပရိသတ်တွေပေးတဲ့အသက်နဲ့ပဲ ဆက်ရှင်ရမှာပါ။ ဒါကြောင့် ဆက်ပြီးတော့ အားပေးကြပါ။ လူတိုင်းက သေရမှာပါ။ ဒါကြောင့် ကျွန်တော်သေတဲ့အချိန်မှာ ရိုက်ကွင်းမှာပဲ ဖြစ်ဖြစ် ဇာတ်ခုံပေါ်မှာပဲ ဖြစ်ဖြစ် လှဲပြီးတေ့ာ သေလိုက်ချင်တယ်။ ဒဏ်ရာတွေနဲ့ အိပ်ရာထဲလှဲ ဝေဒနာကိုအကြာကြီးခံပြီးတော့ မသေချင်ဘူး။ အဲ့ဒါလေးတွေ ဘုရားရှိခိုးပါတယ်။ ဒါလေးတခုတော့ ဖြစ်ခွင့်ပေးပါဆိုပြီးတေ့ာ” ဟု ဖြေကြားသွားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top