iMyanmarHouse.com - Best Property Website for Myanmar
×
ဘယ်လိုပြင်ကြမလဲ
ဘယ်လိုပြင်ကြမလဲ
ဘယ်လိုပြင်ကြမလဲ
ဘယ်လိုပြင်ကြမလဲ
ဘယ်လိုပြင်ကြမလဲ
ဘယ်လိုပြင်ကြမလဲ
သာယာတဲ့ အချစ်
၎။ ချုပ်ခြယ်လွန်းခြင်း
ဘယ်လိုပြင်ကြမလဲ
ဘယ်လိုပြင်ကြမလဲ
ဘယ်လိုပြင်ကြမလဲ
ဘယ်လိုပြင်ကြမလဲ
Credit: Min Thu
ချစ်ရေးချစ်ရာ
#Unicode Version# ဖြင့်ဖတ်ပါ ။
အသစ်ဖြစ်တဲ့လာတဲ့ ချစ်သူတွေကတော့ စိတ်လှုပ်ရှားခြင်း၊ ဆန်းကြယ်ခြင်း၊အသည်းအသန်ဖြစ်ခြင်းတွေဖြစ်လေ့ရှိပါတယ်၊လက်တွဲဖော်အသစ်နဲ့ ပျော်နေတတ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် ဝေဖန်မှုမရှိဘဲ ပျော်နေတတ်ပါတယ်၊သို့သော် သင့်ရဲ့အချစ်သစ်အပေါ် စိတ်အားထက်သန်မှုဟာ ဘယ်လိုပဲဖြစ်နေပါစေ၊ သင်နဲ့အတူရှိတဲ့အချိန်တွေဖြစ်တဲ့ ဟန်းနီမွန်းထွက်ချိန်တွေမှာ ဂရုစိုက်ပေးရမှာဟာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်၊ဒါမှသာ ရေရှည်တည်မြဲပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
၁၀။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာသာအချိန်ပေးနေခြင်း
ဆက်ဆံရေးတစ်ခုအစမှာ ဘယ်သူမဆိုသူရဲ့ချစ်ရသူနဲ့ နွေးနွေးထွေးထွေးလေးနဲ့ အချိန်တိုင်းကိုကုန်ဆုံးချင်ကြပါတယ်၊အဲ့ဒီအတွက် သူငယ်ချင်းဟောင်းတွေနဲ့အဆက်ဖြတ်ပြစ်ရမယ်၊ မိသားစုနဲ့ တွေ့တဲ့အချိန်တွေကိုလျှော့ချပြစ်ရမယ်၊ ဒါမှသာ ချစ်ရသူဖုန်းခေါ်၊စာပို့ရင် နှစ်ယောက်တည်းလျှောက်လည်ဖို့အတွက်အဆင်သင့်ဖြစ်နေမှာပါ။
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
သင့်အနေနဲ့ အချို့သောသူငယ်ချင်းတွေကို လက်လွတ်လိုက်ရတာဟာအဆင်ပြေပါတယ်၊ ဒါပေမယ့် သင်အလုပ်ပြောင်းသွားတာ၊ အခြားနိုင်ငံတွေကိုပြောင်းရတာ လိုမျိုးတွေနဲ့ကြုံရပြီဆိုရင် သူငယ်ချင်းတွေကော သင့်ချစ်သူကိုပါ ပစ်ထားမိပြီး ဂရုစိုက်မှုသာမရှိတော့ရင် သင့်ရဲ့ လက်တွဲဖော်ဟာ သင့်ကိုစိတ်ဝင်စားမှုနည်းလာနိုင်ပါတယ်၊သင့်ကိုယ်သင်ပဲ ဂရုစိုက်လို့မရပါဘူး။
ဘယ်လိုပြင်ကြမလဲ
သာယာတဲ့ ဆက်ဆံရေးတစ်ခုဟာ လွတ်လပ်ခြင်းပေါ်မှာမူတည်နေပါတယ်၊ သင့်ရဲ့အချိန်တွေကို ကန့်သတ်လိုက်ပါ၊ ၅၀ရာခိုင်နှုန်းကို သင့်အလုပ်အတွက်၊ ၃၀ရာခိုင်နှုန်းကို သင်ချစ်ရတဲ့လူတွေအတွက်၊ ၂၀ ရာခိုင်နှုန်းကိုတော့ သင့်ရဲ့ကိုယ်ပိုင်အချိန်အနေနဲ့ဖန်တီးလိုက်ပါ။
၉။ သင်ဟာမကောင်းတဲ့အမူအကျင့်ကိုသည်ခံနေခြင်း
သင်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုချန်လှပ်ထားခြင်း၊ မရယ်ရတာဟာသတွေနဲ့ ဆင်ခြေပေးခြင်း၊သင်နဲ့ပြတ်မယ်ပဲချိန်းခြောက်နေခြင်း၊သင့်ရဲ့ပြောင်းလဲလာတဲ့ ရုပ်ရည်နဲ့ပတ်သက်ပြီး အကြံပြုချက်တွေပေးနေခြင်း၊သင့်နာမည်အရင်းခေါ်နေခြင်း၊ရန်အမြဲလိုနေခြင်း၊ဘယ်တော့ပဲဖြစ်ဖြစ်နောက်ကျနေခြင်း၊သင်နဲ့ချိန်းတွေ့တိုင်းလဲ ဖုန်းကိုပဲအာရုံထားနေခြင်း၊သင့်ရဲ့ငြင်းဆိုခြင်းတွေကိုအလေးမထားခြင်းစတဲ့အချက်တွေကို လူအတော်များများကတော့ မကောင်းတဲ့အချက်တွေအဖြစ်သတ်မှတ်ကြပါတယ်။
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
သင်ဟာဒီလိုပြောင်းလဲလာတဲ့အချက်တွေကို ဂရုမစိုက်ဘဲဒီအတိုင်းပဲဆက်သွားနေမယ်ဆိုရင်တော့ သင်တို့ဆက်ဆံရေးဟာ အဆိပ်အတောက်ဖြစ်နေပါပြီ၊ အချိန်ကြာလာတာနဲ့အမျှသင်ဟာ သင့်ကိုဂရုမစိုက်တဲ့လူနဲ့ အချိန်တွေ၊ အားအင်တွေကုန်ဆုံးခဲ့ရပါလိမ့်မယ်။
ဘယ်လိုပြင်ကြမလဲ
တောင်းဆိုချက်တွေအရမ်းမများပါနဲ့၊ သင့်မျှော်လင့်ချက်တွေကိုသိမ်မွေ့စွာဖော်ပြပါ၊ဥပမာ
ငါကတော့အမြဲနောက်ကျတဲ့လူကိုသည်းမခံနိုင်ဘူး သို့မဟုတ် ငါတို့ချိန်းတွေ့တာကို ငါတို့နှစ်ယောက်တည်းနဲ့တင်မလုံလောက်ဘူးလား၊ ထိုအချက်တွေကအလုပ်မဖြစ်တော့ရင်တော့ သင်သူ့ရဲ့အချစ်ဆိုတာကနေပြေးထွက်လာခဲ့လိုက်ပါ နောက်ပြန်မလှည့်ပါနဲ့တော့
၈။ သင့်ရဲ့ အတိတ်ကအကြောင်းတွေကိုပြန်ဖော်နေခြင်း
အချို့အရာတွေကိုအတိတ်မှာပဲထားခဲ့သင့်ပါတယ်၊သင့်အရင်ရည်းစားကဘယ်လိုအပြုအမူတွေလုပ်ခဲ့တာ ၊သင်ကလည်းအရင်က သင့်အရင်ရည်းစားနဲ့ဘယ်လို ပြောဆိုခဲ့တာတွေကိုပြန်မဖော်သင့်ပါဘူး၊ ပြီးခဲ့တဲ့အရာတွေဟာ ပြီးသွားပါပြီ။
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
သင့်ရဲ့အရင်ရည်းစားဟောင်းအကောင်းပြောနေတာဟာ သင့်ချစ်သူကိုစိတ်ရှုပ်စေပါတယ်၊ သင်ဟာ အရင်ရည်းစားနဲ့နှိုင်းယှဉ်နေသလိုဖြစ်ပြီး သင်တို့ရဲ့အချစ်တွေပျက်စီးစေနိုင်ပါတယ်၊ သင်ဟာအရင်ကလူတွေနဲ့ သင့်ချစ်သူကိုနှိုင်းယှဉ်ပြောဆိုနေခြင်းဟာ သင့်ချစ်သူကို သူလုပ်ခဲ့တဲ့အရာတွေဟာ သင့်အတွက်မကျေနပ်ဘူးလို့ခံစားသွားရနိုင်ပါတယ်၊
ဘယ်လိုပြင်ကြမလဲ
သင့်ရဲ့လက်ရှိချစ်သူကိုသာ တန်ဖိုးထားချစ်ခင်နေရပါမယ် ၊အကယ်၍သင်တို့ရဲ့ အချစ်ရေးဟာလုံခြုံစိတ်ချရမှုရှိနေမှသာ အရင်ရည်းစားအကောင်းပြောသင့်ပါတယ်၊
၇။ အချင်းချင်းစကားမပြောကြခြင်း
လူအများစုဟာ သူတို့ရဲ့ လက်တွဲဖော်ဟာ သူတို့လိုအပ်တာကို အလိုလိုဖြည့်ဆည်းပေး နိုင်တယ်လို့ယုံကြည်ကြပါတယ်၊ ဒီအချက်ဟာလုံးဝမှားယွင်းပါတယ်၊ အပြင်းထန်ဆုံးသောအမှားတစ်ခုဖြစ်ပါတယ်၊
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
သဘောထားကွဲလွဲစေပါတယ်၊ အဆက်အသွယ်အလုပ်ခြင်းဟာ စိတ်ရှုပ်ထွေးခြင်း၊နားလည်မှုလွဲခြင်းတွေဖြစ်လာနိုင်ပါတယ်၊ မဖြေရှင်းနိုင်တဲ့နားလည်မှုလွဲခြင်းဟာ ခါးသီးတဲ့ခံစားချက်တွေဖြစ်လာနိုင်ပါတယ်၊
ဘယ်လိုပြင်ကြမလဲ
အစမှာတော့ လိုအင်ဆန္ဒတွေနဲ့ တိုက်ကြားချက်တွေကိုပြောရမှာ မသက်မသာဖြစ်စေနိုင်ပါတယ်၊ ဒါပေမယ့်အရေးကြီးတဲ့အချက်ဖြစ်တဲ့အတွက်လုပ်ရပါမယ်၊ သင်တို့ရဲ့အချစ်ရေးကိုရိုးသားစွာတည်ဆောက်ပါ၊ သူတို့ဖြစ်ချင်တာကိုနားထောင်ဖို့မပါနဲ့၊ အဖြစ်သင့်ဆုံးကတော့ နားထောင်တာကော ပြောတာပါ ညီမျှမှုရှိရပါမယ်၊
၆။ သင့်ရဲ့ချစ်သူကို အမြဲစံသက်မှတ်ချက်နဲ့ထားခြင်း
လူတိုင်းဟာအမှားလုပ်မိတတ်ပါတယ်၊ သင့်ရဲ့ဟန်းနီးမွန်းမှာ သင်နဲ့ဆင်တူမဝတ်မိတာလည်းရှိနိုင်ပါတယ်၊ သင့်ချစ်သူက အမြဲတမ်း ပြီးပြည့်စုံမနိုင်ပါဘူး၊
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
လူတိုင်းဟာ ဘယ်တော့မှ မပြည့်စုံပါဘူး၊သင်ရဲ့ချစ်ရသူလည်းထို့အတူပါပဲ၊ သင်လိုပဲလူသားတစ်ယောက်ပါ၊
ဘယ်လိုပြင်ကြမလဲ
မဖြစ်နိုင်တဲ့ရည်မှတ်ချက်တွေ စုပုံထားခြင်းကိုရှောင်ပါ၊ ထိုအစား သင့်ရဲ့ချစ်သူရဲ့အခက်အခဲတွေကိုကူညီရင်ဆိုင်ပေးပါ၊ သူဟာသင်နဲ့ဆင်တူဝတ်ဖို့မေ့ခဲ့ရင်တောင် ခွင်လွတ်ပေးပါ ၊သင်နဲ့ဆင်တူဝတ်တိုင်းလည်း သူ့စိတ်ထဲမှာ သင်မမြဲရှိမှ အဆင်ပြေမှာပါ၊
၅။ တကယ်မဖြစ်နိုင်တဲ့လူရဲ့ပုံစံကိုဟန်ဆောင်ခြင်း
လူတိုင်းဟာ ဘယ်လိုပဲဖြစ်နေ ပိုပြီးတော့ကောင်းလာချင်ပါတယ်၊ ကိုယ်ဟာပိုပြီး ကောင်းလာဖို့အတွက် ဟန်ဆောင်စရာမလိုပါဘူး၊ ဟန်ဆောင်တာဟာ လိမ်လည်ခြင်းတစ်မျိုးဖြစ်တဲ့အတွက် နားလည်မှု လွဲနိုင်ပါတယ်၊
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
သင့်ရဲ့ချစ်သူကို လှို့ဝှက်ချက်တွေထားပြီး လိမ်ညာနေမယ်ဆိုရင်တော့ အကြီးစားလိမ်ညာသူကြီးဖြစ်သွားနိုင်ပါတယ်၊ သင့်ချစ်သူအတွက်ချစ်ရတဲ့လူတစ်ယောက်မဟုတ်တော့ပါဘူး၊
သင်တို့အချစ်ရေးဟာ လွယ်လွယ်ကူကူပဲပျက်စီးနိုင်ပါတယ်၊သင်တို့ဟာ အစစ်အမှန်မဟုတ်ကြလို့ပါ
ဘယ်လိုပြင်ကြမလဲ
သာယာတဲ့ အချစ်
သာယာတဲ့ အချစ်ရေးဟာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု၊ယုံကြည်မှု၊ရိုးသားမှုနဲ့ လေးစားမှုတွေနဲ့တည်ဆောက်ထားတာပါ၊သင်တို့ရဲ့တစ်နေ့လုံးလုပ်ဆောင်မှုအားလုံးကို ပြောပြစရာမလိုပါဘူး၊ စိတ်ထဲမှာမသိုးမသန့်ဖြစ်မယ့်အကြောင်းဆိုရင်တော့ မမျှဝေတာအကောင်းဆုံးပေါ့၊
၄။ ချုပ်ခြယ်လွန်းခြင်း
တစ်ယောက်နဲ့တစ်ယောက်ချုပ်ခြယ်တာဟာမကောင်းပါဘူး၊ ယုံကြည်မှုကိုလျော့နည်းစေပါတယ်၊ တစ်ခုခုလုပ်တာကအစလိုက်ကြည့်ပြီး ဝေဖန် အပြစ်တင် သဝန်တိုနေမယ်ဆိုရင်တော့ မကောင်းပါဘူး၊
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
လူတိုင်းကို သူချစ်သူဘယ်လိုဆက်ဆံနေလဲဆိုတာကို လိုက်ပြီးပြောနေမယ်ဆိုရင်တော့ သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုပိတ်ပင်သလိုဖြစ်သွားနိုင်ပါတယ်၊ သူတို့အတွက်အရေးပါတဲ့လူတွေအတွက်အချိန်ပေးတာကိုနောက်ယှက်သလိုဖြစ်လာနိုင်ပါတယ်၊ ကြာလာတာနဲ့အမျှသူ့ကို အနာမှာမနေချင်အောင်တွန်းပို့နေသလိုဖြစ်နေပါတယ်၊
ဘယ်လိုပြင်ကြမလဲ
သင်ဟာ ညနှစ်နာရီမှာ စာပို့တာကို ပြန်စာမလာခဲ့ရင်ပေါက်ကွဲဖို့မလိုပါဘူး၊ သူတိုရဲ့မိဘဟာသင်မဟုတ်သလို၊ သူတို့ဟာလည်း အရွယ်ရောက်ပြီးသားလူတွေပါ
၃။ အဓိကကျတဲ့အချက်တွေကို အလေးမထားခြင်း
သင်ရဲ့အလုပ်တွေ၊ လူမှုရေးကိစ္စတွေ၊ မိသားစုကိစ္စတွေကို မေ့ထားလို့မရပါဘူး၊ ဒီအချက်တွေဟာလည်းအရေးပါတဲ့အချက်တွေပါ၊
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
သင့်ရဲ့အချိန်တွေကို သင့်ရဲ့ချစ်ရသူနဲ့ သီချင်းနားထောင်ရင်းလည်းအချိနိဖြုန်းသင့်ပါတယ်၊
သင့်လက်တွဲဖော်က အဓိကကျတဲ့ တန်ဖိုးတွေကိုနားမလည်ဘဲ အလုပ်မလုပ်ဘဲနေရင်တော့ အဆင်မပြေပါဘူး၊
ဘယ်လိုပြင်ကြမလဲ
စိတ်ပျက်စေမှုတွေနဲ့ကင်းအောင်လို့ သင်ရဲ့လက်တွဲဖော်နဲ့အတူဆွေးနွေးတိုင်ပင်ရပါမယ်၊
အနာဂတ်အတွက် နှစ်ယောက်ထဲချစ်နေလို့မရဘူးဆိုတာ သိရပါမယ်၊
၂။ သင်ဟာသင့်လက်တွဲဖော်ကိုအရမ်းကပ်တွယ်နေခြင်း
သင်ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်ချင်တဲ့အတွက် သင့်လက်တွဲဖော်ဘေးမှာအမြဲကပ်တွယ်နေပါတယ်၊ထိုကဲ့သို ကပ်တွယ်နေတာဟာ ဆုံရှုံးမှုများပါတယ်၊
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
သင့်လက်တွဲဖော်ကို သင်မရှိတဲ့အချိန်အချို့ပေးရပါမယ်၊မပေးပါက သင်နဲ့သူကြားမှာ ကွက်လပ်တွေဖြစ်သွားနိုင်ပါတယ်၊သူတို့ကို လိမ်ညာစေတတ်ဖို့အတွက် လမ်ခင်းပေးနေနိုင်ပါတယ်၊
ဘယ်လိုပြင်ကြမလဲ
သင်ကိုသင့်လက်တွဲဖော်ကအနားမှာအမြဲမရှိပေးနိုင်ပါဘူး၊ သူမရှိတဲ့အချိန်တွေမှာ ကိုယ်ဘာသာ ရင်ဆိုင်နိုင်တဲ့ အစွမ်းလိုပါတယ်၊ ကိုယ့်ကိုယ်ကိုယ်အားမကိုးနိုင်တဲ့လူဖြစ်နေတာဟာ ပျက်ဆီးနိုင်မှုလမ်းစများပါတယ်၊
၁။ အရမ်းအလျင်လိုနေခြင်း
ချစ်ခါစအချိန်မှာ ရင်ဘက်ထဲမှာ ပန်းတွေပွင့်နေတဲ့အတွက် သင်တို့ပျော်နေမှာပါ၊ အကယ်၍ ကားတွေ အိမ်တွေ အိမ်မွေးတိရစ္ဆာန်တွေ ကလေးတွေနဲ့လို့ အတွေးတွေလွန်နေပြီဆိုရင်တော့ ထိုအတွေးတွေကိုချက်ချင်းပဲဖျောက်သင့်ပါပြီ
ဘာလို့ဒီအချက်ကဆိုးနေရတာလဲ
သင်ရဲ့ချစ်သူကို သင်ဟာ လက်ထပ်ဖို့အမြန်ဖိအားတွေပေးနေမယ်ဆိုရင်တော့ သူတို့အချစ်ရေးဟာ ကြောက်ရွံ့စရာတွေနဲ့ပြည့်နှက်သွားနိုင်ပါတယ်၊ ပျော်ရွင်မှုတွေကို အရင်ဖန်တီးမှသာ အဆင်ပြေနိုင်မှာဖြစ်တယ်၊
ဘယ်လိုပြင်ကြမလဲ
တစ်ဆင့်ချင်းစီသွားကြရပါမယ်၊ ချစ်သူရည်းစားဘဝနဲ့ လျှောက်လည်သင့်တဲ့နေရာတွေ ပျော်ပါသင့်တဲ့အရာတွေနဲ့အချိန်ကုန်ဆုံးရပါမယ်၊အစပိုင်းမှာပျော်မှသာနောက်ပိုင်းပျော်မှာပါ၊
Credit: Min Thu
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top