iMyanmarHouse.com - Best Property Website for Myanmar
×




၂. စွဲမက်မှု




၎. အမျိုးသမီး အုပ်စုလိုက်ချိန်းတွေ့ပါ




Credit: Min Thu
ချစ်ရေးချစ်ရာ


#Unicode Version# ဖြင့်ဖတ်ပါ ။

ကျွန်တော်တို့တွေအရွယ်တွေလည်းရောက်ပြီ..လိင်ကိစ္စတွေလည်းတွေ့ကြုံခဲ့ဖူးပြီးပြီ ။
အမျိုးသားတွေအတွက်တော့ လိင်ကိစ္စဆိုတာက ထသွားထလာလိုမျိုး လွယ်ကူတယ်ဆိုပေမယ့်အမျိုးသမီးတွေအတွက်တော့
သူတို့သာယာမှုကိုခံစားရပြီး ဒီကိစ္စကို စိတ်ပါလာအောင်လုပ်ဆောင်ပေးဖို့လိုအပ်တယ် ။
အမျိုးသမီးတစ်ယောက်ကိုဘယ်လိုမျိုးစိတ်ပါလာအောင်လုပ်ပေးရမလဲဆိုတာကို ကျွန်တော်တို့အခုပြောပြသွားတော့မှာဖြစ်တယ် ။
ဒီအချက်တွေဟာဆိုရင်သင့်ကောင်မလေးကို မိန်းမရိုင်းလေးတစ်ယောက်အဖြစ်ပြောင်းလဲသွားစေနိုင်တဲ့အချက်တွေဖြစ်ပါတယ် ။

၁. ဆံပင်လေးတွေကို ဆော့ကစားပေးပါ

တကယ်ကိုမိုက်တဲ့အချက်ပဲလို့သင်တို့ကိုပြောချင်တယ် ။
ကောင်မလေးတစ်ယောက်ရဲ့ဆံပင်ကိုစိတ်ဝင်စားတာမျိုး..သူ့ဆံပင်ကို ကိုင်တွယ်ကြည့်ရှုတာမျိုးဟာ သူ့ကို သိပ်ပြီးတော့ ကျေနပ်စေပါတယ် ။
အတင်းအကြမ်းကြီးဆောင့်ဆွဲတာမျိုးတော့မလုပ်နဲ့ပေါ့ ။
သူ့ဆံပင်လေးတွေကို သင့်လက်ကြားလေးထဲမှာဆော့ကစားပြီးတော့ သူဘယ်လိုမျိုး ခံစားလာရလဲဆိုတာစောင့်ကြည့်လိုက် ။

၂. စွဲမက်မှု

သင့်အနေနဲ့ အမြဲတမ်း ခေါင်းသုံးစရာမလိုပါဘူး ။
သင့်ရဲ့ချစ်သူအပေါ်ကို စွဲမက်မှုလေးတွေပြသပါ..ပြောရမယ်ဆိုရင် ရင်ကိုထိသွားစေမယ့်စကားလုံးလေးတွေပြောဆိုတာမျိုး
ရွှန်းရွှန်းစားစားစိုက်ကြည့်တာမျိုးဟာ သူတို့ကိုသွေးပူလာစေပါတယ် ။

၃. မှော်ဆန်တဲ့အထိအတွေ့

ပထမဆုံးပြောချင်တာကတော့ အန္တရာယ်များတဲ့နေရာတွေကိုသတိထားပါ ။
အထူးသဖြင့်သင်ကိုင်တွယ်ရမယ့်နေရာတွေဟာ သူခံစားမှုရှိပြီးတော့ စိတ်ပါလာစေမယ့်နေရာမျိုးတွေဖြစ်ရပါမယ် ။
တစ်ယောက်ယောက်ကို ပွတ်သပ်ထိတွေ့ခြင်းဟာလည်း သွေးပူလာစေနိုင်မယ့်အချက်တစ်ချက်ပါပဲ ။

၄. အမျိုးသမီး အုပ်စုလိုက်ချိန်းတွေ့ပါ

နဲနဲတော့ ထူးဆန်းသလိုဖြစ်နေလိမ့်မယ် ။
ဒါပေမယ့် အမျိုးသမီးတွေက တစ်ယောက်ထဲထက်စာရင် အုပ်စုနဲ့ဆိုရင်ပိုပြီးတော့ စိတ်ပါတတ်ကြတယ် ။
သူတို့ဟာ တစ်စုံတစ်ယောက်ဖြစ်လာချင်ပေမယ့် အမျိုးသားတစ်ယောက်ရှေ့မှာတော့ ရှက်ရွံ့ပြီးဖုံးကွယ်ထားတတ်ကြတယ် ။
ယုံစမ်းပါ..တကယ်အလုပ်ဖြစ်တယ် ။

၅. ယောကျာ်းဆန်ဆန်အနံ့မျိုး..

အမျိုးသားတွေဟာ ပုံမှန်အားဖြင့်တော့ သဘာဝကပေးတဲ့လက်ဆောင်တစ်ခုရှိတယ်
ဒါကတော့ အမျိုးသားတွေရဲ့ကိုယ်သင်းနံ့ပါပဲ..ဒါဟာအမျိုးသမီးတစ်ယောက်ကိုဆွဲဆောင်နိုင်စွမ်းရှိတယ်
ဒါပေမယ့် အပိုတွေမလုပ်ပါနဲ့..သင်သုံးနေကြ ရေမွှေးတစ်ခု ဒါမှမဟုတ် Body Spray တစ်ခုကိုပဲ သုံးစွဲပါ
သင့်ရဲ့ကောင်မလေးဟာ ဒီကိုယ်သင်းနံ့ကိုယစ်မူးပြီးတော့ သူ့ခေါင်းကို သင့်လည်ပင်းနားမှာပဲ တစ်ချိန်လုံးအပ်နေပါလိမ့်မယ်

Credit: Min Thu
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top