iMyanmarHouse.com - Best Property Website for Myanmar
×

အပ်င္းႀကီးတယ္ဆိုတာ တစ္ခ်ိန္လံုးအိပ္တစ္ခ်ိန္လံုးစားၿပီး ဘာအလုပ္မွမလုပ္ပဲေနတာမ်ိဳးကိုပဲ ဆိုလိုတာမ်ိဳးမဟုတ္ပါဘူး။ တစ္ခုခုလုပ္စရာရွိရင္ေတာင္ ရသေလာက္အခ်ိန္ဆြဲေနတာမ်ိဳးကိုလည္း ငပ်င္းေလးေတြလို႔ေခၚပါေသးတယ္။ ဝိတ္ေလ်ာ့ေတာ့မယ္ဆိုၿပီး ပါးစပ္ကတစ္ဖြဖြေအာ္ေနေပမယ့္ Gym သြားဖို႔ေနေနသာသာ လမ္းေလ ွ်ာက္ရမွာကိုေတာင္ ပ်င္းေနၾကတဲ့ေကာင္မေလးေတြအတြက္ လိုက္နာဖို႔လိုအပ္တဲ့နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အစားမစားခင္အခ်ိန္မွာေရတစ္ခြက္ေသာက္ေပးပါ

တစ္ခုခုစားေတာ့မယ္ဆိုရင္ ေရတစ္ခြက္ကို အျပည့္အဝေသာက္ေပးဖို႔လိုပါတယ္။ ဒီနည္းလမ္းက ခႏၶာကိုယ္ကိုေရဓာတ္ျဖည့္တင္းေပးႏိုင္ၿပီး ဗိုက္ထဲမွာေရေတြျပည့္သြားတာေၾကာင့္ အစားကိုလည္းသိပ္ၿပီးေတာ့ မစားမိေစႏိုင္ေတာ့ဘူးေပါ႔။

စိတ္ဖိစီးမႈနည္းေအာင္

အခ်ိန္အၾကာႀကီး စိတ္ညစ္စရာေတြ၊ စိတ္ဖိစီးမႈေတြကို ခံစားေနရတာေတြက ကိုယ္အေလးခ်ိန္ကိုတိုးလာေစႏိုင္တဲ့ အဓိကအေၾကာင္းအရင္းလို႔ ဆိုလို႔ရပါတယ္။ ဒါေၾကာင့္ စိတ္ညစ္စရာေတြရွိလာရင္ေတာင္ ေပ်ာ္စရာနည္းလမ္းေလးေတြရွာၿပီး ေနႏိုင္ဖို႔ကိုႀကိဳးစားၾကည့္ပါေနာ္။

စားေသာက္မႈကိုေျပာင္းၾကည့္

စားေသာက္မႈစနစ္ကိုျဖည္းျဖည္းခ်င္းေျပာင္းၾကည့္ဖို႔ ႀကိဳးစားၾကည့္ပါ။ နည္းနည္းခ်င္းစီေလ်ာ့စားသြားမ်ိဳး ေကာ္ဖီေသာက္မယ့္အခ်ိန္မ်ိဳးမွာ ေကာ္ဖီအစား ေရေႏြးၾကမ္း ဒါမွမဟုတ္ အသီးေဖ်ာ္ရည္ေတြကို အစားထိုးၿပီး ေသာက္သံုးတာမ်ိဳးကို စတင္ေလ့က်င့္သင့္ပါတယ္။

အဝတ္အစားပြပြေတြ

အဝတ္အစားဝတ္တဲ့အခါမွာ ပြပြႀကီးေတြဝတ္တာမ်ိဳးကို ေရွာင္ၿပီးေတာ့ ခႏၶာကိုယ္နဲ႔ကြက္တိျဖစ္ေနတာမ်ိဳးေတြကိုလည္း ဝတ္ၾကည့္ဖို႔လိုပါတယ္။ ဒါမွလည္း ကိုယ္ဘယ္ေလာက္ဝေနလဲဆိုတာကို သိၿပီးဝိတ္ေလ်ာ့ဖို႔ကို စိတ္အားထက္သန္လာမွာပဲျဖစ္ပါတယ္။

ေလ့က်င့္ခန္း

Gym သြားဖို႔ကိုပ်င္းေနတယ္ဆိုရင္ေတာ့ ခႏၶာကိုယ္မွာရွိေနတဲ့ ကယ္လိုရီေတြကိုေလာင္ကၽြမ္းေစဖို႔ ေလ့က်င့္ခန္းေလးေတာ့ ပံုမွန္လုပ္ေပးဖို႔လိုပါတယ္။ မနက္ပိုင္းမွာ လမ္းထေလ ွ်ာက္တာမ်ိဳး၊ ႀကိဳးခုန္တဲ့ေလ့က်င့္ခန္း၊ ေလွကားတက္တာမ်ိဳး စတဲ့ေလ့က်င့္ခန္းေတြကိုေတာ့ ပံုမွန္လုပ္ေပးဖို႔လိုပါတယ္ေနာ္။

Credit: Pinterest

က်န္းမာေရး ၊ အလွအပ

ဤစာဖတ္သူမ်ားအားလုံးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အပျင်းကြီးတယ်ဆိုတာ တစ်ချိန်လုံးအိပ်တစ်ချိန်လုံးစားပြီး ဘာအလုပ်မှမလုပ်ပဲနေတာမျိုးကိုပဲ ဆိုလိုတာမျိုးမဟုတ်ပါဘူး။ တစ်ခုခုလုပ်စရာရှိရင်တောင် ရသလောက်အချိန်ဆွဲနေတာမျိုးကိုလည်း ငပျင်းလေးတွေလို့ခေါ်ပါသေးတယ်။ ဝိတ်လျော့တော့မယ်ဆိုပြီး ပါးစပ်ကတစ်ဖွဖွအော်နေပေမယ့် Gym သွားဖို့နေနေသာသာ လမ်းလေ ျှာက်ရမှာကိုတောင် ပျင်းနေကြတဲ့ကောင်မလေးတွေအတွက် လိုက်နာဖို့လိုအပ်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အစားမစားခင်အချိန်မှာရေတစ်ခွက်သောက်ပေးပါ

တစ်ခုခုစားတော့မယ်ဆိုရင် ရေတစ်ခွက်ကို အပြည့်အဝသောက်ပေးဖို့လိုပါတယ်။ ဒီနည်းလမ်းက ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ဗိုက်ထဲမှာရေတွေပြည့်သွားတာကြောင့် အစားကိုလည်းသိပ်ပြီးတော့ မစားမိစေနိုင်တော့ဘူးပေါ့။

စိတ်ဖိစီးမှုနည်းအောင်

အချိန်အကြာကြီး စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို ခံစားနေရတာတွေက ကိုယ်အလေးချိန်ကိုတိုးလာစေနိုင်တဲ့ အဓိကအကြောင်းအရင်းလို့ ဆိုလို့ရပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေရှိလာရင်တောင် ပျော်စရာနည်းလမ်းလေးတွေရှာပြီး နေနိုင်ဖို့ကိုကြိုးစားကြည့်ပါနော်။

စားသောက်မှုကိုပြောင်းကြည့်

စားသောက်မှုစနစ်ကိုဖြည်းဖြည်းချင်းပြောင်းကြည့်ဖို့ ကြိုးစားကြည့်ပါ။ နည်းနည်းချင်းစီလျော့စားသွားမျိုး ကော်ဖီသောက်မယ့်အချိန်မျိုးမှာ ကော်ဖီအစား ရေနွေးကြမ်း ဒါမှမဟုတ် အသီးဖျော်ရည်တွေကို အစားထိုးပြီး သောက်သုံးတာမျိုးကို စတင်လေ့ကျင့်သင့်ပါတယ်။

အဝတ်အစားပွပွတွေ

အဝတ်အစားဝတ်တဲ့အခါမှာ ပွပွကြီးတွေဝတ်တာမျိုးကို ရှောင်ပြီးတော့ ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်နေတာမျိုးတွေကိုလည်း ဝတ်ကြည့်ဖို့လိုပါတယ်။ ဒါမှလည်း ကိုယ်ဘယ်လောက်ဝနေလဲဆိုတာကို သိပြီးဝိတ်လျော့ဖို့ကို စိတ်အားထက်သန်လာမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း

Gym သွားဖို့ကိုပျင်းနေတယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာရှိနေတဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေဖို့ လေ့ကျင့်ခန်းလေးတော့ ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ မနက်ပိုင်းမှာ လမ်းထလေ ျှာက်တာမျိုး၊ ကြိုးခုန်တဲ့လေ့ကျင့်ခန်း၊ လှေကားတက်တာမျိုး စတဲ့လေ့ကျင့်ခန်းတွေကိုတော့ ပုံမှန်လုပ်ပေးဖို့လိုပါတယ်နော်။

Credit: Pinterest

ကျန်းမာရေး ၊ အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top