iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းလူတိုင္းဟာ ေနထိုင္ေနသမွ် ဘ၀တစ္ေလွ်ာက္လံုးမွာ တခါတေလေတာ့ မ်က္စိယားယံတတ္ႀကပါတယ္။ မ်က္စိဘာလို႕ယားရတာလဲဆိုေတာ့ တစံုတခုနဲ႕ဓာတ္မတည့္ျခင္း၊ ေရာင္ရမ္းျခင္းႏွင့္ မသက္မသာျဖစ္ျခင္းစတဲ့ အေႀကာင္းအရင္းေတြေႀကာင့္ပါပဲ။

ဘယ္လိုအေႀကာင္းေႀကာင့္ပဲျဖစ္ေနပါေစ သက္သာရာရေစဖို႕ကအဓိကျဖစ္တဲ့အတြက္ အလြယ္တကူနဲ႕ ရိုးရိုးရွင္းရွင္းပစၥည္းေလးေတြကို အသံုးျပဳႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေရေအးကပ္ျခင္း

အေအးခံထားတဲ့ ဇြန္းကိုမ်က္လံုးကပ္ေပးျခင္း၊ ေရခဲထုပ္ထားတဲ့အ၀တ္ကိုကပ္ေပးျခင္းတုိ႕က မ်က္လံုးေသြးေႀကာေတြကို တင္းရင္းေစလို႕ နီရဲေရာင္ရမ္းၿပီး နာက်င္ေ၀ဒနာမ်ားကို သက္သာေစပါတယ္။

ေရခဲေရအတြင္း ဇြန္းႏွစ္ေခ်ာင္းကို ႏွစ္လုိက္ၿပီးဇြန္းေနာက္ေက်ာဖက္ကို မ်က္လံုးတစ္ဖက္တစ္ခ်က္စီတြင္ မိနစ္အနည္းငယ္ႀကာေအာင္ထားရွိေပးပါ။ တေန႕လွ်င္သံုးႀကိမ္မွန္မွန္လုပ္ေပးရန္လိုအပ္ပါတယ္။

ႏို႕ေအးအသံုးျပဳျခင္း

မ်က္စိယားယံတာေတြအတြက္ ႏို႕ေအးကလည္း ထိေရာက္တဲ့နည္းလမ္းတစ္ခုပါပဲ။ အေအးခံထားတဲ့ႏို႕ထဲကို ဂြမ္းလံုးႏွစ္ေပးၿပီး မ်က္လံုးတ၀ိုက္မွာ ျဖည္းျဖည္းခ်င္းပုတ္ေပးပါ။ မ်က္ခြံအေပၚမွာလည္း ၁၅ မိနစ္မွ မိနစ္ ၂၀ အထိထားေပးႏုိင္ပါတယ္။ တေန႕ကို ႏွစ္ႀကိမ္မွသံုးႀကိမ္လုပ္ေဆာင္ေပးပါ။

အေအးခံထားသည့္ လက္ဖက္ရည္အိတ္မ်ား

နီရဲေရာင္ရမ္းတဲ့မ်က္လံုးေတြအတြက္ လက္ဖက္ရည္အိတ္မ်ားကိုအသံုးျပဳေပးႏိုင္ပါတယ္။ လက္ဖက္ရည္အိတ္မ်ားကို ေရေအးႏွင့္စိုေအာင္လုပ္ၿပီး ေရခဲေသတၱာအတြင္း ၅ မိနစ္မွ ၁၀ မိနစ္အထိ အေအးခံပါ။ ၿပီးလွ်င္ ၁၀ မိနစ္ေလာက္ႀကာေအာင္ မ်က္လံုးေပၚတင္ထားၿပီး တေန႕လွ်င္ ႏွစ္ႀကိမ္မွသံုးႀကိမ္လုပ္ေဆာင္ေပးပါ။

ေအးျမသည့္သခြားသီးမ်ား

ေရဓာတ္အလြန္မ်ားၿပီး antioxidants အလြန္ပါ၀င္လို႕ နီရမ္းေဖာေရာင္ျခင္းကို ေလ်ာ့က်ေစပါတယ္။ သခြားသီးကိုအျခမ္းပါးပါးေလးေတြလွီးၿပီး ေရခဲေသတၱာအတြင္း ၁၅ မိနစ္မွ် အေအးခံပါ။ မ်က္လံုးတဖက္တခ်က္စီေပၚ ၁၀ မိနစ္ႀကာကပ္ထားေပးပါ။ တေန႕လွ်င္ ေလးႀကိမ္မွ ငါးႀကိမ္အထိ လုပ္ေဆာင္ေပးႏုိင္ပါတယ္။

ရွားေစာင္းလက္ပတ္

အသားအေရ၊ ဆံပင္တုိ႕အတြက္ အလြန္အသံုး၀င္ရံုသာမက မ်က္လံုးယားယံျခင္းကိုလည္း ကုသေပးႏုိင္ပါတယ္။ ရွားေစာင္းလက္ပတ္အႏွစ္အတြင္း ဂြမ္းလံုးမ်ားကိုႏွစ္ၿပီး မ်က္လံုးအေပၚသုတ္လိမ္းေပးပါ။ မိနစ္ႏွစ္ဆယ္ႀကာၿပီးေနာက္ ေရႏွင့္ေဆးခ်ေပးပါ။ တေန႕ႏွစ္ႀကိမ္မွန္မွန္လုပ္ေဆာင္ေပးႏုိင္ပါတယ္။

Credit: Health and Beauty Archives

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလုံးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတိုင်းလူတိုင်းဟာ နေထိုင်နေသမျှ ဘဝတစ်လျှောက်လုံးမှာ တခါတလေတော့ မျက်စိယားယံတတ်ကြပါတယ်။ မျက်စိဘာလို့ယားရတာလဲဆိုတော့ တစုံတခုနဲ့ဓာတ်မတည့်ခြင်း၊ ရောင်ရမ်းခြင်းနှင့် မသက်မသာဖြစ်ခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်ပါပဲ။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်နေပါစေ သက်သာရာရစေဖို့ကအဓိကဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ရိုးရိုးရှင်းရှင်းပစ္စည်းလေးတွေကို အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ရေအေးကပ်ခြင်း

အအေးခံထားတဲ့ ဇွန်းကိုမျက်လုံးကပ်ပေးခြင်း၊ ရေခဲထုပ်ထားတဲ့အဝတ်ကိုကပ်ပေးခြင်းတို့က မျက်လုံးသွေးကြောတွေကို တင်းရင်းစေလို့ နီရဲရောင်ရမ်းပြီး နာကျင်ဝေဒနာများကို သက်သာစေပါတယ်။

ရေခဲရေအတွင်း ဇွန်းနှစ်ချောင်းကို နှစ်လိုက်ပြီးဇွန်းနောက်ကျောဖက်ကို မျက်လုံးတစ်ဖက်တစ်ချက်စီတွင် မိနစ်အနည်းငယ်ကြာအောင်ထားရှိပေးပါ။ တနေ့လျှင်သုံးကြိမ်မှန်မှန်လုပ်ပေးရန်လိုအပ်ပါတယ်။

နို့အေးအသုံးပြုခြင်း

မျက်စိယားယံတာတွေအတွက် နို့အေးကလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ အအေးခံထားတဲ့နို့ထဲကို ဂွမ်းလုံးနှစ်ပေးပြီး မျက်လုံးတဝိုက်မှာ ဖြည်းဖြည်းချင်းပုတ်ပေးပါ။ မျက်ခွံအပေါ်မှာလည်း ၁၅ မိနစ်မှ မိနစ် ၂၀ အထိထားပေးနိုင်ပါတယ်။ တနေ့ကို နှစ်ကြိမ်မှသုံးကြိမ်လုပ်ဆောင်ပေးပါ။

အအေးခံထားသည့် လက်ဖက်ရည်အိတ်များ

နီရဲရောင်ရမ်းတဲ့မျက်လုံးတွေအတွက် လက်ဖက်ရည်အိတ်များကိုအသုံးပြုပေးနိုင်ပါတယ်။ လက်ဖက်ရည်အိတ်များကို ရေအေးနှင့်စိုအောင်လုပ်ပြီး ရေခဲသေတ္တာအတွင်း ၅ မိနစ်မှ ၁၀ မိနစ်အထိ အအေးခံပါ။ ပြီးလျှင် ၁၀ မိနစ်လောက်ကြာအောင် မျက်လုံးပေါ်တင်ထားပြီး တနေ့လျှင် နှစ်ကြိမ်မှသုံးကြိမ်လုပ်ဆောင်ပေးပါ။

အေးမြသည့်သခွားသီးများ

ရေဓာတ်အလွန်များပြီး antioxidants အလွန်ပါဝင်လို့ နီရမ်းဖောရောင်ခြင်းကို လျော့ကျစေပါတယ်။ သခွားသီးကိုအခြမ်းပါးပါးလေးတွေလှီးပြီး ရေခဲသေတ္တာအတွင်း ၁၅ မိနစ်မျှ အအေးခံပါ။ မျက်လုံးတဖက်တချက်စီပေါ် ၁၀ မိနစ်ကြာကပ်ထားပေးပါ။ တနေ့လျှင် လေးကြိမ်မှ ငါးကြိမ်အထိ လုပ်ဆောင်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

အသားအရေ၊ ဆံပင်တို့အတွက် အလွန်အသုံးဝင်ရုံသာမက မျက်လုံးယားယံခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်အတွင်း ဂွမ်းလုံးများကိုနှစ်ပြီး မျက်လုံးအပေါ်သုတ်လိမ်းပေးပါ။ မိနစ်နှစ်ဆယ်ကြာပြီးနောက် ရေနှင့်ဆေးချပေးပါ။ တနေ့နှစ်ကြိမ်မှန်မှန်လုပ်ဆောင်ပေးနိုင်ပါတယ်။

Credit: Health and Beauty Archives

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top