iMyanmarHouse.com - Best Property Website for Myanmar
×

ညေနအလုပ္ကအျပန္ အိမ္ကုိေရာက္တာနဲ႔ အေမနဲ႔ဇနီးသည္ေျပာေနတဲ႔ စကားေတြကုိၾကားေနရတယ္…

” သမီးရယ္ အေမေရာဂါနဲ႔ ဒီးဟင္းေတြနဲ႔ စားလုိ႔မွမရတာ တျခားဟင္းမရွိေတာ့ဘူးလား”

“ဒီမွာ ေတာ္သားရတဲ႔လစာနဲ႔ ဒီဟင္းနဲ႔ပဲစားရတာကံေကာင္းတယ္မွတ္”

မိန္းမျဖစ္သူရဲ႕စကားကုိၾကားလုိက္ရတဲ႔ ကြ်န္ေတာ္ ေဒါသေတြျဖစ္မိတယ္

ျပီးေတာ့မိန္းမျဖစ္သူကုိေျပာလုိက္တယ္……

“မင္းကလဲကြာ အေမမွာ ဒီဟင္းေတြနဲ႔ မတည့္ပါဘူး မစားနဲ႔လုိ႔ ေဒါက္တာက မွာထားတယ္ေလ ဒီေလာက္ေတာ့ မင္းနားလည္ရမွာေပါ့”

“ဒီေလာက္စားခ်င္ေနရင္ ရွင့္အေမကုိ ရွင္ကုိယ္တုိင္ခ်က္ေကြ်းလုိက္……”

မိန္းမျဖစ္သူက မေက်မနပ္နဲ႔အခန္းထဲဝင္ျပီး တံခါးကုိေဆာင့္ပိတ္လိုက္တယ္ ဝုန္း…

ကြ်န္ေတာ္အေမဘက္ကုိ လွည့္ျပီးအေမကုိၾကည့္လုိက္ေတာ့ အေမရဲ႕မ်က္ဝန္းအိမ္မွာ မ်က္ရည္စေတြ တြဲခုိေနတာေတြ႔လုိက္ရတယ္……

“အေမ မငုိပါနဲ႔ေနာ္ အေမဒီးဟင္းေတြလဲမစားနဲ႔ အေမတြက္ သားေခါက္ဆြဲ တစ္ပဲြလုပ္ေပးမယ္ေနာ္”

“မလုပ္ပါနဲ႔သားရယ္ အေမစားနုိင္ပါတယ္ သားလဲအလုပ္ကျပန္လာတာ ပင္ပန္းေနမွာေပါ့ နားလုိက္ေတာ့ေနာ္……”

“ရပါတယ္ ေမေမရယ္ သားမပင္ပန္းပါဘူး ေမေမကုိအခုေခါက္ဆြဲတစ္ပြဲ ျပင္ေပးမယ္ေနာ္ ျပီးရင္သားေျပာစရာရွိတယ္ေမေမ သားေခါက္ဆြဲျပင္လုိက္မယ္ေနာ္”

“ေနပါအုံးသားရယ္ ေျပာစရာရွိတာအရင္ေျပာပါ”

“ဒီလုိပါ အိမ္မွာေနရတာကလဲ အေမမွာအဆင္မေျပဘူးေလ ျပီးေတာ့ သားမိန္းမကလဲ အေမကုိဆုိအျမဲတမ္း အျပစ္ေျပာေနတာ အေမလဲစိတ္ဆင္းရဲရတယ္ ဒီေတာ့အေမအဆင္ေျပေအာင္သားစီစဥ္ထားတယ္”

“မေျပာပါနဲ႔ေတာ့ သားရယ္”

အေမ့မွာေျပာရင္း မ်က္ရည္ေတြက်လာခဲ႔တယ္ ငုိေနတဲ႔ၾကားကေန မပီသတဲ႔ စကားေလးေတြနဲ႔အေမဆက္ေျပာတယ္……

“သားေျပာမွာကုိ အေမသိပါတယ္ သားေမေမကုိ ဘုိးဘြားရိပ္သာမွာ ထားခ်င္တာမလား ေမေမသေဘာေပါက္ပါတယ္ ဒါေပမဲ႔သားးးးးရယ္

အေမ့သားေလးကုိ အေမ့ကအခုခ်ိန္ထိ မ်က္စိေအာက္က အေပ်ာက္ခံခဲ႔တာ မဟုတ္ဘူးအေမ႔မွာ မ်က္စိေတြမျမင္နုိင္ရင္ေတာင္မွ အေမသားေလးရဲ႕အသံေလးကုိေတာ့ ၾကားခ်င္မိတာေပါ့ ဒါေပမဲ႔ သားအဆင္ေျပမယ္ဆုိေတာ့လဲ သားထားတဲ႔ေနရာေလးမွာ အေမသြားေနရမွာေပါ့ သားရယ္”

ေမေမရဲ႕စကားသံေတြကုိ နားေထာင္ရင္း ကြ်န္ေတာ္မ်က္ရည္က်ခဲ႔မိတယ္

ဒါေပမဲ႔ကြ်န္ေတာ္ ဘာတက္နုိင္ေတာ့မွာလဲ မိန္းမျဖစ္သူကလဲ အေမကုိပဲအျမဲတမ္း ျပႆနာရွာေနတာ ဟူးးးးးးး

မထူးေတာ့ပါဘူးေလ အေမ့ကုိ ဘုိးဘြားရိပ္သာမွာပဲ လုိက္ပုိ႔ေတာ့မယ္……

“မငုိပါနဲ႔ေတာ့အေမရယ္ အေမအဆင္ေျပေအာင္ သားအေကာင္းဆုံး လုပ္ေပးမယ္ေနာ္ အေမကုိညေနၾကရင္ သားလုိက္ပုိ႔မယ္ေနာ္ အေမပစၥည္းေတြ စုံေအာင္ထည့္ထားလုိက္ေပါ့ အခုသား ေခါက္ဆဲြျပင္လုိက္အုံမယ္ေနာ္”

“မလုပ္ပါနဲ႔ေတာ့သားရယ္ အေမမစားခ်င္ေတာ့ပါဘူး သားလဲသြားနားေတာ့ေလ အေမလဲရွိတဲ႔ အဝတ္စားေလးေတြ ထည့္ထားလုိက္မယ္…”

အေမနားကေန ကြ်န္ေတာ္ထြက္လာျပီး အခန္းေပါက္ဝေရာက္လုိ႔ အေမကုိလွည့္ ၾကည့္လုိက္ေတာ့ စိတ္မေကာင္းစြာနဲ႔ အေမကြ်န္ေတာ္ကုိ ႀကည့္ေနတာကုိ ေတြ႔လုိက္ရတယ္

ခြင့္လႊတ္ပါ ေမေမရယ္လုိ႔ စိတ္ထဲေန ေတာင္းပန္မိတယ္

ညေနလဲေရာက္ေရာ ကြ်န္ေတာ္အခန္းထဲကထြက္လာေတာ့ အေမမွာ အဝတ္ေဟာင္းေလး နွစ္စုံေလာက္ကုိ ရင္ခြင္မွာပုိက္ျပီး ေစာင့္ေနတာကုိ ေတြ႔လုိက္ရတယ္…

“အေမအဆင္သင့္ျဖစ္ျပီလား အကုန္ထည့္ျပီးျပီးလားဟင္”

“ထည့္ျပီးပါျပီသားရယ္ အေမမွာ ဘာမွထူးထူး ေထြေထြမရွိတာ”

“အဲဒါဆုိ သြားရေအာင္ေနာ္”

အေမ႔ကုိေခၚျပီး ဘုိးဘြားရိပ္သာကုိ လုိက္ပုိ႔ဖုိ႔ထြက္ခဲ႔တယ္ လမ္းတစ္ေလ်ွာက္မွာလဲ စကားတစ္ခြန္းမွမေျပာခဲ႔ၾကဘူး အေမ့မွာေတာ့ ကြ်န္ေတာ္စိတ္ခ်မ္းသာေအာင္လုိ႔ ရင္ထဲမွာဘယ္ေလာက္ပဲ စိတ္ဒုကၡေတြ မ်ားေနပါေစ အေမမ်က္နွာမွာအျပဳံး မပ်က္ခဲ႔ဘူး အေမဝမ္းနည္းေနမယ္ဆုိတာ သားသိပါတယ္ အေမရယ္……

အေမျဖစ္သူမွာလဲ သားစိတ္ခ်မ္းသာဖုိ႔တာ လုိက္ေလ်ွာခဲ႔ရတာ ရင္ထဲမွာေတာ့ ေျကကြဲေနမိတာေပါ့ သားရယ္

လူေတြေျပာေျပာေနတဲ႔ ဘုိးဘြားရိပ္သာဆုိတာ အေမတုိ႔လုိ လူေတြအတြက္ေတာ့ ဒုကၡသယ္စခန္းတစ္ခုေပါ့

ဘယ္မိဘမွ ကုိခ်စ္တဲ႔ သားသမီးခြဲခါြခ်င္တာ မဟုတ္ပါဘူး ကုိယ္ေမြးထားတာ သားသမီး ရွိရဲ႕သားနဲ႔ ဘုိးဘြားရိပ္သာမွာ လာေနရတဲ႔ အေမတုိ႔လုိ လူေတြကုိ အေမသနားမိတယ္သားရယ္

ငါ့သား ငယ္ငယ္ေလးတုန္းက အေမတုိ႕ကမ်ား သားကုိမိဖမဲ႔ေက်ာင္းမွာ ပုိ႔ခဲ႔ရင္ငါသားေလး ႀကီးလာရင္အေမတုိ႔ကုိ စိတ္ဆုိးမွာပဲေနာ္

မိဘရွိရဲ႕သားနဲ႔သားအရင္းတစ္ေယာက္လုံးကုိ မိဘမဲ႔ေက်ာင္းမွာ ပစ္ထား ရလားလုိ႔ သားေလးေတြျပီး စိတ္နာေနမွာေပါ့ အခုလဲအေမတုိ႔ အျဖစ္က အဲလုိပါပဲ

ကုိယ့္အသက္နဲ႔ရင္းျပီး ေမြးခဲ႔ရတဲ႔သားသမီးေတြ ရွိေပမဲ႔လည္း ဘုိးဘြားရိပ္သာ ဆုိတဲ႔ေနရာကုိ အေမ့သားေလးက လုိက္ပုိ႔ခဲ႔တယ္ေနာ္ အေမစိတ္မဆုိးပါဘူး သားရယ္ အေမ့သားေလး စိတ္ခ်မ္းသာရင္ အေမေက်နပ္ပါျပီသားရယ္…

အေတြးကုိယ္စီနဲ႔ပဲ ဘုိးဘြားရိပ္သာထဲသု႔ိ ဝင္လာခဲ႔တယ္

အေမေနရမဲ႔ အခန္းကုိလုိက္အပုိ႔ ဧည့္ခန္းကုိျဖတ္အေလ်ွာက္ ၾကည့္လုိက္ေတာ့

tvၾကည့္ေနတဲ႔သူေတြရယ္ အားငယ္စြာနဲ႔ ၾကည့္ေနတဲ႔မ်က္လုံးေတြရယ္

တစ္ေယာက္မွ ရည္ေမာေပ်ာ္ရႊင္တာကုိ မေတြ႔ရဘူး အေမေနမဲ႔ အခန္းေလးထဲမွာ ေနရာတက်စီစဥ္ေပးျပီး ကြ်န္ေတာ္ျပန္ဖုိ႔အတြက္ အေမ့ကုိနူတ္ဆက္လုိက္တယ္

“အေမ သားသြားေတာ့မယ္ေနာ္ အေမဘာပဲလုိလုိ သားဆီကုိအေျကာင္းၾကားေနာ္ သားလဲ မၾကာခဏလာပါ့မယ္”

“သားလမ္းမွာကားကုိ ဂရုစုိက္ေမာင္းေနာ္”

အေမကုိေခါင္းေလးျငိမ့္ျပျပီး ကြ်န္ေတာ္ထြက္လာခဲ႔တယ္ အိမ္ကုိျပန္ေရာက္ေတာ့ မိန္းမျဖစ္သူနဲ႔ သူ႕အေမနဲ႔က ကြ်န္ေတာ္အေမေနတဲ႔ အခန္းေလးကုိ အကုန္ရွင္းေနတယ္ အေမပစၥည္းမွန္သမ်ွ အမႈိက္ပုံးထဲ ထည့္ေနတယ္

ကြ်န္ေတာ္ေဒါသႀကီးစြာနဲ႔ ေအာ္ေမးလုိက္တယ္

“ဒါကဘာျဖစ္တာလဲ ဘာလုပ္တာလဲလုိ႔ ငါေမးေနတယ္ေလ”

“ရွင္ျမင္တဲ႔အတုိင္းပဲေလ ရွင့္အေမအခန္းကုိ ရွင္းျပီး က်မအေမေခၚထားမုိ႔ အေဖာ္ရေအာင္လုိ႔”

“ေအာ္ မင္းက ငါ့အေမၾကေတာ့ အိမ္မွာမထားခ်င္ဘူး မင္းအေမၾကေတာ့ အေဖာ္ရေအာင္လုိ႔ ဟုတိလား ေတာက္…မင္းကြာ ဒီမွာငါ့အေမပစၥည္းကုိ မင္းလက္ဖ်ားနဲ႔ေတာင္ မတုိ႔နဲ႔ေတာ့ အခုေနတာ မင္းအိမ္မဟုတ္ဘူး ငါ့အေမအိမ္ မင္းမေက်နပ္ရင္ ဆင္းသြားးးးးး ဆင္းသြားးးးး”

အေမခန္းထဲကုိ ဝင္ျပီးၾကည့္ေတာ့ အခန္းေထာင့္တစ္ေနရာေလးမွာ ညဆုိရင္ အေမလိမ္းေနၾက ေဆးဗူးေလးကုိေတြ႔ရတယ္

အေမက ဒီေဆးမလိမ္းရင္ ညညဆုိ အိပ္မရဘူး အေမအိပ္မေပ်ာ္ပဲ ေနမွာလိမ့္မယ္ ငါအေမဆီကုိသြားပုိ႔ ရမယ္အခုပဲသြားမယ္ ကြ်န္ေတာ္အေမဆီကုိ အေျပးေရာက္ခဲ႔တယ္

ကြ်န္ေတာ္ေရာက္သြားေတာ့ အေမမွာမအိပ္ေသးပဲ ခုံတစ္လုံးမွာထုိင္ျပီး ထမင္းစားအေရးကုိ ထမင္းရွင္ေတြကုိ ဆုေတာင္းေပးေနတာကုိ ေတြ႔လုိက္ရတယ္

အေမကြ်န္ေတာ္ကုိ ျမင္ေတာ့ မ်က္ရည္ေတြကုိ အျမန္သုတ္လုိက္တယ္ ျပီးေတာ့ ကြ်န္ေတာ္ကုိေမးတယ္……

“ဘာလာလုပ္တာလဲ သားရယ္”

ကြ်န္ေတာ္လဲ ေဆးဗူးေလးကုိ အေမ့လက္ထဲ ထည့္လုိက္တယ္

“သားရယ္ေဆးဗူးေမ့ေနတာမ်ား ပင္ပန္းခံျပီး လာေပးေနရလားသားရယ္ မနက္မွ လာေပးလဲရတာပါပဲ ညဘက္ကားေမာင္းတာ ေကာင္းတာမဟုတ္ဘူး အေမ့သားေလး တစ္ခုခုျဖစ္မွာ စုိးရိမ္မိတယ္သားရယ္””

“သားေဆးဘူး လာပုိ႔တာမဟုတ္ဘူးေမေမ ေမေမကုိသားလာေခၚတာ သားမွားခဲ႔တာေတြကုိ သားေတာင္းပန္ပါတယ္ ေမေမရယ္ ”

“သားရယ္ေမေမက သားကုိဘယ္ေတာ့မွ အျပစ္မတင္ခဲ႔ပါဘူး သားကုိခ်စ္လြန္းလုိ႔ ေမေမအသက္နဲ႔ရင္းျပီးေတာ ့ေတာင္မွလူေလာကထဲကုိ ေခၚလာခဲ႔ျပီပဲ တျခားအေၾကာင္းအရာေတြ ေျပာစရာလုိေသးလုိ႔လားသားရယ္”

“ေမေမသားတုိ႔ အိမ္ျပန္ၾကရေအာင္ေနာ္………”

အေမ့မွာ ကြ်န္ေတာ္ပါးျပင္ေပၚက မ်က္ရည္ေတြကုိသုပ္ေပးရင္း ကြ်န္ေတာ္တုိ႔သားအမိနွစ္ေယာက္ အိမ္ကုိျပန္ခဲ႔ၾကေတာ့တယ္………

********************************************
မိဘဆုိတာက သားသမီး ဘယ္ေလာက္မ်ားမ်ား

ခါးလဲလွေအာင္ ဝမ္းလဲဝေအာင္ လုပ္ေကြ်းနုိင္ခဲ႔တယ္…………

သားသမီးေတြ အမ်ားႀကီးရွိေပမဲ႔ မိဘနွစ္ပါးကုိၾက ခါးမလွခ်င္ေနပါေစ

ဝမ္းဝေအာင္ေတာ့ လုပ္ေကြ်းနုိင္ပါေစ……………

Credit: thadinyatkwat

ၾကီးပြားေရး

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ညနေအလုပ်ကအပြန် အိမ်ကိုရောက်တာနဲ့ အမေနဲ့ဇနီးသည်ပြောနေတဲ့ စကားတွေကိုကြားနေရတယ်…

” သမီးရယ် အမေရောဂါနဲ့ ဒီးဟင်းတွေနဲ့ စားလို့မှမရတာ တခြားဟင်းမရှိတော့ဘူးလား”

“ဒီမှာ တော်သားရတဲ့လစာနဲ့ ဒီဟင်းနဲ့ပဲစားရတာကံကောင်းတယ်မှတ်”

မိန်းမဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့ ကျွန်တော် ဒေါသတွေဖြစ်မိတယ်

ပြီးတော့မိန်းမဖြစ်သူကိုပြောလိုက်တယ်……

“မင်းကလဲကွာ အမေမှာ ဒီဟင်းတွေနဲ့ မတည့်ပါဘူး မစားနဲ့လို့ ဒေါက်တာက မှာထားတယ်လေ ဒီလောက်တော့ မင်းနားလည်ရမှာပေါ့”

“ဒီလောက်စားချင်နေရင် ရှင့်အမေကို ရှင်ကိုယ်တိုင်ချက်ကျွေးလိုက်……”

မိန်းမဖြစ်သူက မကျေမနပ်နဲ့အခန်းထဲဝင်ပြီး တံခါးကိုဆောင့်ပိတ်လိုက်တယ် ဝုန်း…

ကျွန်တော်အမေဘက်ကို လှည့်ပြီးအမေကိုကြည့်လိုက်တော့ အမေရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ တွဲခိုနေတာတွေ့လိုက်ရတယ်……

“အမေ မငိုပါနဲ့နော် အမေဒီးဟင်းတွေလဲမစားနဲ့ အမေတွက် သားခေါက်ဆွဲ တစ်ပွဲလုပ်ပေးမယ်နော်”

“မလုပ်ပါနဲ့သားရယ် အမေစားနိုင်ပါတယ် သားလဲအလုပ်ကပြန်လာတာ ပင်ပန်းနေမှာပေါ့ နားလိုက်တော့နော်……”

“ရပါတယ် မေမေရယ် သားမပင်ပန်းပါဘူး မေမေကိုအခုခေါက်ဆွဲတစ်ပွဲ ပြင်ပေးမယ်နော် ပြီးရင်သားပြောစရာရှိတယ်မေမေ သားခေါက်ဆွဲပြင်လိုက်မယ်နော်”

“နေပါအုံးသားရယ် ပြောစရာရှိတာအရင်ပြောပါ”

“ဒီလိုပါ အိမ်မှာနေရတာကလဲ အမေမှာအဆင်မပြေဘူးလေ ပြီးတော့ သားမိန်းမကလဲ အမေကိုဆိုအမြဲတမ်း အပြစ်ပြောနေတာ အမေလဲစိတ်ဆင်းရဲရတယ် ဒီတော့အမေအဆင်ပြေအောင်သားစီစဉ်ထားတယ်”

“မပြောပါနဲ့တော့ သားရယ်”

အမေ့မှာပြောရင်း မျက်ရည်တွေကျလာခဲ့တယ် ငိုနေတဲ့ကြားကနေ မပီသတဲ့ စကားလေးတွေနဲ့အမေဆက်ပြောတယ်……

“သားပြောမှာကို အမေသိပါတယ် သားမေမေကို ဘိုးဘွားရိပ်သာမှာ ထားချင်တာမလား မေမေသဘောပေါက်ပါတယ် ဒါပေမဲ့သားးးးးရယ်

အမေ့သားလေးကို အမေ့ကအခုချိန်ထိ မျက်စိအောက်က အပျောက်ခံခဲ့တာ မဟုတ်ဘူးအမေ့မှာ မျက်စိတွေမမြင်နိုင်ရင်တောင်မှ အမေသားလေးရဲ့အသံလေးကိုတော့ ကြားချင်မိတာပေါ့ ဒါပေမဲ့ သားအဆင်ပြေမယ်ဆိုတော့လဲ သားထားတဲ့နေရာလေးမှာ အမေသွားနေရမှာပေါ့ သားရယ်”

မေမေရဲ့စကားသံတွေကို နားထောင်ရင်း ကျွန်တော်မျက်ရည်ကျခဲ့မိတယ်

ဒါပေမဲ့ကျွန်တော် ဘာတက်နိုင်တော့မှာလဲ မိန်းမဖြစ်သူကလဲ အမေကိုပဲအမြဲတမ်း ပြဿနာရှာနေတာ ဟူးးးးးးး

မထူးတော့ပါဘူးလေ အမေ့ကို ဘိုးဘွားရိပ်သာမှာပဲ လိုက်ပို့တော့မယ်……

“မငိုပါနဲ့တော့အမေရယ် အမေအဆင်ပြေအောင် သားအကောင်းဆုံး လုပ်ပေးမယ်နော် အမေကိုညနေကြရင် သားလိုက်ပို့မယ်နော် အမေပစ္စည်းတွေ စုံအောင်ထည့်ထားလိုက်ပေါ့ အခုသား ခေါက်ဆွဲပြင်လိုက်အုံမယ်နော်”

“မလုပ်ပါနဲ့တော့သားရယ် အမေမစားချင်တော့ပါဘူး သားလဲသွားနားတော့လေ အမေလဲရှိတဲ့ အဝတ်စားလေးတွေ ထည့်ထားလိုက်မယ်…”

အမေနားကနေ ကျွန်တော်ထွက်လာပြီး အခန်းပေါက်ဝရောက်လို့ အမေကိုလှည့် ကြည့်လိုက်တော့ စိတ်မကောင်းစွာနဲ့ အမေကျွန်တော်ကို ကြည့်နေတာကို တွေ့လိုက်ရတယ်

ခွင့်လွှတ်ပါ မေမေရယ်လို့ စိတ်ထဲနေ တောင်းပန်မိတယ်

ညနေလဲရောက်ရော ကျွန်တော်အခန်းထဲကထွက်လာတော့ အမေမှာ အဝတ်ဟောင်းလေး နှစ်စုံလောက်ကို ရင်ခွင်မှာပိုက်ပြီး စောင့်နေတာကို တွေ့လိုက်ရတယ်…

“အမေအဆင်သင့်ဖြစ်ပြီလား အကုန်ထည့်ပြီးပြီးလားဟင်”

“ထည့်ပြီးပါပြီသားရယ် အမေမှာ ဘာမှထူးထူး ထွေထွေမရှိတာ”

“အဲဒါဆို သွားရအောင်နော်”

အမေ့ကိုခေါ်ပြီး ဘိုးဘွားရိပ်သာကို လိုက်ပို့ဖို့ထွက်ခဲ့တယ် လမ်းတစ်လျှောက်မှာလဲ စကားတစ်ခွန်းမှမပြောခဲ့ကြဘူး အမေ့မှာတော့ ကျွန်တော်စိတ်ချမ်းသာအောင်လို့ ရင်ထဲမှာဘယ်လောက်ပဲ စိတ်ဒုက္ခတွေ များနေပါစေ အမေမျက်နှာမှာအပြုံး မပျက်ခဲ့ဘူး အမေဝမ်းနည်းနေမယ်ဆိုတာ သားသိပါတယ် အမေရယ်……

အမေဖြစ်သူမှာလဲ သားစိတ်ချမ်းသာဖို့တာ လိုက်လျှောခဲ့ရတာ ရင်ထဲမှာတော့ ကြေကွဲနေမိတာပေါ့ သားရယ်

လူတွေပြောပြောနေတဲ့ ဘိုးဘွားရိပ်သာဆိုတာ အမေတို့လို လူတွေအတွက်တော့ ဒုက္ခသယ်စခန်းတစ်ခုပေါ့

ဘယ်မိဘမှ ကိုချစ်တဲ့ သားသမီးခွဲခါွချင်တာ မဟုတ်ပါဘူး ကိုယ်မွေးထားတာ သားသမီး ရှိရဲ့သားနဲ့ ဘိုးဘွားရိပ်သာမှာ လာနေရတဲ့ အမေတို့လို လူတွေကို အမေသနားမိတယ်သားရယ်

ငါ့သား ငယ်ငယ်လေးတုန်းက အမေတို့ကများ သားကိုမိဖမဲ့ကျောင်းမှာ ပို့ခဲ့ရင်ငါသားလေး ကြီးလာရင်အမေတို့ကို စိတ်ဆိုးမှာပဲနော်

မိဘရှိရဲ့သားနဲ့သားအရင်းတစ်ယောက်လုံးကို မိဘမဲ့ကျောင်းမှာ ပစ်ထား ရလားလို့ သားလေးတွေပြီး စိတ်နာနေမှာပေါ့ အခုလဲအမေတို့ အဖြစ်က အဲလိုပါပဲ

ကိုယ့်အသက်နဲ့ရင်းပြီး မွေးခဲ့ရတဲ့သားသမီးတွေ ရှိပေမဲ့လည်း ဘိုးဘွားရိပ်သာ ဆိုတဲ့နေရာကို အမေ့သားလေးက လိုက်ပို့ခဲ့တယ်နော် အမေစိတ်မဆိုးပါဘူး သားရယ် အမေ့သားလေး စိတ်ချမ်းသာရင် အမေကျေနပ်ပါပြီသားရယ်…

အတွေးကိုယ်စီနဲ့ပဲ ဘိုးဘွားရိပ်သာထဲသု့ိ ဝင်လာခဲ့တယ်

အမေနေရမဲ့ အခန်းကိုလိုက်အပို့ ဧည့်ခန်းကိုဖြတ်အလျှောက် ကြည့်လိုက်တော့

tvကြည့်နေတဲ့သူတွေရယ် အားငယ်စွာနဲ့ ကြည့်နေတဲ့မျက်လုံးတွေရယ်

တစ်ယောက်မှ ရည်မောပျော်ရွှင်တာကို မတွေ့ရဘူး အမေနေမဲ့ အခန်းလေးထဲမှာ နေရာတကျစီစဉ်ပေးပြီး ကျွန်တော်ပြန်ဖို့အတွက် အမေ့ကိုနူတ်ဆက်လိုက်တယ်

“အမေ သားသွားတော့မယ်နော် အမေဘာပဲလိုလို သားဆီကိုအကြောင်းကြားနော် သားလဲ မကြာခဏလာပါ့မယ်”

“သားလမ်းမှာကားကို ဂရုစိုက်မောင်းနော်”

အမေကိုခေါင်းလေးငြိမ့်ပြပြီး ကျွန်တော်ထွက်လာခဲ့တယ် အိမ်ကိုပြန်ရောက်တော့ မိန်းမဖြစ်သူနဲ့ သူ့အမေနဲ့က ကျွန်တော်အမေနေတဲ့ အခန်းလေးကို အကုန်ရှင်းနေတယ် အမေပစ္စည်းမှန်သမျှ အမှိုက်ပုံးထဲ ထည့်နေတယ်

ကျွန်တော်ဒေါသကြီးစွာနဲ့ အော်မေးလိုက်တယ်

“ဒါကဘာဖြစ်တာလဲ ဘာလုပ်တာလဲလို့ ငါမေးနေတယ်လေ”

“ရှင်မြင်တဲ့အတိုင်းပဲလေ ရှင့်အမေအခန်းကို ရှင်းပြီး ကျမအမေခေါ်ထားမို့ အဖော်ရအောင်လို့”

“အော် မင်းက ငါ့အမေကြတော့ အိမ်မှာမထားချင်ဘူး မင်းအမေကြတော့ အဖော်ရအောင်လို့ ဟုတိလား တောက်…မင်းကွာ ဒီမှာငါ့အမေပစ္စည်းကို မင်းလက်ဖျားနဲ့တောင် မတို့နဲ့တော့ အခုနေတာ မင်းအိမ်မဟုတ်ဘူး ငါ့အမေအိမ် မင်းမကျေနပ်ရင် ဆင်းသွားးးးးး ဆင်းသွားးးးး”

အမေခန်းထဲကို ဝင်ပြီးကြည့်တော့ အခန်းထောင့်တစ်နေရာလေးမှာ ညဆိုရင် အမေလိမ်းနေကြ ဆေးဗူးလေးကိုတွေ့ရတယ်

အမေက ဒီဆေးမလိမ်းရင် ညညဆို အိပ်မရဘူး အမေအိပ်မပျော်ပဲ နေမှာလိမ့်မယ် ငါအမေဆီကိုသွားပို့ ရမယ်အခုပဲသွားမယ် ကျွန်တော်အမေဆီကို အပြေးရောက်ခဲ့တယ်

ကျွန်တော်ရောက်သွားတော့ အမေမှာမအိပ်သေးပဲ ခုံတစ်လုံးမှာထိုင်ပြီး ထမင်းစားအရေးကို ထမင်းရှင်တွေကို ဆုတောင်းပေးနေတာကို တွေ့လိုက်ရတယ်

အမေကျွန်တော်ကို မြင်တော့ မျက်ရည်တွေကို အမြန်သုတ်လိုက်တယ် ပြီးတော့ ကျွန်တော်ကိုမေးတယ်……

“ဘာလာလုပ်တာလဲ သားရယ်”

ကျွန်တော်လဲ ဆေးဗူးလေးကို အမေ့လက်ထဲ ထည့်လိုက်တယ်

“သားရယ်ဆေးဗူးမေ့နေတာများ ပင်ပန်းခံပြီး လာပေးနေရလားသားရယ် မနက်မှ လာပေးလဲရတာပါပဲ ညဘက်ကားမောင်းတာ ကောင်းတာမဟုတ်ဘူး အမေ့သားလေး တစ်ခုခုဖြစ်မှာ စိုးရိမ်မိတယ်သားရယ်””

“သားဆေးဘူး လာပို့တာမဟုတ်ဘူးမေမေ မေမေကိုသားလာခေါ်တာ သားမှားခဲ့တာတွေကို သားတောင်းပန်ပါတယ် မေမေရယ် ”

“သားရယ်မေမေက သားကိုဘယ်တော့မှ အပြစ်မတင်ခဲ့ပါဘူး သားကိုချစ်လွန်းလို့ မေမေအသက်နဲ့ရင်းပြီးတော့တောင်မှလူလောကထဲကို ခေါ်လာခဲ့ပြီပဲ တခြားအကြောင်းအရာတွေ ပြောစရာလိုသေးလို့လားသားရယ်”

“မေမေသားတို့ အိမ်ပြန်ကြရအောင်နော်………”

အမေ့မှာ ကျွန်တော်ပါးပြင်ပေါ်က မျက်ရည်တွေကိုသုပ်ပေးရင်း ကျွန်တော်တို့သားအမိနှစ်ယောက် အိမ်ကိုပြန်ခဲ့ကြတော့တယ်………

********************************************
မိဘဆိုတာက သားသမီး ဘယ်လောက်များများ

ခါးလဲလှအောင် ဝမ်းလဲဝအောင် လုပ်ကျွေးနိုင်ခဲ့တယ်…………

သားသမီးတွေ အများကြီးရှိပေမဲ့ မိဘနှစ်ပါးကိုကြ ခါးမလှချင်နေပါစေ

ဝမ်းဝအောင်တော့ လုပ်ကျွေးနိုင်ပါစေ……………

Credit: thadinyatkwat

ကြီးပွားရေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top