iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်င္းက ဇီဝကမၼျဖစ္စဥ္ကို ၂၀ ရာခိုင္ႏႈန္းေလာက္ ပိုျမန္ေစတဲ့ ဓာတ္ေတြ ရွိပါတယ္။ ဇီဝကမၼျဖစ္စဥ္ပိုျမန္ေလေလ ကယ္လိုရီေလာင္ကၽြမ္းအားေတြလည္း ပိုေကာင္းေလျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေန႔စဥ္ ဂ်င္းအနည္းငယ္စားေပးရုံနဲ႔ အဝလြန္ေရာဂါကို ကာကြယ္ေပးၿပီး ကိုယ္အေလးခ်ိန္ကို က်ဆင္းေစပါတယ္။

ဂ်င္းမွာ Antioxidant ေတြနဲ႔ အူလမ္းေၾကာင္း က်န္းမာေရးကို ေကာင္းေစတဲ့ ဓာတ္ေတြအမ်ားႀကီးပါဝင္ေနပါတယ္။

ေန႔စဥ္ ဂ်င္း လက္မ ဝက္ေလာက္ကို ဟင္းလ်ာခ်က္ျပဳတ္ရာမွာ သို႔ ေဖ်ာ္ရည္ေဖ်ာ္ရာမွာ အသံုးျပုႏိုင္ပါတယ္။

ဂ်င္း ေရေႏြးၾကမ္းနဲ႔ ကိုယ္အေလးခ်ိန္ ခ်ရေအာင္

ပါဝင္ပစၥည္းမ်ား

ဂ်င္း လက္မဝက္

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ေရ ဖန္ခြက္ ၁ ခြက္စာ

ျပဳလုပ္နည္း

ေရ ဖန္ခြက္ ၁ ခြက္စာကို မီးဖိုေပၚမွာ ပြက္ပြက္ ဆူေအာင္ တည္လိုက္ပါ။

ဂ်င္းကို ေထာင္းၿပီးေတာ့ ပြက္ပြက္ဆူေနတဲ့ ေရထဲကို ထည့္ပါ။

၂ မိနစ္ေလာက္ ထားပါ။

မီးဖိုေပၚကေန ခ်ပါ။ ပ်ားရည္ထည့္ပါ။

ေသခ်ာေမႊၿပီး ေႏြးေႏြးေလး ေသာက္ပါ။

သတိထားရမယ့္အခ်က္

ဂ်င္းကို အမ်ားႀကီးမထည့္ပါနဲ႔။ ဂ်င္းမ်ားသြားရင္ ေအာ့အန္တာ၊ အစာအိမ္ ဂက္စ္ထတာတို႔ျဖစ္တတ္ပါတယ္။ ေန႔စဥ္ တစ္ေန႔တစ္ခြက္ပံုမွန္ ေသာက္ေပးပါ။

အက်ိဳးေက်းဇူး

ဂ်င္းက အူလမ္းေၾကာင္း က်န္းမာေရးအတြက္ ေကာင္းၿပီး အစာအိမ္ေဟာင္းထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး အဆီေတြကို ၿဖိဳခြဲအားေကာင္းေစပါတယ္။

ပ်ားရည္နည္းနည္းထည့္တာဟ အရသာ ပိုေကာင္းေစၿပီး ကိုယ္ခံအားနစ္ကို တက္ေစပါတယ္။

Credit:Myfoodmyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  ဂျင်းက ဇီဝကမ္မဖြစ်စဉ်ကို ၂၀ ရာခိုင်နှုန်းလောက် ပိုမြန်စေတဲ့ ဓာတ်တွေ ရှိပါတယ်။ ဇီဝကမ္မဖြစ်စဉ်ပိုမြန်လေလေ ကယ်လိုရီလောင်ကျွမ်းအားတွေလည်း ပိုကောင်းလေဖြစ်ပါတယ်။

ဒါ့ကြောင့် နေ့စဉ် ဂျင်းအနည်းငယ်စားပေးရုံနဲ့ အဝလွန်ရောဂါကို ကာကွယ်ပေးပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

ဂျင်းမှာ Antioxidant တွေနဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းစေတဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။

နေ့စဉ် ဂျင်း လက်မ ဝက်လောက်ကို ဟင်းလျာချက်ပြုတ်ရာမှာ သို့ ဖျော်ရည်ဖျော်ရာမှာ အသုံးပြုနိုင်ပါတယ်။

ဂျင်း ရေနွေးကြမ်းနဲ့ ကိုယ်အလေးချိန် ချရအောင်

ပါဝင်ပစ္စည်းများ

ဂျင်း လက်မဝက်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ ဖန်ခွက် ၁ ခွက်စာ

ပြုလုပ်နည်း

ရေ ဖန်ခွက် ၁ ခွက်စာကို မီးဖိုပေါ်မှာ ပွက်ပွက် ဆူအောင် တည်လိုက်ပါ။

ဂျင်းကို ထောင်းပြီးတော့ ပွက်ပွက်ဆူနေတဲ့ ရေထဲကို ထည့်ပါ။

၂ မိနစ်လောက် ထားပါ။

မီးဖိုပေါ်ကနေ ချပါ။ ပျားရည်ထည့်ပါ။

သေချာမွှေပြီး နွေးနွေးလေး သောက်ပါ။

သတိထားရမယ့်အချက်

ဂျင်းကို အများကြီးမထည့်ပါနဲ့။ ဂျင်းများသွားရင် အော့အန်တာ၊ အစာအိမ် ဂက်စ်ထတာတို့ဖြစ်တတ်ပါတယ်။ နေ့စဉ် တစ်နေ့တစ်ခွက်ပုံမှန် သောက်ပေးပါ။

အကျိုးကျေးဇူး

ဂျင်းက အူလမ်းကြောင်း ကျန်းမာရေးအတွက် ကောင်းပြီး အစာအိမ်ဟောင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အဆီတွေကို ဖြိုခွဲအားကောင်းစေပါတယ်။

ပျားရည်နည်းနည်းထည့်တာဟ အရသာ ပိုကောင်းစေပြီး ကိုယ်ခံအားနစ်ကို တက်စေပါတယ်။

Credit:Myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top