iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ခ်စ္ရတဲ့သူနဲ႔ နမ္းလိုက္တဲ့အခါမွာ စိတ္ေပ်ာ္ရႊင္မႈ၊ ၾကည္ႏူးမႈကို ရရွိၾကတာေတာ့ အမွန္ပါပဲ။ ခ်စ္သူဆီက ရတဲ့ အနမ္းတစ္ပြင့္က ၾကည္ႏူးမႈ၊ ေပ်ာ္ရႊင္ေႏြးေထြးတဲ့ ခံစားမႈမ်ိဳးကို ရရွိႏိုင္တဲ့အတြက္ ကိုယ့္ရဲ႕ခ်စ္ျခင္းကို ေဖာ္ျပေပးႏုိင္တဲ့ အခ်စ္သေကၤတတစ္ခုလုိ႔ ဆိုႏိုင္ပါတယ္။ အနမ္းတစ္ပြင့္က ခ်စ္ျခင္းကို ေဖာ္ထုတ္ျပသ ေပးႏုိင္တဲ့အျပင္ ခႏၶာကိုယ္အတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရရွိႏုိင္ေသးလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စိတ္ဖိစီးမႈေလ်ာ့က်ေစပါတယ္

နမ္းလိုက္တဲ့အခါမွာ ခႏၶာကိုယ္တြင္းကေနၿပီးေတာ့ စိတ္ေပ်ာ္ရႊင္ေစတဲ့ ေဟာ္မုန္းဓာတ္မ်ား ထုတ္လႊတ္ေပးႏိုင္တဲ့ အတြက္ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။ ဒါအျပင္ ေလ့လာဆန္းစစ္ခ်က္ေတြအရ တစ္ေန႔ကို ၁၅မိနစ္ခန္႔ နမ္းမယ္ဆိုရင္ စိတ္ဖိစီးမႈကို လံုးဝေလ်ာ့ပါးေစႏုိင္တယ္လို႔ သိရပါတယ္။

(၂) ကုိလက္စထေရာေလ်ာ့ခ်ေပးႏုိင္ပါတယ္

ခႏၶာကိုယ္တြင္းက ကိုလက္စထေရာ လယ္ဗယ္ညီမွ်မႈ မရွိရင္ က်န္းမာေရးအတြက္ မေကာင္းပါဘူး။ ဒီလိုမျဖစ္ရေလေအာင္ ကိုလက္စထေရာေလ်ာ့ခ်ေပးႏိုင္တဲ့ အစားအေသာက္၊ ေလ့က်င့္ခန္းမ်ားကို ျပဳလုပ္ေပးရပါတယ္။ ဒါေပမဲ့ ခ်စ္သူစံုတြဲေတြအတြက္ေတာ့ အနမ္းက ကိုလက္စထေရာကို ေလ်ာ့ခ်ေပးႏုိင္တဲ့ အေကာင္းဆံုးေဆးတစ္ခြက္ပါပဲ။

(၃) ကိုယ္ခံစြမ္းအားေကာင္းမြန္ေစပါတယ္

နမ္းလိုက္တဲ့အခါမွာ ႏွလံုးခုန္ျမန္လာၾကတယ္ မဟုတ္လား။ ဒါဟာ သင့္ရဲ႕ခႏၶာကိုယ္တြင္းက စြမ္းအင္ေတြ အလံုအေလာက္ ထုတ္လႊတ္ေနတဲ့ အတြက္ေၾကာင့္ပါ။ နမ္းလိုက္တဲ့အခါမွာ ႏွလံုးခုန္ႏႈန္းျမန္လာၿပီး ခႏၶာကိုယ္တြင္းက လုပ္ေဆာင္ခ်က္ေတြ အားေကာင္းလာတဲ့အတြက္ ကိုယ္ခံစြမ္းအားကို ျမွင့္တင္ေပးႏိုင္စြမ္းရွိပါတယ္။

(၄) ေပ်ာ္ရႊင္မႈ ေဟာ္မုန္းမ်ားထုတ္လႊတ္ေပးပါတယ္

ခ်စ္သူရဲ႕ အနမ္းတစ္ပြင့္က ရင္ခုန္ၾကည္ႏူးရတဲ့အျပင္ စိတ္ကိုေပ်ာ္ရႊင္လာေစပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ နမ္းလိုက္တဲ့အခါမွာ ေဟာ္မုန္းအေျပာင္းအလဲမ်ား ျဖစ္ေပၚလာၿပီး စိတ္ေပ်ာ္ရႊင္ တက္ၾကြေစတဲ့ ေဟာ္မုန္းမ်ား ထုတ္လႊတ္ေပးႏုိင္တဲ့ အတြက္ေၾကာင့္ပါ။

Credit: myanmaplatform
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  ကိုယ်ချစ်ရတဲ့သူနဲ့ နမ်းလိုက်တဲ့အခါမှာ စိတ်ပျော်ရွှင်မှု၊ ကြည်နူးမှုကို ရရှိကြတာတော့ အမှန်ပါပဲ။ ချစ်သူဆီက ရတဲ့ အနမ်းတစ်ပွင့်က ကြည်နူးမှု၊ ပျော်ရွှင်နွေးထွေးတဲ့ ခံစားမှုမျိုးကို ရရှိနိုင်တဲ့အတွက် ကိုယ့်ရဲ့ချစ်ခြင်းကို ဖော်ပြပေးနိုင်တဲ့ အချစ်သင်္ကေတတစ်ခုလို့ ဆိုနိုင်ပါတယ်။ အနမ်းတစ်ပွင့်က ချစ်ခြင်းကို ဖော်ထုတ်ပြသ ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သေးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ကျစေပါတယ်

နမ်းလိုက်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းကနေပြီးတော့ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်များ ထုတ်လွှတ်ပေးနိုင်တဲ့ အတွက် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ဒါအပြင် လေ့လာဆန်းစစ်ချက်တွေအရ တစ်နေ့ကို ၁၅မိနစ်ခန့် နမ်းမယ်ဆိုရင် စိတ်ဖိစီးမှုကို လုံးဝလျော့ပါးစေနိုင်တယ်လို့ သိရပါတယ်။

(၂) ကိုလက်စထရောလျော့ချပေးနိုင်ပါတယ်

ခန္ဓာကိုယ်တွင်းက ကိုလက်စထရော လယ်ဗယ်ညီမျှမှု မရှိရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုမဖြစ်ရလေအောင် ကိုလက်စထရောလျော့ချပေးနိုင်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရပါတယ်။ ဒါပေမဲ့ ချစ်သူစုံတွဲတွေအတွက်တော့ အနမ်းက ကိုလက်စထရောကို လျော့ချပေးနိုင်တဲ့ အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။

(၃) ကိုယ်ခံစွမ်းအားကောင်းမွန်စေပါတယ်

နမ်းလိုက်တဲ့အခါမှာ နှလုံးခုန်မြန်လာကြတယ် မဟုတ်လား။ ဒါဟာ သင့်ရဲ့ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေ အလုံအလောက် ထုတ်လွှတ်နေတဲ့ အတွက်ကြောင့်ပါ။ နမ်းလိုက်တဲ့အခါမှာ နှလုံးခုန်နှုန်းမြန်လာပြီး ခန္ဓာကိုယ်တွင်းက လုပ်ဆောင်ချက်တွေ အားကောင်းလာတဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။

(၄) ပျော်ရွှင်မှု ဟော်မုန်းများထုတ်လွှတ်ပေးပါတယ်

ချစ်သူရဲ့ အနမ်းတစ်ပွင့်က ရင်ခုန်ကြည်နူးရတဲ့အပြင် စိတ်ကိုပျော်ရွှင်လာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ နမ်းလိုက်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲများ ဖြစ်ပေါ်လာပြီး စိတ်ပျော်ရွှင် တက်ကြွစေတဲ့ ဟော်မုန်းများ ထုတ်လွှတ်ပေးနိုင်တဲ့ အတွက်ကြောင့်ပါ။

Credit: myanmaplatform

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top