iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Celefamily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
# Unicode Version ဖြင့် ဖတ်ပါ #
ဟိုးအရင်ကတည်းက ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အက်ရှင်မင်းသားကြီး နေထက်လင်းကတော့ သားဖြစ်သူ ထက်လင်းအောင် အကယ်ဒမီ ရွှေကြိုမောင်အဖြစ် အရွေးခံရလို့ အရမ်းကိုပျော်ရွှင်နေပါတယ်။ နေထက်လင်းကတော့ ဖိုက်တင်ခန်းတွေမှာ ကျရာဇတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိူင်တာကြောင့် ပရိသတ်တွေ အားပေးခံနေရတဲ့မင်းသားတစ်ယောက်လဲဖြစ်ပါတယ်။
နေထက်လင်းကတော့ သားဖြစ်သူ ရွှေကြိုရွေးခံရတာနဲ့ပတ်သက်ပြီး ” ရွှေကြိုကဒီလိုပါ အစည်းအရုံးကနေခေါ်တော့လေ ဖုန်းလာတယ်။ ကိုနေလင်းသားတဲ့ အဲ့ဒီနေ့မှာလာနိုင်မလား?? ကျွန်တော်တို့လာနိုင်ပါတယ်။ အဲ့လိုဆို အဲ့ဒီနေ့မှာ လူတွေ့စစ်ဆေးဖို့ရှိပါတယ်ဆိုတော် ok ok လာမယ်ဆိုပြီးတော့ ကျွန်တော်တို့ ရွှေကြိုကို စာရင်းသွားထားတဲ့အတွက် အဲ့မှာ လူတွေ့စစ်ဆေးဖို့ခေါ်လိုက်တယ်။ လူတွေ့စစ်ဆေးဖို့ခေါ်လိုက်တော့ သွားလိုက်တယ်။ ကျွန်တော်ကလဲမအားဘူး။ ကျွန်တော့်အမျိုးသမီးနဲ့ လွှတ်လိုက်တယ်။ လွှတ်လိုက်တော့ အဲ့မှာ ရွှေကြိုထဲမှာ မဆင့်တို့ မမို့တို့ ပါတယ် အများကြီးပါ။
 သူတို့ကလူတွေ့စစ်ဆေးတယ်။ လူတွေ့စစ်ဆေးတော့ လက်ခံလိုက်ပါတယ်။ လိုက်ခံလိုက်ပြီးတော့ ဘယ်နေ့ဘယ်ရက်ချိန်လိုက်တယ်ပေါ့နော်။ အဝတ်အစားတိုင်းဖို့ ခေါ်လိုက်တယ် ။ အခုတော့ရွှေကြိုထဲတော့ပါသွားပြီပေါ့နော်။ ဝမ်းလဲဝမ်းသာပါတယ် ကျေးဇူးလဲတင်ပါတယ်။ အစည်းအရုံးကလူကြီးတွေအားလုံးကိုဒီနေရာကနေကျေးဇူးတင်ပါတယ်”ဆိုပြီး သားဖြစ်သူရွှေကြိုပါလို့ ဝမ်းသာနေတဲ့အကြောင်းလေးပြောခဲ့ပါတယ်။
နေထက်လင်းကတော့ သားဖြစ်သူကို အိမ်မှာလဲ လမ်းလျောက်တာကို တရားထိုင်တာတွေလုပ်ခိုင်းပါသေးတယ်တဲ့။ တစ်နေ့ကို နာရီဝက်လမ်းလျောက်ခိုင်းပါတယ်လို့လဲ ပြောခဲ့ပါသေးတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top