iMyanmarHouse.com - Best Property Website for Myanmar
×
Credit: nanmalgyi
အနုပညာ
လှပပြီးမြန်မာဆန်တဲ့ ခန္ဒာကိုယ်အချိူးအစားကြောင့်မြန်မာအဝတ်အစားသာ မက ဘာဝတ်ဝတ်လိုက်နေတဲ့ မြန်မာနိုင်ငံရဲ့ပုရိသထုကြီးရင်ထဲဆွဲမြဲနေတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ရှိပါတယ်။ သူက တော့ အိချောပို ပါ ။ အိချောပိုဆိုတာနဲ့ပဲ သူရဲ့ချစ်စရာအသွင်ပြင် တွေပြေးမြင်မိကြတယ်မဟုတ်လား။ ဒီတစ်ခေါက်ကတော့ သူရဲ့အနုပညာတွေအကြောင်း လှုပ်ရှားမှုတွေအကြောင်းမဟုတ်ဘဲ သူရခဲ့တဲ့လက်ဆောင်တစ်ခုအကြောင်းကိုဖော်ပြပေးသွားမှာ ပြောချင်လွန်းလို့ ပရိသတ်များ သိချင်နေကြပြီ မဟုတ်လား ။
လက်ဆောင် ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုတယ်ဆိုတဲ့သင်္ကေတဖြစ်သလို ချစ်ခင်ရင်းနှီးမှုကိုလည်းပိုတိုးလာစေနိုင်ပါတယ်။ အဲ့ဒီလိုလက်ဆောင်တွေထဲကမှ ကိုယ်ချစ်ရခင်ရတဲ့သူတွေဆီက မထင်မှတ်ထားတဲ့အချိန်မှာရခဲ့တာမျိုးဆိုရင်တော့အတော်ကိုဝမ်းသာစရာဖြစ်မှာပါ။ အဲ့ဒီလိုဝမ်းသာသွားရတဲ့ အိချောပို အတွက်လက်ဆောင်တစ်ခုကတော့ အိချောပိုရဲ့ဓာတ်ပုံပေါင်း ၁၀၀၀ နီးပါးလောက်ကို ပေါင်းစပ်ပြီး အိချေပိုရဲ့လှပပြီးချစ်ရာကောင်းတဲ့မျက်နှာပုံလေးပေါ်လာအောင် လုပ်ထားတဲ့ Photomosic Design တစ်ခုပဲဖြစ်ပါတယ်။
ဒီလက်ဆောင်ရတဲ့အတွက်ဖြစ်ပေါ်လာတဲ့သူရဲ့ခံစားမှုကိုလည်း အိချောပို က သူရဲ့Fb အကောင့်ကနေပြီး ပုံတွေအများကြီးစုပြီးလုပ်ပေးထားတဲ့ မွေးနေ့လက်ဆောင်လေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ဆရာရေအရမ်းလည်းကြိုက်ပါတယ်ရှင့်ဆိုပြီးကျေးဇူးတင်စကားပြောပြီးပြန်လည်မျှဝေထားတာကိုလည်းတွေ့ရပါတယ်။ မြင်ရတဲ့သူတောင်အံ့သြဝမ်းသားဖြစ်သွားစေမယ့်ပုံလေဆိုတာသေချာပါတယ်။ ပြောချင်လွန်းလို့ ပင်တိုင်ပရိသတ်ကြီးရော ဘယ်လိုမြင်လဲဆိုတာပြန်ပြောသွားပါဦးနော်။
Credit: nanmalgyi
အနုပညာ
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Version# ဖြင့်ဖတ်ပါ ။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top