iMyanmarHouse.com - Best Property Website for Myanmar
×

ေအာင္ျမင္ေပ်ာ္ရႊင္ေနတဲ့ အိမ္ေထာင္တစ္ခုကို ပိုင္ဆိုင္ေနတဲ့သူတိုင္း ကံေကာင္းလို႕မဟုတ္က်ဘူးဗ်။အဲ့ဒီလိုျဖစ္လာဖို႕အတြက္ လိုအပ္ခ်က္ေတြကို သူတို႕တတ္နိုင္သမ်ွ သိေအာင္ လုပ္ၾကျပီး ျဖစ္ေအာင္ ၾကိဳးစားၾကလို႕ေပါ့ဗ်ာ။ကဲ ဘာေတြလိုအပ္က်သလဲဆိုတာ နည္းနည္းေျပာၾကည့္ၾကရေအာင္ဗ်ာ။

    ၁။တစ္ေယာက္နဲ႕တစ္ေယာက္ ဂရုတစိုက္ရွိၾကတယ္။

လူတစ္ေယာက္စီတိုင္းမွာ သူ႕လိုအပ္ခ်က္နဲ႕သူ ရွိၾကတယ္ဗ်။သူ႕ျဖစ္ေစခ်င္တဲ့အရာေတြရွိၾကတယ္ဗ်။အဲ့ဒီအခ်က္ေတြကို လ်စ္လ်ဴရွဳတာ အေရးမစိုက္တာ လုပ္သင့္လို႕လားလို႕ ေမးခြန္းထုတ္တာထက္ သိျပီး တေလးတစားလုပ္ေပးသင့္တာေပါ့။ေပ်ာ္ရႊင္စရာေကာင္းတဲ့စံုတြဲတိုင္းက တစ္ေယာက္လိုအပ္ခ်က္တစ္ေယာက္သိျပီး ျဖည့္ဆည္းေပးဖို႕ၾကိဳးစားၾကတယ္ဗ်။

    ၂။သူတို႕ေတြက ညွိႏႈိင္းစရာမလိုပဲ အခ်ိန္ကို အတူတကြကုန္ဆံုးေစတယ္။

ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္တစ္ခုကို ပိုင္ဆိုင္ထားတဲ့သူတိုင္းက သူတို႕အိမ္ေထာင္ေရးအတြက္ တစ္ဦးနဲ႕တစ္ဦးအခ်ိန္ေပးဖို႕ အလုပ္ကိစၥကို ခဏေရႊ႕နိုင္ၾကတယ္ဗ်။သူတို႕အိမ္ေထာင္ေရးကို အေလးထားဖို႔ စဥ္းစားထားက်တဲ့စံုတြဲတိုင္းက ႏွစ္ေယာက္ၾကားက အခက္အခဲေတြကို နားလည္ျပီးေတာ့ သူတို႕ႏွစ္ဦးရဲ႕ ကိုယ္ပိုင္အခ်ိန္ေလးေတြကို ခဏျဖစ္ျဖစ္ဖန္တီးက်တယ္ေလ။အဲ့ဒီလိုစံုတြဲေတြက အတူတူေနရတဲ့အခ်ိန္ေလးေတြက တန္ဖိုးရွိတယ္ဆိုတာကို ပိုနားလည္ၾကျပီးေတာ့ ခဏတာပဲ တူတူရွိရတယ္ဆိုရင္ေတာင္ ေပ်ာ္ရႊင္စြာ ကုန္ဆံုးေစက်တယ္ဗ်။

    ၃။တစ္ေယာက္နဲ႕တစ္ေယာက္ ရိုရိုေသေသနဲ႕ စည္းကမ္းရွိရွိ ဆက္ဆံက်တယ္။

အျပင္ေလာကမွာ အမ်ားသူငါနဲ႕ဆက္ဆံရင္ တရိုတေသနဲ႕ ဆက္ဆံေျပာဆိုသလိုပဲ သူတို႕ရဲ႕ အိမ္တြင္းမွာလည္း တေလးတစားဆက္ဆံေျပာဆိုေလ့ရွိၾကတယ္ဗ်။တစ္ေယာက္နဲ႕နစ္ေယာက္ ခ်ီးက်ဴးစရာရွိရင္လည္း ပြင့္ပြင့္လင္းလင္းခ်ီးက်ဴးေျပာဆိုေလ့ရွိၾကတယ္ေလ။အဲ့ဒီေတာ့ အခ်င္းခ်င္းရဲ႕စိတ္ထဲမွာ ေစတနာကို နားလည္သြားျပီေလဆိုတဲ့ ၾကည္ႏူးဝမ္းသာတာေတြ ျဖစ္ရတာေပါ့ဗ်ာ။

    ၄။ရုပ္ပိုင္းဆိုင္ရာ ထိေတြ႕ေပြ႕ဖက္မႈကို အိပ္ရာထဲမွာပဲ မထားခဲ့က်ဘူး။

ကေလးထိန္းရမယ့္ကိစၥလိုမ်ိဳး အလုပ္လုပ္ေနရတာမ်ိဳး စိတ္ဖိအားေတြမ်ားေနတာမ်ိဳး က်န္းမာေရးမေကာင္းတာမ်ိဳးတို႕လို႕ အေျခအေနေတြ ၾကံဳေနရရင္ေတာင္မွ သူတို႕ေတြက တစ္ေယာက္ကိုေပြ႕ဖက္ၾကတယ္။တစ္ေယာက္ကိုတစ္ေယာက္ အနမ္းေတြေပးက်တယ္။တစ္ေယာက္နဲ႕တစ္ေယာက္ ပူးပူးကပ္ကပ္ထိုင္က်တယ္။တစ္ေယာက္လက္ကိုတစ္ေယာက္က ကိုင္ထားၾကတယ္ဗ်။လိင္ဆက္ဆံမႈရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ အိပ္ရာထဲမွာေရာ အိပ္ရာအျပင္မွာပါ သူတို႕က တစ္ေယာက္နဲ႕တစ္ေယာက္ေထြးေပြ႕ေနက်တတ္တယ္ေလ။

    ၅။သူတို႕ေတြက တစ္ေယာက္နဲ႕တစ္ေယာက္ မွ်မွ်တတေတြးေပးၾကတယ္။

ဘယ္သူက ဘာလုပ္တယ္ ဘယ္သူက ဘာမလုပ္ဘူးဆိုတာကို ျငင္းခံုအျပစ္တင္ေျပာဆိုေနက်မယ့္အစား သူတို႕ေတြက တစ္ေယာက္နဲ႕တစ္ေယာက္ တာဝန္သိစိတ္နဲ႕ မွ်မွ်တတလုပ္ေပးၾကတယ္ေလ။

    ၆။သူတို႕က တစ္ေယာက္ရဲ႕စိတ္သေဘာထားကို အတြင္းက်က်သိက်တယ္။

နားလည္မႈရွိတဲ့စံုတြဲေတြက အမွတ္တမဲ့လြဲသြားတဲ့ အလြဲေတြအေပၚမွာေတာင္ ေစတနာပ်က္သြားျပီထင္တယ္ဆိုတဲ့ အေတြးမ်ိဳးကို ေတြးေလ့မရွိၾကတဲ့သူေတြေလဗ်ာ။သူတို႕အတြက္ တစ္ေယာက္နဲ႕တစ္ေယာက္ အေကာင္းေတြကိုပဲ လုပ္ေပးခ်င္စိတ္ရွိတယ္ဆိုတာသိၾကျပီးသားပဲ။စိတ္ထဲမွာ နည္းနည္းေလး ခံစားရရင္ေတာင္မွ ဒါမ်ိဳးကိစၥေလးေတြက သူတို႕အတြက္ ျပသာနာအၾကီးၾကီးမဟုတ္ဘူးဗ်။

    ၇။သူတို႕ေတြက ေပ်ာ္ရႊင္တဲ့ဘဝတစ္ခုရဖို႕ ၾကိဳးစားရမယ္ဆိုတာကိုသိက်ျပီး ၾကိဳးစားက်တဲ့သူေတြျဖစ္ပါတယ္။

သူတို႕ေတြက သူတို႕အေပ်ာ္ကို တစ္ေယာက္နဲ႕တစ္ေယာက္ေဝမ်ွေနက်တဲ့သူေတြေလဗ်ာ။ခင္ဗ်ားသိတဲ့အတိုင္းပဲ ေပ်ာ္ရႊင္စရာဆိုတာက ကိုယ္ကေရြးခ်ယ္ရတာေလ။သူတို႕စံုတြဲေတြက ေပ်ာ္ရႊင္စရာေကာင္းတဲ့ကိစၥေတြ ျဖစ္လာေအာင္ အတူတူေရြးခ်ယ္ၾကျပီး အတူတူအေကာင္အထည္ေဖာ္က်တာကိုးဗ်။

ကဲ စံုတြဲတိုင္း အဆင္ေျပပါေစဗ်ာ။

Credit: mmgentleman
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အောင်မြင်ပျော်ရွှင်နေတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နေတဲ့သူတိုင်း ကံကောင်းလို့မဟုတ်ကျဘူးဗျ။အဲ့ဒီလိုဖြစ်လာဖို့အတွက် လိုအပ်ချက်တွေကို သူတို့တတ်နိုင်သမျှ သိအောင် လုပ်ကြပြီး ဖြစ်အောင် ကြိုးစားကြလို့ပေါ့ဗျာ။ကဲ ဘာတွေလိုအပ်ကျသလဲဆိုတာ နည်းနည်းပြောကြည့်ကြရအောင်ဗျာ။

    ၁။တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်ရှိကြတယ်။

လူတစ်ယောက်စီတိုင်းမှာ သူ့လိုအပ်ချက်နဲ့သူ ရှိကြတယ်ဗျ။သူ့ဖြစ်စေချင်တဲ့အရာတွေရှိကြတယ်ဗျ။အဲ့ဒီအချက်တွေကို လျစ်လျူရှုတာ အရေးမစိုက်တာ လုပ်သင့်လို့လားလို့ မေးခွန်းထုတ်တာထက် သိပြီး တလေးတစားလုပ်ပေးသင့်တာပေါ့။ပျော်ရွှင်စရာကောင်းတဲ့စုံတွဲတိုင်းက တစ်ယောက်လိုအပ်ချက်တစ်ယောက်သိပြီး ဖြည့်ဆည်းပေးဖို့ကြိုးစားကြတယ်ဗျ။

    ၂။သူတို့တွေက ညှိနှိုင်းစရာမလိုပဲ အချိန်ကို အတူတကွကုန်ဆုံးစေတယ်။

ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားတဲ့သူတိုင်းက သူတို့အိမ်ထောင်ရေးအတွက် တစ်ဦးနဲ့တစ်ဦးအချိန်ပေးဖို့ အလုပ်ကိစ္စကို ခဏရွှေ့နိုင်ကြတယ်ဗျ။သူတို့အိမ်ထောင်ရေးကို အလေးထားဖို့ စဉ်းစားထားကျတဲ့စုံတွဲတိုင်းက နှစ်ယောက်ကြားက အခက်အခဲတွေကို နားလည်ပြီးတော့ သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင်အချိန်လေးတွေကို ခဏဖြစ်ဖြစ်ဖန်တီးကျတယ်လေ။အဲ့ဒီလိုစုံတွဲတွေက အတူတူနေရတဲ့အချိန်လေးတွေက တန်ဖိုးရှိတယ်ဆိုတာကို ပိုနားလည်ကြပြီးတော့ ခဏတာပဲ တူတူရှိရတယ်ဆိုရင်တောင် ပျော်ရွှင်စွာ ကုန်ဆုံးစေကျတယ်ဗျ။

    ၃။တစ်ယောက်နဲ့တစ်ယောက် ရိုရိုသေသေနဲ့ စည်းကမ်းရှိရှိ ဆက်ဆံကျတယ်။

အပြင်လောကမှာ အများသူငါနဲ့ဆက်ဆံရင် တရိုတသေနဲ့ ဆက်ဆံပြောဆိုသလိုပဲ သူတို့ရဲ့ အိမ်တွင်းမှာလည်း တလေးတစားဆက်ဆံပြောဆိုလေ့ရှိကြတယ်ဗျ။တစ်ယောက်နဲ့နစ်ယောက် ချီးကျူးစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းချီးကျူးပြောဆိုလေ့ရှိကြတယ်လေ။အဲ့ဒီတော့ အချင်းချင်းရဲ့စိတ်ထဲမှာ စေတနာကို နားလည်သွားပြီလေဆိုတဲ့ ကြည်နူးဝမ်းသာတာတွေ ဖြစ်ရတာပေါ့ဗျာ။

    ၄။ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ပွေ့ဖက်မှုကို အိပ်ရာထဲမှာပဲ မထားခဲ့ကျဘူး။

ကလေးထိန်းရမယ့်ကိစ္စလိုမျိုး အလုပ်လုပ်နေရတာမျိုး စိတ်ဖိအားတွေများနေတာမျိုး ကျန်းမာရေးမကောင်းတာမျိုးတို့လို့ အခြေအနေတွေ ကြုံနေရရင်တောင်မှ သူတို့တွေက တစ်ယောက်ကိုပွေ့ဖက်ကြတယ်။တစ်ယောက်ကိုတစ်ယောက် အနမ်းတွေပေးကျတယ်။တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်ထိုင်ကျတယ်။တစ်ယောက်လက်ကိုတစ်ယောက်က ကိုင်ထားကြတယ်ဗျ။လိင်ဆက်ဆံမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အိပ်ရာထဲမှာရော အိပ်ရာအပြင်မှာပါ သူတို့က တစ်ယောက်နဲ့တစ်ယောက်ထွေးပွေ့နေကျတတ်တယ်လေ။

    ၅။သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် မျှမျှတတတွေးပေးကြတယ်။

ဘယ်သူက ဘာလုပ်တယ် ဘယ်သူက ဘာမလုပ်ဘူးဆိုတာကို ငြင်းခုံအပြစ်တင်ပြောဆိုနေကျမယ့်အစား သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် တာဝန်သိစိတ်နဲ့ မျှမျှတတလုပ်ပေးကြတယ်လေ။

    ၆။သူတို့က တစ်ယောက်ရဲ့စိတ်သဘောထားကို အတွင်းကျကျသိကျတယ်။

နားလည်မှုရှိတဲ့စုံတွဲတွေက အမှတ်တမဲ့လွဲသွားတဲ့ အလွဲတွေအပေါ်မှာတောင် စေတနာပျက်သွားပြီထင်တယ်ဆိုတဲ့ အတွေးမျိုးကို တွေးလေ့မရှိကြတဲ့သူတွေလေဗျာ။သူတို့အတွက် တစ်ယောက်နဲ့တစ်ယောက် အကောင်းတွေကိုပဲ လုပ်ပေးချင်စိတ်ရှိတယ်ဆိုတာသိကြပြီးသားပဲ။စိတ်ထဲမှာ နည်းနည်းလေး ခံစားရရင်တောင်မှ ဒါမျိုးကိစ္စလေးတွေက သူတို့အတွက် ပြသာနာအကြီးကြီးမဟုတ်ဘူးဗျ။

    ၇။သူတို့တွေက ပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့ ကြိုးစားရမယ်ဆိုတာကိုသိကျပြီး ကြိုးစားကျတဲ့သူတွေဖြစ်ပါတယ်။

သူတို့တွေက သူတို့အပျော်ကို တစ်ယောက်နဲ့တစ်ယောက်ဝေမျှနေကျတဲ့သူတွေလေဗျာ။ခင်ဗျားသိတဲ့အတိုင်းပဲ ပျော်ရွှင်စရာဆိုတာက ကိုယ်ကရွေးချယ်ရတာလေ။သူတို့စုံတွဲတွေက ပျော်ရွှင်စရာကောင်းတဲ့ကိစ္စတွေ ဖြစ်လာအောင် အတူတူရွေးချယ်ကြပြီး အတူတူအကောင်အထည်ဖော်ကျတာကိုးဗျ။

ကဲ စုံတွဲတိုင်း အဆင်ပြေပါစေဗျာ။

Credit: mmgentleman
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top