iMyanmarHouse.com - Best Property Website for Myanmar
×




ကျွန်မ ဝနေလား




ဝင်ငွေဘယ်လောက်ရှိလဲ





ချစ်ရေးချစ်ရာ


#Unicode Version# ဖြင့်ဖတ်ပါ ။

ချိန်းတွေ့တဲ့အခါမျိုးမှာ ကျွန်ုပ်တို့အားလုံးက အခြားသူတစ်ယောက်ကို ပိုပြီးနားလည်ဖို့အတွက် စူးစမ်းမိကြပါတယ်။ သူတို့ရဲ့အတိတ်အကြောင်း၊ ကျွန်ုပ်တို့ကို သူတို့ဘယ်လိုထင်လဲအစရှိတာတွေကို သိချင်တာ မမှားပါဘူး။ ဒါပေမဲ့ တစ်ခါတရံ ချိန်းတွေ့တာခဏလေးနဲ့ မေးခွန်းအများကြီးကို မမေးသင့်တာကို နားမလည်ကြပါဘူး။ ချိန်းတွေ့တဲ့အခါ ယောကျာ်းလေးတွေ မကြိုက်တဲ့မေးခွန်းတွေရှိပါတယ်။ ထိုမေးခွန်းတွေကို ရှောင့်သင့်ပါတယ်။ ဘယ်လိုမေးခွန်းတွေလဲဆိုတာ အောက်မှာ ဖတ်ရှုလိုက်ကြပါအုန်းနော်။

မင်္ဂလာဆောင်နဲ့ပတ်သတ်ပြီး ဘယ်လိုစဉ်းစားထားလဲ

သူနဲ့တွေ့တာ မကြာသေးဘဲနဲ့ လက်ထပ်တဲ့အကြောင်းအရာကို မယူလာသင့်ပါဘူး။ ချိန်းတွေ့တယ်ဆိုတာ သူကို ပိုနားလည်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး ဖြည်းဖြည်းချင်းသွားတာကောင်းပါလိမ့်မယ်။

ကျွန်မ ဝနေလား

ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတဲ့၊ ကိုယ်ကိုယ့်ကို အရှိကိုအရှိတိုင်းလက်ခံတဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက ကြိုက်ကြပါတယ်။ ခန္ဓာကိုယ်၊ ပုံပန်းအသွင်အပြင်၊ ဝတ်စုံနဲ့ပတ်သတ်ပြီး သက်တောင့်သက်တာမရှိတာတွေကြောင့်မပျော်ရွှင်ဖြစ်နေရင်အခြားတစ်ယောက်ရဲ့နှစ်သိမ့်မှုလိုအပ်တယ်ဆိုတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

ဘယ်သူဆီ စာရိုက်နေတာလဲ

ချိန်းတွေနေစဉ်အတွင်းမှာ ဖုန်းပဲကိုင်နေတာကတော့ မကောင်းပေမဲ့ မေးခွန်းတွေအများကြီး စတင်မေးရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ချစ်သူကောင်လေး ဖုန်းကိုင်နေတဲ့အခိုက်အတန့်လေးမှာ ဘယ်သူဆီ စာရိုက်နေတာလဲဆိုတဲ့ မေးခွန်းကို ရှောင်သင့်ပါတယ်။ ဒါက သင်က သံသယများတဲ့၊ အနှောက်အယှက်ပေးတဲ့သူအဖြစ် ထင်မြင်သွားစေပါတယ်။

ဝင်ငွေဘယ်လောက်ရှိလဲ

သူရဲ့နှစ်စဉ်ဝင်ငွေကို မေးခြင်းက အခြားသူအတွက် ကသိကအောက်ဖြစ်စေပါတယ်။ ဒီမေးခွန်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကို မေးခွန်းထုတ်နိုင်ပြီး သူကို စိတ်ဝင်စားတာလား(သို့) သူရဲ့ပိုက်ဆံကို စိတ်ဝင်စားတာလားဆိုပြီး စူးစမ်းမိနိုင်ပါတယ်။

အရင်က relationshipအကြောင်း ပြောပြပါလား

ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူဖွင့်ပြောချင်တဲ့အခါမှသာ ပြောခွင့်ပေးလိုက်ပါ။ ဘယ်သူနဲ့တွဲခဲ့တာ၊ ဘယ်လောက်ကြာကြာဒိတ်ခဲ့တာ၊ ဘာကြောင့်ပျက်သွားတာတွေနဲ့ပတ်သတ်ပြီး သူ့ကို စစ်မေးဖို့မလိုအပ်ပါဘူး။ အခုမှ စဒိတ်တဲ့အတွက် သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောပြချင်မှာမဟုတ်တဲ့အတွက် ဒီလိုမေးခွန်းမျိုးကို ရှောင့်သင့်ပါတယ်။


Credit:Mingalarbarmorning
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top