iMyanmarHouse.com - Best Property Website for Myanmar
×
၁- အမ်ဘာရီချီဒ်
၂- ခရစ်စတီနာဖိလစ်
၃- မာလာ
မလီဆာဒီမော်ရစ်စ်
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
“My 600-bl-life” ဆိုတဲ့ တီဗီရိူးတစ်ခုဟာ အဝလွန်နေသူများကို မမှတ်မိနိုင်တော့လောက်ပြောင်းလဲပေးတဲ့နေရာတစ်ခုလို့ နာမည်ကြီးပါတယ်။ အကြောင်းကတော့ ဒီရိူးမှာပါဝင်ကြသူတွေဟာ သူတို့ရဲ့များပြားလွန်းတဲ့အလေးချိန်တွေကို ကြည့်ရူ့သူတွေအံ့အားသင့်သွားအောင် ချပြနိုင်လို့ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ပေါင် ၆၀၀ ကျော်ကနေ နတ်ရေကန်ထဲခုန်ချလိုက်သလို လှပသွားတဲ့ လူဝကြီးများရဲ့ဝိတ်ချနည်းလမ်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁- အမ်ဘာရီချီဒ်
အမ်ဘာဟာ အရမ်းဝလွန်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမ အသက် ၂၄ နှစ်အရွယ်မှာ ပေါင်ချိန် ၆၆၀ ရှိနေပါပြီ။ သူမဟာ ကိုယ်တိုင်ဂရုမစိုက်နိုင်တော့လို့မိဘတွေဆီ ပြန်နေရတဲ့အထိ အဝလွန်ခဲ့သူပါ။ နေ့စဉ်အမ်ဘာ စားတဲ့အစားအသောက်တွေဟာ ကြီးမားများပြားတဲ့ လေးနပ်စာ စားဖွယ်ရာနဲ့ မုန့်ပဲသရေစာအနေနဲ့အချိုတွေ၊ သကြားလုံးတွေကိုစားသုံးပါတယ်။ အဲ့ဒီတီဗီရိူးမှာ ပါဝင်လိုက်ချိန်မှာတော့ အမ်ဘာဟာ ဝိတ်ချဖို့အသည်းသန်ကြိုးစားခဲ့ပါတယ်။ ကုထုံးဆရာဝန်နဲ့တိုင်ပင်ပြီး ပထမဦးစွာ gym ဆော့ပါတယ်။ အဲ့ဒီနောက် ဆာဂျရီတစ်ခုလုပ်ခဲ့ပြီး ခြောက်လကြာချိန်မှာတော့ ၈၈ ပေါင်လျော့ကျသွားခဲ့ပါတယ်။ တစ်နှစ်ကြာပြီးတဲ့နောက် ၅၅ ပေါင်ထပ်ကျသွားခဲ့ပြီး လက်တွဲဖော်အသစ်ရှာတွေ့သွားခဲ့ပါတယ်။
၂- ခရစ်စတီနာဖိလစ်
ခရစ်စတီးနား အသက် ၁၂ နှစ်အရွယ်မှာ ၂၈၆ ပေါင် ရှိနေပြီ အသက်၂၅ မှာတော့ ပေါင် ၆၆၀ ရှိနေပါပြီ။ ဒါပေမယ့် သူမဟာနှစ်နှစ် အတွင်းမှာ ၅၂၂ ပေါင်ကျအောင် ဆာဂျရီလုပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဆရာဝန်တွေက သူမရဲ့ကျန်းမာရေးအခြေနေကိုစိုးရိမ်လျှက်ရှိတယ်လို့သတင်းမီဒီယာတွေမှာဖော်ပြထားကြပါတယ်။
၃- မာလာ
မာလာ ဟာ ရီးစားဟောင်းရဲ့ပြန်ပေးဆွဲခံရပြီးနောက် စိတ်ဖိစီးမှုတွေ များစွာခံစားခဲ့ရပြီး အစားအသောက်ကစဉ့်ကလျားစားသုံးခြင်းတွေ ဖြစ်လာခဲ့ပါတယ်။ သူမအသက် ၄၃ နှစ်အရွယ်မှာတော့အစားအသောက်ကို စွဲလမ်းနေခဲ့ပြီဖြစ်ပြီး အိပ်ရာထဲကမထနိုင်တော့ပါဘူး။ ပေါင်ချိန်ကတော့ ၇၉၃ ပေါင်ရှိနေခဲ့ပါပြီ။ ဒါပေမယ့် မာလာဟာ ပေါင် ၃၀၀ ထိ ဝိတ်ချပြနိုင်သူဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာဖော်ပြခြင်းခံခဲ့ရပါတယ်။
မလီဆာဒီမော်ရစ်စ်
မလီဆာကတော့ “My 600-lb-life” အစီစဉ်မှာပထမဦးဆုံးပြိုင်ပွဲဝင်လာသူဖြစ်ပါတယ်။ သူမရဲ့အိပ်မက်က ကလေးလိုချင်ခဲ့တာဖြစ်ပြီး ဝိတ်များနေလို့ကလေးမရနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်က မလီဆာ မှာ ၆၅၂ ပေါင်ရှိနေခဲ့ပါတယ်။ သူမဝိတ်ကျအောင်ကြိုးစားခဲ့တာတွေကတော့ ဆာဂျရီ၊ diet နဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ သူမဝိတ်ချလိုက်တဲ့အချိန် ပေါင်ချိန် ၁၇၆ ပေါင်ဖြစ်လာခဲ့ပြီး ကိုယ်ဝန်ဆောင်ဖို့လဲ အဆင်ပြေခဲ့တယ်ဆိုပါတယ်။ မလီဆာကတော့ လူမှုကွန်ယက် ပေါ်မှာလဲ အရမ်းတက်ကြွသူဖြစ်ပြီး တခြားသူတွေကို motivate ဖြစ်စေတဲ့ ဘဝနေထိုင်မှုပုံစံတွေကိုမျှဝေတတ်သူဖြစ်ပါတယ်။
Credit:Mingalarbarmorning
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top