iMyanmarHouse.com - Best Property Website for Myanmar
×


ဆားဝက္ၿခံေတြဟာ အျဖစ္မ်ားၾကပါတယ္။ အသက္အ႐ြယ္မခြဲျခားဘဲ လူတိုင္း ဒီျပႆနာကို ရင္ဆိုင္ရႏိုင္ပါတယ္။ ဒီဝက္ၿခံျပႆနာဟာ နာက်င္မႈေတြ၊ နီရဲမႈေတြ၊ ေရာင္ရမ္းမႈေတြ ဒါမွမဟုတ္ အျခားေသာျပင္းထန္တဲ့ လကၡဏာရပ္ေတြကို မခံစားရေစႏိုင္ေသာ္ျငား သင့္ရဲ႕ မ်က္ႏွာအလွအပအတြက္ေတာ့ ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစႏိုင္ၿပီး သင့္ကို စိတ္ဆင္းရဲေစပါတယ္။တကယ္လို႔မ်ား သင္က ဒါေတြကို ကုသေပ်ာက္ကင္းခ်င္တယ္ဆိုရင္ေတာ့ ဒီေဆာင္းပါးက သင့္အတြက္ တကယ္အသုံးဝင္တာကို ေတြ႕ရမွာပါ။

ဆားဝက္ၿခံေတြအတြက္ ကုသနည္းမ်ား

ဆားဝက္ၿခံေတြဟာ အေရျပားအလွအပကို ထိခိုက္ေစတာေၾကာင့္ သူတို႔ကို ကုသဖို႔က အေရးႀကီးလွပါတယ္။ ဒီမွာေတာ့ သင့္အတြက္ အသုံးဝင္ႏိုင္မယ့္ အရာေလးေတြကို အႀကံျပဳထားပါတယ္။

ကပ္ခြာ

ကပ္ခြာကို ဆားဝက္ၿခံေတြရွိေနတဲ့ေနရာမွာ ကပ္လိုက္ၿပီး ၁၅မိနစ္မွ မိနစ္ ၂၀ထိေစာင့္ပါ။ ၿပီးရင္ေတာ့ ခြာထုတ္လိုက္ပါ။ ကပ္ခြာကို ခြာလလိုက္တဲ့အခ်ိန္မွာ ဆားဝက္ၿခံေတြကိုပါ တစ္ခါတည္း ခြာၿပီးသားျဖစ္သြားပါလိမ့္မယ္။ ၿပီးရင္ေတာ့ ေခြၽးေပါက္ေတြျပန္က်ဥ္းသြားေစဖို႔ တိုနာကို အသုံးျပဳဖို႔ လိုပ္ပါလိမ့္မယ္။

ဒီကပ္ခြာကို တစ္ပတ္တစ္ႀကိမ္ေလာက္အသုံးျပဳၿပီး အသားအေရထိန္းသိမ္းမႈကို ေကာင္းေကာင္းလုပ္ေပးပါ။ သတိျပဳရမွာက ဒီကပ္ခြာဟာ သင့္အေရျပားေပၚမွာ ဆားဝက္ၿခံေတြ ေပၚေနမွသာ ဖယ္ရွားပစ္ႏိုင္တာပါ။ ဆားဝက္ၿခံေတြ မျဖစ္ေအာင္ ကာကြယ္ဖို႔ေတာ့ မတတ္ႏိုင္ပါဘူး။

Salicylic acid သို႔မဟုတ္ glycolic acid ပါဝင္တဲ့ မ်က္ႏွာသစ္ေဆး

သင့္အေရျပားကို သန႔္ရွင္းေနေစဖို႔က အၿမဲတမ္းအေရးႀကီးပါတယ္။ salicylic acid သို႔မဟုတ္ glycolic acid ဟာ ဆဲလ္ေသေတြကို အေရျပားအေပၚယံလႊာကေန ဖယ္ရွားေပးႏိုင္ၿပီး နီရဲ ေရာင္ရမ္းျခင္းေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

ဒီမ်က္ႏွာသစ္ေဆးေတြကိုေတာ့ တစ္ပတ္မွာ တစ္ေခါက္ သို႔မဟုတ္ ႏွစ္ေခါက္အသုံးျပဳႏိုင္ပါတယ္။ တံဆိပ္မွာပါဝင္တဲ့ အၫႊန္းအတိုင္း အၿမဲတမ္းလိုက္နာပါ။ တကယ္လို႔မ်ား ဘယ္လိုသုံးရမယ္ဆိုတာကို မွန္မွန္ကန္ကန္ မသိဘူးဆိုရင္ ဆရာဝန္သို႔မဟုတ္ အေရျပားဆရာဝန္ကိုေမးပါ။

မ်က္ႏွာေပၚမွာမသုံးခင္ ဓာတ္မတည့္မႈေတြ ရွိမရွိအရင္စမ္းသပ္သင့္ပါတယ္။ ဒီမ်က္ႏွာသစ္ေဆးကို မ်က္လုံး၊ ပါးစပ္၊ ႏွာေခါင္းသို႔မဟုတ္ အနာရွိတဲ့ေနရာေတြမွာမသုံးပါနဲ႔။ ထိခိုက္ဒဏ္ရာရေစႏိုင္လို႔ပါ။ ဒီမ်က္ႏွာသစ္ေဆးကို စိုစြတ္ေနတဲ့ အသားေပၚမွာလိမ္းေပးၿပီး ညင္သာစြာ ႏွိပ္နယ္ေပးပါ။ အေရျပားကို ေခ်းမခြၽတ္ပါနဲ႔။

႐ႊံ႕ေစး၊ သေဘၤာသီး သို႔မဟုတ္ ေက်ာက္မီးေသြးပါဝင္တဲ့ မ်က္ႏွာဖုံး (mask)

အခ်ိဳ႕ေသာ မ်က္ႏွာဖုံး(mask)ေတြမွာ ႐ႊံ႕ေစး၊ သေဘာၤာသီးနဲ႔ ေက်ာက္မီးေသြးေတြပါတတ္ၿပီး ဒါေတြက ဆားဝက္ၿခံေတြကို ဖယ္ရွားတဲ့ေနရာမွာ ကူညီေပးႏိုင္ပါတယ္။ ဒီမ်က္ႏွာဖုံးေတြဟာ ခႏၶာကိုယ္ထဲက ေသြးလည္ပတ္မႈေတြကိုပါ ေကာင္းမြန္ေစၿပီး အလုံးစုံေသာ က်န္းမာေရးအေျခအေနေတြကိုပါ တိုးတက္ေကာင္းမြန္ေစပါတယ္။

ဒီမ်က္ႏွာဖုံးေတြကိုေတာ့ တစ္ပတ္မွာ တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ အသုံးျပဳႏိုင္ပါတယ္။

မ်က္ႏွာသစ္စက္ (mechanical skin brush)

အခ်ိဳ႕ေသာသူေတြဟာ မ်က္ႏွာသစ္စက္က သူတို႔အေျခအေနေတြကို ပိုၿပီးေကာင္းမြန္ေစတယ္ဆိုတာ ရွာေတြ႕ခဲ့ပါတယ္။ ဒါဟာ ဆားဝက္ၿခံေတြကို ဖယ္ရွားေပးႏိုင္႐ုံမကပါဘူး။ မ်က္ႏွာရဲ႕ အျခားေသာအစိတ္အပိုင္းေတြကိုပါ သန႔္စင္ေစႏိုင္ပါတယ္။ ဒါကိုအသုံးျပဳၿပီးရင္ သင့္ရဲ႕မ်က္ႏွာဟာ အႏွိပ္ခံလိုက္ရသလို ခံစားရႏိုင္ပါေသးတယ္။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဆားဝက်ခြံတွေဟာ အဖြစ်များကြပါတယ်။ အသက်အရွယ်မခွဲခြားဘဲ လူတိုင်း ဒီပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီဝက်ခြံပြဿနာဟာ နာကျင်မှုတွေ၊ နီရဲမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် အခြားသောပြင်းထန်တဲ့ လက္ခဏာရပ်တွေကို မခံစားရစေနိုင်သော်ငြား သင့်ရဲ့ မျက်နှာအလှအပအတွက်တော့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး သင့်ကို စိတ်ဆင်းရဲစေပါတယ်။တကယ်လို့များ သင်က ဒါတွေကို ကုသပျောက်ကင်းချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် တကယ်အသုံးဝင်တာကို တွေ့ရမှာပါ။

ဆားဝက်ခြံတွေအတွက် ကုသနည်းများ

ဆားဝက်ခြံတွေဟာ အရေပြားအလှအပကို ထိခိုက်စေတာကြောင့် သူတို့ကို ကုသဖို့က အရေးကြီးလှပါတယ်။ ဒီမှာတော့ သင့်အတွက် အသုံးဝင်နိုင်မယ့် အရာလေးတွေကို အကြံပြုထားပါတယ်။

ကပ်ခွာ

ကပ်ခွာကို ဆားဝက်ခြံတွေရှိနေတဲ့နေရာမှာ ကပ်လိုက်ပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိစောင့်ပါ။ ပြီးရင်တော့ ခွာထုတ်လိုက်ပါ။ ကပ်ခွာကို ခွာလလိုက်တဲ့အချိန်မှာ ဆားဝက်ခြံတွေကိုပါ တစ်ခါတည်း ခွာပြီးသားဖြစ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ချွေးပေါက်တွေပြန်ကျဉ်းသွားစေဖို့ တိုနာကို အသုံးပြုဖို့ လိုပ်ပါလိမ့်မယ်။

ဒီကပ်ခွာကို တစ်ပတ်တစ်ကြိမ်လောက်အသုံးပြုပြီး အသားအရေထိန်းသိမ်းမှုကို ကောင်းကောင်းလုပ်ပေးပါ။ သတိပြုရမှာက ဒီကပ်ခွာဟာ သင့်အရေပြားပေါ်မှာ ဆားဝက်ခြံတွေ ပေါ်နေမှသာ ဖယ်ရှားပစ်နိုင်တာပါ။ ဆားဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ဖို့တော့ မတတ်နိုင်ပါဘူး။

Salicylic acid သို့မဟုတ် glycolic acid ပါဝင်တဲ့ မျက်နှာသစ်ဆေး

သင့်အရေပြားကို သန့်ရှင်းနေစေဖို့က အမြဲတမ်းအရေးကြီးပါတယ်။ salicylic acid သို့မဟုတ် glycolic acid ဟာ ဆဲလ်သေတွေကို အရေပြားအပေါ်ယံလွှာကနေ ဖယ်ရှားပေးနိုင်ပြီး နီရဲ ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဒီမျက်နှာသစ်ဆေးတွေကိုတော့ တစ်ပတ်မှာ တစ်ခေါက် သို့မဟုတ် နှစ်ခေါက်အသုံးပြုနိုင်ပါတယ်။ တံဆိပ်မှာပါဝင်တဲ့ အညွှန်းအတိုင်း အမြဲတမ်းလိုက်နာပါ။ တကယ်လို့များ ဘယ်လိုသုံးရမယ်ဆိုတာကို မှန်မှန်ကန်ကန် မသိဘူးဆိုရင် ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်ကိုမေးပါ။

မျက်နှာပေါ်မှာမသုံးခင် ဓာတ်မတည့်မှုတွေ ရှိမရှိအရင်စမ်းသပ်သင့်ပါတယ်။ ဒီမျက်နှာသစ်ဆေးကို မျက်လုံး၊ ပါးစပ်၊ နှာခေါင်းသို့မဟုတ် အနာရှိတဲ့နေရာတွေမှာမသုံးပါနဲ့။ ထိခိုက်ဒဏ်ရာရစေနိုင်လို့ပါ။ ဒီမျက်နှာသစ်ဆေးကို စိုစွတ်နေတဲ့ အသားပေါ်မှာလိမ်းပေးပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ အရေပြားကို ချေးမချွတ်ပါနဲ့။

ရွှံ့စေး၊ သင်္ဘောသီး သို့မဟုတ် ကျောက်မီးသွေးပါဝင်တဲ့ မျက်နှာဖုံး (mask)

အချို့သော မျက်နှာဖုံး(mask)တွေမှာ ရွှံ့စေး၊ သဘောၤာသီးနဲ့ ကျောက်မီးသွေးတွေပါတတ်ပြီး ဒါတွေက ဆားဝက်ခြံတွေကို ဖယ်ရှားတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီမျက်နှာဖုံးတွေဟာ ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှုတွေကိုပါ ကောင်းမွန်စေပြီး အလုံးစုံသော ကျန်းမာရေးအခြေအနေတွေကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။

ဒီမျက်နှာဖုံးတွေကိုတော့ တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

မျက်နှာသစ်စက် (mechanical skin brush)

အချို့သောသူတွေဟာ မျက်နှာသစ်စက်က သူတို့အခြေအနေတွေကို ပိုပြီးကောင်းမွန်စေတယ်ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ရုံမကပါဘူး။ မျက်နှာရဲ့ အခြားသောအစိတ်အပိုင်းတွေကိုပါ သန့်စင်စေနိုင်ပါတယ်။ ဒါကိုအသုံးပြုပြီးရင် သင့်ရဲ့မျက်နှာဟာ အနှိပ်ခံလိုက်ရသလို ခံစားရနိုင်ပါသေးတယ်။


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top