iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Burmese.asia

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

# Unicode Version ဖြင့် ဖတ်ပါ #


နာမည်ကြီး အနုပညာရှင်စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ဟာ ပရိသတ်တွေချစ်တဲ့အနုပညာရှင်နှစ်ဦးပါပဲ။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ဟာ အနုပညာနယ်ပယ်မှာ အသီးသီးအောင်မြင်သူတွေဖြစ်ပြီး အကယ်ဒမီဆုများရှင်တွေလဲဖြစ်ပါတယ်။ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ဟာ အခုဆိုရင် ပြေသုဒြာနဲ့ ပြေဓီရ ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သားလေးတစ်ဦးကို မွေးဖွားထားပါတယ်။

 ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ဦးစလုံးက အနုပညာရှင်တွေမို့ မအားလပ်ကြပေမယ့် မိသားစုအတွက် အချိန်ပေးတတ်တဲ့ ဖခင်ကောင်း မိခင်ကောင်းတွေလဲဖြစ်ပါတယ်။ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူငယ်ချင်းမွေးနေ့ပွဲသွားမယ့် သားလူပျို ပြေဓီရအတွက် ပြင်ဆင်ပေးရင်း ချစ်စရာကောင်းတဲ့ သားလေး ဖိုးဓီကိုကြည့်ရင်း ကျေနပ်နေပုံပါပဲ။


သားသားဖိုးဓီကတော့ ဖေဖေ မေမေနဲ့တူလို့ တကယ်ကို အချောလေးပဲနော်။ အဲ့ဒါကြောင့်လဲ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်နေရတာ ဖြစ်မယ်။ ပရိသတ်တွေလဲ ချစ်စရာကောင်းတဲ့ ဖိုးဓီလေးရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ရှိပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top