iMyanmarHouse.com - Best Property Website for Myanmar
×


လူတစ္ေယာက္ အရမ္းပိန္ေနတယ္ဆိုရင္ ငွက္ေပ်ာသီးနဲ႔ ႏြားႏို႔ ကို မ်ားမ်ားစားေပးဖို႔ ဆရာဝန္ေတြ၊ လူႀကီးေတြက တိုက္တြန္းၾကတာကို ၾကားဖူးၾကပါလိမ့္မယ္။လူတစ္ေယာက္ အရမ္းပိန္ေနတယ္ဆိုရင္ ငွက္ေပ်ာသီးနဲ႔ ႏြားႏို႔ကို မ်ားမ်ားစားေပးဖို႔ ဆရာဝန္ေတြ၊ လူႀကီးေတြက တိုက္တြန္းၾကတာကို ၾကားဖူးၾကပါလိမ့္မယ္။ အျခားတစ္ဖက္မွာေတာ့ မိမိက ဝိတ္ခ်ေနၿပီး gym trainer က တစ္ေန႔ကိုအနည္းဆံုး ငွက္ေပ်ာသီးတစ္လံုးစားဖို႔ တိုက္တြန္းတာကိုလည္း ၾကံဳဖူးၾကပါလိမ့္မယ္။ အဲဒီမွာ ေမးစရာတစ္ခုရွိလာတာက ငွက္ေပ်ာသီးက ဝိတ္တက္ေစတာလား။ ဝိတ္က်ေစတာလား။

တကယ္တမ္းက်ေတာ့ ဝိတ္တက္ျခင္း၊ ဝိတ္က်ျခင္းဆိုတာ မိမိစားတဲ့ ငွက္ေပ်ာသီး အလံုးေရအေပၚ မူတည္ေနတာပါ။ တျခားဘာမွ မစားဘဲ ငွက္ေပ်ာသီးခ်ည္းပဲစားၿပီး အာဟာရျဖည့္မယ္ဆိုရင္ ေသခ်ာေပါက္ဝိတ္က်လာမွာျဖစ္ၿပီး အျခားအစားအေသာက္ေတြလည္း စားတယ္။ ငွက္ေပ်ာသီးကိုလည္း အနည္းဆံုး တစ္ေန႔ကို ငါးလံုးနဲ႔ ေျခာက္လံုးၾကားမွာ စားေပးမယ္ဆိုရင္ေတာ့ ဝိတ္က္လာမွာပါ။ ဘာပဲျဖစ္ျဖစ္ ငွက္ေပ်ာသီးစားျခင္းဟာ က်န္းမာေရးအတြက္ အက်ိဳးရွိေစႏိုင္ပါတယ္။

အေနာက္တိုင္းစကားပံုတစ္ခု ရွိပါတယ္။ “တစ္ေန႔ကို ပန္းသီးတစ္လံုးစားေပးျခင္းက ဆရာဝန္ေတြကို အိမ္နားမကပ္ႏိုင္ေအာင္ တားဆီးေပးႏိုင္ပါတယ္တဲ့”။ အေရွ႕တိုင္းကေတာ့ တစ္ေန႔ကို ငွက္ေပ်ာသီးတစ္လံုး ပံုမွန္စားေပးျခင္းျဖင့္ က်န္းမာေရး ေကာင္းေစတယ္လို႔ ယံုၾကည္ၾကပါတယ္။

ငွက္ေပ်ာသီးစားျခင္းဟာ အဝလြန္ေရာဂါကို ေပ်ာက္ကင္းေအာင္ တားဆီးေပးႏိုင္သလို ၾကြက္သားတည္ေဆာက္ရာမွာလည္း ၾကက္ဥနဲ႔ တြဲဖက္စားသံုးျခင္းျဖင့္ အက်ိဳးရွိေစႏိုင္ပါတယ္။ ေနာက္ၿပီး ဆရာဝန္ေတြက ေသြးအားနည္းေရာဂါ ေဝဒနာရွင္ေတြကို ငွက္ေပ်ာသီးမ်ားမ်ား စားေပးဖို႔ တိုက္တြန္းတတ္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ငွက္ေပ်ာသီးဟာ ေသြးနီဥဆဲလ္ ပမာဏကို သိသိသာသာ ပိုမ်ားလာေစႏိုင္လို႔ပါပဲ။

ငွက္ေပ်ာသီးတစ္လံုးမွာ (၁၀၈) ကယ္လိုရီပါဝင္ၿပီး ကာဘိုဟိုက္ဒရိတ္ (၁၈) ဂရမ္နဲ႔ ညီမွ်ပါတယ္။ ကာဘိုဟိုက္ဒရိတ္ေတြဟာ ခႏၶာကိုယ္တြင္း အဂၤါေတြလုပ္ေဆာင္ရာမွာ မရွိမျဖစ္ အေရးပါပါတယ္။ ဒါ့အျပင္ ငွက္ေပ်ာသီးမွာ ဗိုက္တာမင္၊ သတၳဳဓာတ္နဲ႔ အမွ်င္ဓာတ္ေတြ ၾကြယ္ဝစြာပါဝင္ၿပီး ဇီဝကမၼလုပ္ေဆာင္မႈေတြအတြက္ေတာ့ အေကာင္းဆံုး အေထာက္အကူျပဳႏိုင္ပါတယ္။

ဒါ့အျပင္ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ pectin ဆိုတဲ့ဓာတ္က စားထားရင္ပံုမွန္ထက္ ဗိုက္ပိုျပည့္ေနေအာင္ ထိန္းထားေပးႏိုင္ပါတယ္။ ဒါေၾကာင့္လည္း ဘုန္းႀကီးေက်ာင္းေတြမွာ ငွက္ေပ်ာသီးေဆာင္ထားၾကတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ဒီေတာ့ ငွက္ေပ်ာသီးဟာ ဝိတ္တက္စာလား။ ဝိတ္က်စာလားလို႔ေမးရင္ ႏွစ္မ်ိဳးလံုးပါပဲလို႔သာ ေျဖရမွာျဖစ္ပါတယ္။ မိမိရဲ႔ စားေသာက္ေနထိုင္ပံုနဲ႔ ပမာဏကိုလိုက္ၿပီး ဝိတ္အတက္အက်က ေျပာင္းလဲေစႏိုင္ပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လူတစ်ယောက် အရမ်းပိန်နေတယ်ဆိုရင် ငှက်ပျောသီးနဲ့ နွားနို့ ကို များများစားပေးဖို့ ဆရာဝန်တွေ၊ လူကြီးတွေက တိုက်တွန်းကြတာကို ကြားဖူးကြပါလိမ့်မယ်။လူတစ်ယောက် အရမ်းပိန်နေတယ်ဆိုရင် ငှက်ပျောသီးနဲ့ နွားနို့ကို များများစားပေးဖို့ ဆရာဝန်တွေ၊ လူကြီးတွေက တိုက်တွန်းကြတာကို ကြားဖူးကြပါလိမ့်မယ်။ အခြားတစ်ဖက်မှာတော့ မိမိက ဝိတ်ချနေပြီး gym trainer က တစ်နေ့ကိုအနည်းဆုံး ငှက်ပျောသီးတစ်လုံးစားဖို့ တိုက်တွန်းတာကိုလည်း ကြုံဖူးကြပါလိမ့်မယ်။ အဲဒီမှာ မေးစရာတစ်ခုရှိလာတာက ငှက်ပျောသီးက ဝိတ်တက်စေတာလား။ ဝိတ်ကျစေတာလား။

တကယ်တမ်းကျတော့ ဝိတ်တက်ခြင်း၊ ဝိတ်ကျခြင်းဆိုတာ မိမိစားတဲ့ ငှက်ပျောသီး အလုံးရေအပေါ် မူတည်နေတာပါ။ တခြားဘာမှ မစားဘဲ ငှက်ပျောသီးချည်းပဲစားပြီး အာဟာရဖြည့်မယ်ဆိုရင် သေချာပေါက်ဝိတ်ကျလာမှာဖြစ်ပြီး အခြားအစားအသောက်တွေလည်း စားတယ်။ ငှက်ပျောသီးကိုလည်း အနည်းဆုံး တစ်နေ့ကို ငါးလုံးနဲ့ ခြောက်လုံးကြားမှာ စားပေးမယ်ဆိုရင်တော့ ဝိတ်က်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ငှက်ပျောသီးစားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိစေနိုင်ပါတယ်။

အနောက်တိုင်းစကားပုံတစ်ခု ရှိပါတယ်။ “တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးခြင်းက ဆရာဝန်တွေကို အိမ်နားမကပ်နိုင်အောင် တားဆီးပေးနိုင်ပါတယ်တဲ့”။ အရှေ့တိုင်းကတော့ တစ်နေ့ကို ငှက်ပျောသီးတစ်လုံး ပုံမှန်စားပေးခြင်းဖြင့် ကျန်းမာရေး ကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်။

ငှက်ပျောသီးစားခြင်းဟာ အဝလွန်ရောဂါကို ပျောက်ကင်းအောင် တားဆီးပေးနိုင်သလို ကြွက်သားတည်ဆောက်ရာမှာလည်း ကြက်ဥနဲ့ တွဲဖက်စားသုံးခြင်းဖြင့် အကျိုးရှိစေနိုင်ပါတယ်။ နောက်ပြီး ဆရာဝန်တွေက သွေးအားနည်းရောဂါ ဝေဒနာရှင်တွေကို ငှက်ပျောသီးများများ စားပေးဖို့ တိုက်တွန်းတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ငှက်ပျောသီးဟာ သွေးနီဥဆဲလ် ပမာဏကို သိသိသာသာ ပိုများလာစေနိုင်လို့ပါပဲ။

ငှက်ပျောသီးတစ်လုံးမှာ (၁၀၈) ကယ်လိုရီပါဝင်ပြီး ကာဘိုဟိုက်ဒရိတ် (၁၈) ဂရမ်နဲ့ ညီမျှပါတယ်။ ကာဘိုဟိုက်ဒရိတ်တွေဟာ ခန္ဓာကိုယ်တွင်း အင်္ဂါတွေလုပ်ဆောင်ရာမှာ မရှိမဖြစ် အရေးပါပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဇီဝကမ္မလုပ်ဆောင်မှုတွေအတွက်တော့ အကောင်းဆုံး အထောက်အကူပြုနိုင်ပါတယ်။

ဒါ့အပြင် ငှက်ပျောသီးမှာ ပါဝင်တဲ့ pectin ဆိုတဲ့ဓာတ်က စားထားရင်ပုံမှန်ထက် ဗိုက်ပိုပြည့်နေအောင် ထိန်းထားပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးကျောင်းတွေမှာ ငှက်ပျောသီးဆောင်ထားကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီတော့ ငှက်ပျောသီးဟာ ဝိတ်တက်စာလား။ ဝိတ်ကျစာလားလို့မေးရင် နှစ်မျိုးလုံးပါပဲလို့သာ ဖြေရမှာဖြစ်ပါတယ်။ မိမိရဲ့ စားသောက်နေထိုင်ပုံနဲ့ ပမာဏကိုလိုက်ပြီး ဝိတ်အတက်အကျက ပြောင်းလဲစေနိုင်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top