iMyanmarHouse.com - Best Property Website for Myanmar
×

အရပ္အျမင့္ႏွင့္ ခ်စ္သူေရြးခ်ယ္မႈအၾကားက ဆက္စပ္မႈ

လက္ရွိ သင့္ရဲ႕႐ုပ္ရည္သြင္ျပင္၊ ဆံပင္အေရာင္၊ လိင္ပိုင္းဆိုင္ရာနဲ႔ မ်က္လံုးအေရာင္စတာေတြ အားလံုးကို သင့္ရဲ႕ မ်ိဳးဗီဇက သတ္မွတ္ေပးထားတာျဖစ္ပါတယ္။ ဒီလို မ်ိဳးဗီဇေတြထဲမွာ သင့္ရဲ႕အရပ္အေမာင္းကို ထိန္းခ်ဳပ္တဲ့ မ်ိဳးဗီဇနဲ႔ ၾကင္ဖက္ေရြးခ်ယ္တဲ့ မ်ိဳးဗီဇႏွစ္ခုတို႔ဟာ ဆက္စပ္ေနတယ္လို႔ သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ၾကပါတယ္။ စံုတြဲေပါင္း ၁၃၀၀၀ ေက်ာ္ကို ေလ့လာဆန္းစစ္မႈေတြအရ ကၽြန္ေတာ္တို႔ အရပ္ဘယ္ေလာက္ျမင့္လဲဆိုတာက ကၽြန္ေတာ္တို႔ေရြးခ်ယ္တဲ့ ၾကင္ဖက္ရဲ႕အရပ္ကို ဆံုးျဖတ္မႈအေပၚ လႊမ္းမိုးမႈရွိတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကင့္ ကၽြန္ေတာ္တို႔အမ်ာစုက ကိုယ္နဲ႔အရပ္အေမာင္းခ်င္း မတိမ္းမယိမ္းရွိတဲ့ ၾကင္ဖက္မ်ိဳးကိုပဲ ရွာေဖြတတ္ၾကတာျဖစ္ပါတယ္။

ဒီလိုေရြးခ်ယ္တတ္ၾကတာဟာ assortative mating လို႔ေခၚတဲ့ ျဖစ္စဥ္တစ္ခုေၾကာင့္ ျဖစ္ပါတယ္။ ဒီျဖစ္စဥ္မ်ား လူသားအမ်ားစုဟာ ကိုယ္နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ၀ိေသသလကၡဏာခ်င္း ဆင္တူတဲ့သူေတြကို ပိုၿပီးသေဘာက်တတ္ၾကတာ ျဖစ္ပါတယ္။ လူတစ္ေယာက္ရဲ႕ အရပ္အေမာင္းက အေရးပါတဲ့ ဇီ၀အမွတ္လကၡဏာတစ္ခုျဖစ္ၿပီး မ်ိဳးဗီဇအရည္အေသြးေကာင္းျခင္းရဲ႕ အမွတ္အသားလည္း ျဖစ္ပါတယ္။ အရပ္အေမာင္းျမင့္မားျခင္းဟာ ဆြဲေဆာင္မႈပိုရွိၿပီး ေငြေရးေၾကးေရးနဲ႔ လူမႈေရးပိုင္း ေအာင္ျမင္မႈေတြပိုရရွိတာနဲ႔ ဆက္စပ္ေနတတ္ပါတယ္။X6

ဒါေပမယ့္ အရပ္အေမာင္းတစ္ခုတည္းကပဲ ၾကင္ဖက္ေရြးခ်ယ္ရာမွာ အေရးပါတာေတာ့ မဟုတ္ပါဘူး။ ရင္သားအရြယ္အစား၊ ဆံပင္၊ မ်က္ႏွာသြင္ျပင္၊ ခႏၶာကိုယ္အခ်ိဳးအစား စတဲ့ မ်ိဳးဗီဇအေျချပဳ ခႏၶာကိုယ္သြင္ျပင္ေတြကိုလည္း မသိမသာထည့္သြင္းစဥ္းစားတတ္ၾကပါတယ္။ ဒီအခ်က္ေတြအားလံုးက ေနာက္ထပ္ ဆက္ဆံေရးေတြျဖစ္လာဖို႔အတြက္ လိုအပ္တဲ့အနည္းဆံုးစံခ်ိန္စံညႊန္းေတြ ျဖစ္ေနတတ္ပါတယ္။

ၾကင္ဖက္ေရြးခ်ယ္ရာမွာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ ေနာက္တစ္ခ်က္က ႐ုပ္ရည္သြင္ျပင္ခ်င္း ဆင္တူမႈပဲျဖစ္ပါတယ္။ ပင္ကိုယ္ သြယ္လ်တဲ့အမ်ိဳးသမီးေတြက သြယ္သြယ္လ်လ်အမ်ိဳးသားေတြကိုပဲ သေဘာက်တတ္သလို ဆံပင္သန္တဲ့အမ်ိဳးသမီးေတြကလည္း အေမႊးအမွ်င္သန္တဲ့အမ်ိဳးသားေတြကို ပိုသေဘာက်တတ္ၾကပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕ေသာစံုတြဲေတြမွာ ဘာတူညီမႈမွမရွိေပမယ့္လည္း လက္တြဲႏိုင္ၾကတာကို ေတြ႕ရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ကေတာ့ အျခားလူမႈေရးအေၾကာင္းျပခ်က္ေတြ ပါ၀င္လို႔ျဖစ္ႏိုင္ပါတယ္။

ဒါ့ေၾကာင့္ သင့္အေနနဲ႔ ဖူးစာဖက္ကိုရွာေဖြေနတယ္ဆိုရင္ စိတ္ထဲမွာတစ္ခုသိထားရမွာက ေနာက္ဆံုးမွာ သင္နဲ႔အသြင္သ႑ာန္ခ်င္းဆင္တူသူကိုပဲဲ ေတြ႕ရွိဖို႔ျဖစ္ႏိုင္ေခ်မ်ားတယ္ဆိုတာပါပဲ။

Credit: mmgentleman
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အရပ်အမြင့်နှင့် ချစ်သူရွေးချယ်မှုအကြားက ဆက်စပ်မှု

လက်ရှိ သင့်ရဲ့ရုပ်ရည်သွင်ပြင်၊ ဆံပင်အရောင်၊ လိင်ပိုင်းဆိုင်ရာနဲ့ မျက်လုံးအရောင်စတာတွေ အားလုံးကို သင့်ရဲ့ မျိုးဗီဇက သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ ဒီလို မျိုးဗီဇတွေထဲမှာ သင့်ရဲ့အရပ်အမောင်းကို ထိန်းချုပ်တဲ့ မျိုးဗီဇနဲ့ ကြင်ဖက်ရွေးချယ်တဲ့ မျိုးဗီဇနှစ်ခုတို့ဟာ ဆက်စပ်နေတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ စုံတွဲပေါင်း ၁၃၀၀၀ ကျော်ကို လေ့လာဆန်းစစ်မှုတွေအရ ကျွန်တော်တို့ အရပ်ဘယ်လောက်မြင့်လဲဆိုတာက ကျွန်တော်တို့ရွေးချယ်တဲ့ ကြင်ဖက်ရဲ့အရပ်ကို ဆုံးဖြတ်မှုအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြေင့် ကျွန်တော်တို့အမျာစုက ကိုယ်နဲ့အရပ်အမောင်းချင်း မတိမ်းမယိမ်းရှိတဲ့ ကြင်ဖက်မျိုးကိုပဲ ရှာဖွေတတ်ကြတာဖြစ်ပါတယ်။

ဒီလိုရွေးချယ်တတ်ကြတာဟာ assortative mating လို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များ လူသားအများစုဟာ ကိုယ်နဲ့ ရုပ်ပိုင်းဆိုင်ရာဝိသေသလက္ခဏာချင်း ဆင်တူတဲ့သူတွေကို ပိုပြီးသဘောကျတတ်ကြတာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အရပ်အမောင်းက အရေးပါတဲ့ ဇီဝအမှတ်လက္ခဏာတစ်ခုဖြစ်ပြီး မျိုးဗီဇအရည်အသွေးကောင်းခြင်းရဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။ အရပ်အမောင်းမြင့်မားခြင်းဟာ ဆွဲဆောင်မှုပိုရှိပြီး ငွေရေးကြေးရေးနဲ့ လူမှုရေးပိုင်း အောင်မြင်မှုတွေပိုရရှိတာနဲ့ ဆက်စပ်နေတတ်ပါတယ်။X6

ဒါပေမယ့် အရပ်အမောင်းတစ်ခုတည်းကပဲ ကြင်ဖက်ရွေးချယ်ရာမှာ အရေးပါတာတော့ မဟုတ်ပါဘူး။ ရင်သားအရွယ်အစား၊ ဆံပင်၊ မျက်နှာသွင်ပြင်၊ ခန္ဓာကိုယ်အချိုးအစား စတဲ့ မျိုးဗီဇအခြေပြု ခန္ဓာကိုယ်သွင်ပြင်တွေကိုလည်း မသိမသာထည့်သွင်းစဉ်းစားတတ်ကြပါတယ်။ ဒီအချက်တွေအားလုံးက နောက်ထပ် ဆက်ဆံရေးတွေဖြစ်လာဖို့အတွက် လိုအပ်တဲ့အနည်းဆုံးစံချိန်စံညွှန်းတွေ ဖြစ်နေတတ်ပါတယ်။

ကြင်ဖက်ရွေးချယ်ရာမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နောက်တစ်ချက်က ရုပ်ရည်သွင်ပြင်ချင်း ဆင်တူမှုပဲဖြစ်ပါတယ်။ ပင်ကိုယ် သွယ်လျတဲ့အမျိုးသမီးတွေက သွယ်သွယ်လျလျအမျိုးသားတွေကိုပဲ သဘောကျတတ်သလို ဆံပင်သန်တဲ့အမျိုးသမီးတွေကလည်း အမွှေးအမျှင်သန်တဲ့အမျိုးသားတွေကို ပိုသဘောကျတတ်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သောစုံတွဲတွေမှာ ဘာတူညီမှုမှမရှိပေမယ့်လည်း လက်တွဲနိုင်ကြတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ အခြားလူမှုရေးအကြောင်းပြချက်တွေ ပါဝင်လို့ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ ဖူးစာဖက်ကိုရှာဖွေနေတယ်ဆိုရင် စိတ်ထဲမှာတစ်ခုသိထားရမှာက နောက်ဆုံးမှာ သင်နဲ့အသွင်သဏ္ဍာန်ချင်းဆင်တူသူကိုပဲ တွေ့ရှိဖို့ဖြစ်နိုင်ချေများတယ်ဆိုတာပါပဲ။

Credit: mmgentleman
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top