iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္​​ေထာင္​ျပဳထားတဲ့ သားသမီး​ေတြဆိုရင္​ သားတို႔​ေရ အ​ေဖ​ေျမးခ်ီၿပီကြာ… အ​ေမ​ေျမးခ်ီခ်င္​လွၿပီကြယ္​ လို႔ တက်ီက်ီ ပူဆာတတ္​ၾကတာ အဖိုးအဖြားျဖစ္​လိုတဲ့ လူျကီးမိဘ​ေတြရဲ႕အာသီသပါပဲ။ မိသားစုတိုင္​းမွာ ၾကံဳ​ေတြ႕​ေနက် ကိစၥပါပဲ​ေနာ္​။

သိပၸံနည္​းက်​ေလ့လာမႈအရဆို အဖိုးအဖြား ျဖစ္​လာတဲ့ လူႀကီးမိဘ​ေတြဟာ အသက္​တိမ္​းပါးႏို္​င္​​ေျခ ၃၇ ရာႏႈန္​းအထိ ​ေလ်ာ့က်သြားတယ္​လို႔ ​ေတြ႕႐ွိခဲ့ၾကတယ္​။ ဒါ​ေၾကာင္​့မို႔ က​ေလးမယူျဖစ္​ၾက​ေသးတဲ့ သားသမီး​ေတြအ​ေနနဲ႔ လူႀကီး​ေတြက ပူဆာ​ေတာင္​းဆိုလာၾကတဲ့အခါ က​ေလးယူဖို႔​ေတာ့ အ​ေၾကာင္​းတစ္​ခုအ​ေနနဲ႔ ထည္​့သြင္​းစဥ္​းစားစရာအခ်က္​လည္​းျဖစ္​လာပါတယ္​။

သု​ေတသနအရ အဖိုးအဖြား​ေတြနဲ႔အင္​တာဗ်ဴးလုပ္​ခဲ့ရာမွာ ဒီအထဲက ဂ႐ုစိုက္​​ေပး၊ ​ေႏြး​ေထြးမႈ​ေပးစရာ ​ေျမး​ေလး​ေတြ႐ွိတဲ့ အဖိုးအဖြား​ေတြဟာ အင္​တာဗ်ဴးလုပ္​အၿပီး ​ေနာက္​ထပ္​ ၁၀ ႏွစ္​ၾကာအထိ ​ေပ်ာ္​ရႊင္​စြာအသက္​႐ွည္​​ေနထိုင္​သြားၾကၿပီး ဂ႐ုစိုက္​​ေပးစရာ​ေျမးအႏွစ္​​ေလး​ေတြမ႐ွိ႐ွာတဲ့၊ ဒါမွမဟုတ္​ ​ေျမး​ေလး​ေတြ႐ွိရင္​​ေတာင္​ အတူတူမ​ေနရရွာတဲ့ အဖိုးအဖြား​ေတြက​ေတာ့ အင္​တာဗ်ဴးအၿပီး​ ​ေနာက္​ငါးႏွစ္​အထိသာ အသက္​႐ွည္​သြားၾကရပါတယ္​။​ေျမး​ေတြဆို အလြန္​ခ်စ္​ၿပီး ျပဳစု​ေစာင္​့​ေရွာက္​​ေပးတတ္​ၾကတဲ့ အဖိုးအဖြား​ေတြရဲ႕သဘာဝဟာ သူတို႔ကိုယ္​တုိင္​အသက္​႐ွည္​က်န္​းမာဖို႔ အ​ေရးပါတဲ့​ေသာ့ခ်က္​လည္​းျဖစ္​သလို ထိန္​း​ေက်ာင္​းခ်စ္​​ေမြ႕စရာ ​ေျမး​ေလး​ေတြမ႐ွိတဲ့ လူႀကီးသူမ​ေ​တြဟာ ​ေျမး႐ွိတဲ့အဖိုးအဖြား​ေတြ​ေလာက္​ အသက္​မ႐ွည္​၊ အနာမကင္း​​တတ္​ၾကပါဘူးတဲ့။

က​ေလးငယ္​​ေတြကို အခ်စ္​​ေပး၊ ​ေႏြး​ေထြး​ေပးရင္​း ျပဳစု​ေစာင္​့​ေရွာက္​ရတာဟာ လူသားမ်ိဳးစိတ္​​ေတြအတြက္​ အသက္​လိုျဖစ္​ခဲ့တဲ့၊ လူသားဗီဇသဘာဝထဲ အျမစ္​တြယ္​​ေနခဲ့တဲ့ လူသားဝသီပဲျဖစ္​ပါတယ္​။တစ္​ဖက္​မွာလည္​း ​ေျမးငယ္​​ေလး​ေတြဟာ အဖိုးအဖြား ​ေတြရဲ႕အခ်စ္​​ေတြနဲ႔ အတူႀကီးျပင္​းရတဲ့အခါ အင္မတန္​​အက်ိဳးႀကီးမားမႈရ႐ွိခံစားၾကရတာပါ။ က​ေလးငယ္​​ေတြရဲ႕က်န္​းမာ​ေပ်ာ္​ရႊင္​မႈဟာ အဖိုးအဖြား​ေတြရဲ႕အခ်စ္​ခံရမႈအ​ေပၚ မ်ားစြာမူတည္​​ေန​ေၾကာင္​း ​ေ​တြ႕႐ွိခဲ့ၾကတယ္​လို႔ သိရပါတယ္​။

အဖိုးအဖြား​ေတြတုန္​​ေန​ေအာင္​ခ်စ္​ၾကတဲ့ ​ေျမးငယ္​​ေလး​ေတြဟာ စိတ္​ပိုင္​းဆိုင္​ရာအရ၊ အျပဳအမူပိုင္​းဆိုင္​ရာ အရ သက္​​ေရာက္​မႈႀကီးမားစြာလက္​ခံရ႐ွိၿပီး က​ေလးရဲ႕ ဖြံ႕ၿဖိဳးတိုးတက္​မႈမွာ ျပသနာအလြန္​နည္​း​ေစပါတယ္​။ ​ေႏွာင္​့​ေႏွးမႈျဖစ္​​ေလ့ျဖစ္​ထ႐ွိတာမ်ိဳး ဒီလိုကံထူးကဲတဲ့က​ေလးငယ္​​ေတြမွာ မ​ေတြ႕ရတတ္​ပါဘူး။

ဒါ​ေၾကာင္​့ သားအခ်စ္​ ​ေျမးအႏွစ္​ ဆိုတဲ့စကားဟာ အဖိုးအဖြား ​ေတြ​ေရာ ​ေျမးငယ္​က​ေလး​ေလး​ေတြအတြက္​ပါ အျပန္​အလွန္​အက်ိဳးျပဳ​ၿပီး ႏွစ္​ဖက္​စလံုးက်န္​းမာ​ေပ်ာ္​ရႊင္​​ေစတဲ့ ပင္​မလူသားဗီဇအခံျဖစ္​တာ​ေၾကာင္​့ ​ေျမးအႏွစ္​​ေလး​ေတြနဲ႔ အဖိုးအဖြား​ေ​တြကို မ်ားမ်ားအခ်ိန္​ျဖဳန္​း​ေစဖို႔ အမွန္​တကယ္​လိုအပ္​တာျဖစ္​​ေၾကာင္​း က​ေလးမိဘ​ေတြအတြက္​ အၾကံ​ေပး​ေဝမ်ွ​ေပးပါရ​ေစ။

Credit: nanmalgyi
ခ်စ္ေရးခ်စ္ရာ ၊ က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အိမ်ထောင်ပြုထားတဲ့ သားသမီးတွေဆိုရင် သားတို့ရေ အဖေမြေးချီပြီကွာ… အမေမြေးချီချင်လှပြီကွယ် လို့ တကျီကျီ ပူဆာတတ်ကြတာ အဖိုးအဖွားဖြစ်လိုတဲ့ လူကြီးမိဘတွေရဲ့အာသီသပါပဲ။ မိသားစုတိုင်းမှာ ကြုံတွေ့နေကျ ကိစ္စပါပဲနော်။

သိပ္ပံနည်းကျလေ့လာမှုအရဆို အဖိုးအဖွား ဖြစ်လာတဲ့ လူကြီးမိဘတွေဟာ အသက်တိမ်းပါးနိုင်ခြေ ၃၇ ရာနှုန်းအထိ လျော့ကျသွားတယ်လို့ တွေ့ရှိခဲ့ကြတယ်။ ဒါကြောင့်မို့ ကလေးမယူဖြစ်ကြသေးတဲ့ သားသမီးတွေအနေနဲ့ လူကြီးတွေက ပူဆာတောင်းဆိုလာကြတဲ့အခါ ကလေးယူဖို့တော့ အကြောင်းတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားစရာအချက်လည်းဖြစ်လာပါတယ်။

သုတေသနအရ အဖိုးအဖွားတွေနဲ့အင်တာဗျူးလုပ်ခဲ့ရာမှာ ဒီအထဲက ဂရုစိုက်ပေး၊ နွေးထွေးမှုပေးစရာ မြေးလေးတွေရှိတဲ့ အဖိုးအဖွားတွေဟာ အင်တာဗျူးလုပ်အပြီး နောက်ထပ် ၁၀ နှစ်ကြာအထိ ပျော်ရွှင်စွာအသက်ရှည်နေထိုင်သွားကြပြီး ဂရုစိုက်ပေးစရာမြေးအနှစ်လေးတွေမရှိရှာတဲ့၊ ဒါမှမဟုတ် မြေးလေးတွေရှိရင်တောင် အတူတူမနေရရှာတဲ့ အဖိုးအဖွားတွေကတော့ အင်တာဗျူးအပြီး နောက်ငါးနှစ်အထိသာ အသက်ရှည်သွားကြရပါတယ်။မြေးတွေဆို အလွန်ချစ်ပြီး ပြုစုစောင့်ရှောက်ပေးတတ်ကြတဲ့ အဖိုးအဖွားတွေရဲ့သဘာဝဟာ သူတို့ကိုယ်တိုင်အသက်ရှည်ကျန်းမာဖို့ အရေးပါတဲ့သော့ချက်လည်းဖြစ်သလို ထိန်းကျောင်းချစ်မွေ့စရာ မြေးလေးတွေမရှိတဲ့ လူကြီးသူမတွေဟာ မြေးရှိတဲ့အဖိုးအဖွားတွေလောက် အသက်မရှည်၊ အနာမကင်းတတ်ကြပါဘူးတဲ့။

ကလေးငယ်တွေကို အချစ်ပေး၊ နွေးထွေးပေးရင်း ပြုစုစောင့်ရှောက်ရတာဟာ လူသားမျိုးစိတ်တွေအတွက် အသက်လိုဖြစ်ခဲ့တဲ့၊ လူသားဗီဇသဘာဝထဲ အမြစ်တွယ်နေခဲ့တဲ့ လူသားဝသီပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း မြေးငယ်လေးတွေဟာ အဖိုးအဖွား တွေရဲ့အချစ်တွေနဲ့ အတူကြီးပြင်းရတဲ့အခါ အင်မတန်အကျိုးကြီးမားမှုရရှိခံစားကြရတာပါ။ ကလေးငယ်တွေရဲ့ကျန်းမာပျော်ရွှင်မှုဟာ အဖိုးအဖွားတွေရဲ့အချစ်ခံရမှုအပေါ် များစွာမူတည်နေကြောင်း တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

အဖိုးအဖွားတွေတုန်နေအောင်ချစ်ကြတဲ့ မြေးငယ်လေးတွေဟာ စိတ်ပိုင်းဆိုင်ရာအရ၊ အပြုအမူပိုင်းဆိုင်ရာ အရ သက်ရောက်မှုကြီးမားစွာလက်ခံရရှိပြီး ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပြသနာအလွန်နည်းစေပါတယ်။ နှောင့်နှေးမှုဖြစ်လေ့ဖြစ်ထရှိတာမျိုး ဒီလိုကံထူးကဲတဲ့ကလေးငယ်တွေမှာ မတွေ့ရတတ်ပါဘူး။

ဒါကြောင့် သားအချစ် မြေးအနှစ် ဆိုတဲ့စကားဟာ အဖိုးအဖွား တွေရော မြေးငယ်ကလေးလေးတွေအတွက်ပါ အပြန်အလှန်အကျိုးပြုပြီး နှစ်ဖက်စလုံးကျန်းမာပျော်ရွှင်စေတဲ့ ပင်မလူသားဗီဇအခံဖြစ်တာကြောင့် မြေးအနှစ်လေးတွေနဲ့ အဖိုးအဖွားတွေကို များများအချိန်ဖြုန်းစေဖို့ အမှန်တကယ်လိုအပ်တာဖြစ်ကြောင်း ကလေးမိဘတွေအတွက် အကြံပေးဝေမျှပေးပါရစေ။

Credit: nanmalgyi
ချစ်ရေးချစ်ရာ ၊ ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top