iMyanmarHouse.com - Best Property Website for Myanmar
×

အဆီစားျပီး ဝိတ္ခ်တဲ့နည္း သင္သိျပီးျပီလား

အဆီစားလို႔ ဝတာလို႔ေျပာၾကတယ္။ ဒီတစ္ခါ အဆီ ပိုစားျပီးဝိတ္ခ်တဲ့နည္းရွိတယ္ဆို အံ့ၾသသြားမွာလား။ ကီတိုစားေသာက္နည္း (Keto Diet) ဆိုတာ ကာဗိုဟိုက္ဒရိတ္ကို ေလွ်ာ့ျပီး ပရိုတင္းနဲ႔ အဆီဓာတ္ေတြကေန ကယ္လိုရီပုိရယူတာျဖစ္ပါတယ္။

တစ္ေန႔ကို ကာဗိုဟိုက္ဒရိတ္ ၅၀ ဂရမ္ထက္ေလွ်ာ့ျပီးစားမယ္ဆို ခႏၶာကုိယ္ရဲ႕လည္ပတ္မႈေတြအတြက္ အျမန္အသံုးျပဳနိုင္မယ့္ ေလာင္စာ(ေသြးတြင္းသၾကားဓာတ္)ကုန္သြားမွာပါ။ ဒီလိုနဲ႔ ခႏၶာကုိယ္က ပရိုတင္းနဲ႔အဆီေတြကို ေလာင္စာခြန္အားအျဖစ္ေျပာင္းလဲလိုက္မွာျဖစ္လို႔ ဝိတ္က်ေစမွာပါ။ ဒီျဖစ္စဥ္ကို ketosis လို႔ေခၚပါတယ္။လူ႔ခႏၶာကိုယ္ဟာ ပံုမွန္အားျဖင့္ ခြန္အားအျဖစ္အသံုးျပဳဖို႔ ကာဗိုဟိုက္ဒရိတ္ေတြကို အမ်ားဆံုးအားထားရပါတယ္။ ဒါေပမယ့္ ketosis ျဖစ္စဥ္မွာေတာ့ အဆီေတြကိုေလာင္ကြ်မ္းပစ္ဖို႔ အဓိကေျပာင္းလဲဦးတည္လာပါတယ္။

ဘယ္သူေတြအတြက္သံုးတဲ့နည္းလဲ

ကီတုိနည္းကို ကိုယ္အေလးခ်ိန္က်ဖို႔အသံုးမ်ားၾကေပမယ့္ အတက္ေရာဂါ အပါအဝင္ေရာဂါတခ်ိဳ႕အတြက္ကုသတဲ့ေနရာမွာ သံုးၾကပါတယ္။ ႏွလံုးေရာဂါ၊ ဦးေႏွာက္နဲ႔ဆိုင္တဲ့ေရာဂါေတြအျပင္ ဝက္ျခံအတြက္ပါ အက်ိိဳးျဖစ္ေစတဲ့နည္းျဖစ္ပါတယ္။

ပိန္ခ်င္တဲ့သူေတြအတြက္ေတာ့ ကီတုိနည္းက တျခားအစားေလွ်ာ့နည္းေတြထက္ ပထမ ၃လ ကေန ၆ လအတြင္း ပိုထိေရာက္တယ္လုိ႔ ဆိုၾကပါတယ္။ ခႏၶာကိုယ္က ခြန္အားအျဖစ္ေျပာင္းလဲအသံုးျပဳရာမွာ ကာဗိုဟိုက္ဒရိတ္ေတြထက္ အဆီကိုအသံုးျပဳနုိင္ဖို႔ ကယ္လိုရီပိုေလာင္ကြ်မ္းေစလို႔ပဲျဖစ္ပါတယ္။ အဆီမ်ား၊ ပရိုတင္းမ်ားတဲ့ အစားအစာေတြက ဗိုက္ပိုျပည့္ေစျပီး သိပ္မစားနိုင္တာျဖစ္ေလာက္တယ္လို႔ ယူဆရပါတယ္။

ကာဗိုနည္းတဲ့ ကီတိုစားေသာက္နည္း

ကီတိုနည္းက အဆီကိုေလာင္ကြ်မ္းေစတဲ့အျပင္ ဗိုက္သိပ္မဆာေအာင္လည္း ကူညီေပးနိုင္တယ္၊ ပရိုတင္းမ်ားမ်ားစားရတဲ့အတြက္ ၾကြက္သားတည္ေဆာက္မႈကို အားေပးတယ္။

ဆီးခ်ိဳမရွိတဲ့ က်န္းမာသူေတြအတြက္ တစ္ေန႔ကို ကာဗိုဟိုက္ဒရိတ္ ၅၀ ဂရမ္ထက္နည္းေအာင္ ေလွ်ာ့စားျပီး ၃/၄ ရက္ေနမွ ကီတုိနည္းကို စစားသင့္ပါတယ္။ ေပါင္မုန္႔၃ ခ်ပ္၊ အသီးနည္းနည္းထည့္ထားတဲ့ အဆီေလွ်ာ့ဒိန္ခ်ဥ္တစ္ခြက္၊ ဒါမွမဟုတ္ ငွက္ေပ်ာသီးႏွစ္လံုး ျဖစ္ပါတယ္။

အခု diet plan ဆိုျပီး ေခတ္စားေနတဲ့၊ plan ေရာင္းေနတဲ့၊ အစားအေသာက္မွာယူလို႔ရေနတဲ့ စားေသာက္ပံုေတြနဲ႔ေတာင္ အေတာ္နီးစပ္ေနပါတယ္။ အသီးအရြက္နဲ႔အသားကို မ်ားမ်ားစားေစျပီး ႏြားႏို႔ေသာက္ေစတာမ်ိဳး၊ ၾကက္ဥခ်ည္းပဲစားျပီး ဝိတ္ခ်တဲ့ planမ်ိဳး ဆို ထမင္းနဲ႔ ကာဗိုဟိုက္ဒရိတ္မ်ားတဲ့အရာေတြရယ္၊ အခ်ိဳရယ္ကို ျဖတ္ေစတာပဲျဖစ္ပါတယ္။

ဘာေတြစားလို႔ရလဲ

ၾကက္ဥ
ၾကက္သား၊ ဝက္သား၊အမဲသား၊ ငါး
အဆီျပည့္ ႏြားနို႔၊ ဒိန္ခ်ဥ္၊ ေထာပတ္
ခ်ိစ္
အေစ့အဆန္ေတြ
က်န္းမာေရးနဲ႔ညီတဲ့ အဆီ (သံလြင္ဆီ၊ ေထာပတ္သီးအဆီ၊ ႏွမ္းဆီ)
ေထာပတ္သီး
အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြ၊ ခရမ္းခ်ဥ္သီး၊ မိႈ၊ ငရုတ္ပြ
ဘာေတြေရွာင္ရမွာလဲ
ကာဗိုဟိုက္ဒရိတ္မ်ားတာေတြကို ေရွာင္ရပါမယ္။

ေပါင္မုန္႔၊ ကြတ္ကီး၊ ခရက္ကာ၊ ဒိုးနတ္
အခ်ိဳမ်ားတဲ့အစားအစာေတြ (ေရခဲမုန္႔၊ သၾကားလံုး၊ အခ်ိဳရည္၊ အားျဖည့္အခ်ိဳရည္)
ေခါက္ဆြဲ
ထမင္း၊ အုတ္ဂ်ံဳ၊ ေကြကာအုပ္
ကစီဓာတ္မ်ားတဲ့ ဟင္းသီးဟင္းရြက္ေတြ ( အာလူး၊ ကန္စြန္းဥ၊ ေျပာင္းဖူး၊ ေရႊဖရံုသီး)
ပဲအမ်ိဳးမ်ိဳး
အရည္ရႊမ္းတဲ့အခ်ဥ္သီးေတြ၊ နာနတ္သီး

အဓိကကေတာ့ –

က်န္းမာေရးနဲ႔မညီတဲ့အဆီေတြကို ေရွာင္ရပါမယ္။ျပဳျပင္စီမံထားတဲ့ အစားအစာေတြ၊ အသင့္စားေတြ ေရွာင္ပါ။အေရာင္ဆိုးေဆး၊ တာရွည္ခံပစၥည္း၊ ေဆးသၾကား စတာေတြပါတဲ့ အစားအစာေတြလည္းေရွာင္ပါ။

လိုက္နာဖို႔ခက္တာက

ဒီစားေသာက္နည္းက အသားၾကိဳက္သူေတြအတြက္ နတ္သုဒၶါလို ျဖစ္ေနေပမယ့္ တကယ္တမ္းက် ရႈပ္ေထြးပါတယ္။ ဘာလုိ႔ဆို ketosis နဲ႔ကြက္တိက်ဖို႔ အဆီ၊ ပရိုတင္းနဲ႔ ကာဗိုဟိုက္ဒရိတ္ေတြကို ဘယ္ေလာက္မွန္ကန္တဲ့ပမာဏေရာက္ေအာင္ စားရမလဲဆိုတာ ေသခ်ာမတြက္ခ်က္နုိင္လို႔ပါပဲ။ တကယ္လို႔ သံုးမယ္ဆိုရင္ ကီတိုနည္းကို ရက္တို အျမန္ဝိတ္ခ်နည္းထက္ ေရရွည္ေနထိုင္စားေသာက္မႈပံုစံအျဖစ္ ေလ့က်င့္ယူသင့္ပါတယ္။ ဥပမာ အနည္းဆံုး ၆ လ စသည္ျဖင့္ေပါ့။

စားေသာက္ပံုေျပာင္းလဲကာစမွာေတာ့ ခႏၶာကိုယ္က ကာဗိုဟိုက္ဒရိတ္ေတြကေန အဆီကိုေျပာင္းလဲအသံုးျပဳရတာျဖစ္တဲ့အတြက္ keto flu လုိ႔ေခၚတဲ့ လကၡဏာေတြျဖစ္တတ္ပါတယ္။ ႏံုးတာ၊ ေခါင္းမၾကည္တာ၊ ပိုဆာေလာင္တာ၊ အိပ္မေပ်ာ္တာ၊ မအီမသာျဖစ္တာ၊ ဝမ္းခ်ဳပ္တာ၊ ဝမ္းပ်က္တာေတြျဖစ္တတ္တယ္။ အဲဒီမွာျပႆနာက ကာဗိုဟိုက္ဒရိတ္ကို ျပန္စားမိတဲ့ အမွားပါပဲ။ ဇီဝကမၼျဖစ္စဥ္ေတြ ကေမာက္ကမျဖစ္ေစနုိင္လို႔ ခဏခဏအေျပာင္းအလဲလုပ္မယ္ဆိုရင္ ထိေရာက္မႈမရွိေတာ့ပါဘူး။ အနည္းဆံုးေတာ့ ကီတိုနည္းကို သံုးေလးလေလာက္လုပ္ျပီးမွ ျပန္စားရင္ျပန္စားသင့္ပါတယ္။

ေဘးထြက္ဆိုးက်ိဳး

အမ်ားအားျဖင့္ သိပ္ေတာ့ျပင္းထန္တာမရွိပါဘူး။ ဝမ္းခ်ဳပ္နိုင္တယ္၊ ေသြးတြင္းသၾကားနည္းနည္းက်မယ္၊ အစာမေၾကျဖစ္မယ္။ ဒါေပမယ့္ အျဖစ္နည္းတဲ့ ေဘးထြက္ဆိုးက်ိဳးတခ်ိဳ႕ကေတာ့ ေက်ာက္ကပ္ေက်ာက္တည္နုိင္တယ္ ဒါမွမဟုတ္ ခႏၶာကိုယ္ထဲမွာ အက္စစ္ေတြမ်ားေနမယ္ ဆိုတာေတြပါဝင္တယ္။

ကိုယ့္မွာေရာဂါအခံတစ္ခုခုရွိေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္ျပီးမွ လုပ္သင့္တယ္ဆိုတာေတာ့ မေမ့ပါနဲ႔။

Hello Health Group သည္ ေဆးပညာဆိုင္ရာ အၾကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ေပးပါ။

Credit: mmgentleman
အလွအပ၊က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

အဆီစားလို့ ဝတာလို့ပြောကြတယ်။ ဒီတစ်ခါ အဆီ ပိုစားပြီးဝိတ်ချတဲ့နည်းရှိတယ်ဆို အံ့သြသွားမှာလား။ ကီတိုစားသောက်နည်း (Keto Diet) ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေကနေ ကယ်လိုရီပိုရယူတာဖြစ်ပါတယ်။

တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓာကိုယ်ရဲ့လည်ပတ်မှုတွေအတွက် အမြန်အသုံးပြုနိုင်မယ့် လောင်စာ(သွေးတွင်းသကြားဓာတ်)ကုန်သွားမှာပါ။ ဒီလိုနဲ့ ခန္ဓာကိုယ်က ပရိုတင်းနဲ့အဆီတွေကို လောင်စာခွန်အားအဖြစ်ပြောင်းလဲလိုက်မှာဖြစ်လို့ ဝိတ်ကျစေမှာပါ။ ဒီဖြစ်စဉ်ကို ketosis လို့ခေါ်ပါတယ်။လူ့ခန္ဓာကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ်အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့် ketosis ဖြစ်စဉ်မှာတော့ အဆီတွေကိုလောင်ကျွမ်းပစ်ဖို့ အဓိကပြောင်းလဲဦးတည်လာပါတယ်။

ဘယ်သူတွေအတွက်သုံးတဲ့နည်းလဲ

ကီတိုနည်းကို ကိုယ်အလေးချိန်ကျဖို့အသုံးများကြပေမယ့် အတက်ရောဂါ အပါအဝင်ရောဂါတချို့အတွက်ကုသတဲ့နေရာမှာ သုံးကြပါတယ်။ နှလုံးရောဂါ၊ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေအပြင် ဝက်ခြံအတွက်ပါ အကျိုးဖြစ်စေတဲ့နည်းဖြစ်ပါတယ်။

ပိန်ချင်တဲ့သူတွေအတွက်တော့ ကီတိုနည်းက တခြားအစားလျှော့နည်းတွေထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ်ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေထက် အဆီကိုအသုံးပြုနိုင်ဖို့ ကယ်လိုရီပိုလောင်ကျွမ်းစေလို့ပဲဖြစ်ပါတယ်။ အဆီများ၊ ပရိုတင်းများတဲ့ အစားအစာတွေက ဗိုက်ပိုပြည့်စေပြီး သိပ်မစားနိုင်တာဖြစ်လောက်တယ်လို့ ယူဆရပါတယ်။

ကာဗိုနည်းတဲ့ ကီတိုစားသောက်နည်း

ကီတိုနည်းက အဆီကိုလောင်ကျွမ်းစေတဲ့အပြင် ဗိုက်သိပ်မဆာအောင်လည်း ကူညီပေးနိုင်တယ်၊ ပရိုတင်းများများစားရတဲ့အတွက် ကြွက်သားတည်ဆောက်မှုကို အားပေးတယ်။

ဆီးချိုမရှိတဲ့ ကျန်းမာသူတွေအတွက် တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်နည်းအောင် လျှော့စားပြီး ၃/၄ ရက်နေမှ ကီတိုနည်းကို စစားသင့်ပါတယ်။ ပေါင်မုန့်၃ ချပ်၊ အသီးနည်းနည်းထည့်ထားတဲ့ အဆီလျှော့ဒိန်ချဉ်တစ်ခွက်၊ ဒါမှမဟုတ် ငှက်ပျောသီးနှစ်လုံး ဖြစ်ပါတယ်။

အခု diet plan ဆိုပြီး ခေတ်စားနေတဲ့၊ plan ရောင်းနေတဲ့၊ အစားအသောက်မှာယူလို့ရနေတဲ့ စားသောက်ပုံတွေနဲ့တောင် အတော်နီးစပ်နေပါတယ်။ အသီးအရွက်နဲ့အသားကို များများစားစေပြီး နွားနို့သောက်စေတာမျိုး၊ ကြက်ဥချည်းပဲစားပြီး ဝိတ်ချတဲ့ planမျိုး ဆို ထမင်းနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့အရာတွေရယ်၊ အချိုရယ်ကို ဖြတ်စေတာပဲဖြစ်ပါတယ်။

ဘာတွေစားလို့ရလဲ

ကြက်ဥ
ကြက်သား၊ ဝက်သား၊အမဲသား၊ ငါး
အဆီပြည့် နွားနို့၊ ဒိန်ချဉ်၊ ထောပတ်
ချိစ်
အစေ့အဆန်တွေ
ကျန်းမာရေးနဲ့ညီတဲ့ အဆီ (သံလွင်ဆီ၊ ထောပတ်သီးအဆီ၊ နှမ်းဆီ)
ထောပတ်သီး
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ခရမ်းချဉ်သီး၊ မှို၊ ငရုတ်ပွ
ဘာတွေရှောင်ရမှာလဲ
ကာဗိုဟိုက်ဒရိတ်များတာတွေကို ရှောင်ရပါမယ်။

ပေါင်မုန့်၊ ကွတ်ကီး၊ ခရက်ကာ၊ ဒိုးနတ်
အချိုများတဲ့အစားအစာတွေ (ရေခဲမုန့်၊ သကြားလုံး၊ အချိုရည်၊ အားဖြည့်အချိုရည်)
ခေါက်ဆွဲ
ထမင်း၊ အုတ်ဂျုံ၊ ကွေကာအုပ်
ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေ ( အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ ရွှေဖရုံသီး)
ပဲအမျိုးမျိုး
အရည်ရွှမ်းတဲ့အချဉ်သီးတွေ၊ နာနတ်သီး

အဓိကကတော့ –

ကျန်းမာရေးနဲ့မညီတဲ့အဆီတွေကို ရှောင်ရပါမယ်။ပြုပြင်စီမံထားတဲ့ အစားအစာတွေ၊ အသင့်စားတွေ ရှောင်ပါ။အရောင်ဆိုးဆေး၊ တာရှည်ခံပစ္စည်း၊ ဆေးသကြား စတာတွေပါတဲ့ အစားအစာတွေလည်းရှောင်ပါ။

လိုက်နာဖို့ခက်တာက

ဒီစားသောက်နည်းက အသားကြိုက်သူတွေအတွက် နတ်သုဒ္ဓါလို ဖြစ်နေပေမယ့် တကယ်တမ်းကျ ရှုပ်ထွေးပါတယ်။ ဘာလို့ဆို ketosis နဲ့ကွက်တိကျဖို့ အဆီ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လောက်မှန်ကန်တဲ့ပမာဏရောက်အောင် စားရမလဲဆိုတာ သေချာမတွက်ချက်နိုင်လို့ပါပဲ။ တကယ်လို့ သုံးမယ်ဆိုရင် ကီတိုနည်းကို ရက်တို အမြန်ဝိတ်ချနည်းထက် ရေရှည်နေထိုင်စားသောက်မှုပုံစံအဖြစ် လေ့ကျင့်ယူသင့်ပါတယ်။ ဥပမာ အနည်းဆုံး ၆ လ စသည်ဖြင့်ပေါ့။

စားသောက်ပုံပြောင်းလဲကာစမှာတော့ ခန္ဓာကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကနေ အဆီကိုပြောင်းလဲအသုံးပြုရတာဖြစ်တဲ့အတွက် keto flu လို့ခေါ်တဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ နုံးတာ၊ ခေါင်းမကြည်တာ၊ ပိုဆာလောင်တာ၊ အိပ်မပျော်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတွေဖြစ်တတ်တယ်။ အဲဒီမှာပြဿနာက ကာဗိုဟိုက်ဒရိတ်ကို ပြန်စားမိတဲ့ အမှားပါပဲ။ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေနိုင်လို့ ခဏခဏအပြောင်းအလဲလုပ်မယ်ဆိုရင် ထိရောက်မှုမရှိတော့ပါဘူး။ အနည်းဆုံးတော့ ကီတိုနည်းကို သုံးလေးလလောက်လုပ်ပြီးမှ ပြန်စားရင်ပြန်စားသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုး

အများအားဖြင့် သိပ်တော့ပြင်းထန်တာမရှိပါဘူး။ ဝမ်းချုပ်နိုင်တယ်၊ သွေးတွင်းသကြားနည်းနည်းကျမယ်၊ အစာမကြေဖြစ်မယ်။ ဒါပေမယ့် အဖြစ်နည်းတဲ့ ဘေးထွက်ဆိုးကျိုးတချို့ကတော့ ကျောက်ကပ်ကျောက်တည်နိုင်တယ် ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ အက်စစ်တွေများနေမယ် ဆိုတာတွေပါဝင်တယ်။

ကိုယ့်မှာရောဂါအခံတစ်ခုခုရှိနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လုပ်သင့်တယ်ဆိုတာတော့ မမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Credit: mmgentleman
အလှအပ၊ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top