iMyanmarHouse.com - Best Property Website for Myanmar
×


သေဘၤာသီးမွာ ကိုယ္ခႏၶာနဲ႔ အသားအေရအတြက္ အက်ိဳးျဖစ္ေစတဲ့ အာဟာရဓာတ္ မ်ားစြာပါ၀င္တဲ့အျပင္ အျပင္ပန္းအလွအပ အသားအေရထိန္းသိမ္းျခင္းဆိုင္ရာမွာ အသံုးမ်ားလာၾကပါတယ္။ သေဘၤာသီးမွာ အမွ်င္ဓာတ္ပါ၀င္မႈမ်ားလို႔ အစာေၾက ရင္ေခ်ာင္ေစတယ္။ ကိုယ္ခႏၶာ သြယ္လ်ေစတယ္။ က်န္းမာေစဖို႔ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ အမ်ားအျပား ပါ၀င္ပါတယ္။

ဒီေန႔ေျပာျပေပးမယ့္ အေၾကာင္းအရာကေတာ့ ေႏြရာသီမွာ မ်က္ႏွာအသားအေရ ေျခာက္ေနတဲ့ သူေတြ၊ အဆီျပန္ျပီး ၀က္ျခံေတြေပါက္ေနလို႔ စိတ္ညစ္ေနတဲ့သူေတြအတြက္ သေဘၤာသီးကို အသံုးျပဳျပီး အိမ္မွာ အလြယ္တကူ မ်က္ႏွာေပါင္းတင္လို႔ ရမယ့္ နည္းလမ္းေတြကို ေ၀မွ်ေပးခ်င္ပါတယ္။

၁။ အသားအေရေျခာက္သူေတြအတြက္ သေဘၤာသီး Mask

ပါ၀င္ပစၥည္း – မွည့္ေနေသာ သေဘၤာသီး၊ မလိုင္ျပည့္ ႏြားႏို႔၊ ပ်ားရည္

ျပဳလုပ္ပံု – သေဘၤာသီးအမွည့္ကို ဇြန္းျဖင့္ ၄ဇြန္းေလာက္ ျခစ္ထုတ္ပါ။ ေၾကေအာင္ ေခ်ညက္ျပီးရင္ ႏြားႏို႔ ၂ဇြန္း၊ ပ်ားရည္ ၁ဇြန္း ေရာျပီး သမေအာင္ ေမႊေပးပါ။

အသံုးျပဳပံု – ရလာတဲ့ သေဘၤာသီးအႏွစ္ကို မ်က္ႏွာအႏွံ႔နဲ႔ လည္ပင္း၊ ဂုတ္သားေပၚမွာ သုတ္လိမ္းထားပါ။ ၁၅ မိနစ္ ၾကာေအာင္ အေအးခံျပီးရင္ ေရေအးေအးေလးနဲ႔ ေဆးေပးရံုပါပဲ။ တစ္ပတ္ကို တစ္ၾကိမ္ ကေန ၂ၾကိမ္ထိ အသံုးျပဳေပးရင္ ပိုေကာင္းပါတယ္။ ႏို႔ထြက္ပစၥည္းနဲ႔ ဓာတ္မတည့္သူေတြအတြက္ ႏြားႏုိ႔အစား ပ်ားရည္ ေနာက္ထပ္တစ္ဇြန္း ထပ္ထည့္ျပီး ေမႊေပးရင္ အဆင္ေျပပါတယ္။

အာနိသင္ – ေျခာက္ေသြ႕ေနတဲ့ အသားအေရကို အစိုဓာတ္ထိန္းေပးျပီး ႏူးည့ံေခ်ာေမြ႔ေစတယ္။ မ်က္ႏွာေပၚက အမည္းစက္နဲ႔ မွဲ႔ေျခာက္ေတြကို သန္႔စင္ေပးျပီး ျဖဴစင္၀င္းပလာေစတယ္။

၂။ ၀က္ျခံ၊ အဆီဖု၊ အဖုအပိမ့္ေတြ ေပ်ာက္ေစမယ့္ သေဘၤာသီး Mask

ပါ၀င္ပစၥည္း – မွည့္ေနေသာ သေဘၤာသီး၊ ပ်ားရည္၊ သံပရာရည္

ျပဳလုပ္ပံု – သေဘၤာသီး အမွည့္ ၄ဇြန္းကို အရင္ေခ်ထားေပးပါ။ ျပီးသြားရင္ ပ်ားရည္ တစ္ဇြန္း၊ သံပရာရည္ တစ္ဇြန္း ထည့္ျပီး သမေအာင္ ေမႊေပးပါ။

အသံုးျပဳပံု – ေသခ်ာေမႊထားတဲ့ သေဘၤာသီးအႏွစ္ကို မ်က္ႏွာနဲ႔ လည္ပင္းေပၚမွာ သုတ္လိမ္းေပးပါ။ ၁၀ မိနစ္မွ ၁၅မိနစ္ထိ အေျခာက္ခံျပီးသြားရင္ ေရေအးျဖင့္ ေသခ်ာေျပာင္စင္ေအာင္ ေဆးေၾကာေပးပါ။ ပိုေကာင္းတဲ့ အာနိသင္ကို ရရွိဖို႔ ၃-၄ရက္ တစ္ၾကိမ္ မ်က္ႏွာေပါင္းတင္ေပးရပါမယ္။

အာနိသင္ – ပ်ားရည္ဟာ မ်က္ႏွာအေရျပားကို အာဟာရျဖည့္တင္းေပးျပီး ႏုပ်ိဳလန္းဆန္းေစတယ္။ သေဘၤာသီးမွာ ပါ၀င္တဲ့ အင္ဇိုင္းနဲ႔ သံပရာရည္ဟာ ေခၽြးေပါက္ထဲမွာ ပိတ္မိေနတဲ့ ဖုန္မႈန္႔၊ အဆီေတြကို ဖယ္ရွားေပးျပီး ၀က္ျခံျဖစ္ေစတဲ့ ပိုးမႊားေတြကို ေသေစႏိုင္တယ္။

၃။ မ်က္ႏွာကို ေအးျမၾကည္လင္ေစတဲ့ သစ္သီး ၃မ်ိဳး Mask

ပါ၀င္ပစၥည္း – သေဘၤာသီး၊ သခြားသီး၊ ငွက္ေပ်ာသီး

ျပဳလုပ္ပံု – အေနေတာ္သခြားသီးကို တစ္၀က္စိတ္ျပီး ပါးပါးေလးလွီးထားပါ။ ၾကိတ္စက္ထဲမွာ သခြားသီးစိတ္၊ သေဘၤာသီး အမွည့္ ၂ဇြန္း၊ ငွက္ေပ်ာသီး အမွည့္ ၂ဇြန္း ေရာေမျပီး ေၾကညက္တဲ့အထိ ၾကိတ္ေပးပါ။

အသံုးျပဳပံု – ရလာတဲ့ သစ္သီးအႏွစ္ကို မ်က္ႏွာနဲ႔ လည္ပင္းေပၚမွာ သုတ္လိမ္းေပးပါ။ ၁၅ မိနစ္ေနရင္ ေရေႏြးနဲ႔ အရင္ေဆးေၾကာေပးပါ။ ေတာ္ေတာ္ေလး ေျပာင္သြားေတာ့မွ ေရေအးနဲ႔ အေခ်ာသတ္ ေဆးေၾကာေပးပါ။ တစ္ပတ္ကို တစ္ၾကိမ္ ပံုမွန္ မ်က္ႏွာေပါင္းတင္ေပးရပါမယ္။

အာနိသင္ – သခြားသီးဟာ အေရျပားကို ေရဓာတ္ျဖည့္တင္းေပးျပီး ေအးျမေစတယ္။ ငွက္ေပ်ာသီးရဲ႕ အဆီအႏွစ္ေၾကာင့္ အသားအေရကို ႏူးညံ့ေစျပီး အစိုဓာတ္ထိန္းေပးတယ္။ အေရးအေၾကာင္းေတြကို သက္သာေစျပီး တင္းရင္းသြားေစတယ္။ ေနေလာင္ခံအသားအေရ၊ နီရဲယားယံေနတာေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။

၄။ ေခၽြးေပါက္ေတြကို က်ဥ္းေစမယ့္ သေဘၤာသီး Mask

ပါ၀င္ပစၥည္း – သေဘၤာသီး အမွည့္၊ ၾကက္ဥ အကာတစ္လံုး

ျပဳလုပ္ပံု – အရင္ဆံုး သေဘၤာသီးအမွည့္ကို ၄ဇြန္းေလာက္ ၾကိတ္ေခ်ထားပါ။ ၾကက္ဥအကာကို အျမွဳပ္ထတဲ့အထိ ေခါက္ေပးပါ။ သေဘၤာသီးအႏွစ္ထဲကို ၾကက္ဥအျမွဳပ္ နည္းနည္းစီထည့္ျပီး ေမႊေပးပါ။

အသံုးျပဳပံု – ရလာတဲ့ အႏွစ္ကို မ်က္ႏွာနဲ႔ လည္ပင္းေပၚမွာ ႏွံ႔ေနေအာင္ လိမ္းျပီး အေျခာက္ခံထားပါ။ ၁၅မိနစ္ၾကာရင္ ေရနဲ႔ ေသခ်ာေျပာင္စင္ေအာင္ ေဆးေၾကာေပးပါ။ တစ္ပတ္ကို တစ္ၾကိမ္ အသံုးျပဳေပးရင္ လံုေလာက္ပါတယ္။

အာနိသင္ – ေခၽြးေပါက္က်ယ္တာကို သက္သာေစျပီး အမည္းစက္ေတြကို ေပ်ာက္ကင္းေစတယ္။ အေရးအေၾကာင္းေတြကို ေျပေလ်ာ့ေစျပီး တင္းတင္းရင္းရင္း ျဖစ္ေစပါတယ္။

၅။ အဆီျပန္ အသားအေရပိုင္ရွင္ေတြအတြက္ မ်က္ႏွာေပါင္းတင္နည္း

ပါ၀င္ပစၥည္း – သေဘၤာသီးအမွည့္၊ လိေမၼာ္သီးစိတ္

ျပဳလုပ္ပံု – လိေမၼာ္သီးစိတ္ ၅-၆စိတ္ကို လက္ျဖင့္ အရည္ညွစ္ထားပါ။ သေဘၤာသီးကို အေနေတာ္အတံုးေလး လွီးစိတ္ျပီးရင္ လိေမၼာ္ရည္ထဲ ထည့္စိမ္ထားပါ။

အသံုးျပဳပံု – ေသခ်ာစိမ္ထားတဲ့ သေဘၤာသီးစိတ္ကို မ်က္ႏွာေပၚမွာ တင္ထားလိုက္ပါ။ ၁၅ မိနစ္ခန္႔ ထားထားျပီးရင္ ေရေအးနဲ႔ ေျပာင္ေအာင္ ေဆးေၾကာလိုက္ပါ။ တစ္ပတ္ကို ၂ၾကိမ္ အသံုးေပးရပါမယ္။

အာနိသင္ – မ်က္ႏွာေပၚက မလိုအပ္တဲ့ အဆီပိုေတြကို ဖယ္ရွားေပးႏိုင္တယ္။ အသားအေရကို ၀င္းမြတ္ေတာက္ပေစတယ္။ အဆီျပန္မေနေတာ့တဲ့အတြက္ ၀က္ျခံျဖစ္ႏုိင္ေျခကို ေလ်ာ့နည္းေစတယ္။ မ်က္ႏွာေပၚက မွဲ႔ေျခာက္၊ အစက္အေပ်ာက္၊ အေရာင္မွိန္တာေတြကို သက္သာေစႏိုင္ပါတယ္။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

သင်္ဘောသီးမှာ ကိုယ်ခန္ဓာနဲ့ အသားအရေအတွက် အကျိုးဖြစ်စေတဲ့ အာဟာရဓာတ် များစွာပါဝင်တဲ့အပြင် အပြင်ပန်းအလှအပ အသားအရေထိန်းသိမ်းခြင်းဆိုင်ရာမှာ အသုံးများလာကြပါတယ်။ သင်္ဘောသီးမှာ အမျှင်ဓာတ်ပါဝင်မှုများလို့ အစာကြေ ရင်ချောင်စေတယ်။ ကိုယ်ခန္ဓာ သွယ်လျစေတယ်။ ကျန်းမာစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ နွေရာသီမှာ မျက်နှာအသားအရေ ခြောက်နေတဲ့ သူတွေ၊ အဆီပြန်ပြီး ဝက်ခြံတွေပေါက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် သင်္ဘောသီးကို အသုံးပြုပြီး အိမ်မှာ အလွယ်တကူ မျက်နှာပေါင်းတင်လို့ ရမယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

၁။ အသားအရေခြောက်သူတွေအတွက် သင်္ဘောသီး Mask

ပါဝင်ပစ္စည်း – မှည့်နေသော သင်္ဘောသီး၊ မလိုင်ပြည့် နွားနို့၊ ပျားရည်

ပြုလုပ်ပုံ – သင်္ဘောသီးအမှည့်ကို ဇွန်းဖြင့် ၄ဇွန်းလောက် ခြစ်ထုတ်ပါ။ ကြေအောင် ချေညက်ပြီးရင် နွားနို့ ၂ဇွန်း၊ ပျားရည် ၁ဇွန်း ရောပြီး သမအောင် မွှေပေးပါ။

အသုံးပြုပုံ – ရလာတဲ့ သင်္ဘောသီးအနှစ်ကို မျက်နှာအနှံ့နဲ့ လည်ပင်း၊ ဂုတ်သားပေါ်မှာ သုတ်လိမ်းထားပါ။ ၁၅ မိနစ် ကြာအောင် အအေးခံပြီးရင် ရေအေးအေးလေးနဲ့ ဆေးပေးရုံပါပဲ။ တစ်ပတ်ကို တစ်ကြိမ် ကနေ ၂ကြိမ်ထိ အသုံးပြုပေးရင် ပိုကောင်းပါတယ်။ နို့ထွက်ပစ္စည်းနဲ့ ဓာတ်မတည့်သူတွေအတွက် နွားနို့အစား ပျားရည် နောက်ထပ်တစ်ဇွန်း ထပ်ထည့်ပြီး မွှေပေးရင် အဆင်ပြေပါတယ်။

အာနိသင် – ခြောက်သွေ့နေတဲ့ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး နူးညံ့ချောမွေ့စေတယ်။ မျက်နှာပေါ်က အမည်းစက်နဲ့ မှဲ့ခြောက်တွေကို သန့်စင်ပေးပြီး ဖြူစင်ဝင်းပလာစေတယ်။

၂။ ဝက်ခြံ၊ အဆီဖု၊ အဖုအပိမ့်တွေ ပျောက်စေမယ့် သင်္ဘောသီး Mask

ပါဝင်ပစ္စည်း – မှည့်နေသော သင်္ဘောသီး၊ ပျားရည်၊ သံပရာရည်

ပြုလုပ်ပုံ – သင်္ဘောသီး အမှည့် ၄ဇွန်းကို အရင်ချေထားပေးပါ။ ပြီးသွားရင် ပျားရည် တစ်ဇွန်း၊ သံပရာရည် တစ်ဇွန်း ထည့်ပြီး သမအောင် မွှေပေးပါ။

အသုံးပြုပုံ – သေချာမွှေထားတဲ့ သင်္ဘောသီးအနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်မှ ၁၅မိနစ်ထိ အခြောက်ခံပြီးသွားရင် ရေအေးဖြင့် သေချာပြောင်စင်အောင် ဆေးကြောပေးပါ။ ပိုကောင်းတဲ့ အာနိသင်ကို ရရှိဖို့ ၃-၄ရက် တစ်ကြိမ် မျက်နှာပေါင်းတင်ပေးရပါမယ်။

အာနိသင် – ပျားရည်ဟာ မျက်နှာအရေပြားကို အာဟာရဖြည့်တင်းပေးပြီး နုပျိုလန်းဆန်းစေတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းနဲ့ သံပရာရည်ဟာ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ ဖုန်မှုန့်၊ အဆီတွေကို ဖယ်ရှားပေးပြီး ဝက်ခြံဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေနိုင်တယ်။

၃။ မျက်နှာကို အေးမြကြည်လင်စေတဲ့ သစ်သီး ၃မျိုး Mask

ပါဝင်ပစ္စည်း – သင်္ဘောသီး၊ သခွားသီး၊ ငှက်ပျောသီး

ပြုလုပ်ပုံ – အနေတော်သခွားသီးကို တစ်ဝက်စိတ်ပြီး ပါးပါးလေးလှီးထားပါ။ ကြိတ်စက်ထဲမှာ သခွားသီးစိတ်၊ သင်္ဘောသီး အမှည့် ၂ဇွန်း၊ ငှက်ပျောသီး အမှည့် ၂ဇွန်း ရောမေပြီး ကြေညက်တဲ့အထိ ကြိတ်ပေးပါ။

အသုံးပြုပုံ – ရလာတဲ့ သစ်သီးအနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်နေရင် ရေနွေးနဲ့ အရင်ဆေးကြောပေးပါ။ တော်တော်လေး ပြောင်သွားတော့မှ ရေအေးနဲ့ အချောသတ် ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ် ပုံမှန် မျက်နှာပေါင်းတင်ပေးရပါမယ်။

အာနိသင် – သခွားသီးဟာ အရေပြားကို ရေဓာတ်ဖြည့်တင်းပေးပြီး အေးမြစေတယ်။ ငှက်ပျောသီးရဲ့ အဆီအနှစ်ကြောင့် အသားအရေကို နူးညံ့စေပြီး အစိုဓာတ်ထိန်းပေးတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းသွားစေတယ်။ နေလောင်ခံအသားအရေ၊ နီရဲယားယံနေတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

၄။ ချွေးပေါက်တွေကို ကျဉ်းစေမယ့် သင်္ဘောသီး Mask

ပါဝင်ပစ္စည်း – သင်္ဘောသီး အမှည့်၊ ကြက်ဥ အကာတစ်လုံး

ပြုလုပ်ပုံ – အရင်ဆုံး သင်္ဘောသီးအမှည့်ကို ၄ဇွန်းလောက် ကြိတ်ချေထားပါ။ ကြက်ဥအကာကို အမြှုပ်ထတဲ့အထိ ခေါက်ပေးပါ။ သင်္ဘောသီးအနှစ်ထဲကို ကြက်ဥအမြှုပ် နည်းနည်းစီထည့်ပြီး မွှေပေးပါ။

အသုံးပြုပုံ – ရလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ နှံ့နေအောင် လိမ်းပြီး အခြောက်ခံထားပါ။ ၁၅မိနစ်ကြာရင် ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ် အသုံးပြုပေးရင် လုံလောက်ပါတယ်။

အာနိသင် – ချွေးပေါက်ကျယ်တာကို သက်သာစေပြီး အမည်းစက်တွေကို ပျောက်ကင်းစေတယ်။ အရေးအကြောင်းတွေကို ပြေလျော့စေပြီး တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။

၅။ အဆီပြန် အသားအရေပိုင်ရှင်တွေအတွက် မျက်နှာပေါင်းတင်နည်း

ပါဝင်ပစ္စည်း – သင်္ဘောသီးအမှည့်၊ လိမ္မော်သီးစိတ်

ပြုလုပ်ပုံ – လိမ္မော်သီးစိတ် ၅-၆စိတ်ကို လက်ဖြင့် အရည်ညှစ်ထားပါ။ သင်္ဘောသီးကို အနေတော်အတုံးလေး လှီးစိတ်ပြီးရင် လိမ္မော်ရည်ထဲ ထည့်စိမ်ထားပါ။

အသုံးပြုပုံ – သေချာစိမ်ထားတဲ့ သင်္ဘောသီးစိတ်ကို မျက်နှာပေါ်မှာ တင်ထားလိုက်ပါ။ ၁၅ မိနစ်ခန့် ထားထားပြီးရင် ရေအေးနဲ့ ပြောင်အောင် ဆေးကြောလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ် အသုံးပေးရပါမယ်။

အာနိသင် – မျက်နှာပေါ်က မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်တယ်။ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ အဆီပြန်မနေတော့တဲ့အတွက် ဝက်ခြံဖြစ်နိုင်ခြေကို လျော့နည်းစေတယ်။ မျက်နှာပေါ်က မှဲ့ခြောက်၊ အစက်အပျောက်၊ အရောင်မှိန်တာတွေကို သက်သာစေနိုင်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top