iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူေတြဆိုတာ တစ္ေန႔မွာ ေပါင္းစည္းခ်င္က်တာကေတာ့ ခ်စ္သူတိုင္းရဲ႕ ေမွ်ာ္လင့္ခ်က္ပါ။ ခ်စ္သူခ်င္းၾကားမွာ ရွိတဲ့ စိတ္ပိုင္းဆိုင္ရာ ရင္းႏွီးမႈေတြက ပိုတိုးလာမွသာ တစ္ေယာက္ရဲ႕ ျဖစ္တည္ျခင္းေၾကာင့္ က်န္တစ္ေယာင္က ျပည့္စံု လံုေလာက္တယ္ဆိုတဲ့ခံစားခ်က္ေတြ ပိုတိုးလာမွာပါ။ ခ်စ္သူဆိုတာက တစ္ေန႔ ေပါင္းစပ္မယ့္သူေတြဆိုတာေၾကာင့္ ရင္းႏွီးမႈေတြကို ေန႔စဥ္နဲ႔ အမွ်ပိုတိုးေအာင္ ျပဳလုပ္ေပးရမွာပဲ ျဖစ္ပါတယ္။ ဘာေတြကုိ ျပဳလုပ္ေပးရမလဲဆိုတာကေတာ့ အေရးႀကီးတာက အတူရွိတဲ့အခ်ိန္ေတြတိုင္းကို အက်ိဳးရွိရွိ အသံုးခ်တတ္ဖို႔ပဲ ျဖစ္ပါတယ္။

တရားထိုင္ပါ

အခုေခတ္မွာက အရာရာတိုင္းအတြက္ ႀကိဳးစားေနရလို႔ စိတ္ေမာေနတတ္ပါတယ္။ အလုပ္ အေၾကာင္း၊ စီးပြါးေရးအေၾကာင္း၊ မိသားစု အေၾကာင္းေတြေၾကာင့္ စိတ္ေတြ ရႈပ္ေထြးေနတတ္တဲ့အခ်ိန္မွာ ခ်စ္သူဆိုတာက အားေဆးတစ္ခြက္ ျဖစ္ေနဖို႔ အေရးႀကီးပါတယ္။ တရားထိုင္ပါဆိုလို႔ ခ်စ္သူခ်င္းေတြ႔တဲ့အခ်ိန္တိုင္း လာ ဘုရားသြားမယ္။ တရားထိုင္မယ္ ဆိုတာကို ေျပာတာမဟုတ္ပါဘူး။ တစ္ပတ္မွာ တစ္ရက္ေလာက္ေတာ့ အခ်ိန္ေပး စိတ္ကို တည္ၿငိမ္ေအးခ်မ္းေစမယ့္ အရာတစ္ခုကို ျပဳလုပ္ေပးဖို႔ပဲ ျဖစ္ပါတယ္။

အခ်ိန္ေပး စကားေျပာပါ

ႏွစ္ေယာက္တည္း ေအးေအးေဆးေဆး စကား ေျပာႏိုင္မယ့္ေနရာမွာ အခ်ိန္ေပး စကားေျပာပါ။ ေတြ႕လိုက္တဲ့အခ်ိန္တိုင္း ေလာေနတာနဲ႔ အခ်ိန္မေလာက္တာနဲ႔ ျဖစ္ေနတာမ်ိဳးထက္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ ပိုသိလာႏုိင္ေအာင္ အခ်ိန္ေပး စကားေျပာပါ။ အခ်ိန္မေလာက္တဲ့အခ်ိန္ စကားေျပာရတာက ေအးေဆး မျဖစ္ဘဲ လိုရင္းပဲ မေျပာမျဖစ္တာေတြကို အတိုခ်ဳန္းပဲ ေျပာျဖစ္မွာပါ။ အခ်ိန္ယူ စကားေျပာေပးတာက် အခ်င္းခ်င္း ခံစားခ်က္ေတြကုိ နားေထာင္ေပးဖို႔ အခြင့္အေရးပိုရလို႔ပါ။

သေဘာက်မိတဲ့အရာေတြအေၾကာင္းကို ခ်ေရးၿပီး ေပးပါ

ခ်စ္သူခ်င္းၾကားမွာ တစ္ေယာက္ကို တစ္ေယာက္ သေဘာက်တဲ့အရာေလးေတြ ရွိမွာပါ။ သူ႕ေၾကာင့္ ၾကည္ႏူးမႈကို ခံစားလိုက္ရတဲ့အခိုက္အတန္႔ေလးေတြအေၾကာင္းကို စာနဲ႔ေရးၿပီး ေပးလိုက္ပါ။ တခါတေလက် ဘာမွ မဟုတ္ေလာက္ပါဘူး။ ေသးေသးေလးေတြလို႔ ထင္ထားတဲ့အရာက တျခားသူအတြက္ေတာ့ အႀကီးႀကီး ျဖစ္သြားတတ္လို႔ပါ။

Credit: Marry

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ချစ်သူတွေဆိုတာ တစ်နေ့မှာ ပေါင်းစည်းချင်ကျတာကတော့ ချစ်သူတိုင်းရဲ့ မျှော်လင့်ချက်ပါ။ ချစ်သူချင်းကြားမှာ ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုတွေက ပိုတိုးလာမှသာ တစ်ယောက်ရဲ့ ဖြစ်တည်ခြင်းကြောင့် ကျန်တစ်ယောင်က ပြည့်စုံ လုံလောက်တယ်ဆိုတဲ့ခံစားချက်တွေ ပိုတိုးလာမှာပါ။ ချစ်သူဆိုတာက တစ်နေ့ ပေါင်းစပ်မယ့်သူတွေဆိုတာကြောင့် ရင်းနှီးမှုတွေကို နေ့စဉ်နဲ့ အမျှပိုတိုးအောင် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ဘာတွေကို ပြုလုပ်ပေးရမလဲဆိုတာကတော့ အရေးကြီးတာက အတူရှိတဲ့အချိန်တွေတိုင်းကို အကျိုးရှိရှိ အသုံးချတတ်ဖို့ပဲ ဖြစ်ပါတယ်။

တရားထိုင်ပါ

အခုခေတ်မှာက အရာရာတိုင်းအတွက် ကြိုးစားနေရလို့ စိတ်မောနေတတ်ပါတယ်။ အလုပ် အကြောင်း၊ စီးပွါးရေးအကြောင်း၊ မိသားစု အကြောင်းတွေကြောင့် စိတ်တွေ ရှုပ်ထွေးနေတတ်တဲ့အချိန်မှာ ချစ်သူဆိုတာက အားဆေးတစ်ခွက် ဖြစ်နေဖို့ အရေးကြီးပါတယ်။ တရားထိုင်ပါဆိုလို့ ချစ်သူချင်းတွေ့တဲ့အချိန်တိုင်း လာ ဘုရားသွားမယ်။ တရားထိုင်မယ် ဆိုတာကို ပြောတာမဟုတ်ပါဘူး။ တစ်ပတ်မှာ တစ်ရက်လောက်တော့ အချိန်ပေး စိတ်ကို တည်ငြိမ်အေးချမ်းစေမယ့် အရာတစ်ခုကို ပြုလုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

အချိန်ပေး စကားပြောပါ

နှစ်ယောက်တည်း အေးအေးဆေးဆေး စကား ပြောနိုင်မယ့်နေရာမှာ အချိန်ပေး စကားပြောပါ။ တွေ့လိုက်တဲ့အချိန်တိုင်း လောနေတာနဲ့ အချိန်မလောက်တာနဲ့ ဖြစ်နေတာမျိုးထက် တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာနိုင်အောင် အချိန်ပေး စကားပြောပါ။ အချိန်မလောက်တဲ့အချိန် စကားပြောရတာက အေးဆေး မဖြစ်ဘဲ လိုရင်းပဲ မပြောမဖြစ်တာတွေကို အတိုချုန်းပဲ ပြောဖြစ်မှာပါ။ အချိန်ယူ စကားပြောပေးတာကျ အချင်းချင်း ခံစားချက်တွေကို နားထောင်ပေးဖို့ အခွင့်အရေးပိုရလို့ပါ။

သဘောကျမိတဲ့အရာတွေအကြောင်းကို ချရေးပြီး ပေးပါ

ချစ်သူချင်းကြားမှာ တစ်ယောက်ကို တစ်ယောက် သဘောကျတဲ့အရာလေးတွေ ရှိမှာပါ။ သူ့ကြောင့် ကြည်နူးမှုကို ခံစားလိုက်ရတဲ့အခိုက်အတန့်လေးတွေအကြောင်းကို စာနဲ့ရေးပြီး ပေးလိုက်ပါ။ တခါတလေကျ ဘာမှ မဟုတ်လောက်ပါဘူး။ သေးသေးလေးတွေလို့ ထင်ထားတဲ့အရာက တခြားသူအတွက်တော့ အကြီးကြီး ဖြစ်သွားတတ်လို့ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top