iMyanmarHouse.com - Best Property Website for Myanmar
×


ဦးခင္လိႈင္ဟာ အနုပညာေလာကထဲမွာ သက္္တမ္းရင့္ဟာသသရုပ္ေဆာင္တစ္ဦးျဖစ္ျပီး ဟာသတင္မကပဲ က်တဲ့ေနရာကုိပီျပင္ေအာင္သရုပ္ေဆာင္နုိင္စြမ္းရွိတဲ့ သဘာဝမင္းသားၾကီးလည္းျဖစ္ပါတယ္။ ခင္လိႈင္ကုိ အားေပးတဲ့ပရိသတ္ေတြကလည္း ျမန္မာတစ္နုိင္ငံလံုးသာမက အိမ္နီးခ်င္းနုိင္ငံေတြမွာပါ အေျမာက္အမ်ားရွိေနတာလည္းျဖစ္ပါတယ္။ မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ခင္လိႈင္က Line Walker 2 ဇာတ္ကားနဲ႔ ျမန္မာကားေတြကုိ နုိႈင္းယွဥ္ေဝဖန္ျပသြားခဲ့ျပီး ျမန္မာဇာတ္ကားေတြရိုက္ရာမွာၾကံဳေတြ႕ရတဲ့အခက္အခဲေတြကုိလည္း စာနာဖြယ္ရွင္းျပသြားပါတယ္။

ျမန္မာနိုင္ငံမွာ Line Walker 2 လာရိုက္တဲ့အေပၚ သေဘာထားကို ခင္လိႈင္က “ကြ်န္ေတာ္တုိ႔နုိင္ငံကုိ စိတ္ဝင္စားျပီးလာရို္က္တယ္ဆိုကတည္းက ကြ်န္ေတာ္တို႔နုိင္ငံကုိ တျဖည္းျဖည္းနဲ႔ေတာ့ သိလာၾကျပီေပါ့ဗ်ာ။ ဟုိတုန္းကဆို နုိင္ငံျခားသြားလို႔ွရွိရင္ ျမန္မာဆို ဘယ္နားမွာလဲလို႔ေမးၾကတာ။ အဲ့ဒါဆို ကြ်န္ေတာ္တို႔က near Thailand လို႔ေျပာၾကတာ။ ထိုင္းနုိင္ငံနဲ႔နီးပါတယ္ေပါ့။ အခုေတာ့ ဒီလုိေတာင္မွ ကမၻာေက်ာ္တဲ့ကားက လာရိုက္တယ္ဆိုေတာ့ ကြ်န္ေတာ္တို႔ျမန္မာကုိ တျဖည္းျဖည္းနဲ႔ ကမၻာက စိတ္ဝင္စားလာျပီဆိုေတာ့ ကြ်န္ေတာ္တို႔နုိင္ငံအတြက္ ေကာင္းတဲ့အေျခအေနလကၡဏာေပါ့ေနာ္”လို႔ ေျပာထားပါတယ္။


Line Walker 2 လိုမ်ိဳး ျမန္မာကားေတြေပၚထြက္လာဖို႔ေတာ့ မလြယ္ေၾကာင္း “ကြ်န္ေတာ္တို႔မွာ ကားလမ္းျဖတ္ကူးတဲ့အခန္းရိုက္ဖို႔ေတာင္မွ တကယ္မလြယ္ပါဘူး။ သူတို႔အတိုင္းအတာကြ်န္ေတာ္တို႔ျဖစ္ဖုိ႔က အမ်ားၾကီးၾကိဳးစားရဦးမွာေလ။ ေနာက္ျပီးေတာ့ သူတို႔မွာ Team က အမ်ားၾကီးပဲဗ်။ ကြ်န္ေတာ္တို႔မွာဆို ဒါရိုက္တာတစ္ဦးပဲ ဦးေဆာင္ေနရတာေလ။ ဇာတ္ညႊန္းဆိုရင္လည္း ဒါရိုက္တာမၾကိဳက္တဲ့အေပၚမူတည္ျပီး ျပန္ျပင္ၾကရတာ”လို႔ သံုးသပ္ျပထားပါတယ္။

ျမန္မာဇာတ္ကားေတြနဲ႔ Line Walker 2 နဲ႔ကေတာ့ မတူနုိင္ဘူးဆိုတာကို ဟမ္ဘာဂါနဲ႔ မုန္႔ဟင္းခါးဘယ္တူမလဲလို႔ ဥပမာျပေျပာထားပါေသးတယ္။ “ဒါကေတာ့ဗ်ာ ဟမ္ဘာဂါနဲ႔ မုန္႔ဟင္းခါးနဲ႔ေတာ့ မဆိုင္ဘူးေလဗ်ာ။ မုန္႔ဟင္းခါးက မုန္႔ဟင္းခါးေပါ့ ဟမ္ဘာဂါကဟမ္ဘာဂါေပါ့.. သူတို႔မွာ Art Director ေတြဘာေတြနဲ႔ setting ဆိုလည္း ျပင္ဆင္ျပီးသားဗ်ာ အကုန္လံုးက perfect ။ ကြ်န္ေတာ္္တို႔ဆီမွာက setting သမားက ဟုိဟာေလးလုပ္တတ္ဒီဟာေလးလုပ္တတ္တဲ့လူကိုေခၚျပီးေတာ့ ေဟ့ေရာင္ ငါ့ကုိ ကုတင္ေလးရိုက္ထားေပးေနာ္။ငါျပီးရင္ ကုတင္ခန္းလာရိုက္မွာ ဆိုတာမ်ိဳးနဲ႔ေတာ့ မတူဘူးေပါ့ဗ်ာ”လို႔ ရွင္းျပထားပါတယ္။


ဒါ့အျပင္ အခုလက္ရွိျမန္မာဇာတ္ကားေတြမွာၾကံဳေနရတဲ့ျပႆနာေတြကုိလည္း “အခ်ိန္ကအခက္ေတြ႕ေနတာပါ။ အခ်ိန္ဆိုတာေငြေပါ့။ သရုပ္ေဆာင္တစ္ေယာက္ရဲ႕အခ်ိန္ကုိေငြနဲ႔ဝယ္ရတယ္။ ရႈတင္တစ္ရက္တိုးလာတာနဲ႔ တစ္ရက္စာစားရိတ္က ထပ္တက္လာတာကိုး။ ကြ်န္ေတာ္တို႔လည္း မကူးခ်င္ပါဘူး တစ္ကားဆိုတစ္ကားေအးေအးေဆးေဆးရိုက္ခ်င္ပါတယ္။ မုတ္ဆိတ္ေမႊးေတြရွည္လာတဲ့အထိေစာင့္မယ္။ ဆံပင္အရွည္ၾကီးေျခာက္လေလာက္ထားလိုက္မယ္။ ရုပ္ရွင္ရိုက္မွ ရုပ္ရွင္ထဲမွာဆံပင္ကို ကတ္ေၾကးနဲ႔ညွပ္မယ္။ ကြ်န္ေတာ္ဆံပင္အတုၾကီးစြပ္ေနရတာ ဘယ္ၾကည့္ေကာင္းမလဲဗ်ာ။ ကြ်န္ေတာ္တို႔လည္းသိပါတယ္။

ဒါေပမယ့္ ဒီတစ္ကားမျပီးေသးရင္ နႈတ္ခမ္းေမႊးရိတ္လို႔မရ ေနာက္တစ္ကားမွာ တကၠသိုလ္ေက်ာင္းသားက နႈတ္ခမ္းေမႊးၾကီးနဲ႔ျဖစ္ေနမယ္ ဘဝေတြက အဲဒီလိုျဖစ္ေနတာ။ ကြ်န္ေတာ္တုိ႔လည္း အဲလုိဘယ္ျဖစ္ခ်င္ပါ့မလဲ” လို႔ ရင္ဖြင့္ထားပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဦးခင္လိႈင္ကုိအားေပးၾကလား။ ဦးခင္လိႈင္ေျပာသြားတဲ့ ျမန္မာဇာတ္ကားေတြရဲ႕အခက္အခဲကုိဘယ္လုိေျဖရွင္းရမယ္လို႔ထင္လဲ။ေျပာခဲ့ၾကပါဦး။


Credit: Can’t Wait To Say

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဦးခင်လှိုင်ဟာ အနုပညာလောကထဲမှာ သက်တမ်းရင့်ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဟာသတင်မကပဲ ကျတဲ့နေရာကိုပီပြင်အောင်သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ သဘာဝမင်းသားကြီးလည်းဖြစ်ပါတယ်။ ခင်လှိုင်ကို အားပေးတဲ့ပရိသတ်တွေကလည်း မြန်မာတစ်နိုင်ငံလုံးသာမက အိမ်နီးချင်းနိုင်ငံတွေမှာပါ အမြောက်အများရှိနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ခင်လှိုင်က Line Walker 2 ဇာတ်ကားနဲ့ မြန်မာကားတွေကို နိုှုင်းယှဉ်ဝေဖန်ပြသွားခဲ့ပြီး မြန်မာဇာတ်ကားတွေရိုက်ရာမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်း စာနာဖွယ်ရှင်းပြသွားပါတယ်။


မြန်မာနိုင်ငံမှာ Line Walker 2 လာရိုက်တဲ့အပေါ် သဘောထားကို ခင်လှိုင်က “ကျွန်တော်တို့နိုင်ငံကို စိတ်ဝင်စားပြီးလာရိုက်တယ်ဆိုကတည်းက ကျွန်တော်တို့နိုင်ငံကို တဖြည်းဖြည်းနဲ့တော့ သိလာကြပြီပေါ့ဗျာ။ ဟိုတုန်းကဆို နိုင်ငံခြားသွားလို့ှရှိရင် မြန်မာဆို ဘယ်နားမှာလဲလို့မေးကြတာ။ အဲ့ဒါဆို ကျွန်တော်တို့က near Thailand လို့ပြောကြတာ။ ထိုင်းနိုင်ငံနဲ့နီးပါတယ်ပေါ့။ အခုတော့ ဒီလိုတောင်မှ ကမ္ဘာကျော်တဲ့ကားက လာရိုက်တယ်ဆိုတော့ ကျွန်တော်တို့မြန်မာကို တဖြည်းဖြည်းနဲ့ ကမ္ဘာက စိတ်ဝင်စားလာပြီဆိုတော့ ကျွန်တော်တို့နိုင်ငံအတွက် ကောင်းတဲ့အခြေအနေလက္ခဏာပေါ့နော်”လို့ ပြောထားပါတယ်။

Line Walker 2 လိုမျိုး မြန်မာကားတွေပေါ်ထွက်လာဖို့တော့ မလွယ်ကြောင်း “ကျွန်တော်တို့မှာ ကားလမ်းဖြတ်ကူးတဲ့အခန်းရိုက်ဖို့တောင်မှ တကယ်မလွယ်ပါဘူး။ သူတို့အတိုင်းအတာကျွန်တော်တို့ဖြစ်ဖို့က အများကြီးကြိုးစားရဦးမှာလေ။ နောက်ပြီးတော့ သူတို့မှာ Team က အများကြီးပဲဗျ။ ကျွန်တော်တို့မှာဆို ဒါရိုက်တာတစ်ဦးပဲ ဦးဆောင်နေရတာလေ။ ဇာတ်ညွှန်းဆိုရင်လည်း ဒါရိုက်တာမကြိုက်တဲ့အပေါ်မူတည်ပြီး ပြန်ပြင်ကြရတာ”လို့ သုံးသပ်ပြထားပါတယ်။


မြန်မာဇာတ်ကားတွေနဲ့ Line Walker 2 နဲ့ကတော့ မတူနိုင်ဘူးဆိုတာကို ဟမ်ဘာဂါနဲ့ မုန့်ဟင်းခါးဘယ်တူမလဲလို့ ဥပမာပြပြောထားပါသေးတယ်။ “ဒါကတော့ဗျာ ဟမ်ဘာဂါနဲ့ မုန့်ဟင်းခါးနဲ့တော့ မဆိုင်ဘူးလေဗျာ။ မုန့်ဟင်းခါးက မုန့်ဟင်းခါးပေါ့ ဟမ်ဘာဂါကဟမ်ဘာဂါပေါ့.. သူတို့မှာ Art Director တွေဘာတွေနဲ့ setting ဆိုလည်း ပြင်ဆင်ပြီးသားဗျာ အကုန်လုံးက perfect ။ ကျွန်တော်တို့ဆီမှာက setting သမားက ဟိုဟာလေးလုပ်တတ်ဒီဟာလေးလုပ်တတ်တဲ့လူကိုခေါ်ပြီးတော့ ဟေ့ရောင် ငါ့ကို ကုတင်လေးရိုက်ထားပေးနော်။ငါပြီးရင် ကုတင်ခန်းလာရိုက်မှာ ဆိုတာမျိုးနဲ့တော့ မတူဘူးပေါ့ဗျာ”လို့ ရှင်းပြထားပါတယ်။

ဒါ့အပြင် အခုလက်ရှိမြန်မာဇာတ်ကားတွေမှာကြုံနေရတဲ့ပြဿနာတွေကိုလည်း “အချိန်ကအခက်တွေ့နေတာပါ။ အချိန်ဆိုတာငွေပေါ့။ သရုပ်ဆောင်တစ်ယောက်ရဲ့အချိန်ကိုငွေနဲ့ဝယ်ရတယ်။ ရှုတင်တစ်ရက်တိုးလာတာနဲ့ တစ်ရက်စာစားရိတ်က ထပ်တက်လာတာကိုး။ ကျွန်တော်တို့လည်း မကူးချင်ပါဘူး တစ်ကားဆိုတစ်ကားအေးအေးဆေးဆေးရိုက်ချင်ပါတယ်။ မုတ်ဆိတ်မွှေးတွေရှည်လာတဲ့အထိစောင့်မယ်။ ဆံပင်အရှည်ကြီးခြောက်လလောက်ထားလိုက်မယ်။ ရုပ်ရှင်ရိုက်မှ ရုပ်ရှင်ထဲမှာဆံပင်ကို ကတ်ကြေးနဲ့ညှပ်မယ်။ ကျွန်တော်ဆံပင်အတုကြီးစွပ်နေရတာ ဘယ်ကြည့်ကောင်းမလဲဗျာ။ ကျွန်တော်တို့လည်းသိပါတယ်။ 


ဒါပေမယ့် ဒီတစ်ကားမပြီးသေးရင် နှုတ်ခမ်းမွှေးရိတ်လို့မရ နောက်တစ်ကားမှာ တက္ကသိုလ်ကျောင်းသားက နှုတ်ခမ်းမွှေးကြီးနဲ့ဖြစ်နေမယ် ဘဝတွေက အဲဒီလိုဖြစ်နေတာ။ ကျွန်တော်တို့လည်း အဲလိုဘယ်ဖြစ်ချင်ပါ့မလဲ” လို့ ရင်ဖွင့်ထားပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဦးခင်လှိုင်ကိုအားပေးကြလား။ ဦးခင်လှိုင်ပြောသွားတဲ့ မြန်မာဇာတ်ကားတွေရဲ့အခက်အခဲကိုဘယ်လိုဖြေရှင်းရမယ်လို့ထင်လဲ။ပြောခဲ့ကြပါဦး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top