iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြဟာ အျမဲ ေနပူထဲ သြားလာျပီး အလုပ္လုပ္ေနရတာ၊ အားကစား၊ ေလ့က်င့္ခန္း အျပင္းအထန္ လုပ္ေနရတာ ေၾကာင့္ အမ်ိဳးသမီးေတြထက္ ပိုျပီး ေခၽြးထြက္ပါတယ္။ အက်ီၤ၊ ေဘာင္းဘီေတြကေတာ့ တစ္ၾကိမ္ထက္ ပိုျပီး ၀တ္ဆင္တာ ျပႆနာ သိပ္မရွိေပမယ့္ အတြင္းခံေဘာင္းဘီေတြကိုေတာ့ အျမဲ လဲေပးဖို႔ လိုအပ္ပါတယ္။ က်န္တဲ့ ေနရာေတြထက္ ခ်ိဳင္းၾကား၊ ေပါင္ျခံေနရာေတြဟာ ပိုျပီး ေခၽြးထြက္မ်ားျပီး အ၀တ္အစားနဲ႔ အျမဲထိကပ္ေနတာေၾကာင့္ ေခၽြးနံ႔အျပင္ ဘက္တီးရီးယားပိုးမ်ားစြာ ခိုေအာင္းေနတတ္ပါတယ္။

အတြင္းခံေဘာင္းဘီကို ပံုမွန္မေလွ်ာ္တဲ့အခါ ဘာေတြ ျဖစ္ႏိုင္လဲ။

တစ္ကိုယ္ေရသန္႔ရွင္းမႈ နည္းတဲ့ အမ်ိဳးသားေတြဟာ အတြင္းခံေဘာင္းဘီကို ၾကိမ္ဖန္မ်ားစြာ ၀တ္ဆင္ျပီးမွ ေလွ်ာ္ဖြပ္ တတ္ပါတယ္။ ဒါဟာ အေရျပားနဲ႔ လိင္တံက်န္းမာေရးအတြက္လည္း မေကာင္းတဲ့အျပင္ အနံ႔အသက္ဆိုးေတြ ျဖစ္ေစႏိုင္ တဲ့ အဓိကတရားခံပါပဲ။ ဒါေၾကာင့္ တည္ၾကည္ခန္႔ညားျပီး ဆြဲေဆာင္မႈရွိတဲ့ ေယာက္်ားသားေတြ ျဖစ္ဖို႔ အတြင္းခံေဘာင္းဘီ ကို အျပင္က ျပန္လာတာနဲ႔ ေလွ်ာ္ဖြပ္တာဟာ အေကာင္းဆံုးပါ။

၁။ အနံ႔အသက္အလြန္ဆိုးရြားမယ္။

အမ်ိဳးသားတိုင္း သိၾကမွာပါ။ အတြင္းခံေဘာင္းဘီကို တစ္ရက္ေလာက္ မေလွ်ာ္ပဲ ေနာက္တစ္ခါ ျပန္၀တ္တဲ့အခါ အနံ႔အသက္က ေအာင့္သက္သက္ႏိုင္ပါတယ္။ ၀တ္ျပီးသား အတြင္းခံေဘာင္းဘီကို ေနာက္တစ္ၾကိမ္ ထပ္၀တ္လို႔ ဘာေကာင္းက်ိဳးမွ မရႏိုင္တဲ့အျပင္ ကိုယ့္ရဲ႕ လိင္တံကိုလည္း ဒီအနံ႔ေတြ စြဲကပ္ႏိုင္ပါတယ္။

၂။ အေရျပားျပႆနာျဖစ္ႏိုင္တယ္။

ေပါင္ျခံတစ္၀ိုက္ဟာ အမ်ိဳးသားေတြအတြက္ ေခၽြးနဲ႔ အနံ႔ဆိုးေတြ အထြက္ဆံုးေနရာျဖစ္တဲ့အျပင္ ဘက္တီးရီးယား ပိုးမႊားေတြအတြက္ ခိုေအာင္းရာ ေနရာလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ အားကစားလုပ္သူေတြ၊ ေလ့က်င့္ခန္းလုပ္သူေတြ၊ အျမဲလႈပ္ရွားသြားလာေနရတဲ့ အမ်ိဳးသားေတြမွာ ပိုျပီးေတာင္ ဆိုးႏိုင္ပါတယ္။ ဒီလို ေခၽြးေတြနဲ႔ အျမဲစိုစြတ္ေနတဲ့ အတြင္းခံ ေဘာင္းဘီကို မေလွ်ာ္ပဲ ထားထားတဲ့အခါ ဘက္တီးရီးယားပိုးေတြ ပိုပြားမ်ားလာႏိုင္ျပီး ေပြး၊ ၀ဲ အစရွိတဲ့ မႈိေၾကာင့္ျဖစ္တဲ့ အေရျပားေရာဂါေတြ ျဖစ္လာမွာပါ။

၃။ ေစးကပ္ကပ္ျဖစ္ျပီး မႈိတက္ႏိုင္တယ္။

တစ္ခါတေလ ဘာမွမေတြးေနတဲ့အခ်ိန္မွာေတာင္ လိင္တံဟာ သူ႔အလိုလို ေထာင္မတ္ေနတတ္တာ၊ လိင္စိတ္ထၾကြ ေနတဲ့အခ်ိန္ဆိုရင္ သုက္ရည္ၾကည္ (Pre-cum) ေလးေတြ ထြက္တတ္တာ အမ်ိဳးသားတိုင္းလည္း ၾကံဳဖူးမွာပါ။ ဆီးသြားျပီး တဲ့အခ်ိန္ လိင္တံထိပ္မွာ က်န္ေနခဲ့တဲ့ ဆီးစက္ေတြေၾကာင့္ ၾကာလာတဲ့အခါ အတြင္းခံေဘာင္းဘီဟာ ေစးကပ္ကပ္ ျဖစ္ႏိုင္ပါတယ္။ မေလွ်ာ္ဖြပ္ပဲ ဒီအတိုင္းထားထားလိုက္တဲ့အခါ အတြင္းခံေဘာင္းဘီမွာ ဘက္တီးရီးယားေတြ ပိုေပါက္ဖြား ႏိုင္တဲ့အျပင္ ဖားဥေတြစြဲျပီး မႈိတက္ႏိုင္ပါတယ္။

၄။ ၀က္ျခံနဲ႔ အဖုအပိမ့္ေတြ ပိုေပါက္လာႏိုင္ပါတယ္။

မ်က္ႏွာကို ေသခ်ာမသန္႔ရွင္းတဲ့အခါ အဖုအပိမ့္ေတြ ထြက္လာသလိုပါပဲ။ သန္႔ရွင္းမႈမရွိတဲ့  အတြင္းခံေဘာင္းဘီကို ၀တ္ဆင္တဲ့အခါ လိင္တံ၊ တင္ပါးတစ္၀ိုက္ အေရျပားမွာ ၀က္ျခံ၊ အဖုအပိမ့္ေတြအျပင္ ေပြး၊ ၀ဲ၊ ညွင္း အစရွိတဲ့ အေရျပား ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။

အတြင္းခံေဘာင္းဘီကို သန္႔ရွင္းေရးလုပ္ရာမွာ ဘာေတြ သိထားသင့္လဲ။

၁။ အားကစား၊ ေလ့က်င့္ခန္းလုပ္ျပီးတိုင္း အတြင္းခံကို လဲပါ။

၂။ တစ္ေန႔ ၀တ္တဲ့ အတြင္းခံေဘာင္းဘီကို အျပင္ကေန ျပန္ေရာက္တာနဲ႔ လဲပါ။

၃။ တစ္ႏွစ္ျပည့္တိုင္း အတြင္းခံေဘာင္းဘီအေဟာင္းေတြကို ပစ္ပါ။

၄။ ကပ္ေစးေစး ျဖစ္ေနတဲ့ အတြင္းခံေဘာင္းဘီေတြကို အျမဲေလွ်ာ္ဖြပ္ပါ။

၅။ ကိုယ္နဲ႔ လိုက္ဖက္ညီျပီး ေလ၀င္ေလထြက္ေကာင္းမယ့္ အတြင္းခံေဘာင္းဘီေတြကို တစ္လတစ္ၾကိမ္ျဖစ္ျဖစ္ ၀ယ္ပါ။

Credit:  Hellosayarwon

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလုံးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အမျိုးသားတွေဟာ အမြဲ နေပူထဲ သွားလာပြီး အလုပ်လုပ်နေရတာ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရတာ ကြောင့် အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်ပါတယ်။ အကျီၤ၊ ဘောင်းဘီတွေကတော့ တစ်ကြိမ်ထက် ပိုပြီး ဝတ်ဆင်တာ ပြဿနာ သိပ်မရှိပေမယ့် အတွင်းခံဘောင်းဘီတွေကိုတော့ အမြဲ လဲပေးဖို့ လိုအပ်ပါတယ်။ ကျန်တဲ့ နေရာတွေထက် ချိုင်းကြား၊ ပေါင်ခြံနေရာတွေဟာ ပိုပြီး ချွေးထွက်များပြီး အဝတ်အစားနဲ့ အမြဲထိကပ်နေတာကြောင့် ချွေးနံ့အပြင် ဘက်တီးရီးယားပိုးများစွာ ခိုအောင်းနေတတ်ပါတယ်။

အတွင်းခံဘောင်းဘီကို ပုံမှန်မလျှော်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။

တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့ အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီကို ကြိမ်ဖန်များစွာ ဝတ်ဆင်ပြီးမှ လျှော်ဖွပ် တတ်ပါတယ်။ ဒါဟာ အရေပြားနဲ့ လိင်တံကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင် အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင် တဲ့ အဓိကတရားခံပါပဲ။ ဒါကြောင့် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားသားတွေ ဖြစ်ဖို့ အတွင်းခံဘောင်းဘီ ကို အပြင်က ပြန်လာတာနဲ့ လျှော်ဖွပ်တာဟာ အကောင်းဆုံးပါ။

၁။ အနံ့အသက်အလွန်ဆိုးရွားမယ်။

အမျိုးသားတိုင်း သိကြမှာပါ။ အတွင်းခံဘောင်းဘီကို တစ်ရက်လောက် မလျှော်ပဲ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အနံ့အသက်က အောင့်သက်သက်နိုင်ပါတယ်။ ဝတ်ပြီးသား အတွင်းခံဘောင်းဘီကို နောက်တစ်ကြိမ် ထပ်ဝတ်လို့ ဘာကောင်းကျိုးမှ မရနိုင်တဲ့အပြင် ကိုယ့်ရဲ့ လိင်တံကိုလည်း ဒီအနံ့တွေ စွဲကပ်နိုင်ပါတယ်။

၂။ အရေပြားပြဿနာဖြစ်နိုင်တယ်။

ပေါင်ခြံတစ်ဝိုက်ဟာ အမျိုးသားတွေအတွက် ချွေးနဲ့ အနံ့ဆိုးတွေ အထွက်ဆုံးနေရာဖြစ်တဲ့အပြင် ဘက်တီးရီးယား ပိုးမွှားတွေအတွက် ခိုအောင်းရာ နေရာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားလုပ်သူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေ၊ အမြဲလှုပ်ရှားသွားလာနေရတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဆိုးနိုင်ပါတယ်။ ဒီလို ချွေးတွေနဲ့ အမြဲစိုစွတ်နေတဲ့ အတွင်းခံ ဘောင်းဘီကို မလျှော်ပဲ ထားထားတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပိုပွားများလာနိုင်ပြီး ပွေး၊ ဝဲ အစရှိတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ဖြစ်လာမှာပါ။

၃။ စေးကပ်ကပ်ဖြစ်ပြီး မှိုတက်နိုင်တယ်။

တစ်ခါတလေ ဘာမှမတွေးနေတဲ့အချိန်မှာတောင် လိင်တံဟာ သူ့အလိုလို ထောင်မတ်နေတတ်တာ၊ လိင်စိတ်ထကြွ နေတဲ့အချိန်ဆိုရင် သုက်ရည်ကြည် (Pre-cum) လေးတွေ ထွက်တတ်တာ အမျိုးသားတိုင်းလည်း ကြုံဖူးမှာပါ။ ဆီးသွားပြီး တဲ့အချိန် လိင်တံထိပ်မှာ ကျန်နေခဲ့တဲ့ ဆီးစက်တွေကြောင့် ကြာလာတဲ့အခါ အတွင်းခံဘောင်းဘီဟာ စေးကပ်ကပ် ဖြစ်နိုင်ပါတယ်။ မလျှော်ဖွပ်ပဲ ဒီအတိုင်းထားထားလိုက်တဲ့အခါ အတွင်းခံဘောင်းဘီမှာ ဘက်တီးရီးယားတွေ ပိုပေါက်ဖွား နိုင်တဲ့အပြင် ဖားဥတွေစွဲပြီး မှိုတက်နိုင်ပါတယ်။

၄။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ပိုပေါက်လာနိုင်ပါတယ်။

မျက်နှာကို သေချာမသန့်ရှင်းတဲ့အခါ အဖုအပိမ့်တွေ ထွက်လာသလိုပါပဲ။ သန့်ရှင်းမှုမရှိတဲ့  အတွင်းခံဘောင်းဘီကို ဝတ်ဆင်တဲ့အခါ လိင်တံ၊ တင်ပါးတစ်ဝိုက် အရေပြားမှာ ဝက်ခြံ၊ အဖုအပိမ့်တွေအပြင် ပွေး၊ ဝဲ၊ ညှင်း အစရှိတဲ့ အရေပြား ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အတွင်းခံဘောင်းဘီကို သန့်ရှင်းရေးလုပ်ရာမှာ ဘာတွေ သိထားသင့်လဲ။

၁။ အားကစား၊ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အတွင်းခံကို လဲပါ။

၂။ တစ်နေ့ ဝတ်တဲ့ အတွင်းခံဘောင်းဘီကို အပြင်ကနေ ပြန်ရောက်တာနဲ့ လဲပါ။

၃။ တစ်နှစ်ပြည့်တိုင်း အတွင်းခံဘောင်းဘီအဟောင်းတွေကို ပစ်ပါ။

၄။ ကပ်စေးစေး ဖြစ်နေတဲ့ အတွင်းခံဘောင်းဘီတွေကို အမြဲလျှော်ဖွပ်ပါ။

၅။ ကိုယ်နဲ့ လိုက်ဖက်ညီပြီး လေဝင်လေထွက်ကောင်းမယ့် အတွင်းခံဘောင်းဘီတွေကို တစ်လတစ်ကြိမ်ဖြစ်ဖြစ် ဝယ်ပါ။

Credit:  Hellosayarwon

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top