iMyanmarHouse.com - Best Property Website for Myanmar
×





ချစ်သာ ချစ်ပါ







တန်ဖိုးမဲ့လာပါတယ်








Credit: Marry

ချစ်ရေးချစ်ရာ


#Unicode Version# ဖြင့်ဖတ်ပါ ။

အချစ်ဆိုတာကတော့ ဆန်းကြယ်လွန်းတဲ့အရာလို့ ဆိုရမှာပါ။ အချစ်ဆိုတာ ဘာလဲ ဆိုတာကို လူတိုင်းက အဓိပ္ပါယ် အမျိုးမျိုးနဲ့ ဖွင့်ဆို တတ်ပါတယ်။

အရာတိုင်းမှာ သတ်မှတ်ထားတဲ့ အကောင်းဆုံးအရာဆိုတာ ရှိပါတယ်။ တော်သင့်သလောက် ပမာဏနဲ့ ညီတူမျှတူ ဟန်ချက်ညီနေတာမျိုးကတော့ ကြည်နူးစရာ အချိန်လေးတွေဆီကို ခေါ်ဆောင်သွားနိုင်ပါတယ်။

ချစ်သူတွေကြားက ချစ်ခြင်းတွေကလည်း ဒီအတိုင်းပါပဲ။ ဘယ်လောက်ပဲ ချစ်တဲ့ချစ်သူတွေ ဖြစ်နေပါစေ လိုတာထက် ပိုချစ်မိရင် တန်ဖိုးမဲ့လာတတ်တာကို ဆင်ခြင်ပါနော်။

သိပ်ချစ်တဲ့ ချစ်သူတွေကြားက တိုက်ဆိုင်မှုလေးတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ဖတ်ကြည့်ပေးပါဦး။

ချစ်သာ ချစ်ပါ

အချစ်ဆိုတာကတော့ ဆန်းကြယ်လွန်းတဲ့အရာလို့ ဆိုရမှာပါ။ အချစ်ဆိုတာ ဘာလဲ ဆိုတာကို လူတိုင်းက အဓိပ္ပါယ် အမျိုးမျိုးနဲ့ ဖွင့်ဆို တတ်ပါတယ်။

တကယ့်အချစ်ဆိုတာ ဘာလဲဆိုတာကတော့ အခုချိန်ထိကို လူတစ်ယောက်နဲ့ တစ်ယောက် လက်ခံထားပုံခြင်း မတူညီဘဲ ဖြစ်နေတုန်းပါပဲ။

အချစ်ဆိုတာအတွက် Marry ကတော့ ချစ်သာ ချစ်ပါလို့ အကြံပြုချင်ပါတယ်။

အချစ်ဆိုတာ ချစ်တယ် ဆိုတဲ့အတိုင်းပဲ ထားလိုက်ရင် သာယာ ကြည်နူးစရာကောင်းသလောက် အချစ်မှာ တစ်ခုခု ပိုတိုးလာရင်တော့ ခံစားရလာပါတယ်။

သိပ်ရစ်တတ်တဲ့ ချစ်သူဆိုတာ ပိုချစ်တာ ခံချင်လို့ ရစ်တာတွေ ဖြစ်လာနိုင်သလို သဝန်တိုတာတွေလည်း ဖြစ်လာတတ်ပါတယ်။

ချစ်သူတွေကြားက ချစ်ခြင်းကို တန်ဖိုးထားပါ

တန်ဖိုးမဲ့လာပါတယ်

သိပ်ချစ်တတ်တဲ့သူတွေမှာ အားနည်းချက် တစ်ခု ရှိပါတယ်။ ကိုယ်ချစ်တဲ့ သူအတွက်ဆိုရင် ဘာနေနေ ကိုယ်က အလျှော့ပေးလိုက်မယ်။

နှစ်ယောက်သားကြားက ကတောက်ကဆလေးတွေ ပေါ်လာရင် ဘယ်သူမှားမှား ဘယ်သူမှန်မှန် ကိုယ်က ပိုချစ်တာပဲ။

ခွဲမှ မခွဲနိုင်တာ အရင်ဆုံး စပြီး မှားပါတယ် တောင်းပန်လိုက်မယ် ဆိုတဲ့ စိတ်က အလိုလို ဝင်လာတတ်ပါတယ်။

အရာတိုင်းမှာ ကိုယ်မှားလည်း တောင်းပန်ရတာက အကြောင်း မဟုတ်လည်း သူမှားလည်း ကိုယ်က အလိုလို တောင်းပန်တတ်လာတာတွေက ကြာလာရင် တန်ဖိုးမဲ့လာတတ်တာကို သတိပြုပေးနော်။

လိုအပ်တာထက် ပိုချစ်မိသွားတဲ့ သူတွေမှာတော့ ချစ်သူနဲ့ ပတ်သက်တဲ့အရာတိုင်းက ကိုယ်ကချည်း တောင်းပန်စရာ ဖြစ်လာတာမျိုးကို သတိပြုပေးပါနော်။

Marry ရဲ့ ချစ်သူလေးတို့ ကိုယ်ချစ်သူကို ချစ်ပါ။ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်တာက သိပ်လှတဲ့အနုပညာလို့ တင်စားနိုင်ပေမယ့် လိုအပ်တာထက် ပိုချစ်မိရင်တော့

တန်ဖိုးမဲ့လာတတ်တာကို သတိပြုပေးနိုင်ဖို့ Marry က ပြောပြပေးလိုက်ရပါတယ်။

Credit: Marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top