iMyanmarHouse.com - Best Property Website for Myanmar
×


ဘုရား၊ တရား အလုပ္ေတြကို စိတ္ရင္းနဲ႔ နက္နက္ရႈိင္းရႈိင္း လုပ္တတ္တဲ့ သားေလးေၾကာင့္ မယ္လိုဒီ တစ္ေယာက္ အံ့ၾသမဆုံးျဖစ္လို႔ေနပါတယ္။ သားေလးေၾကာင့္လည္း ေမေမမယ္လိုဒီက အၿမဲတမ္း ဂုဏ္ယူေနရသူျဖစ္ပါတယ္။မယ္လိုဒီက ဘာသာေရးမွာ ကိုင္းရႈိင္းလွတဲ့သားေလးရဲ႕ အျပဳအမူေတြေၾကာင့္ အံ့ၾသမဆုံးျဖစ္ေနတာကို ေတြ႕ရပါတယ္။ အေဆာ့မက္တဲ့ သားေလးဆိုေပမယ့္ ဘုရား၊ တရားကို အရမ္းကိုင္းရႈိင္းသူေလးျဖစ္ပါတယ္။

‘’၃ႏွစ္ ၁၀လ ကေလးေလးက သူဆႏၵရွိတဲ့အတိုင္း လုပ္ေပးပါေျပာလာလို႔ အံ့ၾသေနရပါတယ္။ ေသခ်ာအာ႐ုံျပဳ ေနတာ အံ့ေရာ ကြၽန္မအတြက္ေတာ့ တကယ့္သားရတနာပါဘဲ။ က်န္တဲ့အခ်ိန္ေတြေတာ့ ေဆာ့ခ်က္က အားသကုန္ဘဲ ျပဳသမွ်ကုသိုလ္ ထပ္တူရၾကပါေစရွင္။ ၇ရက္သားသမီးအားလုးံ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵ ျပည့္စုံၾကပါေစရွင္’’  ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ ည ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။

မယ္လိုဒီဟာ သားေလး သိဒၶိစစ္ေၾကာင့္ အၿမဲတမ္း ဂုဏ္ယူေနရတဲ့ မိခင္တစ္ဦးျဖစ္ပါတယ္။ ဆရာေတာ္ႀကီးေတြကို ဖူးခြင့္ရတဲ့အခ်ိန္ဆို အၿမဲ ေပ်ာ္႐ႊင္ေနတတ္တဲ့ သားေလး သိဒၶိစစ္ အေၾကာင္းကို အခုလို ေျပာျပထားပါေသးတယ္။''အိမ္မွာ အၿငိမ္မေနရႈပ္ပြေအာင္ ကစားေသာ္လည္း ဆရာေတာ္ႀကီးမ်ားကိုဖူးခြင့္ရခ်ိန္မွာေတာ့ျဖင့္ ကြၽန္ေတာ္ဟာ လူေအးေလး သိဒၶိစစ္ ဘဝအေမာေတြ ေျပေပ်ာက္ရပါတယ္။ သားလိမၼာမို႔ စိတ္ခ်မ္းသာရပါတယ္။ အမွတ္တရ ထပ္တူထပ္မွ် စိတ္ခ်မ္းသာ ၾကပါေစရွင္။ ၇ရက္သားသမီး အားလုးံ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵ ျပည့္စုံ ၾကပါေစရွင္'' ဆိုၿပီးေတာ့ လည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ဖူးပါတယ္။


ကိုသာေကာင္းနဲ႔ သ႐ုပ္ေဆာင္ မယ္လိုဒီတို႔ဟာ ၂၀၁၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔မွာ မဂၤလာပြဲ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ အတြင္းမွာပဲ သားေလး သိဒၶိစစ္ကို ေမြးဖြားခဲ့တာပါ။ အခုဆိုရင္ေတာ့ သူတို႔ရဲ႕ တစ္ဦးတည္းေသာသားေလး သဒၶိစစ္က အခုဆိုရင္ ၃ ႏွစ္ေက်ာ္အ႐ြယ္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ေမြးကင္းစ ကေလးအ႐ြယ္ကေန ဒီေန႔ အခ်ိန္ထိ အားေပးလာၾကတဲ့ သိဒၶိစစ္ေလးရဲ႕ ပရိသတ္ေတြကလည္း တစ္ေန႔ထက္ တစ္ေန႔ အခ်စ္ပိုလို႔ေနပါတယ္။

မယ္လိုဒီ(Melody)ရဲ႕ အႏုပညာသက္တမ္းက ဆယ္စုႏွစ္တစ္ခုကို ေက်ာ္လြန္လာၿပီျဖစ္ပါတယ္။ မယ္လိုဒီကို တီဗီေၾကာ္ျငာေတြ၊ မဂၢဇင္းကာဗာ၊ ဂ်ာနယ္ မ်က္ႏွာဖုံးေတြကေန တဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့တာပါ။ အဲဒီေနာက္ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားေတြလည္း အမ်ားႀကီး ႐ိုက္ကူးထားတာေတြ႕ရပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဘုရား၊ တရား အလုပ်တွေကို စိတ်ရင်းနဲ့ နက်နက်ရှိုင်းရှိုင်း လုပ်တတ်တဲ့ သားလေးကြောင့် မယ်လိုဒီ တစ်ယောက် အံ့သြမဆုံးဖြစ်လို့နေပါတယ်။ သားလေးကြောင့်လည်း မေမေမယ်လိုဒီက အမြဲတမ်း ဂုဏ်ယူနေရသူဖြစ်ပါတယ်။မယ်လိုဒီက ဘာသာရေးမှာ ကိုင်းရှိုင်းလှတဲ့သားလေးရဲ့ အပြုအမူတွေကြောင့် အံ့သြမဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ အဆော့မက်တဲ့ သားလေးဆိုပေမယ့် ဘုရား၊ တရားကို အရမ်းကိုင်းရှိုင်းသူလေးဖြစ်ပါတယ်။


‘’၃နှစ် ၁၀လ ကလေးလေးက သူဆန္ဒရှိတဲ့အတိုင်း လုပ်ပေးပါပြောလာလို့ အံ့သြနေရပါတယ်။ သေချာအာရုံပြု နေတာ အံ့ရော ကျွန်မအတွက်တော့ တကယ့်သားရတနာပါဘဲ။ ကျန်တဲ့အချိန်တွေတော့ ဆော့ချက်က အားသကုန်ဘဲ ပြုသမျှကုသိုလ် ထပ်တူရကြပါစေရှင်။ ၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်’’  ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို ဖူးခွင့်ရတဲ့အချိန်ဆို အမြဲ ပျော်ရွှင်နေတတ်တဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို အခုလို ပြောပြထားပါသေးတယ်။''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၃ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။မွေးကင်းစ ကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

မယ်လိုဒီ(Melody)ရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top