iMyanmarHouse.com - Best Property Website for Myanmar
×

ကမာၻ႕လူသားေတြရဲ႕အနည္းက်ဥ္းကသာ အိပ္ေပ်ာ္ဖုိ႕ လြယ္ကူတတ္ၾကပါတယ္။ တခ်ဳိ႕လူေတြကေတာ့ အိပ္ေပ်ာ္ဖို႕ အိပ္ရာေပၚမွာ အခ်ိန္တခ်ဳိ႕ေပးဆပ္ၾကရပါေသးတယ္။ ဒါေပမယ့္ကံေကာင္းစြာပဲ အိပ္ရာေပၚေရာက္တာနဲ႕ခ်က္ခ်င္းအိပ္ေပ်ာ္ေစနုိင္ေသာ ကုိယ္ေနဟန္ထားေလ့က်င့္မူေတြရွိေနပါတယ္။ အဲ႕ဒီေလ့က်င့္ခန္းေတြဟာ အာရုံေၾကာစနစ္ေတြကုိ တည္ျငိမ္ေစျပီး စိတ္ဖိစီးမူေတြကုိ သက္သာေစကာ စကၠန္႕ပုိင္းနဲ႕ စိတ္အပန္းေျပနုိင္ပါတယ္။

ေလ့က်င့္ခန္း ၁

ကုိယ္ခႏၶာကုိ အိပ္ရာေပၚမွာလွဲျပီး ေျခေထာက္နွစ္ဖက္ကုိ နံရံေတြမွီျပီးေထာင္ထားလုိက္ပါ။ ခါးေအာက္ဘက္မွာေတာ့ ေခါင္းအုံးေပ်ာ့ေပ်ာ့တစ္လုံးခံထားျပီး ေျခေထာက္ဒူးေခါင္းေတြကုိ တစ္ေျဖာင့္တည္းထားပါ။ အဲ႕ဒီပုံစံအတုိင္း ၂ မိနစ္ေနပါ။

ေလ့က်င့္ခန္း ၂

ကုိယ္ကုိ ေမွာက္ယက္အေနထာေနျပီး လက္နွစ္ဖက္ကုိ ေက်ာရဲ႕ ေနာက္ဖက္ မွာ ခ်ိတ္ထားပါ။ အသက္ျပင္းျပင္းရူျပီး ခ်ိတ္ထားေသာလက္နွစ္ဖက္ ဒူးေခါင္းေနရာကုိ ထိေအာင္ ၾကဳိးစားေကြးညြတ္ၾကည့္ပါ။ အဲ႕ဒီေနာက္ျဖည္းျဖည္းခ်င္းျပန္ေျဖေလ်ာ့ပါ။ ၁၀ ၾကိမ္ခန္႕ကစားနုိင္ပါတယ္။ တစ္ၾကိမ္လုပ္ျပီးတုိင္း ခ်ိတ္ထားတဲ႕လက္ေတြကုိေျဖေလ်ာ့အနားေပးပါ။

ေလ့က်င့္ခန္း ၃

အိပ္ရာေပၚတြင္ပက္လက္အေနထားနွင့္ေနျပီး ဒူးေတြကုိျဖန္႕လုိက္ပါ။ လက္ေတြကုိသက္ေတာင့္သက္သာ ထားျပီး အသက္ရူသြင္း၊ ရူထုတ္လုပ္ပါ။ ဒီပုံအတုိင္း ၃ မိနစ္ေနပါ။

ေလ့က်င့္ခန္း ၄

ပက္လက္အေနထားနွင့္ လွဲပါ။ ေျခေထာက္နွစ္ဖက္ကုိစုျပီး ကုိယ္ပက္လက္အေနထားနွင့္ ေဘးေစာင္းပါ။ လက္နဲ႕ ေျခေထာက္နွစ္ဖက္ကုိ ထိန္းထားပါ။ ဒီပုံအတုိင္း ၁ မိနစ္ေနပါ။ အဲ႕ဒီေနာက္ တစ္ဖက္ေျပာင္းေလ့က်င့္ပါ။

ေလ့က်င့္ခန္း ၅

ေခါင္းအုံးေပၚမွာ သက္ေတာင့္သက္သာလဲွေလ်ာင္းပါ။ ေျခေထာက္ေတြကုိ ျဖန္႕ကားျပီး လက္ေတြကုိ ကုိယ္ခႏၶာရဲ႕ေဘးဘက္္မွာကပ္ထားပါ။ ေနာက္ေက်ာရုိးနဲ႕ ဦးေခါင္းတစ္ေျဖာင့္တည္းျဖစ္ပါေစ။ အသက္ျပင္းျပင္း ရူသြင္းရူထုတ္ျခင္း ၃ ခါလုပ္ပါ ၊ ျပီးေနာက္ ပုံမွန္အသက္ရူသြင္းရူထုတ္ျခင္း ၄ ခါလုပ္ပါ။

အခုေဖာ္ျပထားေသာေလ့က်င့္ခန္းေတြကုိ လုိက္နာျပီး အိပ္မေပ်ာ္ခင္ ၾကဳိးစားၾကည့္ပါက လွ်င္လွ်င္ျမန္ျမန္အိပ္ေပ်ာ္ေစနုိင္ပါတယ္။

Credit:mingalarbarmorning
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကမ္ဘာ့လူသားတွေရဲ့အနည်းကျဉ်းကသာ အိပ်ပျော်ဖို့ လွယ်ကူတတ်ကြပါတယ်။ တချို့လူတွေကတော့ အိပ်ပျော်ဖို့ အိပ်ရာပေါ်မှာ အချိန်တချို့ပေးဆပ်ကြရပါသေးတယ်။ ဒါပေမယ့်ကံကောင်းစွာပဲ အိပ်ရာပေါ်ရောက်တာနဲ့ချက်ချင်းအိပ်ပျော်စေနိုင်သော ကိုယ်နေဟန်ထားလေ့ကျင့်မူတွေရှိနေပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းတွေဟာ အာရုံကြောစနစ်တွေကို တည်ငြိမ်စေပြီး စိတ်ဖိစီးမူတွေကို သက်သာစေကာ စက္ကန့်ပိုင်းနဲ့ စိတ်အပန်းပြေနိုင်ပါတယ်။

လေ့ကျင့်ခန်း ၁

ကိုယ်ခန္ဓာကို အိပ်ရာပေါ်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကို နံရံတွေမှီပြီးထောင်ထားလိုက်ပါ။ ခါးအောက်ဘက်မှာတော့ ခေါင်းအုံးပျော့ပျော့တစ်လုံးခံထားပြီး ခြေထောက်ဒူးခေါင်းတွေကို တစ်ဖြောင့်တည်းထားပါ။ အဲ့ဒီပုံစံအတိုင်း ၂ မိနစ်နေပါ။

လေ့ကျင့်ခန်း ၂

ကိုယ်ကို မှောက်ယက်အနေထာနေပြီး လက်နှစ်ဖက်ကို ကျောရဲ့ နောက်ဖက် မှာ ချိတ်ထားပါ။ အသက်ပြင်းပြင်းရူပြီး ချိတ်ထားသောလက်နှစ်ဖက် ဒူးခေါင်းနေရာကို ထိအောင် ကြိုးစားကွေးညွတ်ကြည့်ပါ။ အဲ့ဒီနောက်ဖြည်းဖြည်းချင်းပြန်ဖြေလျော့ပါ။ ၁၀ ကြိမ်ခန့်ကစားနိုင်ပါတယ်။ တစ်ကြိမ်လုပ်ပြီးတိုင်း ချိတ်ထားတဲ့လက်တွေကိုဖြေလျော့အနားပေးပါ။

လေ့ကျင့်ခန်း ၃

အိပ်ရာပေါ်တွင်ပက်လက်အနေထားနှင့်နေပြီး ဒူးတွေကိုဖြန့်လိုက်ပါ။ လက်တွေကိုသက်တောင့်သက်သာ ထားပြီး အသက်ရူသွင်း၊ ရူထုတ်လုပ်ပါ။ ဒီပုံအတိုင်း ၃ မိနစ်နေပါ။

လေ့ကျင့်ခန်း ၄

ပက်လက်အနေထားနှင့် လှဲပါ။ ခြေထောက်နှစ်ဖက်ကိုစုပြီး ကိုယ်ပက်လက်အနေထားနှင့် ဘေးစောင်းပါ။ လက်နဲ့ ခြေထောက်နှစ်ဖက်ကို ထိန်းထားပါ။ ဒီပုံအတိုင်း ၁ မိနစ်နေပါ။ အဲ့ဒီနောက် တစ်ဖက်ပြောင်းလေ့ကျင့်ပါ။

လေ့ကျင့်ခန်း ၅

ခေါင်းအုံးပေါ်မှာ သက်တောင့်သက်သာလဲှလျောင်းပါ။ ခြေထောက်တွေကို ဖြန့်ကားပြီး လက်တွေကို ကိုယ်ခန္ဓာရဲ့ဘေးဘက်မှာကပ်ထားပါ။ နောက်ကျောရိုးနဲ့ ဦးခေါင်းတစ်ဖြောင့်တည်းဖြစ်ပါစေ။ အသက်ပြင်းပြင်း ရူသွင်းရူထုတ်ခြင်း ၃ ခါလုပ်ပါ ၊ ပြီးနောက် ပုံမှန်အသက်ရူသွင်းရူထုတ်ခြင်း ၄ ခါလုပ်ပါ။

အခုဖော်ပြထားသောလေ့ကျင့်ခန်းတွေကို လိုက်နာပြီး အိပ်မပျော်ခင် ကြိုးစားကြည့်ပါက လျှင်လျှင်မြန်မြန်အိပ်ပျော်စေနိုင်ပါတယ်။

Credit:mingalarbarmorning
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top