iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Burmese.asia
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
# Unicode Version ဖြင့် ဖတ်ပါ #
အစီစဉ်တင်ဆက်သူအဖြစ်နဲ့နာမည်ရလာတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်း ကျော်ထက်အောင်က ကိုယ်ပွားရုပ်ရှင်ရိုက်ကူးပြီးစီးသွားချိန်ကအတွေ့အကြုံတွေနဲ့သူ့ရဲ့လတ်တလောလှုပ်ရှားမှုတွေအကြောင်းကို အင်တာဗျူးတစ်မှာပြောပြသွားခဲ့ပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ပြန်လည်ပြောပြပေးလိုက်ပါတယ်နော်။
ဇာတ်ကောင်စရိုက်ထဲမှာ စိတ်တော်တော်နှစ်ထားတော့ အဲ့ဒီစိတ်ကိုပြန်ချွတ်ရတာတော်တော်ခက်ပါတယ်။ ဆံပင်တွေတောင်ကျွတ်ပါတယ်။တွဲပြီးသရုပ်ဆောင်ရတဲ့သူတွေကလည်းအဆင်ပြေပါတယ်နေခြည်ဦးဆိုငိုရတဲ့အခန်းတွေမှာမငိုချင်ဘူးပြောပြီးငိုပြီဟေ့ဆိုရင်လည်းမရပ်တော့ဘူး ကျနော်တို့တော်တော်ထိန်းယူရတယ်။ အတွေ့အကြုံတွေအများကြီးတော့ရခဲ့ပါတယ်။များသောအားဖြင့်တော့ပျော်စရာတွေချည်းပါပဲ။
ဒီကိုယ်ပွားရုပ်ရှင်က ကျနော့်အတွက်မှတ်တိုင်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ ကျနော့်အတွက်မှမဟုတ်ပါဘူး ပါဝင်သူအကုန်လုံးအတွက်လည်းဖြစ်သွားနိုင်တယ်လို့ပြောလို့ရပါတယ်။ကာရိုက်တာရွေးခြင်းမရွေးခြင်းကတော့ အောင်ခေတ်မင်းနဲ့ကျနော်က မိသားစုလိုဖြစ်နေတော့ တစ်ခုခုဆိုရင်ကိုယ်လုပ်နိုင်မလုပ်နိုင်ကိုကြည့်ပြီး စိမ်ခေါ်မှုတစ်ခုအနေနဲ့လုပ်ကြတာပါ။
အစီစဉ်တင်ဆက်သူအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ရောဆက်လက်လုပ်ကိုင်သွားမှာပါ။ပရိသတ်တွေကနှစ်ခုစလုံးကိုလက်ခံပါတယ် ချူဆီြင်္ပီးတော့ သရုပ်ဆောင်ဘက်ကိုလည်းပိုပြီးလက်ခံလာကြပါတယ်။ချစ်သူနေ့မှာအက ပရိသတ်တွေနဲ့တွေ့ဖို့လုပ်ထားတာ ဒါပေမယ့်အလုပ်ကလေးတွေပေါ်လာတာကြောင့်အခုတော့မတွေ့ဖြစ်တော့ဘူး ။လို့ပြောကြားသွားခဲ့ပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top