iMyanmarHouse.com - Best Property Website for Myanmar
×



ဆံပင္ဟာ ခႏၶာကိုယ္ရဲ႕ ဒုတိယမ်က္ႏွာလို႔ေျပာလို႔ရပါတယ္။ မိမိထားရွိတဲ့ ဆံပင္ပုံစံအေနအထားဟာ ရွိရင္းစြဲအသက္ထက္ ပိုမိုရင့္ေရာ္တဲ့ အသြင္ေပါက္ေစသလို ငယ္႐ြယ္ႏုပ်ိဳတဲ့ အသြင္လည္းေပါက္ေစတာေၾကာင့္ ဆံပင္နဲ႔ပတ္သက္ၿပီး ျပဳလုပ္မိ တတ္တဲ့ အမွားေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ဆံပင္အဖ်ားေတြကို ခပ္ခြၽန္ခြၽန္ပုံစံျဖစ္ေအာင္ညႇပ္ျခင္းနဲ႔ ဆံပင္ကို အလြန္အကြၽံေျဖာင့္စင္းေနေအာင္ ျပဳျပင္ျခင္းတို႔ဟာ သင့္ကို အိုမင္းရင့္ေရာ္တဲ့ အသြင္ေပါက္ေစပါတယ္။ ဒီလိုေတြျပဳလုပ္မယ့္အစား သဘာဝဆန္ဆန္ အလႊာအထပ္ layer ပုံစံမ်ိဳး ညႇပ္ျခင္းက သင့္ကို ငယ္႐ြယ္ႏုပ်ိဳတဲ့အသြင္ျဖစ္ေစမွာ ျဖစ္ပါတယ္။

(၂) ဆံသားကို သဘာဝအတိုင္းမဟုတ္ဘဲ ဆံပင္ဆိုးေဆးေတြအကူအညီနဲ႔ မည္းနက္ေနေအာင္ ဆံပင္ေဆးဆိုးျခင္းဟာ ရွိရင္းစြဲ အသက္ထက္ပိုၿပီး အိုမင္းရင့္ေရာ္တဲ့ အသြင္ေပါက္ေစပါတယ္။ ဆံပင္ျဖဴေတြကို ဖုံးအုပ္ခ်င္လို႔ အေရာင္ဆိုး တာမ်ိဳးပဲျဖစ္ျဖစ္ ဒါမွမဟုတ္ မိမိဟာ အေရာင္ေတာက္ေတာက္ေတြ မႏွစ္သက္လို႔ပဲျဖစ္ျဖစ္ အေရာင္ဆိုးမယ္ဆိုရင္ေတာ့ မိမိဆံပင္အေရာင္နဲ႔ သိပ္မကြာတဲ့ အေရာင္မ်ိဳးေတြကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။

(၃) ဆံပင္ေတြကို စည္းေႏွာင္တဲ့အခါ ဆံစေတြအားလုံးကိုသိမ္းၿပီး တင္းတင္းက်ပ္က်ပ္ စည္းေႏွာင္ျခင္းဟာ အိုမင္းရင့္ေရာ္ တဲ့ အသြင္ေပါက္ေစတဲ့အျပင္ မ်က္ႏွာနဲ႔လည္ပင္းတဝိုက္ အေရးအေၾကာင္းေတြကို ထင္ရွားေပၚလြင္ေစတာေၾကာင့္ ဆံပင္ေတြကို တင္းတင္းက်ပ္က်ပ္ မစည္းေႏွာင္သင့္ပါဘူး။

(၄) spray, hair gel နဲ႔ hair serum အစရွိတဲ့ ဆံပင္ပုံသြင္းတဲ့ပစၥည္းေတြကို အလြန္အကြၽံအသုံးျပဳျခင္းဟာလည္း အိုမင္းရင့္ေရာ္တဲ့ အသြင္ေပါက္ေစၿပီး ဆံသားေတြကို ပ်က္စီးေစႏိုင္ပါတယ္။

(၅) ဆံသားပါးသူေတြအေနနဲ႔ ဆံပင္ေျဖာင့္ျခင္းဟာ ဆံသားေတြကိုပိုမိုပါးလ်ားျပားကပ္ေစႏိုင္ၿပီး ႐ုပ္ရင့္ေစတဲ့ အသြင္ ေပါက္တာေၾကာင္း အထူးေရွာင္ၾကဥ္သင့္ပါတယ္။ ဆံသားပါးသူေတြအေနနဲ႔ ဆံပင္ကိုမၾကာခဏ ပုံသြင္းျပဳျခင္းမ်ိဳးကို ေရွာင္ၾကဥ္သင့္ၿပီး ဆံသားကို သဘာဝက်က် ပုံစံမ်ိဳးျဖစ္ေအာင္သာ ညႇပ္သင့္ပါတယ္။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဆံပင်ဟာ ခန္ဓာကိုယ်ရဲ့ ဒုတိယမျက်နှာလို့ပြောလို့ရပါတယ်။ မိမိထားရှိတဲ့ ဆံပင်ပုံစံအနေအထားဟာ ရှိရင်းစွဲအသက်ထက် ပိုမိုရင့်ရော်တဲ့ အသွင်ပေါက်စေသလို ငယ်ရွယ်နုပျိုတဲ့ အသွင်လည်းပေါက်စေတာကြောင့် ဆံပင်နဲ့ပတ်သက်ပြီး ပြုလုပ်မိ တတ်တဲ့ အမှားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ဆံပင်အဖျားတွေကို ခပ်ချွန်ချွန်ပုံစံဖြစ်အောင်ညှပ်ခြင်းနဲ့ ဆံပင်ကို အလွန်အကျွံဖြောင့်စင်းနေအောင် ပြုပြင်ခြင်းတို့ဟာ သင့်ကို အိုမင်းရင့်ရော်တဲ့ အသွင်ပေါက်စေပါတယ်။ ဒီလိုတွေပြုလုပ်မယ့်အစား သဘာဝဆန်ဆန် အလွှာအထပ် layer ပုံစံမျိုး ညှပ်ခြင်းက သင့်ကို ငယ်ရွယ်နုပျိုတဲ့အသွင်ဖြစ်စေမှာ ဖြစ်ပါတယ်။

(၂) ဆံသားကို သဘာဝအတိုင်းမဟုတ်ဘဲ ဆံပင်ဆိုးဆေးတွေအကူအညီနဲ့ မည်းနက်နေအောင် ဆံပင်ဆေးဆိုးခြင်းဟာ ရှိရင်းစွဲ အသက်ထက်ပိုပြီး အိုမင်းရင့်ရော်တဲ့ အသွင်ပေါက်စေပါတယ်။ ဆံပင်ဖြူတွေကို ဖုံးအုပ်ချင်လို့ အရောင်ဆိုး တာမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် မိမိဟာ အရောင်တောက်တောက်တွေ မနှစ်သက်လို့ပဲဖြစ်ဖြစ် အရောင်ဆိုးမယ်ဆိုရင်တော့ မိမိဆံပင်အရောင်နဲ့ သိပ်မကွာတဲ့ အရောင်မျိုးတွေကိုသာ ရွေးချယ်သင့်ပါတယ်။

(၃) ဆံပင်တွေကို စည်းနှောင်တဲ့အခါ ဆံစတွေအားလုံးကိုသိမ်းပြီး တင်းတင်းကျပ်ကျပ် စည်းနှောင်ခြင်းဟာ အိုမင်းရင့်ရော် တဲ့ အသွင်ပေါက်စေတဲ့အပြင် မျက်နှာနဲ့လည်ပင်းတဝိုက် အရေးအကြောင်းတွေကို ထင်ရှားပေါ်လွင်စေတာကြောင့် ဆံပင်တွေကို တင်းတင်းကျပ်ကျပ် မစည်းနှောင်သင့်ပါဘူး။

(၄) spray, hair gel နဲ့ hair serum အစရှိတဲ့ ဆံပင်ပုံသွင်းတဲ့ပစ္စည်းတွေကို အလွန်အကျွံအသုံးပြုခြင်းဟာလည်း အိုမင်းရင့်ရော်တဲ့ အသွင်ပေါက်စေပြီး ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။

(၅) ဆံသားပါးသူတွေအနေနဲ့ ဆံပင်ဖြောင့်ခြင်းဟာ ဆံသားတွေကိုပိုမိုပါးလျားပြားကပ်စေနိုင်ပြီး ရုပ်ရင့်စေတဲ့ အသွင် ပေါက်တာကြောင်း အထူးရှောင်ကြဉ်သင့်ပါတယ်။ ဆံသားပါးသူတွေအနေနဲ့ ဆံပင်ကိုမကြာခဏ ပုံသွင်းပြုခြင်းမျိုးကို ရှောင်ကြဉ်သင့်ပြီး ဆံသားကို သဘာဝကျကျ ပုံစံမျိုးဖြစ်အောင်သာ ညှပ်သင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top