iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္​ႏွာ​ေလးက ႏုဖတ္​​ေနတာပဲလို႔ အ​ေျပာခံခ်င္​ခ်င္သူမ်ားအတြက္

ကိုယ္​လိမ္​း​ေနက် ​ေထာပတ္​​ေစ့အ​ေၾကာင္​း​ေလးပါ။ အခ်ိန္​ရရင္​ ဖတ္​ၾကည္​့​ေပး​ေစခ်င္​ပါတယ္​။

မ​ေန႔က ကိုယ္​့အကိုတစ္​​ေယာက္​နဲ႔ video call​ ေျပာရင္​း ဒီပို႔စ္​​ေလး​ေရးဖို႔ စိတ္​ကူးရတယ္​ဆိုပါ​ေတာ့…..

ကိုယ္​့အကိုအမ​ေတြကို ကိုယ္​့လိုလွ​ေစခ်င္​တဲ့​ေစတနာက​ေတာ့အဓိက​ေပါ့​ေနာ္​😝😝😝

ကိုယ္​့သူငယ္​ခ်င္​း​ေတြနဲ႔ ကိုယ္​့အကိုအမ​ေတြထဲမွာ မ်က္​ႏွာမွာ အဆီဖု​ေလး​ေတြ တင္​းတိပ္​ မွဲ႔​ေျခာက္​ ဝက္​ျခံ နဲ႔ မ်က္​ႏွာအ​ေရးအ​ေၾကာင္​းထင္​တာ​ေတြ ​ေတာ္​​ေတာ္​မ်ားမ်ား​ေတြ႔ရလို႔ပါ

​ေထာပတ္​​ေစ့အ​ေၾကာင္​း​ေလးမ​ေျပာခင္​ ကိုယ္​့အ​ေၾကာင္​းကို အရင္​​ေျပာပါ​ေစ…ကိုယ္​က​ေတာသူပီပီ နယ္​မွာ​ေနတဲ့ တ​ေလ်ာက္​လံုးသနပ္​ခါးပဲလိမ္​းပါတယ္​ ။

ရန္​ကုန္​​ေရာက္​ၿပီး ၃ႏွစ္​​ေက်ာ္​ကာလ​ေလးအတြင္​းမွာ ကိုယ္​ပိုင္​ Cosmetics ဝယ္​လိမ္​းဖူးတာဆိုလို႔ Bella​ ေပၚၿပီးတဲ့​ေနာက္​မွ စုစု​ေပါင္​း ၂ႀကိမ္​ရယ္​ပါ ….

ဝယ္​ျဖစ္​ခဲ့တဲ့အ​ေၾကာင္​းရင္​းကလဲ ခရီးသြားတဲ့အခါ ေပါ့​ေပါ့ပါးပါးသယ္​ရတာ အဆင္​​ေျပလို႔ပါ က်န္​တဲ့ရံုးခ်ိန္​​ေတြမွာ​ေတာ့ သနပ္​ခါးပဲအမ်ားဆံုးလိမ္​းျဖစ္​ၿပီး ပြဲ​ေတြ႐ွိတဲ့အခါနဲ႔ စိတ္​ရတဲ့အခါက်ရင္​ ကိုယ္​့အမရဲ႕ Cosmetics ​ေတြယူလိမ္​းပါတယ္​

သနပ္​ခါးပဲလိမ္​းလိမ္​း မိတ္​ကပ္​ပဲလိမ္​းလိမ္​းညဘက္​အိမ္​ျပန္​​ေရာက္​တဲ့အခါ ​ေရခ်ိဳးၿပီးတာနဲ႔ အျမဲလိမ္​းျဖစ္​တဲ့အရာ ​ေထာပတ္​​ေစ့ရယ္​ပါ။ဝယ္​ရတာလဲလြယ္​ကူသလို အကုန္​အက်လဲနဲတာမို႔ ေန႔တိုင္​းလိုလိုလိမ္​းျဖစ္​ပါတယ္​။

ဘယ္​လိုလုပ္​ၿပီးလိမ္​းရလဲဆို​ေတာ့ ကိုယ္​တို႔​ေထာပတ္​သီးစားၾကတဲ့အခါ အတြင္​းသား​ေလး​ေတြ ယူလိုက္​ရင္​ အထဲကအ​ေစ့​ေလးက်န္​ပါမယ္​။

လူအမ်ားစုက ဒီ​ေထာပတ္​​ေစ့​ေတြကို ဘယ္​​ေစ်းႀကီးတဲ့ Cosmetics မွဝယ္​သံုးစရာမလိုပဲ ကိုယ္​တို႔မ်က္​ႏွာကို အမ်ားႀကီး လွသြား​ေအာင္​လုပ္​​ေပးႏိုင္​တယ္​ဆိုတာ မသိ​ေတာ့ အလြယ္​တကူလြင္​့ပစ္​တတ္​ၾကတယ္​။

အဲဒီအ​ေစ့ကို မလႊင္​့ပစ္​ပဲ အရင္​ဆံုးအ​ေစ့​ေပၚက​ေထာပတ္​သီးအစ​ေလး​ေတြကို စင္​​ေအာင္​​ေရ​ေဆး​ေပးရပါတယ္​။ ၿပီးရင္​ သူ႔ကို​ေနလွမ္​းထားလိုက္​ပါ။၂ရက္​​ေလာက္​လွမ္​းထားၿပီးရင္​ ​ေထာပတ္​​ေစ့​ေပၚကအ​ေပၚခြံ​ေလးႂကြလာတဲ့အခါ ဖယ္​ပစ္​လိုက္​ပါ။

ဘယ္​​ေလာက္​ထိလွမ္​းရလဲဆိုရင္​ ​ေထာပတ္​​ေစ့​ေလး အလယ္​၂ျခမ္​းကြဲပီး သံ​ေခ်း​ေရာင္​ထၿပီး အရမ္​းကြၽတ္​ဆတ္​ဆတ္​​ေလာက္​ျဖစ္​​ေနၿပီဆိုရင္​လိမ္​းလို႔ရပါၿပီ။ ၃ပတ္​နဲ႔ ၄ပတ္​ဝန္​းက်င္​​ေလာက္​လွမ္​းရပါမယ္။

တခါတ​ေလ အ​ေပၚခြံသံ​ေခ်း​ေရာင္​ျဖစ္​​ေန​ေပမဲ့ အတြင္​းအစိုဓာတ္​မကုန္​​ေသးရင္​ လိမ္​းလို႔မရ​ေသးပါဘူး။လံုးဝ​ေျခာက္​သြားၿပီဆိုရင္​​ေတာ့ ညတိုင္​းအိပ္​ခါနီးတိုင္​း ခပ္​ပါးပါး​ေလး​ေသြးလိမ္​းလို႔ရၿပီ။

သူ႔မွာ သနပ္​ခါးနဲ႔တူတာတခုက ကိုယ္​တို႔သနပ္​ခါးတံုးမွာ အ​ေပၚကအ​ေပြး​ေတြ​ေသြးလိမ္​းၾကတဲ့အခါ အတြင္​း​ေခါက္​ထက္​ပိုၿပီးဝါဝါ​ေလးနဲ႔လွသလို ​ေထာပတ္​​ေစ့မွာလဲ သူ႔အ​ေပၚယံ​ေဘးသား​ေတြက အတြင္​းသားထက္​ အသားကိုပို​ေခ်ာၿပီးဝင္​း​ေျပာင္​​ေစတယ္​။

ကိုယ္​ တခါတ​ေလအိပ္​​ေရးပ်က္​တဲ့အခါမ်ိဳးမွာ အဖု​ေလး​ေတြထြက္​ရင္​ အ​ေပၚယံ​ေလး​ေတြခ်ည္​း​ေသြးလိမ္​းရင္​ ​ေနာက္​​ေန႔မနက္​ထရင္​လံုးဝ​ေပ်ာက္​သြားပါတယ္​။

ယံုမလား​ေတာ့မသိဘူး …..အရမ္​းသိသာတာတခုကအဆီဖု​ေလး​ေတြပါ ။ကိုယ္​ကသနပ္​ခါးလိမ္​းတာမ်ား​ေပမဲ့ တခါတ​ေလ အဆီဖု​ေလး​ေတြ ထြက္​တတ္​ပါတယ္​ ။

ကိုယ္​​ေတာ့​ေထာပတ္​​ေစ့အားကိုးနဲ႔ မ်က္​ႏွာကို တျခားဘာပစၥည္​းမွ ​ေထြ​ေထြထူးထူးခုထိဝယ္​မသံုးဖူးပါဘူး ကိုယ္​မ်က္​ႏွာမွာ ထြက္​သမွ် ဘာပဲလာလာ ​ေထာပတ္​​ေစ့ပဲ​ေသြးလိမ္​းပါတယ္​။

ပံုမွန္​ဆို အတြင္​းသားကို​ေသြးလိမ္​းၿပီးခရီးသြားလို႔ အသားအရည္​အရမ္​းပ်က္​စီးတဲ့အခါ အျပင္​သား​ေတြခ်ည္​း​ေသြးလိမ္​းပါတယ္​။လိမ္​းၿပီး ​ေနာက္​​ေန႔မနက္​မ်က္​ႏွာသစ္​တာနဲ႔ သိသိသာသာ​ေျပာင္​းလဲတာပါ။

အသိအမတ​ေယာက္​ကို သူ႔မ်က္​ႏွာမွာတင္​းတိပ္​​ေတြ​ေတြ႔လို႔ ကိုယ္​ၫႊန္​းလိုက္​​ေတာ့ အ​ေရးအ​ေၾကာင္​း​ေတြပါ ​ေတာ္​​ေတာ္​သက္​သာတယ္​လို႔​ေျပာတယ္​ အကိုတ​ေယာက္​က​ေတာ့ ဝက္​ျခံ​ေတြသက္​သာတယ္​လို႔​ေျပာတယ္​ ။

ကိုယ္​့ရဲ႕ ကိုယ္​​ေတြ႔က​ေတာ့ အဆီဖု​ေလး​ေတြ လံုးဝ​ေပ်ာက္​သြားတယ္​ ေနာက္​တခုက ​ေန႔တိုင္​းလိမ္​းပါမ်ားလာရင္ ​အသားအရည္​​ေလး​ေတြတင္​းၿပီး ပါး​ေလး​ေတြဝင္​းဝင္​း​ေျပာင္​​ေျပာင္​​ေလးျဖစ္​လာတယ္​ ။

အသားအရည္​​ေလးၾကည္​ၿပီး ဘာမွလိမ္​းမထားရင္​​ေတာင္​ အလိုလိုၾကည္​့​ေကာင္​း​ေနတာရယ္​ တျခားသဘာဝပစၥည္​း​ေတြလဲ လိုင္​း​ေပၚမွာ မၾကာခဏ​ေတြ႔​ေပမဲ့ ဒီတခုက​ေတာ့ ကိုယ္​့ကိုယ္​​ေတြ႔မို႔ ကိုယ္​့အကိုအမ​ေတြကို ခုလိုပိုက္​ဆံအကုန္​အက်သက္​သာၿပီး …

ဘာ side effect မွမ႐ွိပဲ သဘာဝအသီး​ေတြနဲ႔ လွရ​ေအာင္​ ​ေထာပတ္​​ေစ့​ေလးကို စမ္​းလိမ္​းၾကည္​့ပါလို႔အျကံျပဳပါရ​ေစေနာ္​​…။

Credit:tameelay

# Unicode Version # ျဖင့္ ဖတ္ပါ #

မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်ချင်သူများအတွက်

ကိုယ်လိမ်းနေကျ ထောပတ်စေ့အကြောင်းလေးပါ။ အချိန်ရရင် ဖတ်ကြည့်ပေးစေချင်ပါတယ်။

မနေ့က ကိုယ့်အကိုတစ်ယောက်နဲ့ video call ပြောရင်း ဒီပို့စ်လေးရေးဖို့ စိတ်ကူးရတယ်ဆိုပါတော့…..

ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်😝😝😝

ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့ မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ

ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေ…ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့ တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။

ရန်ကုန်ရောက်ပြီး ၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bella ပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း ၂ကြိမ်ရယ်ပါ ….

ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီး ပွဲတွေရှိတဲ့အခါနဲ့ စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ်

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့ အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ်။

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါ အတွင်းသားလေးတွေ ယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ်။

လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မှဝယ်သုံးစရာမလိုပဲ ကိုယ်တို့မျက်နှာကို အများကြီး လှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်။

အဲဒီအစေ့ကို မလွှင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်။ ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ။

ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေး အလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။ ၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်။

တခါတလေ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။လုံးဝခြောက်သွားပြီဆိုရင်တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ။

သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်။

ကိုယ် တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။

ယုံမလားတော့မသိဘူး …..အရမ်းသိသာတာတခုကအဆီဖုလေးတွေပါ ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့ တခါတလေ အဆီဖုလေးတွေ ထွက်တတ်ပါတယ် ။

ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး ကိုယ်မျက်နှာမှာ ထွက်သမျှ ဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။

ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်။လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ။

အသိအမတယောက်ကို သူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ ကိုယ်ညွှန်းလိုက်တော့ အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ် အကိုတယောက်ကတော့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ် ။

ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ပါးလေးတွေဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ် ။

အသားအရည်လေးကြည်ပြီး ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ် တခြားသဘာဝပစ္စည်းတွေလဲ လိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့ ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီး …

ဘာ side effect မှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင် ထောပတ်စေ့လေးကို စမ်းလိမ်းကြည့်ပါလို့အကြံပြုပါရစေနော်…။

Credit:tameelay

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top