iMyanmarHouse.com - Best Property Website for Myanmar
×

သခြားသီးဟာ အစာ  အိမ္ရဲ႕ အက္ဆစ္ဓာတ္ကို ေလွ်ာ့ခ်ေပးတာကစလို႔ အသားအေရကို ညီညာေခ်ာ့ေမြ႕ေစသည္အထိ ေကာင္းက်ိဳးမ်ား ေပးႏိုင္ပါတယ္။

၁။     အသားအေရအတြက္ ေကာင္းက်ိဳး

        သခြားသီးမွာ ႂကြက္သား၊ အ႐ြတ္၊ အ႐ိုးနဲ႔ အ႐ိုးႏုေတြ က်န္းမာၾကံ့ခိုင္ေစဖို႔အတြက္ လိုအပ္တဲ့ ဆီလီကာဓာတ္ ႂကြယ္ဝစြာ ါဝင္ပါတယ္။ ဒီလို ဆီလီကာဓာတ္ ပါဝင္တဲ့အတြက္ ဝင္းပစိုေျပတဲ့ အသားအေရ လုိခ်င္သူေတြကို သခြားသီးေဖ်ာ္ရည္ေသာက္ဖို႔ ဆရာဝန္မ်ားက ေထာက္ခံခ်က္ေပးၾကပါတယ္။ ဒါ့အျပင္ သခြားသီးမွာ ေရဓာတ္ျပည့္ဝစြာ ပါဝင္တဲ့အတြက္ သဘာဝအတိုင္း အစိုဓာတ္ျပည့္ဝလွပတဲ့ အသားအေရကို ရရွိေစႏိုင္မွာ ျဖစ္ပါတယ္။ ေနေလာင္တာ၊ မ်က္လံုးအိတ္ ေဖာင္းတာေတြကို သက္သာေစဖို႔ သခြားသိီးအႏွစ္ကို မ်က္ႏွာေပၚ လိမ္းတတ္ၾကပါေသးတယ္။ သခြားသီးမွာ ပါဝင္တဲ့ ascorbic နဲ႔ caffeic acid ဆိုတဲ့ ဓာတ္ ၂ မ်ိဳးဟာ ခႏၶာကိုယ္ ေရဓာတ္ဆံုး႐ႈံးမႈကို ကာကြယ္ေပးႏိုင္တဲ့ အဓိကဓာတ္ႏွစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီလို အက်ိဳးေက်းဇူးေတြ မ်ားတဲ့အတြက္ သခြားသီးဟာ အသားအေရအတြက္ မရွိမျဖစ္ ပစၥည္းတစ္မ်ိဳး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သခြားသီးဟာ က်န္းမာသန္စြမ္းတဲ့ ဆံေကသာကို ရရွိေစႏိုင္ၿပီး ႂကြပ္ေပြး၊ ႏွင္းခူနဲ႔ ဝက္ၿခံေတြကိုပါ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

၂။     ေသြးေပါင္ က်ေစႏိုင္ပါတယ္။

          အစားအေသာက္ျဖင့္ ေသြးတိုးေရာဂါ ကာကြယ္ေရးအဖြဲ႕အစည္းရဲ႕ ေလ့လာစမ္းသပ္မႈအရ မဂၢနီဆီယမ္ဓာတ္၊ ပိုတက္ဆီယမ္ဓာတ္နဲ႔ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာ စားသံုးသူေတြမွာ ေသြးေပါင္ခ်ိန္ ပံုမွန္ထက္ ေလ်ာ့နည္းေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ သခြားသီးဟာ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးတဲ့အျပင္ ႂကြက္သား၊ အ႐ြတ္၊ အ႐ိုးအဆစ္အျမစ္ေတြကိုပါ ႀကံ့ခိုင္ေစႏိုင္ပါတယ္။

၃။     ဆီးခ်ိဳ က်ေစႏိုင္ပါတယ္။

          ဆီးခ်ိဳေဝဒနာရွင္ေတြဟာ သခြားသီးကို ဓာတ္စာအျဖစ္ စားသံုးလာၾကတာ ႏွစ္ေပါင္းမ်ားစြာ ရွိပါၿပီ။ မုန္႔ခ်ိဳအိတ္မွာရွိတဲ့ ဘီတာဆဲလ္ေတြဟာ ေသြးတြင္းသၾကားဓာတ္ကို ထိန္ညႇိေပးတဲ့ အင္ဆူလင္ဓာတ္ကို ထုတ္လုပ္ေပးပါတယ္။ ဒီလိုထုတ္လုပ္ေပးႏိုင္ဖို႔ လိုအပ္တဲ့ ေဟာ္မုန္းဓာတ္ေတြ သခြားသီးမွာ ပါဝင္ပါတယ္။ ဒါ့အျပင္ အစားအစာေတြမွာ ပါဝင္တဲ့ ကစီဓာတ္နဲ႔ သူတို႔ရဲ႕ ခႏၶာကိုယ္ေပၚ အက်ိဳးသက္ေရာက္မႈေတြကို အခ်ိဳဓာတ္စံႏႈန္းနဲ႔ သက္မွတ္ၾကပါတယ္။ သခြားသီးမွာ ပါဝင္တဲ့ အခ်ိဳဓာတ္စံႏႈန္းဟာ " 0 " ပဲ ရွိပါတယ္။ ကစီဓာတ္ဟာ ေသြးတြင္းအခ်ိဳဓာတ္ကို တက္ေစႏိုင္တတ္ေပမယ့္ သခြားသီးမွာ ပါဝင္တဲ့ ကစီဓာတ္ဟာ ဆီးခ်ိဳေရာဂါသည္ေတြအတြက္ အလြယ္တကူ ေခ်ဖ်က္ႏိုင္တဲ့အတြက္ ဆီးခ်ိဳကို မတက္ေစႏိုင္ပါဘူး။ ဒါေၾကာင့္ အခုေခတ္မွာ ဆီးခ်ိဳအတြက္ သခြားသီးျဖည့္စြက္စာအျဖစ္ ပင္လယ္သခြားသီးအမႈန္႔ ေဆးလံုးေလးေတြကို ေဈးကြက္ထဲမွာ ေရာင္းခ်လာၾကပါတယ္။

၄။     က်န္းမာေရးကို အထူးေကာင္းမြန္ေစႏိုင္ပါတယ္။

          သခြားသီးဟာ ခႏၶာကိုယ္မွာ စုပံုလာတဲ့ အဆိပ္အေတာက္၊ အညစ္အေၾကးေတြကို ေဖ်ာက္ဖ်က္ေပးႏိုင္တဲ့ အစြမ္းထက္ သန္႔စင္ေဆးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္၊ ဆီးအိမ္၊ အသည္းနဲ႔ မုန္႔ခ်ိဳအိတ္တို႔ကို အက်ိဳးျပဳပါတယ္။ သခြားသီးနဲ႔ မုန္လာဥနီကို ေဖ်ာ္ရည္လုပ္ေသာက္ျခင္းျဖင့္ ခႏၶာကိုယ္ရွိ ပိုလွ်ံေနတဲ့ ဆီးဆိပ္ဓာတ္ Uric acid ကို ေလွ်ာ႔ခ်ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ပံုမွန္ေသာက္သံုးေပးပါက ေဂါက္ေရာဂါနဲ႔ ႏွင္းခူေရာဂါတို႔ကို ေပ်ာက္ကင္းေစႏိုင္တယ္လို႔ သိရပါတယ္။ အကယ္၍ အဆုတ္နဲ႔ အစာအိမ္ ေရာဂါတစ္စံုတစ္ရာရွိပါက သခြားသီးကို ပံုမွန္စားသံုးေပးသင့္ပါတယ္။ ဒါ့အျပင္ ႂကြက္သားေတြကို ေပ်ာ့ေပ်ာင္းေစႏိုင္ၿပီး သခြားသီးမွာ ပါဝင္တဲ့ မဂၢနီဆီယမ္ဓာတ္က ေသြးလည္ပတ္မႈေကာင္းေစကာ အာ႐ံုေၾကာကို ေျပေလ်ာ့ေစႏိုင္ပါတယ္။ သခြားသးီမွာ သတၱဳဓာတ္ေတြ ျပည့္ဝတဲ့အတြက္ ေျခသည္း၊ လက္သည္း ကြာျခင္းကို ကာကြယ္ေပးႏိုင္ပါေသးတယ္။ ေနာက္ထပ္ ဓာတ္တိုးဆန္႔က်င္ပစၥည္း antioxidants ေတြလည္း ပါဝင္ေသးတဲ့အတြက္ အကင္ေတြ၊ အေၾကာ္ေတြနဲ႔ တြဲဖက္စားသံုးသင့္ပါတယ္။

>>    အျခားအက်ိဳးမ်ား

          သခြားသီးဟာ အယ္ကာလီဓာတ္ ျမင့္မားတဲ့အတြက္ ခႏၶာကိုယ္ရဲ႕ PH ဓာတ္ကို ထိန္းညႇိေပးၿပီး အက္ဆစ္ဓာတ္ကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ အစာအိမ္သမားေတြဟာ သခြားသီးကို ရံဖန္ရံခါ စားသံုးေပးသင့္ပါတယ္။

Credit:Dr. Mya Phoo Ngon (www.drmyanmar.com)


(ဖိုးသူေတာ္စာဖတ္ပရိသတ္မ်ား အဆင္ေျပေစရန္ Zawgyi ႏွင့္ Unicode Version ၂ မ်ိဳးျဖင့္ ေဖာ္ျပထားပါသည္)

#Unicode Version#


သခွားသီးဟာ အစာအိမ်ရဲ့ အက်ဆစ်ဓာတ်ကို လျှော့ချပေးတာကစလို့ အသားအရေကို ညီညာချော့မွေ့စေသည်အထိ ကောင်းကျိုးများ ပေးနိုင်ပါတယ်။

၁။     အသားအရေအတွက် ကောင်းကျိုး

        သခွားသီးမှာ ကြွက်သား၊ အရွတ်၊ အရိုးနဲ့ အရိုးနုတွေ ကျန်းမာကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ဆီလီကာဓာတ် ကြွယ်ဝစွာ ါဝင်ပါတယ်။ ဒီလို ဆီလီကာဓာတ် ပါဝင်တဲ့အတွက် ဝင်းပစိုပြေတဲ့ အသားအရေ လိုချင်သူတွေကို သခွားသီးဖျော်ရည်သောက်ဖို့ ဆရာဝန်များက ထောက်ခံချက်ပေးကြပါတယ်။ ဒါ့အပြင် သခွားသီးမှာ ရေဓာတ်ပြည့်ဝစွာ ပါဝင်တဲ့အတွက် သဘာဝအတိုင်း အစိုဓာတ်ပြည့်ဝလှပတဲ့ အသားအရေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ နေလောင်တာ၊ မျက်လုံးအိတ် ဖောင်းတာတွေကို သက်သာစေဖို့ သခွားသီးအနှစ်ကို မျက်နှာပေါ် လိမ်းတတ်ကြပါသေးတယ်။ သခွားသီးမှာ ပါဝင်တဲ့ ascorbic နဲ့ caffeic acid ဆိုတဲ့ ဓာတ် ၂ မျိုးဟာ ခန္ဓာကိုယ် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့ အဓိကဓာတ်နှစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ များတဲ့အတွက် သခွားသီးဟာ အသားအရေအတွက် မရှိမဖြစ် ပစ္စည်းတစ်မျိုး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သခွားသီးဟာ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိစေနိုင်ပြီး ကြွပ်ပွေး၊ နှင်းခူနဲ့ ဝက်ခြံတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၂။     သွေးပေါင် ကျစေနိုင်ပါတယ်။

          အစားအသောက်ဖြင့် သွေးတိုးရောဂါ ကာကွယ်ရေးအဖွဲ့အစည်းရဲ့ လေ့လာစမ်းသပ်မှုအရ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ စားသုံးသူတွေမှာ သွေးပေါင်ချိန် ပုံမှန်ထက် လျော့နည်းနေတယ်လို့ သိရပါတယ်။ ဒါကြောင့် သခွားသီးဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် ကြွက်သား၊ အရွတ်၊ အရိုးအဆစ်အမြစ်တွေကိုပါ ကြံ့ခိုင်စေနိုင်ပါတယ်။

၃။     ဆီးချို ကျစေနိုင်ပါတယ်။

          ဆီးချိုဝေဒနာရှင်တွေဟာ သခွားသီးကို ဓာတ်စာအဖြစ် စားသုံးလာကြတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ မုန့်ချိုအိတ်မှာရှိတဲ့ ဘီတာဆဲလ်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးတဲ့ အင်ဆူလင်ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုထုတ်လုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ ဟော်မုန်းဓာတ်တွေ သခွားသီးမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အစားအစာတွေမှာ ပါဝင်တဲ့ ကစီဓာတ်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်မှုတွေကို အချိုဓာတ်စံနှုန်းနဲ့ သက်မှတ်ကြပါတယ်။ သခွားသီးမှာ ပါဝင်တဲ့ အချိုဓာတ်စံနှုန်းဟာ " 0 " ပဲ ရှိပါတယ်။ ကစီဓာတ်ဟာ သွေးတွင်းအချိုဓာတ်ကို တက်စေနိုင်တတ်ပေမယ့် သခွားသီးမှာ ပါဝင်တဲ့ ကစီဓာတ်ဟာ ဆီးချိုရောဂါသည်တွေအတွက် အလွယ်တကူ ချေဖျက်နိုင်တဲ့အတွက် ဆီးချိုကို မတက်စေနိုင်ပါဘူး။ ဒါကြောင့် အခုခေတ်မှာ ဆီးချိုအတွက် သခွားသီးဖြည့်စွက်စာအဖြစ် ပင်လယ်သခွားသီးအမှုန့် ဆေးလုံးလေးတွေကို ဈေးကွက်ထဲမှာ ရောင်းချလာကြပါတယ်။

၄။     ကျန်းမာရေးကို အထူးကောင်းမွန်စေနိုင်ပါတယ်။

          သခွားသီးဟာ ခန္ဓာကိုယ်မှာ စုပုံလာတဲ့ အဆိပ်အတောက်၊ အညစ်အကြေးတွေကို ဖျောက်ဖျက်ပေးနိုင်တဲ့ အစွမ်းထက် သန့်စင်ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်၊ ဆီးအိမ်၊ အသည်းနဲ့ မုန့်ချိုအိတ်တို့ကို အကျိုးပြုပါတယ်။ သခွားသီးနဲ့ မုန်လာဥနီကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ ပိုလျှံနေတဲ့ ဆီးဆိပ်ဓာတ် Uric acid ကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သောက်သုံးပေးပါက ဂေါက်ရောဂါနဲ့ နှင်းခူရောဂါတို့ကို ပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။ အကယ်၍ အဆုတ်နဲ့ အစာအိမ် ရောဂါတစ်စုံတစ်ရာရှိပါက သခွားသီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို ပျော့ပျောင်းစေနိုင်ပြီး သခွားသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်က သွေးလည်ပတ်မှုကောင်းစေကာ အာရုံကြောကို ပြေလျော့စေနိုင်ပါတယ်။ သခွားသးီမှာ သတ္တုဓာတ်တွေ ပြည့်ဝတဲ့အတွက် ခြေသည်း၊ လက်သည်း ကွာခြင်းကို ကာကွယ်ပေးနိုင်ပါသေးတယ်။ နောက်ထပ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေလည်း ပါဝင်သေးတဲ့အတွက် အကင်တွေ၊ အကြော်တွေနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။

>>    အခြားအကျိုးများ

          သခွားသီးဟာ အယ်ကာလီဓာတ် မြင့်မားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ PH ဓာတ်ကို ထိန်းညှိပေးပြီး အက်ဆစ်ဓာတ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်သမားတွေဟာ သခွားသီးကို ရံဖန်ရံခါ စားသုံးပေးသင့်ပါတယ်။

Credit:Dr. Mya Phoo Ngon (www.drmyanmar.com)

(ဖိုးသူတော်စာဖတ်ပရိသတ်များ အဆင်ပြေစေရန် Zawgyi နှင့် Unicode Version ၂ မျိုးဖြင့် ဖော်ပြထားပါသည်)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top