iMyanmarHouse.com - Best Property Website for Myanmar
×

1.      အသားဓာတ္ မ်ားမ်ားစားလြန္းျခင္း

        အသားဓာတ္က က်န္းမာဖို႔အတြက္ မရွိမျဖစ္ အေရးပါေပမယ့္လည္းပဲ ေက်ာက္ကပ္ မေကာင္းတဲ့သူေတြ အတြက္ေတာ့ အသားမ်ားမ်ား စားလြန္းရင္ ေက်ာက္ကပ္ကို ဝန္ပိေစပါတယ္။ ဒီေတာ့ ေက်ာက္ကပ္ မေကာင္းဘူးဆိုရင္ အသားဓာတ္ တစ္ေန႔ ဘယ္ေလာက္စားလို႔ရလဲဆိုတာ ဆရာဝန္ကို ေသခ်ာေမးပါ။ ဥ၊ ငါး၊ ပဲနဲ႔ အခြံမာသီးေတြကေန ရတဲ့အသားအမ်ိဳးမ်ိဳးကို နည္းနညး္စီပဲ စားေပးဖို႔ လိုႏိုင္ပါတယ္။

2.      ဆား

          တခ်ိဳ႕လူေတြမွာ ဆား အလြန္အကၽြံစားျခင္းေၾကာင့္ ေသြးတိုးၿပီးေတာ့ ေက်ာက္ကပ္ ပ်က္စီးတာကို ျမန္ေစပါတယ္။ ၿပီးေတာ့ ေက်ာက္ကပ္ ေက်ာက္တည္တာ၊ ေက်ာေအာင့္တာနဲ႔ ဆီးသြားရ ခက္တာေတြ ျဖစ္ေစႏိုင္ပါတယ္။

3.      ေဆးလိပ္ေသာက္ျခင္း

          ေဆးလိပ္ေသာက္တာက ေက်ာက္ကပ္ေရာဂါေတြ ျဖစ္ေစတဲ့ အဓိကေရာဂါႏွစ္မ်ိဳးျဖစ္တဲ့ ေသြးတိုး၊ ဆီးခ်ိဳေတြ ပိုဆိုးေစ႐ံုသာမကဘဲ ဒီေရာဂါေတြအတြက္ ေသာက္ရတဲ့ေဆးေတြရဲ႕ သက္ေရာက္မႈကိုလည္း အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ေက်ာက္ကပ္ဆီ ေသြးစီးဆင္းမႈကို ေနွးေစလို႔ ေက်ာက္ကပ္ေရာဂါ ရွိၿပီးသားသူေတြမွာ ေက်ာက္ကပ္ျပႆနာေတြ ပိုျဖစ္ေစပါတယ္။

4.      အရက္

          အရက္ အလြန္အကၽြံေသာက္တဲ့သူေတြ (အမ်ိဳးသားေတြဆိုရင္ တစ္ပါတ္ကို ၁၄ ခြက္ထက္ ပိုေသာက္တာနဲ႔ အမ်ိဳးသမီးေတြဆို တစ္ပတ္ကို ၇ ခြက္ထက္ ပိုေသာက္တာ) ေတြက ေက်ာက္ကပ္ေရာဂါ ျဖစ္ႏုိင္ေခ်ကို ႏွစ္ဆတက္ေစပါတယ္။ တစ္ႀကိမ္တည္းနဲ႔ အမ်ားႀကီး ေသာက္တာ (၂ နာရီအတြင္းမွာ ၄-၅ ခြက္ထက္ ပိုေသာက္တာ) ေၾကာင့္ဆိုရင္ ေက်ာက္ကပ္ကို ေရွာင္တခင္ ထိခိုက္ေစၿပီးေတာ့ ဒီကေနမွ ေက်ာက္ကပ္ ျပင္းထန္စြာ ပ်က္စီးကာ ေက်ာက္ကပ္ေဆးဖို႔ေတာင္ လိုတဲ့အဆင့္ ေရာက္သြားႏိုင္ပါတယ္။

5.      ဆိုဒါ

          Diet ဆိုဒါတစ္ေန႔ ၂ ခြက္နဲ႔အထက္ ေသာက္ရင္ ေက်ာက္ကပ္ေရာဂါ ျဖစ္ႏုိင္ေခ် ပိုမ်ားပါတယ္။ သၾကားအခ်ိဳေတြ ထည့္ထားတဲ့ေဖ်ာ္ရည္ေတြကေတာ့ မတူပါဘူး။

6.      ေရဓာတ္ခမ္းေျခာက္ျခင္း

          ေက်ာက္ကပ္ ေကာင္းေကာင္း အလုပ္လုပ္ႏိုင္ဖို႔အတြက္ ေရကို လိုအပ္ပါတယ္။ ေရဓာတ္ မလံုေလာက္ရင္ အထူးသျဖင့္ေတာ့ မၾကာခဏ ေရဓာတ္နည္းတယ္ဆိုရင္ ေက်ာက္ကပ္ကို ထိခိုက္ေစပါတယ္။ ဒီေတာ့ ေရ ဘယ္ေလာက္ ေသာက္သင့္တယ္ဆိုတာကို ဘယ္လိုၾကည့္လို႔ရလဲဆိုရင္ေတာ့ လြယ္ပါတယ္။ ဆီးေရာင္ကို ၾကည့္လိုက္ပါတယ္။ ဆီးေရာင္ အဝါေဖ်ာ့ေဖ်ာ့ေလး ျဖစ္ေနရပါမယ္။

7.      အကိုက္အခဲေပ်ာက္ေဆးေတြ

          Acetaminophen, aspirin, ibuprofen စတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြကို ပဲေလွာ္စားသလို ပံုမွန္ဝါးေနမယ္ဆိုရင္ ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ပါတယ္။ လံုးဝမေသာက္ရဘူးလို႔ မဆိုလိုပါဘူး။ ဘယ္ေဆးကို ဘယ္ေလာက္ေသာက္ရမယ္ဆိုတာ ဆရာဝန္ကို ေသခ်ာေမးပါ။

8.      မူးယစ္ေဆးဝါးေတြ

          ကိုကိန္း၊ ဟီး႐ိုးအင္း (ဘိန္းျဖဴ)၊ မီသာဖက္တမင္းစတဲ့ မူးယစ္ေဆးေတြကလည္း ေက်ာက္ကပ္ကို ပ်က္စီးေစပါတယ္။ ဒီေဆးအခ်ိဳ႕က ေသြးတိုးေစၿပီးေတာ့ ေက်ာက္ကပ္ကို ထိေစပါတယ္။

9.      ေလ့က်င့္ခန္း အလြန္အကၽြံလုပ္ျခင္း

          ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြကို အၾကာႀကီးလုပ္ရင္လည္း ထိခိုက္ပ်က္စီးေနတဲ့ ၾကြက္သားတစ္သွ်ဴးေတြကို ျမန္ျမန္ႀကီး ၿပိဳကြဲေစပါတယ္။ ဒီအခါမွာ ေသြးထဲကို ဒီၿပိဳကြဲတဲ့အပိုင္းအစေတြ ေရာက္လာၿပီးေတာ့ ေက်ာက္ကပ္ကို ထိေစပါတယ္။ ဒါေၾကာင့္ တန္ေဆးလြန္ေဘးဆိုသလိုပဲ အရမ္းလည္း အလြန္အကၽြံႀကီး မလုပ္ပါနဲ႔။ စစခ်င္းမွာ ျပင္းျပင္းထန္ထန္မလုပ္ဘဲ ျဖည္းျဖည္းခ်င္း စလုပ္ပါ။ ျဖစ္ႏိုင္ရင္ အရမ္းပူတဲ့အခ်ိန္နဲ႔ စိုစြတ္မႈမ်ားတဲ့အခ်ိန္ေတြမွာ ေလ့က်င့္ခန္းလုပ္တာ ေရွာင္ပါ။ ၾကြက္သားေတြ နာရင္၊ ဆီးမည္းမည္းေတြ သြားရင္ ဆရာဝန္နဲ႔ သြားျပပါ။

10.    ခႏၶာကိုယ္ ႀကီးထြားဖြံ႕ၿဖိဳးေစတဲ့ စတီး႐ြိဳက္ေတြ

          တခ်ိဳ႕လူေတြက ၾကြက္သားေတြ တက္လာေစဖို႔ ဆိုၿပီးေတာ့ စတီးရြိဳက္ေတြေသာက္တာ ရွိပါတယ္။ ဒီေဆးေတြက ေသြးထဲကို စစ္ထုတ္ေပးတဲ့ ေက်ာက္ကပ္ရဲ႕ အစိတ္အပိုင္းေတြမွာ အမာရြတ္ေတြ ထင္ေစၿပီးေတာ့ ေဖာေရာင္လာေစတယ္၊ ေသြးထဲက အသားဓာတ္ေတြကို ဆံုးရႈံးေစတယ္၊ ကိုလက္စေရာေတြ မ်ားေစပါတယ္။

11.    ရင္ပူတာေပ်ာက္တဲ့ ေဆးေတြ

          အစာအိမ္ထဲက အက္ဆစ္ေတြကို ေခ်ဖ်က္ဖို႔အတြက္ ေသာက္ရတဲ့ PPI လို႔ေခၚတဲ့ေဆးေတြကလည္း အၾကာႀကီး စြဲေသာက္ရင္ ေက်ာက္ကပ္ေရာင္ေစပါတယ္။ ေလ့လာမႈအခ်ိဳ႕အရဆိုရင္ ဒီေဆးေတြ အေသာက္မ်ားရင္ နာတာရွည္ ေက်ာက္ကပ္ေရာဂါ ျဖစ္ေစႏုိင္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ စိတ္ပူတယ္ဆိုရင္ ဆရာဝန္နဲ႔ တုိင္ပင္ပါ။ H2 blocker လို႔ေခၚတဲ့ တျခားေဆးက ပိုေကာင္းႏိုင္ပါတယ္။

12.    လည္ေခ်ာင္းနာေစတဲ့ Strep ပိုး

          Strep ဆိုတဲ့ ပိုးဝင္လာတဲ့အခါမွာ ဒီပိုးကိုျပန္တိုက္ဖ္ို႔အတြက္ ခႏၶာကိုယ္ကေနၿပီးေတာ့ ပဋိပစၥည္းထုတ္လိုက္ပါတယ္။ ဒီထဲက ပိုေနတဲ့ဟာေတြက ေက်ာက္ကပ္ရဲ႕စစ္ထုတ္တဲ့အပိုင္းမွာ သြားအနယ္ထိုင္ေနၿပီးေတာ့ ေက်ာက္ကပ္ ေရာင္ေစပါတယ္။ ဒါက အၾကာႀကီး မဟုတ္ေပမယ့္ ေက်ာက္ကပ္က ပ်က္စီးတာကေတာ့ ရာသက္ပန္ ျဖစ္သြားပါတယ္။ ဒါေၾကာင့္ ကိုယ့္မွာ Strep ေၾကာင့္ လည္ေခ်ာင္းနာေနတယ္ထင္ရင္ ဆရာဝန္ဆီ ခ်က္ခ်င္း သြားကုသင့္ပါတယ္။

Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
(ဖိုးသူေတာ္စာဖတ္ပရိသတ္မ်ား အဆင္ေျပေစရန္ Zawgyi ႏွင့္ Unicode Version ၂ မ်ိဳးျဖင့္ ေဖာ္ျပထားပါသည္)
#Unicode Version#
 1.      အသားဓာတ် များများစားလွန်းခြင်း

        အသားဓာတ်က ကျန်းမာဖို့အတွက် မရှိမဖြစ် အရေးပါပေမယ့်လည်းပဲ ကျောက်ကပ် မကောင်းတဲ့သူတွေ အတွက်တော့ အသားများများ စားလွန်းရင် ကျောက်ကပ်ကို ဝန်ပိစေပါတယ်။ ဒီတော့ ကျောက်ကပ် မကောင်းဘူးဆိုရင် အသားဓာတ် တစ်နေ့ ဘယ်လောက်စားလို့ရလဲဆိုတာ ဆရာဝန်ကို သေချာမေးပါ။ ဥ၊ ငါး၊ ပဲနဲ့ အခွံမာသီးတွေကနေ ရတဲ့အသားအမျိုးမျိုးကို နည်းနည်းစီပဲ စားပေးဖို့ လိုနိုင်ပါတယ်။

2.      ဆား

          တချို့လူတွေမှာ ဆား အလွန်အကျွံစားခြင်းကြောင့် သွေးတိုးပြီးတော့ ကျောက်ကပ် ပျက်စီးတာကို မြန်စေပါတယ်။ ပြီးတော့ ကျောက်ကပ် ကျောက်တည်တာ၊ ကျောအောင့်တာနဲ့ ဆီးသွားရ ခက်တာတွေ ဖြစ်စေနိုင်ပါတယ်။

3.      ဆေးလိပ်သောက်ခြင်း

          ဆေးလိပ်သောက်တာက ကျောက်ကပ်ရောဂါတွေ ဖြစ်စေတဲ့ အဓိကရောဂါနှစ်မျိုးဖြစ်တဲ့ သွေးတိုး၊ ဆီးချိုတွေ ပိုဆိုးစေရုံသာမကဘဲ ဒီရောဂါတွေအတွက် သောက်ရတဲ့ဆေးတွေရဲ့ သက်ရောက်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ကျောက်ကပ်ဆီ သွေးစီးဆင်းမှုကို နှေးစေလို့ ကျောက်ကပ်ရောဂါ ရှိပြီးသားသူတွေမှာ ကျောက်ကပ်ပြဿနာတွေ ပိုဖြစ်စေပါတယ်။

4.      အရက်

          အရက် အလွန်အကျွံသောက်တဲ့သူတွေ (အမျိုးသားတွေဆိုရင် တစ်ပါတ်ကို ၁၄ ခွက်ထက် ပိုသောက်တာနဲ့ အမျိုးသမီးတွေဆို တစ်ပတ်ကို ၇ ခွက်ထက် ပိုသောက်တာ) တွေက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေကို နှစ်ဆတက်စေပါတယ်။ တစ်ကြိမ်တည်းနဲ့ အများကြီး သောက်တာ (၂ နာရီအတွင်းမှာ ၄-၅ ခွက်ထက် ပိုသောက်တာ) ကြောင့်ဆိုရင် ကျောက်ကပ်ကို ရှောင်တခင် ထိခိုက်စေပြီးတော့ ဒီကနေမှ ကျောက်ကပ် ပြင်းထန်စွာ ပျက်စီးကာ ကျောက်ကပ်ဆေးဖို့တောင် လိုတဲ့အဆင့် ရောက်သွားနိုင်ပါတယ်။

5.      ဆိုဒါ

          Diet ဆိုဒါတစ်နေ့ ၂ ခွက်နဲ့အထက် သောက်ရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ သကြားအချိုတွေ ထည့်ထားတဲ့ဖျော်ရည်တွေကတော့ မတူပါဘူး။

6.      ရေဓာတ်ခမ်းခြောက်ခြင်း

          ကျောက်ကပ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် ရေကို လိုအပ်ပါတယ်။ ရေဓာတ် မလုံလောက်ရင် အထူးသဖြင့်တော့ မကြာခဏ ရေဓာတ်နည်းတယ်ဆိုရင် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဒီတော့ ရေ ဘယ်လောက် သောက်သင့်တယ်ဆိုတာကို ဘယ်လိုကြည့်လို့ရလဲဆိုရင်တော့ လွယ်ပါတယ်။ ဆီးရောင်ကို ကြည့်လိုက်ပါတယ်။ ဆီးရောင် အဝါဖျော့ဖျော့လေး ဖြစ်နေရပါမယ်။

7.      အကိုက်အခဲပျောက်ဆေးတွေ

          Acetaminophen, aspirin, ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ပဲလှော်စားသလို ပုံမှန်ဝါးနေမယ်ဆိုရင် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ လုံးဝမသောက်ရဘူးလို့ မဆိုလိုပါဘူး။ ဘယ်ဆေးကို ဘယ်လောက်သောက်ရမယ်ဆိုတာ ဆရာဝန်ကို သေချာမေးပါ။

8.      မူးယစ်ဆေးဝါးတွေ

          ကိုကိန်း၊ ဟီးရိုးအင်း (ဘိန်းဖြူ)၊ မီသာဖက်တမင်းစတဲ့ မူးယစ်ဆေးတွေကလည်း ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ ဒီဆေးအချို့က သွေးတိုးစေပြီးတော့ ကျောက်ကပ်ကို ထိစေပါတယ်။

9.      လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း

          ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို အကြာကြီးလုပ်ရင်လည်း ထိခိုက်ပျက်စီးနေတဲ့ ကြွက်သားတစ်သျှူးတွေကို မြန်မြန်ကြီး ပြိုကွဲစေပါတယ်။ ဒီအခါမှာ သွေးထဲကို ဒီပြိုကွဲတဲ့အပိုင်းအစတွေ ရောက်လာပြီးတော့ ကျောက်ကပ်ကို ထိစေပါတယ်။ ဒါကြောင့် တန်ဆေးလွန်ဘေးဆိုသလိုပဲ အရမ်းလည်း အလွန်အကျွံကြီး မလုပ်ပါနဲ့။ စစချင်းမှာ ပြင်းပြင်းထန်ထန်မလုပ်ဘဲ ဖြည်းဖြည်းချင်း စလုပ်ပါ။ ဖြစ်နိုင်ရင် အရမ်းပူတဲ့အချိန်နဲ့ စိုစွတ်မှုများတဲ့အချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာ ရှောင်ပါ။ ကြွက်သားတွေ နာရင်၊ ဆီးမည်းမည်းတွေ သွားရင် ဆရာဝန်နဲ့ သွားပြပါ။

10.    ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတဲ့ စတီးရွိုက်တွေ

          တချို့လူတွေက ကြွက်သားတွေ တက်လာစေဖို့ ဆိုပြီးတော့ စတီးရွိုက်တွေသောက်တာ ရှိပါတယ်။ ဒီဆေးတွေက သွေးထဲကို စစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့ အစိတ်အပိုင်းတွေမှာ အမာရွတ်တွေ ထင်စေပြီးတော့ ဖောရောင်လာစေတယ်၊ သွေးထဲက အသားဓာတ်တွေကို ဆုံးရှုံးစေတယ်၊ ကိုလက်စရောတွေ များစေပါတယ်။

11.    ရင်ပူတာပျောက်တဲ့ ဆေးတွေ

          အစာအိမ်ထဲက အက်ဆစ်တွေကို ချေဖျက်ဖို့အတွက် သောက်ရတဲ့ PPI လို့ခေါ်တဲ့ဆေးတွေကလည်း အကြာကြီး စွဲသောက်ရင် ကျောက်ကပ်ရောင်စေပါတယ်။ လေ့လာမှုအချို့အရဆိုရင် ဒီဆေးတွေ အသောက်များရင် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ပူတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ H2 blocker လို့ခေါ်တဲ့ တခြားဆေးက ပိုကောင်းနိုင်ပါတယ်။

12.    လည်ချောင်းနာစေတဲ့ Strep ပိုး

          Strep ဆိုတဲ့ ပိုးဝင်လာတဲ့အခါမှာ ဒီပိုးကိုပြန်တိုက်ဖို့အတွက် ခန္ဓာကိုယ်ကနေပြီးတော့ ပဋိပစ္စည်းထုတ်လိုက်ပါတယ်။ ဒီထဲက ပိုနေတဲ့ဟာတွေက ကျောက်ကပ်ရဲ့စစ်ထုတ်တဲ့အပိုင်းမှာ သွားအနယ်ထိုင်နေပြီးတော့ ကျောက်ကပ် ရောင်စေပါတယ်။ ဒါက အကြာကြီး မဟုတ်ပေမယ့် ကျောက်ကပ်က ပျက်စီးတာကတော့ ရာသက်ပန် ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ့်မှာ Strep ကြောင့် လည်ချောင်းနာနေတယ်ထင်ရင် ဆရာဝန်ဆီ ချက်ချင်း သွားကုသင့်ပါတယ်။

Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

(ဖိုးသူတော်စာဖတ်ပရိသတ်များ အဆင်ပြေစေရန် Zawgyi နှင့် Unicode Version ၂ မျိုးဖြင့် ဖော်ပြထားပါသည်)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top