iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲမဂၤလာပါေနာ္။ လူတိုင္း ေန႔စဥ္ အသားအေရထိန္းသိမ္းမွုကို ျပဳလုပ္ေပးဖို႔အေရးႀကီးပါတယ္။ ေစ်းကြက္ထဲမွာ အလွအပနဲ႔ပတ္သက္တဲ့ ပစၥည္းေတြ အလြယ္တကူရေနေပမယ့္ ကိုယ္နဲ႔သင့္ေတာ္တဲ့ကုန္ပစၥည္းေတြကို ေသခ်ာေရြးခ်ယ္ၿပီး မွန္မွန္ကန္ကန္အသံုးျပဳေပးဖို႔လိုပါတယ္။

မ်က္ႏွာေပါင္တင္တဲ့အခါ ဘယ္ႏွစ္ႀကိမ္ေလာက္လုပ္ေပးသင့္တယ္လို႔ထင္ပါသလဲ။ အသားအေရအမ်ိဳးအစားအလိုက္ကြဲျပားတာမို႔ အသားအေရအလိုက္ မ်က္ႏွာေပါင္းတင္တာကို ဘယ္ႏွစ္ႀကိမ္ေလာက္လုပ္ေပးသင့္သလဲဆိုတာ မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

၁။ ေျခာက္ေသြ႕အသားအေရ

စာဖတ္သူရဲ႕အသားအေရေျခာက္ေသြ႕တယ္ဆိုရင္ေတာ့ ေရဓာတ္ၾကြယ္ဝတဲ့မ်က္ႏွာေပါင္းတင္ခရင္မ္၊ ဗီတာမင္ E ပါတဲ့ Mask တို႔ကိုေရြးခ်ယ္ႏိုင္ပါတယ္။ ေျခာက္ေသြ႕အသားအေရပိုင္ရွင္ေတြက တစ္ပတ္ကို ၂ ႀကိမ္ (သို႔) ၃ ႀကိမ္ခန္႕ေပါင္းတင္ေပးႏိုင္ပါတယ္။

၂။ အဆီျပန္တဲ့အသားအေရ

အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြကေတာ့ ရႊံ႕ေစးတို႔၊ အဆီဓာတ္ေလ်ာ့ၿပီး ေရဓာတ္ၾကြယ္ဝတဲ့ မ်က္ႏွာေပါင္တင္ခရင္မ္တို႔၊ အဆီဖယ္ရွားေပးတဲ့ မ်က္ႏွာေပါင္းတင္တဲ့ပစၥည္းေတြကိုေရြးခ်ယ္ပါ။ တစ္ပတ္ကိုေတာ့ ၂ ႀကိမ္ေလာျက္လုပ္ရင္ လံုေလာက္ပါတယ္။ ေဆာင္းတြင္းဆိုရင္ ၁ ႀကိမ္ေလာက္ပဲလုပ္ပါ။

၃။ ေပါင္စပ္အသားအေရပိုင္ရွင္

ေပါင္းစပ္အသားအေရပိုင္ရွင္ဆိုတာကေတာ့ T-Zone လို႕႔ေခၚတဲ့ နဖူး၊ ႏွာေခါင္း၊ ေမးေစ့၊ တို႔မွာပဲ အဆီထြက္ၿပီးက်န္တဲ့ေနရာမွာေတာ့ ပံုမွန္အတိုင္းရွိတဲ့အသားအေရမ်ိဳးပါ။ ရႊံ႕ေစးတို႔၊ ေပါင္တင္တဲံ Mask တို႔၊ ရွားေစာင္းလက္ပပ္ဂ်ယ္တို႕႔လို ဂ်ယ္ေပါင္တင္တဲ့ခရင္မ္တို႔ကို သံုးႏိုင္ပါတယ္။ ရႊံ႕ေစးနဲ႔ေပါင္းတင္တာကိုေတာ့ တစ္ပတ္ကို ၁ ႀကိမ္လုပ္ေပးႏိုင္ၿပီး မ်က္ႏွာေပါင္းတင္တဲ့ ဂ်ယ္နဲ႔ေပါင္းတင္တာမ်ိဳးကိုေတာ့ တစ္ပတ္ ၂ ႀကိမ္ ၃ ႀကိမ္လုပ္ေပးႏိုင္ပါတယ္။

၄။ အထမခံတဲ့အသားအေရ

ကိုယ့္အသားအေရက Sensitive ျဖစ္တယ္ဆိုရင္ေတာ့ ကိုယ္နဲ႔သင့္ေတာ္တဲ့ ေပါင္းတင္ခရင္မ္၊ Mask ေတြကို ရွာသင့္ပါတယ္။ ရွားေစာင္းလက္ပပ္နဲ႔တည့္ရင္သံုးႏိုင္တယ္။ တျခား အသားအေရေခ်ာမြတ္ေစတဲ့ Maskေတြကိုလည္း သံုးႏိုင္ပါတယ္။ တစ္ပတ္ကို ၁ ႀကိမ္ေလာက္သံုးေပးပါ။

Credit:  MyStyle Myanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲမင်္ဂလာပါနော်။ လူတိုင်း နေ့စဉ် အသားအရေထိန်းသိမ်းမှုကို ပြုလုပ်ပေးဖို့အရေးကြီးပါတယ်။ ဈေးကွက်ထဲမှာ အလှအပနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ အလွယ်တကူရနေပေမယ့် ကိုယ်နဲ့သင့်တော်တဲ့ကုန်ပစ္စည်းတွေကို သေချာရွေးချယ်ပြီး မှန်မှန်ကန်ကန်အသုံးပြုပေးဖို့လိုပါတယ်။

မျက်နှာပေါင်တင်တဲ့အခါ ဘယ်နှစ်ကြိမ်လောက်လုပ်ပေးသင့်တယ်လို့ထင်ပါသလဲ။ အသားအရေအမျိုးအစားအလိုက်ကွဲပြားတာမို့ အသားအရေအလိုက် မျက်နှာပေါင်းတင်တာကို ဘယ်နှစ်ကြိမ်လောက်လုပ်ပေးသင့်သလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ခြောက်သွေ့အသားအရေ

စာဖတ်သူရဲ့အသားအရေခြောက်သွေ့တယ်ဆိုရင်တော့ ရေဓာတ်ကြွယ်ဝတဲ့မျက်နှာပေါင်းတင်ခရင်မ်၊ ဗီတာမင် E ပါတဲ့ Mask တို့ကိုရွေးချယ်နိုင်ပါတယ်။ ခြောက်သွေ့အသားအရေပိုင်ရှင်တွေက တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်ခန့်ပေါင်းတင်ပေးနိုင်ပါတယ်။

၂။ အဆီပြန်တဲ့အသားအရေ

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကတော့ ရွှံ့စေးတို့၊ အဆီဓာတ်လျော့ပြီး ရေဓာတ်ကြွယ်ဝတဲ့ မျက်နှာပေါင်တင်ခရင်မ်တို့၊ အဆီဖယ်ရှားပေးတဲ့ မျက်နှာပေါင်းတင်တဲ့ပစ္စည်းတွေကိုရွေးချယ်ပါ။ တစ်ပတ်ကိုတော့ ၂ ကြိမ်လောြက်လုပ်ရင် လုံလောက်ပါတယ်။ ဆောင်းတွင်းဆိုရင် ၁ ကြိမ်လောက်ပဲလုပ်ပါ။

၃။ ပေါင်စပ်အသားအရေပိုင်ရှင်

ပေါင်းစပ်အသားအရေပိုင်ရှင်ဆိုတာကတော့ T-Zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့၊ တို့မှာပဲ အဆီထွက်ပြီးကျန်တဲ့နေရာမှာတော့ ပုံမှန်အတိုင်းရှိတဲ့အသားအရေမျိုးပါ။ ရွှံ့စေးတို့၊ ပေါင်တင်တဲံ Mask တို့၊ ရှားစောင်းလက်ပပ်ဂျယ်တို့လို ဂျယ်ပေါင်တင်တဲ့ခရင်မ်တို့ကို သုံးနိုင်ပါတယ်။ ရွှံ့စေးနဲ့ပေါင်းတင်တာကိုတော့ တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးနိုင်ပြီး မျက်နှာပေါင်းတင်တဲ့ ဂျယ်နဲ့ပေါင်းတင်တာမျိုးကိုတော့ တစ်ပတ် ၂ ကြိမ် ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

၄။ အထမခံတဲ့အသားအရေ

ကိုယ့်အသားအရေက Sensitive ဖြစ်တယ်ဆိုရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ ပေါင်းတင်ခရင်မ်၊ Mask တွေကို ရှာသင့်ပါတယ်။ ရှားစောင်းလက်ပပ်နဲ့တည့်ရင်သုံးနိုင်တယ်။ တခြား အသားအရေချောမွတ်စေတဲ့ Maskတွေကိုလည်း သုံးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်လောက်သုံးပေးပါ။

Credit:  MyStyle Myanmar
အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top