iMyanmarHouse.com - Best Property Website for Myanmar
×


ေဖေဖာ္ဝါရီလဆိုတာ အခ်စ္ေတြ ၿခဳံလႊမ္းေနတဲ့ လပါ။ ဒီလထဲမွာ ခ်စ္တဲ့သူတိုင္း ေမွ်ာ္လင့္ေစာင့္ဆိုင္းေနၾကတဲ့ ခ်စ္သူမ်ားေန႔ကလည္း နီးလာပါၿပီ။ ဒီအခ်ိန္မွာ ကိုယ္တန္ဖိုးထားရတဲ့ ခ်စ္သူအတြက္ ဘယ္လို အမွတ္ တရပစၥည္းေတြ ေပးသင့္လဲ ေခါင္းစားေနၿပီဆိုရင္ သင့္ေတာ္မယ့္ အႀကံဉာဏ္ေတြ ေဝမွ်ေပးခ်င္ပါတယ္။အခ်စ္ဂု႐ုေတြက ဗယ္လင္တိုင္းေန႔အတြက္ အခ်စ္ရဆုံးသူကို လက္ေဆာင္ေပးမယ္ဆိုရင္ သူနဲ႔ ကိုယ္ ပတ္သက္ခဲ့တဲ့ အခ်ိန္နဲ႔ တိုင္းတာၿပီး အမွတ္တရ လက္ေဆာင္ေပးပါလို႔ ဆိုပါတယ္။


သူနဲ႔ ကိုယ္က အခုမွ ညႇိခါစ၊ ၾကဴခါစ အခ်ိန္ဆိုရင္ တသက္လုံးအတြက္ ရည္႐ြယ္ပါတယ္ဆိုတဲ့ လက္ေဆာင္မ်ိဳးက အသင့္ေတာ္ဆုံးပါ။ အၿမဲတမ္း သိမ္းထားလို႔ လြယ္ၿပီး သတိရတိုင္း ျပန္ထုတ္ၾကည့္ႏိုင္မယ့္ 3D ကတ္ေလးေတြလို ဖြင့္လိုက္တာနဲ႔ အသည္းပုံေလးေတြ၊ ပန္းပုံေလးေတြ ျဖစ္သြားတာမ်ိဳး၊ တသက္လုံး အခ်စ္ေတြတည္ၿမဲေနမယ္ဆိုတဲ့ အဓိပၸာယ္နဲ႔ ပန္းအတုေတြကို လွလွပပ တန္ဆာျပင္ဆင္ထားတာမ်ိဳး ျပင္ဆင္ပါ။


ခ်စ္သူသက္တမ္း ၃ လေလာက္ရွိၿပီဆိုရင္ေတာ့ ႐ိုး႐ိုးရွင္းရွင္းနဲ႔ အဓိပၸာယ္ရွိတာမ်ိဳး ေ႐ြးသင့္ပါတယ္။ ၃ လ ေလာက္ဆို ကိုယ့္အႀကိဳက္၊ သူ႔အႀကိဳက္ တီးမိေခါက္မိၿပီမို႔ ကိုယ့္ခ်စ္သူႀကိဳက္တဲ့ မုန႔္ေလးေတြကို ႐ိုမန္တစ္ဆန္ဆန္ ထုပ္ပိုးျပင္ဆင္ၿပီး ဗယ္လင္တိုင္းလက္ေဆာင္ ေပးလိုက္ပါ။


ခ်စ္သူသက္တမ္း ၆ လေလာက္ဆိုရင္ အမွတ္တရျဖစ္ေစမယ့္ ေခတ္ေပၚဒီဇိုင္း ဆြဲႀကိဳးေလးေတြနဲ႔ အဆင္ေျပပါတယ္။ သူနဲ႔ လိုက္ဖက္မယ့္ ႀကိဳက္ေလာက္မယ့္ ေနာက္ဆုံးေပၚ ဆြဲႀကိဳးေလးေတြဆိုရင္ ခ်စ္သူသက္တမ္းနဲ႔ သင့္ေတာ္ပါတယ္။ ဒီေနရာ တန္ဖိုးႀကီးေအာင္ဆိုၿပီး စိန္လို အဖိုးတန္တာမ်ိဳး မေပးသင့္ပါဘူး။ အဖိုးတန္ လက္ဝတ္တန္ဆာမ်ိဳးက ခ်စ္သက္တမ္းရွည္တဲ့ စုံတြဲေတြပဲ ေပးသင့္တာမ်ိဳးပါ။


ခ်စ္သူသက္တမ္း ၆ လေက်ာ္ ၁၀ လနီးပါးေလာက္ စုံတြဲေတြဆိုရင္ တေယာက္နဲ႔ တေယာက္ ဂ႐ုစိုက္ေၾကာင္း ျပတဲ့အေနနဲ႔ ေဆာင္းရာသီမွာ ေႏြးေႏြးေထြးေထြး ျဖစ္ေစမယ့္ လက္အိတ္၊ ေျခအိတ္ေလးေတြ ဗယ္လင္တိုင္း လက္ေဆာင္ေပးေလ့ ရွိပါတယ္။ ဒါမွမဟုတ္လည္း ကိုယ္တိုင္ ထိုးထားတဲ့ မာဖလာေလးေတြ အမွတ္တရ ေပးၾကပါတယ္။

ခ်စ္သူသက္တမ္း ၁ ႏွစ္ ေက်ာ္ၿပီ ဆိုရင္ေတာ့ အမွတ္တရ အဖိုးတန္ ေက်ာက္လည္ဆြဲေလးေတြ ေပးတတ္ၿပီး အခ်စ္ကို သက္ေသျပၾကသလို၊ ပန္းစည္းေတြထက္ အခ်စ္သေကၤတ အပင္ေလးေတြလည္း ေပးေလ့ ရွိၾကပါတယ္။ ညစာကို ကိုယ္တိုင္ခ်က္ၿပီး ခ်စ္သူနဲ႔ႏွစ္ေယာက္ အေကာင္းဆုံး အခ်ိန္ေလးေတြကို ဖန္တီးၾကည့္လို႔လည္း ရပါတယ္။


ခ်စ္သူသက္တမ္း ရွည္ၾကာၿပီး လက္ထပ္ၿပီးခါစ စုံတြဲေတြအတြက္ေတာ့ ဗယ္လင္တိုင္း လက္ေဆာင္က အမွန္ တကယ္လိုအပ္တဲ့ ပစၥည္းေလးေတြ ေပးၾကပါတယ္။ ေကာ္ဖီႀကိဳက္တဲ့ ခ်စ္သူအတြက္ ေကာ္ဖီစက္၊ အခ်က္အျပဳတ္ ဝါသနာပါတဲ့ ခ်စ္သူအတြက္ ဟင္းခ်က္ပစၥည္းေလးေတြ လက္ေဆာင္ေပးၾကသလိုမ်ိဳးေပါ့။

မဂၤလာသက္တမ္းၾကာတဲ့ စုံတြဲေတြဆိုရင္ ကိုယ့္ဇနီး ႀကိဳက္ေလာက္မယ့္ လက္ကိုင္အိတ္၊ လက္ဝတ္ရတနာေတြနဲ႔ တြဲၿပီး ပို႔စကတ္ေလးေတြ ဗယ္လင္တိုင္း လက္ေဆာင္ေပးလိုက္ပါ။ ခ်စ္သူေတြအားလုံး ဗယ္လင္တိုင္းေန႔မွာ အဓိပၸာယ္ရွိတဲ့ အမွတ္တရ လက္ေဆာင္ေတြေပးရင္း ျဖတ္သန္းႏိုင္ၾကပါေစေနာ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဖေဖော်ဝါရီလဆိုတာ အချစ်တွေ ခြုံလွှမ်းနေတဲ့ လပါ။ ဒီလထဲမှာ ချစ်တဲ့သူတိုင်း မျှော်လင့်စောင့်ဆိုင်းနေကြတဲ့ ချစ်သူများနေ့ကလည်း နီးလာပါပြီ။ ဒီအချိန်မှာ ကိုယ်တန်ဖိုးထားရတဲ့ ချစ်သူအတွက် ဘယ်လို အမှတ် တရပစ္စည်းတွေ ပေးသင့်လဲ ခေါင်းစားနေပြီဆိုရင် သင့်တော်မယ့် အကြံဉာဏ်တွေ ဝေမျှပေးချင်ပါတယ်။အချစ်ဂုရုတွေက ဗယ်လင်တိုင်းနေ့အတွက် အချစ်ရဆုံးသူကို လက်ဆောင်ပေးမယ်ဆိုရင် သူနဲ့ ကိုယ် ပတ်သက်ခဲ့တဲ့ အချိန်နဲ့ တိုင်းတာပြီး အမှတ်တရ လက်ဆောင်ပေးပါလို့ ဆိုပါတယ်။

သူနဲ့ ကိုယ်က အခုမှ ညှိခါစ၊ ကြူခါစ အချိန်ဆိုရင် တသက်လုံးအတွက် ရည်ရွယ်ပါတယ်ဆိုတဲ့ လက်ဆောင်မျိုးက အသင့်တော်ဆုံးပါ။ အမြဲတမ်း သိမ်းထားလို့ လွယ်ပြီး သတိရတိုင်း ပြန်ထုတ်ကြည့်နိုင်မယ့် 3D ကတ်လေးတွေလို ဖွင့်လိုက်တာနဲ့ အသည်းပုံလေးတွေ၊ ပန်းပုံလေးတွေ ဖြစ်သွားတာမျိုး၊ တသက်လုံး အချစ်တွေတည်မြဲနေမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပန်းအတုတွေကို လှလှပပ တန်ဆာပြင်ဆင်ထားတာမျိုး ပြင်ဆင်ပါ။

ချစ်သူသက်တမ်း ၃ လလောက်ရှိပြီဆိုရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ်ရှိတာမျိုး ရွေးသင့်ပါတယ်။ ၃ လ လောက်ဆို ကိုယ့်အကြိုက်၊ သူ့အကြိုက် တီးမိခေါက်မိပြီမို့ ကိုယ့်ချစ်သူကြိုက်တဲ့ မုန့်လေးတွေကို ရိုမန်တစ်ဆန်ဆန် ထုပ်ပိုးပြင်ဆင်ပြီး ဗယ်လင်တိုင်းလက်ဆောင် ပေးလိုက်ပါ။

ချစ်သူသက်တမ်း ၆ လလောက်ဆိုရင် အမှတ်တရဖြစ်စေမယ့် ခေတ်ပေါ်ဒီဇိုင်း ဆွဲကြိုးလေးတွေနဲ့ အဆင်ပြေပါတယ်။ သူနဲ့ လိုက်ဖက်မယ့် ကြိုက်လောက်မယ့် နောက်ဆုံးပေါ် ဆွဲကြိုးလေးတွေဆိုရင် ချစ်သူသက်တမ်းနဲ့ သင့်တော်ပါတယ်။ ဒီနေရာ တန်ဖိုးကြီးအောင်ဆိုပြီး စိန်လို အဖိုးတန်တာမျိုး မပေးသင့်ပါဘူး။ အဖိုးတန် လက်ဝတ်တန်ဆာမျိုးက ချစ်သက်တမ်းရှည်တဲ့ စုံတွဲတွေပဲ ပေးသင့်တာမျိုးပါ။

ချစ်သူသက်တမ်း ၆ လကျော် ၁၀ လနီးပါးလောက် စုံတွဲတွေဆိုရင် တယောက်နဲ့ တယောက် ဂရုစိုက်ကြောင်း ပြတဲ့အနေနဲ့ ဆောင်းရာသီမှာ နွေးနွေးထွေးထွေး ဖြစ်စေမယ့် လက်အိတ်၊ ခြေအိတ်လေးတွေ ဗယ်လင်တိုင်း လက်ဆောင်ပေးလေ့ ရှိပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်တိုင် ထိုးထားတဲ့ မာဖလာလေးတွေ အမှတ်တရ ပေးကြပါတယ်။


ချစ်သူသက်တမ်း ၁ နှစ် ကျော်ပြီ ဆိုရင်တော့ အမှတ်တရ အဖိုးတန် ကျောက်လည်ဆွဲလေးတွေ ပေးတတ်ပြီး အချစ်ကို သက်သေပြကြသလို၊ ပန်းစည်းတွေထက် အချစ်သင်္ကေတ အပင်လေးတွေလည်း ပေးလေ့ ရှိကြပါတယ်။ ညစာကို ကိုယ်တိုင်ချက်ပြီး ချစ်သူနဲ့နှစ်ယောက် အကောင်းဆုံး အချိန်လေးတွေကို ဖန်တီးကြည့်လို့လည်း ရပါတယ်။

ချစ်သူသက်တမ်း ရှည်ကြာပြီး လက်ထပ်ပြီးခါစ စုံတွဲတွေအတွက်တော့ ဗယ်လင်တိုင်း လက်ဆောင်က အမှန် တကယ်လိုအပ်တဲ့ ပစ္စည်းလေးတွေ ပေးကြပါတယ်။ ကော်ဖီကြိုက်တဲ့ ချစ်သူအတွက် ကော်ဖီစက်၊ အချက်အပြုတ် ဝါသနာပါတဲ့ ချစ်သူအတွက် ဟင်းချက်ပစ္စည်းလေးတွေ လက်ဆောင်ပေးကြသလိုမျိုးပေါ့။

မင်္ဂလာသက်တမ်းကြာတဲ့ စုံတွဲတွေဆိုရင် ကိုယ့်ဇနီး ကြိုက်လောက်မယ့် လက်ကိုင်အိတ်၊ လက်ဝတ်ရတနာတွေနဲ့ တွဲပြီး ပို့စကတ်လေးတွေ ဗယ်လင်တိုင်း လက်ဆောင်ပေးလိုက်ပါ။ ချစ်သူတွေအားလုံး ဗယ်လင်တိုင်းနေ့မှာ အဓိပ္ပာယ်ရှိတဲ့ အမှတ်တရ လက်ဆောင်တွေပေးရင်း ဖြတ်သန်းနိုင်ကြပါစေနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top