iMyanmarHouse.com - Best Property Website for Myanmar
×


ပရိသတ္ေတြ ခ်စ္ၾကတဲ့ စံုတြဲေလးျဖစ္တဲ့ ဟန္လင္းနဲ႔ေမဦးက ခ်စ္သူသက္တမ္း(၂) ႏွစ္ေက်ာ္ရိွၿပီျဖစ္တဲ့ ခ်စ္စရာေကာင္းတဲ့ အတြဲေလးပါ။ အားလံုးသိၿပီးတဲ့အတိုင္း ဟန္လင္းနဲ႔ ေမဦးက LGBT (လိင္တူခ်စ္သူ) ေတြ ျဖစ္ေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ ေမတၱာစစ္နဲ႔သာ ခ်စ္ခင္ၾကၿပီး အခက္အခဲေတြကို အတူတူ ေက်ာ္လႊားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလဲ ဟန္လင္းနဲ႔ ေမဦးတို႔ရဲ႕ အတြဲေလးကို အားေပးၿပီး ခ်စ္ခင္ၾကပါတယ္။

ဟန္လင္းနဲ႔ ေမဦးက Valentine Day အမွတ္တရ အေနနဲ႔ တစ္ေယာက္ရဲ႕ ႏႈတ္ခမ္းရာေလးကို တစ္ေယာက္ ခႏၶာကိုယ္ေပၚမွာ ေသရာပါေအာင္ Tattoo ထိုးခဲ့တာကို သူတို႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာေတြမွာ မၽွေဝထားပါတယ္။ဒါ့အျပင္ ဟန္လင္းက သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ “Happy pre Valentine Days…ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကိုယ္တိုင္ လိုလိုလားလားနဲ႔ စြန္းထင္ေစခဲ့တဲ့ေသရာပါ ေဆးစက္ေလးေတြ …အခ်စ္ကဆန္းၾကယ္တယ္ ဆိုရမလား ? လူဦးေရသန္းနဲ႔ခ်ီၿပီးရွိတဲ့ လူေတြထဲမွာမွ တစ္ေယာက္နဲ႔ တစ္ေယာက္ေတြ႕ဆုံခြင့္ရခဲ့ၿပီး ျမတ္ႏိုးစြာ ခ်စ္ခဲ့ၾကတယ္…အမွတ္တရေပါင္းမ်ားစြာကို တစ္ေယာက္ရဲ႕ေပ်ာ္ရႊင္ေနျခင္းကို တစ္ေယာက္ျမင္ရဖို႔ မေရမတြက္ႏိုင္ေအာင္ ဖန္တီးေပးခဲ့ျကဖူးတယ္ …လူေတြရဲ႕ ကဲ့ရဲ႕႐ွဳံ့ခ်တဲ့ အၾကည့္ ေတြေအာက္မွာ တစ္ေယာက္ရဲ႕လက္ကို တစ္ေယာက္ ခိုင္ခိုင္တြဲၿပီး ေရွ႕ဆက္ခဲ့ၾကဖူးတယ္။


အရာရာဟာ အၿမဲမေျဖာင့္ျဖဴးတဲ့ သေဘာတရားအတိုင္း ကၽြန္ေတာ္တို႔ႏွစ္ေယာက္ ရန္ေတြျဖစ္ခဲ့ဖူးတယ္ စကားေတြ အေျခအတင္ မ်ားခဲ့ၾကဖူးတယ္…ဘာေၾကာင့္ရယ္မသိ တစ္ေယာက္ ရဲ႕အေဝးမွာ တစ္ေယာက္ၾကာျကာ ေနႏိုင္စြမ္း မ ရွိတဲ့ အေၾကာင္းျပခ်က္ တစ္ခုတည္း နဲ႔ဘဲ ျပန္အဆင္ေျပခဲ့ျက တယ္…(ရန္ျဖစ္ၾကတိုင္းအၿမဲညွိေပးၾကတဲ့ We LOVE HanOo ေတြအားလုံးကို ရင္ထဲကလႈိက္လႈိက္လွဲလွဲကိုေက်းဇူးတင္ၿပီးခ်စ္တယ္)”

“မျကာခဏ ဆိုသလို အမွတ္တရေလးေတြကို ဖန္တီးေပးျဖစ္တဲ့ ကၽြန္ေတာ့္ရဲ႕ အဓိကရည္ရြယ္ခ်က္က တစ္ခ်ိန္ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အသက္ေတြျကီးလာတဲ့အခါ ျဖတ္သန္းခဲ့တဲ့ ဘဝတစ္ေလွ်ာက္ကို ျပန္ေတြးတိုင္း ရန္ခုန္ေပ်ာ္ရႊင္ခဲ့ရတဲ့ အတိတ္ေလးေတြ ထင္က်န္ေစခ်င္တာပါ…အခုလည္း ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ရဲ႕ဘဝ တစ္ေလွ်ာက္လုံးမွာ အခုကေနစၿပီး အဖိုးႀကီးေတြ ျဖစ္သြားျကတဲ့အထိ မွန္ၾကည့္တိုင္းရင္ခုန္ေနေစဖို႔ အနမ္းေလးေတြ ဖလွယ္ျဖစ္ခဲ့ျကတယ္…ဘဝတစ္သက္စာအတြက္ ရင္ခုန္စရာ အမွတ္တရ ေဆးစက္ေလးေတြကို အေကာင္းဆုံးဖန္တီးေပးခဲ့တဲ့ ကို Ka Gee ကိုလည္းေက်းဇူးအထူးပါ♥️အား လုံး လည္း လာ မယ့္ Valentine မွာ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့အမွတ္တရေလးေတြနဲ႔ ေတြ႕ ၾကဳံႏိုင္ပါေစ … ” ဆိုၿပီး ေလးေလးနက္နက္ေျပာထားပါတယ္။


ေမဦးနဲ႔ ဟန္လင္းရဲ႕ တစ္ေယာက္ကိုတစ္ေယာက္ ထားရိွတဲ့ ေမတၱာက အင္မတန္ႀကီးမားၿပီး ေလးနက္လြန္းတာကို ေတြ႕ရပါတယ္။ ေယာက်ာ္းေလးခ်င္းျဖစ္ေစ မိန္းကေလးခ်င္းျဖစ္ေစ အခ်စ္စစ္အခ်စ္မွန္ကို ရွာေတြ႕ႏိုင္ဖို႔က အေရးအႀကီးဆံုးပါပဲ။ခ်စ္ပရိသတ္ေတြလဲ ခ်စ္သူမ်ားေန႔မွာ ကိုယ္ခ်စ္ရတဲ့သူေတြနဲ႔ အလွပဆံုးအမွတ္တရေတြကို ဖန္တီးႏိုင္ၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္ေနာ္။

Credit: Burmese.asia

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ပရိသတ်တွေ ချစ်ကြတဲ့ စုံတွဲလေးဖြစ်တဲ့ ဟန်လင်းနဲ့မေဦးက ချစ်သူသက်တမ်း(၂) နှစ်ကျော်ရှိပြီဖြစ်တဲ့ ချစ်စရာကောင်းတဲ့ အတွဲလေးပါ။ အားလုံးသိပြီးတဲ့အတိုင်း ဟန်လင်းနဲ့ မေဦးက LGBT (လိင်တူချစ်သူ) တွေ ဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် မေတ္တာစစ်နဲ့သာ ချစ်ခင်ကြပြီး အခက်အခဲတွေကို အတူတူ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလဲ ဟန်လင်းနဲ့ မေဦးတို့ရဲ့ အတွဲလေးကို အားပေးပြီး ချစ်ခင်ကြပါတယ်။

ဟန်လင်းနဲ့ မေဦးက Valentine Day အမှတ်တရ အနေနဲ့ တစ်ယောက်ရဲ့ နှုတ်ခမ်းရာလေးကို တစ်ယောက် ခန္ဓာကိုယ်ပေါ်မှာ သေရာပါအောင် Tattoo ထိုးခဲ့တာကို သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ မျှဝေထားပါတယ်။ဒါ့အပြင် ဟန်လင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “Happy pre Valentine Days…ကျွန်တော်တို့နှစ်ယောက်ကိုယ်တိုင် လိုလိုလားလားနဲ့ စွန်းထင်စေခဲ့တဲ့သေရာပါ ဆေးစက်လေးတွေ …အချစ်ကဆန်းကြယ်တယ် ဆိုရမလား ? လူဦးရေသန်းနဲ့ချီပြီးရှိတဲ့ လူတွေထဲမှာမှ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံခွင့်ရခဲ့ပြီး မြတ်နိုးစွာ ချစ်ခဲ့ကြတယ်…အမှတ်တရပေါင်းများစွာကို တစ်ယောက်ရဲ့ပျော်ရွှင်နေခြင်းကို တစ်ယောက်မြင်ရဖို့ မရေမတွက်နိုင်အောင် ဖန်တီးပေးခဲ့ကြဖူးတယ် …လူတွေရဲ့ ကဲ့ရဲ့ရှုံ့ချတဲ့ အကြည့် တွေအောက်မှာ တစ်ယောက်ရဲ့လက်ကို တစ်ယောက် ခိုင်ခိုင်တွဲပြီး ရှေ့ဆက်ခဲ့ကြဖူးတယ်။

အရာရာဟာ အမြဲမဖြောင့်ဖြူးတဲ့ သဘောတရားအတိုင်း ကျွန်တော်တို့နှစ်ယောက် ရန်တွေဖြစ်ခဲ့ဖူးတယ် စကားတွေ အခြေအတင် များခဲ့ကြဖူးတယ်…ဘာကြောင့်ရယ်မသိ တစ်ယောက် ရဲ့အဝေးမှာ တစ်ယောက်ကြာကြာ နေနိုင်စွမ်း မ ရှိတဲ့ အကြောင်းပြချက် တစ်ခုတည်း နဲ့ဘဲ ပြန်အဆင်ပြေခဲ့ကြ တယ်…(ရန်ဖြစ်ကြတိုင်းအမြဲညှိပေးကြတဲ့ We LOVE HanOo တွေအားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကိုကျေးဇူးတင်ပြီးချစ်တယ်)”

“မကြာခဏ ဆိုသလို အမှတ်တရလေးတွေကို ဖန်တီးပေးဖြစ်တဲ့ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်က တစ်ချိန်ကျွန်တော်တို့နှစ်ယောက် အသက်တွေကြီးလာတဲ့အခါ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်ကို ပြန်တွေးတိုင်း ရန်ခုန်ပျော်ရွှင်ခဲ့ရတဲ့ အတိတ်လေးတွေ ထင်ကျန်စေချင်တာပါ…အခုလည်း ကျွန်တော်တို့ နှစ်ယောက်ရဲ့ဘဝ တစ်လျှောက်လုံးမှာ အခုကနေစပြီး အဖိုးကြီးတွေ ဖြစ်သွားကြတဲ့အထိ မှန်ကြည့်တိုင်းရင်ခုန်နေစေဖို့ အနမ်းလေးတွေ ဖလှယ်ဖြစ်ခဲ့ကြတယ်…ဘဝတစ်သက်စာအတွက် ရင်ခုန်စရာ အမှတ်တရ ဆေးစက်လေးတွေကို အကောင်းဆုံးဖန်တီးပေးခဲ့တဲ့ ကို Ka Gee ကိုလည်းကျေးဇူးအထူးပါ♥️အား လုံး လည်း လာ မယ့် Valentine မှာ ပျော်ရွှင်စရာ ကောင်းတဲ့အမှတ်တရလေးတွေနဲ့ တွေ့ ကြုံနိုင်ပါစေ … ” ဆိုပြီး လေးလေးနက်နက်ပြောထားပါတယ်။

မေဦးနဲ့ ဟန်လင်းရဲ့ တစ်ယောက်ကိုတစ်ယောက် ထားရှိတဲ့ မေတ္တာက အင်မတန်ကြီးမားပြီး လေးနက်လွန်းတာကို တွေ့ရပါတယ်။ ယောကျာ်းလေးချင်းဖြစ်စေ မိန်းကလေးချင်းဖြစ်စေ အချစ်စစ်အချစ်မှန်ကို ရှာတွေ့နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ချစ်ပရိသတ်တွေလဲ ချစ်သူများနေ့မှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အလှပဆုံးအမှတ်တရတွေကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top