iMyanmarHouse.com - Best Property Website for Myanmar
×


ပစၥည္းတစ္ခုခုဝယ္လာၿပီးတာနဲ႔ ပ်က္စီးမွာစိုးလုိ႔ဆုိၿပီး အကုန္ေရခဲ ေသတၱာထဲထည့္သိမ္းေလ့ ရွိၾကတာေၾကာင့္ ဘယ္အရာေတြက ေရခဲေသတၱာထဲမွာ သိမ္းစရာမလို ဘဲ ထားႏုိင္တယ္ဆုိတာ သိထားဖို႔အတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

င႐ုတ္ေဆာ့စ္၊ ခရမ္းခ်ဥ္သီး ေဆာ့စ္

ပူစပ္တဲ့ င႐ုတ္ေဆာ့စ္ေတြ မွာ ဗက္တီးရီးယားေပါက္ပြားႏိုင္ စြမ္းမရွိတာေၾကာင့္ င႐ုတ္ေဆာ့စ္ ေတြကို ေရခဲေသတၱာထဲမထည့္ဘဲ ဒီအတိုင္းထားရင္ သံုးႏွစ္ေလာက္ အထိ အထားခံပါတယ္။ ခရမ္းခ်ဥ္ ေဆာ့စ္ဟာဆုိရင္လည္း အက္ စစ္သဘာဝရွိတဲ့အတြက္ အခန္း အပူခ်ိန္မွာေတာင္ ဗက္တီးရီးယား မေပါက္ပြားႏိုင္ပါဘူး။

မတ္စတတ္

အသားနဲ႔စားဖို႔အတြက္ ထုပ္ထားတဲ့ အဝါေရာင္၊ အညိဳ ေရာင္ မတ္စတတ္ေတြကလည္း ေရခဲေသတၱာထဲမထည့္ဘဲ အခ်ိန္ ေတာ္ေတာ္ၾကာေအာင္ ထားလို႔ရ ပါတယ္။

အာလူး

အာလူးကို ေရခဲေသတၱာထဲ သိမ္းမိရင္ ေရခဲနာၿပီး ျမန္ျမန္ပုပ္ လြယ္တယ္ဆိုတာ သိပါလား။ အ ေကာင္းဆံုးကေတာ့ စကၠဴအိတ္ ထဲထည့္ၿပီး မီးဖိုေခ်ာင္ထဲကေအး ၿပီး ေျခာက္ေသြ႕တဲ့တစ္ေနရာမွာ ထားလိုက္ပါ။

ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ

မီးဖိုေဆာင္ထဲက ေျခာက္ ေသြ႕တဲ့တစ္ေနရာရာမွာ သိမ္း တာ အေကာင္းဆံုးပါ။

ပန္းသီး၊ သစ္ေတာ္သီး

ေရခဲေသတၱာထဲမထည့္ဘဲ အျပင္မွာထားမယ္ဆုိရင္ တစ္ ပတ္ေလာက္ထားလို႔ရပါတယ္။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးေတြကို ေရခဲ ေသတၱာထဲမွာ သိမ္းမယ္ဆုိရင္ အရသာေျပာင္းသြားတဲ့အျပင္ ပုပ္ လြယ္တယ္ဆုိတာ မွတ္ထားလိုက္ပါ။

ဖရဲသီး

အသီးမခြဲရေသးရင္ေတာ့ ေရခဲေသတၱာထဲမွာ သိမ္းဖို႔မလို အပ္ပါဘူး။ အကယ္၍ သိမ္းခဲ့ တယ္ဆုိရင္ ဖရဲသီးမွာပါတဲ့ ဓာတ္ တုိးဆန္႔က်င္ဂုဏ္သတၱိဟာ ေရခဲ ေသတၱာထဲက အပူခ်ိန္ေၾကာင့္ ပ်က္စီးႏုိင္တယ္လုိ႔ ဆုိပါတယ္။

ပ်ားရည္

ဘယ္ေလာက္ၾကာၾကာ မပ်က္စီးတဲ့ပစၥည္း ျဖစ္တဲ့အ တြက္ ေရခဲေသတၱာထဲမွာ ေနရာ ေပးထားဖို႔ မလိုအပ္ပါဘူး။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးေတြကို ျမန္ျမန္ မမွည့္ေစခ်င္ဘူးဆုိရင္ေတာ့ ေရ ခဲေသတၱာထဲမွာထားလုိ႔ အဆင္ ေျပပါတယ္။

ေထာပတ္သီး

ေထာပတ္သီးကို ေရခဲ ေသတၱာထဲသိမ္းမိရင္ေတာ့ မွည့္ ဖို႔အေတာ္ေစာင့္ရမွာျဖစ္လုိ႔ စကၠဴ အိတ္တစ္လံုးထဲမွာ ေထာပတ္သီး တို႔၊ ငွက္ေပ်ာသီးတုိ႔အတူထားၿပီး ျမန္ျမန္ဝင္းမွည့္ေအာင္လုပ္လုိ႔ရ ပါတယ္။

ပင္စိမ္း

ေရခဲေသတၱာထဲထည့္ထား တဲ့အခါ အထဲက တျခားအနံ႔အ သက္ေတြကို စုပ္ယူတဲ့အတြက္ ပင္စိမ္းရဲ႕ သဘာဝအနံ႔ေတြ ေပ်ာက္ကုန္တာေၾကာင့္ အ ေကာင္းဆံုးကေတာ့ ပင္စိမ္းပင္ ေလးေတြကို ဖန္ခြက္ခြက္ထဲမွာ ေရထည့္ၿပီး မီးဖိုေဆာင္မွာထား တာပါ။

ေကာ္ဖီ

ေရခဲေသတၱာထဲမွာဆုိ ေရ ေငြ႕ျပန္ႏုိင္တာေၾကာင့္ ေလလံုဘူး ထဲထည့္ၿပီး အျပင္မွာထားတာ အ ေကာင္းဆံုးပါ။

ဆီ

အုန္းဆီနဲ႔ သံလြင္ဆီကို ေရခဲေသတၱာထဲသိမ္းရင္ အခဲလိုက္ ထြက္လာမွာမို႔ မီးဖိုေဆာင္ထဲက ဗီ႐ိုမွာပဲသိမ္းသင့္ပါတယ္။ ဒါေပ မဲ့ အခြံမာသီးဆီေတြဆုိရင္ေတာ့ ၾကာရွည္ခံေအာင္ ေရခဲေသတၱာ ထဲမွာ သိမ္းဖို႔လိုအပ္ပါတယ္။

ေျမပဲေထာပတ္

ေအာ္ဂဲနစ္ (ဒါမွမဟုတ္) သဘာဝပစၥည္းေတြနဲ႔ ခ်ည္းထုတ္ ထားတဲ့ ေျမပဲေထာပတ္ဆုိရင္ ေတာ့ ေရခဲေသတၱာထဲမွာထားဖို႔ မလိုပါဘူး။

Credit: 7 day daily

# Unicode Version ျဖင့္ ဖတ္ပါ #

ပစ္စည်းတစ်ခုခုဝယ်လာပြီးတာနဲ့ ပျက်စီးမှာစိုးလို့ဆိုပြီး အကုန်ရေခဲ သေတ္တာထဲထည့်သိမ်းလေ့ ရှိကြတာကြောင့် ဘယ်အရာတွေက ရေခဲသေတ္တာထဲမှာ သိမ်းစရာမလို ဘဲ ထားနိုင်တယ်ဆိုတာ သိထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ငရုတ်ဆော့စ်၊ ခရမ်းချဉ်သီး ဆော့စ်

ပူစပ်တဲ့ ငရုတ်ဆော့စ်တွေ မှာ ဗက်တီးရီးယားပေါက်ပွားနိုင် စွမ်းမရှိတာကြောင့် ငရုတ်ဆော့စ် တွေကို ရေခဲသေတ္တာထဲမထည့်ဘဲ ဒီအတိုင်းထားရင် သုံးနှစ်လောက် အထိ အထားခံပါတယ်။ ခရမ်းချဉ် ဆော့စ်ဟာဆိုရင်လည်း အက် စစ်သဘာဝရှိတဲ့အတွက် အခန်း အပူချိန်မှာတောင် ဗက်တီးရီးယား မပေါက်ပွားနိုင်ပါဘူး။

မတ်စတတ်

အသားနဲ့စားဖို့အတွက် ထုပ်ထားတဲ့ အဝါရောင်၊ အညို ရောင် မတ်စတတ်တွေကလည်း ရေခဲသေတ္တာထဲမထည့်ဘဲ အချိန် တော်တော်ကြာအောင် ထားလို့ရ ပါတယ်။

အာလူး

အာလူးကို ရေခဲသေတ္တာထဲ သိမ်းမိရင် ရေခဲနာပြီး မြန်မြန်ပုပ် လွယ်တယ်ဆိုတာ သိပါလား။ အ ကောင်းဆုံးကတော့ စက္ကူအိတ် ထဲထည့်ပြီး မီးဖိုချောင်ထဲကအေး ပြီး ခြောက်သွေ့တဲ့တစ်နေရာမှာ ထားလိုက်ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ

မီးဖိုဆောင်ထဲက ခြောက် သွေ့တဲ့တစ်နေရာရာမှာ သိမ်း တာ အကောင်းဆုံးပါ။

ပန်းသီး၊ သစ်တော်သီး

ရေခဲသေတ္တာထဲမထည့်ဘဲ အပြင်မှာထားမယ်ဆိုရင် တစ် ပတ်လောက်ထားလို့ရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေကို ရေခဲ သေတ္တာထဲမှာ သိမ်းမယ်ဆိုရင် အရသာပြောင်းသွားတဲ့အပြင် ပုပ် လွယ်တယ်ဆိုတာ မှတ်ထားလိုက်ပါ။

ဖရဲသီး

အသီးမခွဲရသေးရင်တော့ ရေခဲသေတ္တာထဲမှာ သိမ်းဖို့မလို အပ်ပါဘူး။ အကယ်၍ သိမ်းခဲ့ တယ်ဆိုရင် ဖရဲသီးမှာပါတဲ့ ဓာတ် တိုးဆန့်ကျင်ဂုဏ်သတ္တိဟာ ရေခဲ သေတ္တာထဲက အပူချိန်ကြောင့် ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

ပျားရည်

ဘယ်လောက်ကြာကြာ မပျက်စီးတဲ့ပစ္စည်း ဖြစ်တဲ့အ တွက် ရေခဲသေတ္တာထဲမှာ နေရာ ပေးထားဖို့ မလိုအပ်ပါဘူး။

ငှက်ပျောသီး

ငှက်ပျောသီးတွေကို မြန်မြန် မမှည့်စေချင်ဘူးဆိုရင်တော့ ရေ ခဲသေတ္တာထဲမှာထားလို့ အဆင် ပြေပါတယ်။

ထောပတ်သီး

ထောပတ်သီးကို ရေခဲ သေတ္တာထဲသိမ်းမိရင်တော့ မှည့် ဖို့အတော်စောင့်ရမှာဖြစ်လို့ စက္ကူ အိတ်တစ်လုံးထဲမှာ ထောပတ်သီး တို့၊ ငှက်ပျောသီးတို့အတူထားပြီး မြန်မြန်ဝင်းမှည့်အောင်လုပ်လို့ရ ပါတယ်။

ပင်စိမ်း

ရေခဲသေတ္တာထဲထည့်ထား တဲ့အခါ အထဲက တခြားအနံ့အ သက်တွေကို စုပ်ယူတဲ့အတွက် ပင်စိမ်းရဲ့ သဘာဝအနံ့တွေ ပျောက်ကုန်တာကြောင့် အ ကောင်းဆုံးကတော့ ပင်စိမ်းပင် လေးတွေကို ဖန်ခွက်ခွက်ထဲမှာ ရေထည့်ပြီး မီးဖိုဆောင်မှာထား တာပါ။

ကော်ဖီ

ရေခဲသေတ္တာထဲမှာဆို ရေ ငွေ့ပြန်နိုင်တာကြောင့် လေလုံဘူး ထဲထည့်ပြီး အပြင်မှာထားတာ အ ကောင်းဆုံးပါ။

ဆီ

အုန်းဆီနဲ့ သံလွင်ဆီကို ရေခဲသေတ္တာထဲသိမ်းရင် အခဲလိုက် ထွက်လာမှာမို့ မီးဖိုဆောင်ထဲက ဗီရိုမှာပဲသိမ်းသင့်ပါတယ်။ ဒါပေ မဲ့ အခွံမာသီးဆီတွေဆိုရင်တော့ ကြာရှည်ခံအောင် ရေခဲသေတ္တာ ထဲမှာ သိမ်းဖို့လိုအပ်ပါတယ်။

မြေပဲထောပတ်

အော်ဂဲနစ် (ဒါမှမဟုတ်) သဘာဝပစ္စည်းတွေနဲ့ ချည်းထုတ် ထားတဲ့ မြေပဲထောပတ်ဆိုရင် တော့ ရေခဲသေတ္တာထဲမှာထားဖို့ မလိုပါဘူး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top