iMyanmarHouse.com - Best Property Website for Myanmar
×


အမွ်င္ဓာတ္မ်ားတဲ့ အသီးအရြက္ေတြ

ခႏၶာကိုယ္မွာ အမွ်င္ဓာတ္ကိုလိုအပ္တာမွန္ေပမယ့္ အားကစားမလုပ္ခင္ေတာ့ မစားသင့္ပါဘူး။ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီပန္းတို႔လို အမွ်င္ဓာတ္မ်ားတဲ့ ဟင္းသီးဟင္းရြက္ေတြက အစာေၾကဖို႔မလြယ္သလို ေလ့က်င့္ခန္းလုပ္တဲ့အခါ အဆင္မေျပျဖစ္ေစနုိင္ပါတယ္။ ဒါ့ေၾကာင့္ အစာေၾကလြယ္တာကို စားပါ။

အဆီမ်ားတဲ့ စားစရာေတြ

အဆီေတြအားလံုးက မေကာင္းတာမဟုတ္ပါဘူး။ က်န္းမာေရးကိုအက်ိဳးျပဳတဲ့အဆီေတြရွိပါတယ္။ ဒါေပမယ့္ အားကစားလုပ္ခါနီးဆိုရင္ေတာ့ ဘယ္အဆီျဖစ္ျဖစ္ မသင့္ေတာ္ပါဘူး။ အဆီကိုခြန္အားေလာင္စာအျဖစ္ ေျပာင္းလဲေလာင္ကြ်မ္းဖို႔ ခႏၶာကိုယ္က ခ်က္ခ်င္းအဆင္မေျပနုိင္တဲ့အတြက္ စလႈပ္ရွားတာနဲ႔ လူကပိုေမာပန္းလြယ္နိုင္ပါတယ္။

ဒိန္ခ်ဥ္

ဝိတ္ခ်တဲ့အခ်ိန္မွာ ေသာက္ေလ့ရွိတဲ့ အာဟာရအစားအစာတစ္ခုပါ။ ဒါေပမယ့္ ဒိန္ခ်ဥ္ျဖစ္ရင္ျပီးေရာ ဆိုလို႔ေတာ့ အဆင္မေျပပါဘူး။ တခ်ိဳ႕ဒိန္ခ်ဥ္ေတြမွာ အဆီျပည့္၊ အခ်ိဳမ်ားေနတာေတြရွိပါတယ္။ ႏို႔ထြက္ပစၥည္းေတြကို ေကာင္းေကာင္းအစာမေၾကေသးဘဲ အားကစားလုပ္မယ္ဆို အဆင္မေျပျဖစ္ေစပါလိမ့္မယ္။

အသီးေဖ်ာ္ရည္

ေရဓာတ္ျဖည့္ဖို႔နဲ႔ အာဟာရျပည့္ဖို႔ ႏွစ္ခ်က္လံုးျပည့္စံုေစဖို႔ သၾကားမပါတဲ့ အသီးေဖာ်္ရည္စစ္စစ္ေတြကို အားကိုးၾကပါတယ္။ ဒါေပမယ့္ လက္ေတြ႔မွာေတာ့ အဆင္မေျပဘူးေနာ္။ လႈပ္ရွားမႈအတြက္လိုအပ္တဲ့ ကာဗိုဟိုက္ဒရိတ္နဲ႔ အရည္ဓာတ္ကိုရနိုင္ေပမယ့္ အားကစားမလုပ္ခင္မွာ ေသာက္ခ်လိုက္တာကေတာ့ သိပ္မေကာင္းပါဘူး။ အသီးေဖ်ာ္ရည္ေတြမွာ အျမန္ေခ်ဖ်က္လို႔မလြယ္တဲ့့ fructose သၾကားဓာတ္ပါဝင္ျပီး နဂိုက အူလမ္းေၾကာင္းလႈပ္ရွားမႈမူမမွန္တဲ့ IBS ေရာဂါလိုမ်ိဳး အစာအိမ္အူလမ္းေၾကာင္းမေကာင္းသူေတြမွာ ဗိုက္ေအာင့္တာ၊ ေလပြတာေတြျဖစ္ေစနုိင္ပါတယ္။ လိေမၼာ္သီးလို ေဖ်ာ္ရည္မ်ိဳးက လန္းဆန္းအေမာေျပေစတယ္ဆိုေပမယ့္ ေလ့က်င့္ခန္းမလုပ္ခင္ သို႔မဟုတ္ ေလ့က်င့္ခန္းလုပ္ျပီး တစ္နာရီနဲ႔အထက္ အခ်ိန္ခြာျပီး ေသာက္သံုးတာအေကာင္းဆံုးျဖစ္ပါတယ္။

အသင့္အျမန္စားေတြ

အခ်ိန္လုျပီး ဂ်င္မ္ကိုေျပးလာရတယ္၊ ဆိုင္မွာဝင္စားဖို႔ကလည္း အခ်ိန္ၾကာနိုင္တယ္၊ ဝိတ္တက္မွာစိုးတယ္ ဆိုေတာ့ အသင့္အျမန္စားေလးေတြ ဝယ္စားျဖစ္ၾကပါတယ္။ ဘာေတြျဖစ္လာမလဲဆိုေတာ့ ဗိုက္ထဲမွာ ေနရခက္ေအာင္ျပည့္အင့္ေစျပီး အဆီနဲ႔အခ်ိဳဓာတ္ေတြေၾကာင့္ ကစားသမွ် သဲထဲေရသြန္ျဖစ္ေစနုိင္ပါတယ္။

အားျဖည့္အခ်ိဳရည္

ေဖ်ာ္ရည္ေတြထက္ဆိုးတာေပါ့။ လူကိုလန္းဆန္းေစနိုင္တယ္၊ အားျပည့္သလိုျဖစ္ေစနုိင္တယ္ဆိုေပမယ့္ ခႏၶာကိုယ္ကို အေထာက္အကူမေပးတဲ့အျပင္ ႏွလံုးခုန္ျမန္ေစျပီး ေသြးတိုးတက္ေစနုိင္ပါတယ္။အားကစားလုပ္တဲ့အခါ အားျဖည့္အခ်ိဳရည္ေတြကို လံုးဝျဖတ္ထားတာပိုေကာင္းပါတယ္။

ဘာစားသင့္လဲ

စားနိုင္တာက ခြန္အားျဖည့္ေပးမယ့္ ကာဗိုဟိုက္ဒရိတ္နဲ႔ အသားအေရေလ်ာ့ရဲမသြားဖို႔ ၾကြက္သားတည္ေဆာက္ေပးမယ့္ ပရိုတင္းတို႔ကိုေပါင္းစပ္ထားတဲ့ စားစရာေတြပဲ ေကာင္းပါတယ္။ ငွက္ေပ်ာသီး သို႔မဟုတ္ ခရက္ကာ၊ အေစ့အဆန္ေတြ၊ ၾကက္ဥကာက်က္ တို႔ကို စားလို႔ရပါတယ္။

ဘယ္အခ်ိန္မွာ စားရမလဲ

ေလ့က်င့္ခန္းမလုပ္ခင္စားမယ့္ အစားအစာေရြးခ်ယ္မႈက မွန္တယ္ပဲထား၊ စားတဲ့အခ်ိန္ လြဲမွားေနရင္ အဆင္မေျပပါဘူး။ၾကြက္သားတည္ေဆာက္ဖို႔ အေရးၾကီးတဲ့ ေသြးလည္ပတ္မႈနဲ႔ ေအာက္ဆီဂ်င္ကို တျခားအစိတ္အပိုင္းေတြနဲ႔အျပိဳင္ အစာေျခစနစ္အတြက္သံုးေနရပါလိမ့္မယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကဘူးဆိုေပမယ့္ အမ်ားစုအတြက္ေတာ့ ၁ နာရီကေန ၃ နာရီ ေလာက္ခြာထားတာ ေကာင္းပါတယ္။

Credit: Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ

ခန္ဓာကိုယ်မှာ အမျှင်ဓာတ်ကိုလိုအပ်တာမှန်ပေမယ့် အားကစားမလုပ်ခင်တော့ မစားသင့်ပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီပန်းတို့လို အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက အစာကြေဖို့မလွယ်သလို လေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်မပြေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာကြေလွယ်တာကို စားပါ။

အဆီများတဲ့ စားစရာတွေ

အဆီတွေအားလုံးက မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုအကျိုးပြုတဲ့အဆီတွေရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်ခါနီးဆိုရင်တော့ ဘယ်အဆီဖြစ်ဖြစ် မသင့်တော်ပါဘူး။ အဆီကိုခွန်အားလောင်စာအဖြစ် ပြောင်းလဲလောင်ကျွမ်းဖို့ ခန္ဓာကိုယ်က ချက်ချင်းအဆင်မပြေနိုင်တဲ့အတွက် စလှုပ်ရှားတာနဲ့ လူကပိုမောပန်းလွယ်နိုင်ပါတယ်။

ဒိန်ချဉ်

ဝိတ်ချတဲ့အချိန်မှာ သောက်လေ့ရှိတဲ့ အာဟာရအစားအစာတစ်ခုပါ။ ဒါပေမယ့် ဒိန်ချဉ်ဖြစ်ရင်ပြီးရော ဆိုလို့တော့ အဆင်မပြေပါဘူး။ တချို့ဒိန်ချဉ်တွေမှာ အဆီပြည့်၊ အချိုများနေတာတွေရှိပါတယ်။ နို့ထွက်ပစ္စည်းတွေကို ကောင်းကောင်းအစာမကြေသေးဘဲ အားကစားလုပ်မယ်ဆို အဆင်မပြေဖြစ်စေပါလိမ့်မယ်။

အသီးဖျော်ရည်

ရေဓာတ်ဖြည့်ဖို့နဲ့ အာဟာရပြည့်ဖို့ နှစ်ချက်လုံးပြည့်စုံစေဖို့ သကြားမပါတဲ့ အသီးဖောျ်ရည်စစ်စစ်တွေကို အားကိုးကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဆင်မပြေဘူးနော်။ လှုပ်ရှားမှုအတွက်လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အရည်ဓာတ်ကိုရနိုင်ပေမယ့် အားကစားမလုပ်ခင်မှာ သောက်ချလိုက်တာကတော့ သိပ်မကောင်းပါဘူး။ အသီးဖျော်ရည်တွေမှာ အမြန်ချေဖျက်လို့မလွယ်တဲ့ fructose သကြားဓာတ်ပါဝင်ပြီး နဂိုက အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်တဲ့ IBS ရောဂါလိုမျိုး အစာအိမ်အူလမ်းကြောင်းမကောင်းသူတွေမှာ ဗိုက်အောင့်တာ၊ လေပွတာတွေဖြစ်စေနိုင်ပါတယ်။ လိမ္မော်သီးလို ဖျော်ရည်မျိုးက လန်းဆန်းအမောပြေစေတယ်ဆိုပေမယ့် လေ့ကျင့်ခန်းမလုပ်ခင် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီး တစ်နာရီနဲ့အထက် အချိန်ခွာပြီး သောက်သုံးတာအကောင်းဆုံးဖြစ်ပါတယ်။

အသင့်အမြန်စားတွေ

အချိန်လုပြီး ဂျင်မ်ကိုပြေးလာရတယ်၊ ဆိုင်မှာဝင်စားဖို့ကလည်း အချိန်ကြာနိုင်တယ်၊ ဝိတ်တက်မှာစိုးတယ် ဆိုတော့ အသင့်အမြန်စားလေးတွေ ဝယ်စားဖြစ်ကြပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတော့ ဗိုက်ထဲမှာ နေရခက်အောင်ပြည့်အင့်စေပြီး အဆီနဲ့အချိုဓာတ်တွေကြောင့် ကစားသမျှ သဲထဲရေသွန်ဖြစ်စေနိုင်ပါတယ်။

အားဖြည့်အချိုရည်

ဖျော်ရည်တွေထက်ဆိုးတာပေါ့။ လူကိုလန်းဆန်းစေနိုင်တယ်၊ အားပြည့်သလိုဖြစ်စေနိုင်တယ်ဆိုပေမယ့် ခန္ဓာကိုယ်ကို အထောက်အကူမပေးတဲ့အပြင် နှလုံးခုန်မြန်စေပြီး သွေးတိုးတက်စေနိုင်ပါတယ်။အားကစားလုပ်တဲ့အခါ အားဖြည့်အချိုရည်တွေကို လုံးဝဖြတ်ထားတာပိုကောင်းပါတယ်။

ဘာစားသင့်လဲ

စားနိုင်တာက ခွန်အားဖြည့်ပေးမယ့် ကာဗိုဟိုက်ဒရိတ်နဲ့ အသားအရေလျော့ရဲမသွားဖို့ ကြွက်သားတည်ဆောက်ပေးမယ့် ပရိုတင်းတို့ကိုပေါင်းစပ်ထားတဲ့ စားစရာတွေပဲ ကောင်းပါတယ်။ ငှက်ပျောသီး သို့မဟုတ် ခရက်ကာ၊ အစေ့အဆန်တွေ၊ ကြက်ဥကာကျက် တို့ကို စားလို့ရပါတယ်။

ဘယ်အချိန်မှာ စားရမလဲ

လေ့ကျင့်ခန်းမလုပ်ခင်စားမယ့် အစားအစာရွေးချယ်မှုက မှန်တယ်ပဲထား၊ စားတဲ့အချိန် လွဲမှားနေရင် အဆင်မပြေပါဘူး။ကြွက်သားတည်ဆောက်ဖို့ အရေးကြီးတဲ့ သွေးလည်ပတ်မှုနဲ့ အောက်ဆီဂျင်ကို တခြားအစိတ်အပိုင်းတွေနဲ့အပြိုင် အစာခြေစနစ်အတွက်သုံးနေရပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုပေမယ့် အများစုအတွက်တော့ ၁ နာရီကနေ ၃ နာရီ လောက်ခွာထားတာ ကောင်းပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top