iMyanmarHouse.com - Best Property Website for Myanmar
×


ဝါေနတဲ့သြားေတြေၾကာင့္ လူအမ်ားၾကားထဲမွွာ ျပံဳးရယ္ျပဖို႕ ယံုၾကည္မႈ မရွိတာမ်ိဳး ျဖစ္ဖူးပါသလား။ သြားဝါတယ္ဆိုတာ နာက်င္မႈ ေဝဒနာမ်ိဳးေပးတာေတာ့ မဟုတ္ေပမယ့္ သင့္ရဲ႕ အလွတရားကုိ ပ်က္စီးေစႏုိင္တဲ့ အရာလို႕ေတာ့ ေျပာလို႕ရပါတယ္။ ကိုယ့္ရဲ႕ ခံတြင္းသန္႕ရွင္းေရးကိုလည္း ဂရုစိုက္ေနပါရက္နဲ႕ ဒီလုိ ဝါေနတဲ့ သြားေတြကို ဘယ္လိုျပဳျပင္လို႔ရမလဲ။ ပိုက္ဆံလည္း မကုန္ခ်င္ဘူး အသားနာလည္း မခံခ်င္ဘူး အခ်ိန္ကုန္လည္း မခံႏုိင္္ဘူးဆိုရင္ေတာ့ ခုေျပာျပမယ့္ သဘာဝ နည္းေတြနဲ႕ ဝါေနတဲ့ သြားေတြကို ျပန္ျပီး ျဖဴေဖြးေအာင္ လုပ္လို႕ရပါတယ္။ စိတ္ဝင္စားၾကလား။  ။

၁ ။ သြားကို ပံုမွန္တိုက္ပါ

သြားကို ေန႔စဥ္တုိက္တာဟာ သင့္သြားေပၚမွာ ကပ္ေနတဲ့ စားၾကြင္းစားက်န္ေတြကို ဖယ္ရွားေပးႏုိင္တဲ့ တစ္ခုတည္းေသာ နည္းပါ။ သြားတုိက္တယ္ဆိုတဲ့ေနရာမွာလည္း မွန္ကန္တဲ့ နည္းနဲ႕ တုိက္ေပးဖို႕ေတာ့ လိုပါတယ္။ တစ္ေန႕ႏွစ္ၾကိမ္ေလာက္သြားတိုက္ျပီး တစ္ခါတုိက္ရင္ ၂ မိနစ္ေက်ာ္ေလာက္ၾကာပါေစ။ သြားပြတ္တံကို အေပၚ ေအာက္ ေသခ်ာ ဆြဲတုိက္ျပီး အတြင္း၊ အျပင္ ေခ်ာင္ေတြပါမက်န္ အကုန္ ႏွံစပ္ေအာင္ တုိက္ေပးပါ။

၂ ။ မုန္႔ဖုတ္ဆုိဒါ နဲ႕  hydrogen peroxide

ဒီ  အတြဲအစပ္ေလးဟာ သင့္သြားေပၚက စြန္းထင္းေနတဲ့ အေရာင္ေတြကို ေျပာင္လက္သြားေစမယ့္ဆိုတာ လံုးဝကို ေသခ်ာပါတယ္။ မုန္႔ဖုတ္ေဆာ္ဒါ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႕ hydrogen peroxide စားပြဲတင္ဇြန္း ၂ ဇြန္းကို အႏွစ္ပ်စ္ပ်စ္ရတဲ့အထိ ေမႊျပီး သြားတိုက္တဲ့အခါ အဲ့ဒိ အႏွစ္ကုိ အသံုးျပဳပါ။ သြားတုိက္ျပီးရင္ေတာ့ ေရနဲ႔ ေသခ်ာျပန္ျပီး ပလုတ္က်င္းေစခ်င္ပါတယ္။ ေနာက္ တစ္ခု သတိထားရမွာက မုန္႔ဖုတ္ဆုိဒါ နဲ႕  hydrogen peroxide အတြဲအစပ္ေလးက သြားရဲ႕ ေၾကြလႊာေတြကို ထိခိုက္ေစတတ္တာေၾကာင့္ တစ္ပတ္ တစ္ခါေလာက္သာ သံုးေပးဖို႕ ျဖစ္ပါတယ္။

၃ ။ အုန္းဆီ

အဖက္ဖက္က အသံုးဝင္လွတဲ့ အုန္းဆီဟာ သ့င္သြားမွာစြန္းထင္းေနတဲ့ အေရာင္ေတြအျပင္ ဘက္တီးရီးယားေတြကိုပါ ေသေစႏုိင္တဲ့ အစြမ္းရွိပါတယ္။ အုန္းဆီ စားပြဲတင္ဇြန္း ၂ ဇြန္းေလာက္ကို ပါးစပ္ထဲ ငံုထားျပီး ေထြးမထုတ္ဘဲ မိနစ္၂၀ ခန္႔  ပလုတ္က်င္းေပးျပီးမွ ေထြးထုတ္လိုက္ပါ။ ျပီးရင္ေတာ့ သြားကို ပံုမွန္အတိုင္း သြားတုိက္ေဆးနဲ႔ ျပန္တုိက္ေပးပါ။ အုန္းဆီက သြားကို တုိက္ရိုက္ၾကီး ျဖဳေစတာေတာ့ မဟုတ္ေပမယ့္ သြားေပၚမွာကပ္ေနတဲ့ အစြန္းေတြကို ဖယ္ရွားေပးႏိုင္စြမ္းရွိတာေၾကာင့္ သင့္သြားကို သြယ္ဝုိက္တဲ့နည္းနဲ႔ ျဖဴေဖြးေစမွာပါ။

၄ ။ ပန္းသီးရွာလကာရည္

ပန္းသီး ရွာလကာရည္ လက္ဖက္ရည္ဇြန္း၂ ဇြန္းေလာက္ကို ေရ ၆ ေအာင္စနဲ႔ ေရာစပ္ျပီး စကၠန္႕ ၃၀ ေလာက္ ပလုတ္က်င္းေပးပါ။ ျပီးရင္ ေရနဲ႔ ေသခ်ာျပန္ ပလုတ္က်င္းျပီး ပံုမွန္အတုိင္ းသြားျပန္တုိက္ေပးပါ။ အစြန္းအထင္းေတြကို အေရာင္ခၽြတ္ႏုိ္င္စြမ္းရွိတဲ့ ပန္းသီး ရွာလကာရည္ေၾကာင့္ သင့္သြားေတြျဖဴေဖြးလာမွာ အေသအခ်ာပါ။ တစ္ခုရွိတာက သြားရဲ႕ ေၾကြလႊာေတြ ပ်က္စီးေစတတ္တာေၾကာင့္ ပန္းသီးရွာလကာရည္ကို တစ္ပါတ္တစ္ခါေလာက္ပဲ သံုးေပးသင့္ပါတယ္။

၅ ။ အသီးေတြကလည္း သင့္သြားကို  ျဖဴေဖြးေစပါတယ္

နာနတ္သီးမွာ ပါဝင္တဲ့ Bromelain အင္ဇုိင္းနဲ႕ သေဘၤာသီးမွာ ပါဝင္တဲ့ Papain အင္ဇုိင္းတုိ႕ဟာ သြားမ်ားကုိ ျဖဴေဖြးေစႏုိင္တဲ့ အစြမ္းေတြရွိေၾကာင္း ၂၀၁၂ ခုႏွစ္ကေလ့လာခ်က္အရ ေတြ႕ရွိခဲ့ၾကပါတယ္။ နာနတ္သီးမွာပါဝင္တဲ့ Bromelain အင္ဇုိင္းဟာ သြားအေပၚယံက အစြန္းမ်ားကုိ ဖ်က္ေပးႏုိင္တဲ့အျပင္ သြားခ်ဳိးတက္ျခင္းကုိလည္း ကာကြယ္ေပးႏုိင္ပါတယ္။ သေဘၤာသီး အမွည့္ေတြထက္ အစိမ္းေတြမွာပုိပါတဲ့  papain အင္ဇုိင္းကလည္း သြားအစြန္းေတြကုိ ခၽြတ္ေပးႏုိင္တဲ့ အစြမ္းရွိတာေၾကာင့္ နာနတ္သီးနဲ႔ သေဘာၤသီးၾကိဳက္တဲ့သူေတြအတြက္ သတင္းေကာငး္ေနာ္။  ။

၆ ။ သြားကို အေရာင္စြန္းေစတဲ့ အစားအေသာက္ေတြကို ေရွာင္ပါ။

ေကာ္ဖီတို႕၊ ဝို္င္တို႕ ေဆးလိပ္တို႕ဆိုတာ သင့္သြားကုိ ဝါေစတဲ့ ထိပ္ဆံုးက အစားအစာေတြ ျဖစ္ပါတယ္။  အေရာင္တင္မႈန္႕ေတြထည့္ျပီးခ်က္ထားတဲ့ ဟင္းေတြေၾကာင့္လည္း သင့္သြားေတြ အေရာင္စြန္းတတ္ပါေသးတယ္။ ဒါေၾကာင့္ သြားကို စြန္းထင္းေစႏုိင္တဲ့ အေရာင္ဆုိးထားတဲ့ အ စားအေသာက္ေတြကုိ ေန႔စဥ္ မစားမိဖို႕ေတာ့ လိုပါတယ္။

၇ ။ အစားစားျပီးတုိင္း ပလုတ္က်င္းပါ။

ကိုယ့္စားလိုက္တဲ့ အစားစားေတြထဲမွာ သြားကို စြန္းထင္းေစႏိုင္တဲ့ အေရာင္ေတြ ပါေနတတ္တာေၾကာင့္ အစားစားျပီးတိုင္း ပလုတ္က်င္းေပးသင့္ပါတယ္။ ဒီလုိ ပလုတ္က်င္းေပးလိုက္တာေၾကာင့္ သြားထဲမွာ က်န္ေနႏုိင္တဲ့ စားၾကြင္းစားက်န္ေတြ အကုန္ထြက္သြားႏိုင္မယ့္အျပင္ သြားေပၚမွာ ကပ္ေနႏုိင္တဲ့ အစြန္းအထင္းေတြလည္း ေရနဲ႕အတူပါသြားမွာျဖစ္ပါတယ္။ ဒီလိုနဲ႕ သြားေတြ မဝါႏုိင္ေတာ့ဘူးေပါ့။

ကဲ အခုေျပာျပတဲ့နည္းေတြကေတာ့ ပိုက္ဆံလည္း အပိုမကုန္ဘဲ အိမ္မွာတင္ လုပ္လို႕ရတဲ့ ျဖဴေဖြးတဲ့ သြားေတြကို ပုိင္ဆိုင္ႏုိင္မယ့္ နည္းေတြျဖစ္ပါတယ္။ ဝါေနတဲ့သြားေတြေၾကာင့္ ကိုယ့္ကိုကိုယ္ယံုၾကည္မႈ မရွိျဖစ္ေနရင္ ခုေျပာထားတဲ့ နည္းေတြကို စမ္းၾကည့္သင့္တယ္ေနာ္

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဝါနေတဲ့သွားတွေကြောင့် လူအများကြားထဲမှာ ပြုံးရယ်ပြဖို့ ယုံကြည်မှု မရှိတာမျိုး ဖြစ်ဖူးပါသလား။ သွားဝါတယ်ဆိုတာ နာကျင်မှု ဝေဒနာမျိုးပေးတာတော့ မဟုတ်ပေမယ့် သင့်ရဲ့ အလှတရားကို ပျက်စီးစေနိုင်တဲ့ အရာလို့တော့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုစိုက်နေပါရက်နဲ့ ဒီလို ဝါနေတဲ့ သွားတွေကို ဘယ်လိုပြုပြင်လို့ရမလဲ။ ပိုက်ဆံလည်း မကုန်ချင်ဘူး အသားနာလည်း မခံချင်ဘူး အချိန်ကုန်လည်း မခံနိုင်ဘူးဆိုရင်တော့ ခုပြောပြမယ့် သဘာဝ နည်းတွေနဲ့ ဝါနေတဲ့ သွားတွေကို ပြန်ပြီး ဖြူဖွေးအောင် လုပ်လို့ရပါတယ်။ စိတ်ဝင်စားကြလား။  ။

၁ ။ သွားကို ပုံမှန်တိုက်ပါ

သွားကို နေ့စဉ်တိုက်တာဟာ သင့်သွားပေါ်မှာ ကပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်တဲ့ တစ်ခုတည်းသော နည်းပါ။ သွားတိုက်တယ်ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ နည်းနဲ့ တိုက်ပေးဖို့တော့ လိုပါတယ်။ တစ်နေ့နှစ်ကြိမ်လောက်သွားတိုက်ပြီး တစ်ခါတိုက်ရင် ၂ မိနစ်ကျော်လောက်ကြာပါစေ။ သွားပွတ်တံကို အပေါ် အောက် သေချာ ဆွဲတိုက်ပြီး အတွင်း၊ အပြင် ချောင်တွေပါမကျန် အကုန် နှံစပ်အောင် တိုက်ပေးပါ။

၂ ။ မုန့်ဖုတ်ဆိုဒါ နဲ့  hydrogen peroxide

ဒီ  အတွဲအစပ်လေးဟာ သင့်သွားပေါ်က စွန်းထင်းနေတဲ့ အရောင်တွေကို ပြောင်လက်သွားစေမယ့်ဆိုတာ လုံးဝကို သေချာပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ hydrogen peroxide စားပွဲတင်ဇွန်း ၂ ဇွန်းကို အနှစ်ပျစ်ပျစ်ရတဲ့အထိ မွှေပြီး သွားတိုက်တဲ့အခါ အဲ့ဒိ အနှစ်ကို အသုံးပြုပါ။ သွားတိုက်ပြီးရင်တော့ ရေနဲ့ သေချာပြန်ပြီး ပလုတ်ကျင်းစေချင်ပါတယ်။ နောက် တစ်ခု သတိထားရမှာက မုန့်ဖုတ်ဆိုဒါ နဲ့  hydrogen peroxide အတွဲအစပ်လေးက သွားရဲ့ ကြွေလွှာတွေကို ထိခိုက်စေတတ်တာကြောင့် တစ်ပတ် တစ်ခါလောက်သာ သုံးပေးဖို့ ဖြစ်ပါတယ်။

၃ ။ အုန်းဆီ

အဖက်ဖက်က အသုံးဝင်လှတဲ့ အုန်းဆီဟာ သ့င်သွားမှာစွန်းထင်းနေတဲ့ အရောင်တွေအပြင် ဘက်တီးရီးယားတွေကိုပါ သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကို ပါးစပ်ထဲ ငုံထားပြီး ထွေးမထုတ်ဘဲ မိနစ်၂၀ ခန့်  ပလုတ်ကျင်းပေးပြီးမှ ထွေးထုတ်လိုက်ပါ။ ပြီးရင်တော့ သွားကို ပုံမှန်အတိုင်း သွားတိုက်ဆေးနဲ့ ပြန်တိုက်ပေးပါ။ အုန်းဆီက သွားကို တိုက်ရိုက်ကြီး ဖြုစေတာတော့ မဟုတ်ပေမယ့် သွားပေါ်မှာကပ်နေတဲ့ အစွန်းတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် သင့်သွားကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖြူဖွေးစေမှာပါ။

၄ ။ ပန်းသီးရှာလကာရည်

ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း၂ ဇွန်းလောက်ကို ရေ ၆ အောင်စနဲ့ ရောစပ်ပြီး စက္ကန့် ၃၀ လောက် ပလုတ်ကျင်းပေးပါ။ ပြီးရင် ရေနဲ့ သေချာပြန် ပလုတ်ကျင်းပြီး ပုံမှန်အတိုင် းသွားပြန်တိုက်ပေးပါ။ အစွန်းအထင်းတွေကို အရောင်ချွတ်နိုင်စွမ်းရှိတဲ့ ပန်းသီး ရှာလကာရည်ကြောင့် သင့်သွားတွေဖြူဖွေးလာမှာ အသေအချာပါ။ တစ်ခုရှိတာက သွားရဲ့ ကြွေလွှာတွေ ပျက်စီးစေတတ်တာကြောင့် ပန်းသီးရှာလကာရည်ကို တစ်ပါတ်တစ်ခါလောက်ပဲ သုံးပေးသင့်ပါတယ်။

၅ ။ အသီးတွေကလည်း သင့်သွားကို  ဖြူဖွေးစေပါတယ်

နာနတ်သီးမှာ ပါဝင်တဲ့ Bromelain အင်ဇိုင်းနဲ့ သင်္ဘောသီးမှာ ပါဝင်တဲ့ Papain အင်ဇိုင်းတို့ဟာ သွားများကို ဖြူဖွေးစေနိုင်တဲ့ အစွမ်းတွေရှိကြောင်း ၂၀၁၂ ခုနှစ်ကလေ့လာချက်အရ တွေ့ရှိခဲ့ကြပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ Bromelain အင်ဇိုင်းဟာ သွားအပေါ်ယံက အစွန်းများကို ဖျက်ပေးနိုင်တဲ့အပြင် သွားချိုးတက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီး အမှည့်တွေထက် အစိမ်းတွေမှာပိုပါတဲ့  papain အင်ဇိုင်းကလည်း သွားအစွန်းတွေကို ချွတ်ပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် နာနတ်သီးနဲ့ သဘောၤသီးကြိုက်တဲ့သူတွေအတွက် သတင်းကောင်းနော်။  ။

၆ ။ သွားကို အရောင်စွန်းစေတဲ့ အစားအသောက်တွေကို ရှောင်ပါ။

ကော်ဖီတို့၊ ဝိုင်တို့ ဆေးလိပ်တို့ဆိုတာ သင့်သွားကို ဝါစေတဲ့ ထိပ်ဆုံးက အစားအစာတွေ ဖြစ်ပါတယ်။  အရောင်တင်မှုန့်တွေထည့်ပြီးချက်ထားတဲ့ ဟင်းတွေကြောင့်လည်း သင့်သွားတွေ အရောင်စွန်းတတ်ပါသေးတယ်။ ဒါကြောင့် သွားကို စွန်းထင်းစေနိုင်တဲ့ အရောင်ဆိုးထားတဲ့ အ စားအသောက်တွေကို နေ့စဉ် မစားမိဖို့တော့ လိုပါတယ်။

၇ ။ အစားစားပြီးတိုင်း ပလုတ်ကျင်းပါ။

ကိုယ့်စားလိုက်တဲ့ အစားစားတွေထဲမှာ သွားကို စွန်းထင်းစေနိုင်တဲ့ အရောင်တွေ ပါနေတတ်တာကြောင့် အစားစားပြီးတိုင်း ပလုတ်ကျင်းပေးသင့်ပါတယ်။ ဒီလို ပလုတ်ကျင်းပေးလိုက်တာကြောင့် သွားထဲမှာ ကျန်နေနိုင်တဲ့ စားကြွင်းစားကျန်တွေ အကုန်ထွက်သွားနိုင်မယ့်အပြင် သွားပေါ်မှာ ကပ်နေနိုင်တဲ့ အစွန်းအထင်းတွေလည်း ရေနဲ့အတူပါသွားမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သွားတွေ မဝါနိုင်တော့ဘူးပေါ့။

ကဲ အခုပြောပြတဲ့နည်းတွေကတော့ ပိုက်ဆံလည်း အပိုမကုန်ဘဲ အိမ်မှာတင် လုပ်လို့ရတဲ့ ဖြူဖွေးတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်မယ့် နည်းတွေဖြစ်ပါတယ်။ ဝါနေတဲ့သွားတွေကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိဖြစ်နေရင် ခုပြောထားတဲ့ နည်းတွေကို စမ်းကြည့်သင့်တယ်နော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top