iMyanmarHouse.com - Best Property Website for Myanmar
×


လူ႔ပတ္ဝန္းက်င္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံမႈ ျပဳလုပ္ရတဲ့အခါ တခ်ိဳ႕ေသာသူေတြဟာ မိတ္ေဆြ အစစ္အမွန္ေတြျဖစ္သလို တခ်ိဳ႕ေသာသူေတြကေတာ့ မိတ္ေဆြအေနနဲ႔ ေပါင္းသင္းဖို႔ မေ႐ြးခ်ယ္သင့္တာေၾကာင့္ ဘယ္လိုလူမ်ိဳးေတြကို မိတ္ေဆြအျဖစ္ မယုံၾကည္သင့္ဘူးလဲ ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) တကိုယ္ေကာင္းဆန္တဲ့သူ


မိတ္ေဆြသူငယ္ခ်င္းအျဖစ္ မထားသင့္တဲ့ လူေတြထဲမွာ ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္တဲ့ တကိုယ္ေကာင္းဆန္တဲ့သူေတြလည္း ပါဝင္ပါတယ္။ သင့္အေၾကာင္းေတြ နားေထာင္ ႏွစ္သိမ့္ေပးဖို႔ထက္ ကိုယ့္ကိစၥေလာက္ပဲ ကိုယ္စိတ္ဝင္စားၿပီး သူ႔အေၾကာင္းေတြသာ ဦးစားေပး ေျပာတတ္သူေတြကိုေတာ့ မိတ္ေဆြအျဖစ္ ေပါင္းသင္းဖို႔ သတိထားသင့္ပါတယ္။

(၂) ကြယ္ရာမွာ အတင္းေျပာတတ္သူ

ကြယ္ရာမွာ အတင္းေျပာတတ္လြန္းသူတေယာက္ကို သင့္အေနနဲ႔ အေပါင္းအသင္း အျဖစ္ ခင္မင္ေတာ့မယ္ ဆိုရင္ေတာ့ သတိႀကီးႀကီးထားသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ သင့္အေၾကာင္းေတြကိုလည္း အခ်ိန္မေ႐ြး တျခားသူကို သြားေရာက္ အတင္းေျပာႏိုင္လို႔ပဲ ျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြကိုေတာ့ အေပါင္းအသင္းအေနနဲ႔ေရာ လူမႈဆက္ဆံေရး နယ္ပယ္မွာပါ ေဝးေဝးကေန ေရွာင္ရွားသင့္ပါတယ္။

(၃) သင့္ကို အၿမဲယွဥ္ၿပိဳင္ေနတတ္သူ

သင့္နဲ႔ သူငယ္ခ်င္းျဖစ္ေနသူက သင့္ကို မသိမသာျဖစ္ျဖစ္ ဒါမွမဟုတ္ သိသိသာသာပဲျဖစ္ျဖစ္ ယွဥ္ၿပိဳင္ေနတတ္ၿပီး ဒါကိုလည္း သင္က သိထားမယ္ဆိုရင္ေတာ့ ဒါဟာ စိတ္ရႈပ္ေထြးစရာ အေျခအေနတခုပဲ ျဖစ္ပါတယ္။ မိတ္ေဆြစစ္၊ မိတ္ေဆြမွန္ေတြဟာ ဘယ္ေတာ့မွ ယွဥ္ၿပိဳင္ မေနတတ္ၾကတဲ့အျပင္ ယွဥ္ၿပိဳင္ေနဖို႔ထက္ ေကာင္းမြန္တဲ့ အႀကံဉာဏ္ေတြကိုသာ ေပးလိုသူေတြ ျဖစ္ၾကပါတယ္။

(၄) ေနရာတကာ တြက္ခ်က္လြန္းသူ

ေနရာတကာမွာ တြက္ခ်က္လြန္းသူေတြဟာ သူတို႔ကိုယ္တိုင္ေတာ့ စည္းစနစ္ႀကီးလွတယ္လို႔ ထင္တတ္ၾကေပမယ့္ ဒါဟာ တြက္ကပ္လြန္းတာပဲ ျဖစ္ပါတယ္။ Calculator တလုံးနဲ႔ တင္စားရေလာက္ေအာင္ကို ေနရာတကာမွာ တြက္ခ်က္လြန္းသူေတြနဲ႔ အေပါင္းအသင္း ျပဳလုပ္မိတဲ့အခါ သူတို႔နဲ႔ ပတ္သက္ ဆက္ႏြယ္ရသူေတြတိုင္း စိတ္ရႈပ္ေထြးရတာေၾကာင့္ အေပါင္းအသင္းအျဖစ္ မေ႐ြးခ်ယ္သင့္ပါဘူး။

(၅) ေခ်းငွားၿပီး ျပန္မေပးတတ္သူ

ေငြေရးေၾကးေရးကိစၥေတြမွာ ေခ်းငွားၿပီး ျပန္မေပးတတ္တဲ့ လူစားမ်ိဳးေတြဟာလည္း စိတ္အေႏွာင့္အယွက္ ျဖစ္ေစတာေၾကာင့္ ေငြေၾကးကိစၥနဲ႔ ပက္သက္ရင္ အမ်ိဳးမ်ိဳး လွည့္ပတ္တတ္သူေတြကို အေပါင္းအသင္းအျဖစ္ မေ႐ြးခ်ယ္သင့္ပါဘူး။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


# Unicode Version ျဖင့္ ဖတ္ပါ #

လူ့ပတ်ဝန်းကျင်မှာ အကြောင်းအမျိုးမျိုးကြောင့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှု ပြုလုပ်ရတဲ့အခါ တချို့သောသူတွေဟာ မိတ်ဆွေ အစစ်အမှန်တွေဖြစ်သလို တချို့သောသူတွေကတော့ မိတ်ဆွေအနေနဲ့ ပေါင်းသင်းဖို့ မရွေးချယ်သင့်တာကြောင့် ဘယ်လိုလူမျိုးတွေကို မိတ်ဆွေအဖြစ် မယုံကြည်သင့်ဘူးလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တကိုယ်ကောင်းဆန်တဲ့သူ


မိတ်ဆွေသူငယ်ချင်းအဖြစ် မထားသင့်တဲ့ လူတွေထဲမှာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ တကိုယ်ကောင်းဆန်တဲ့သူတွေလည်း ပါဝင်ပါတယ်။ သင့်အကြောင်းတွေ နားထောင် နှစ်သိမ့်ပေးဖို့ထက် ကိုယ့်ကိစ္စလောက်ပဲ ကိုယ်စိတ်ဝင်စားပြီး သူ့အကြောင်းတွေသာ ဦးစားပေး ပြောတတ်သူတွေကိုတော့ မိတ်ဆွေအဖြစ် ပေါင်းသင်းဖို့ သတိထားသင့်ပါတယ်။

(၂) ကွယ်ရာမှာ အတင်းပြောတတ်သူ

ကွယ်ရာမှာ အတင်းပြောတတ်လွန်းသူတယောက်ကို သင့်အနေနဲ့ အပေါင်းအသင်း အဖြစ် ခင်မင်တော့မယ် ဆိုရင်တော့ သတိကြီးကြီးထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သင့်အကြောင်းတွေကိုလည်း အချိန်မရွေး တခြားသူကို သွားရောက် အတင်းပြောနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကိုတော့ အပေါင်းအသင်းအနေနဲ့ရော လူမှုဆက်ဆံရေး နယ်ပယ်မှာပါ ဝေးဝေးကနေ ရှောင်ရှားသင့်ပါတယ်။

(၃) သင့်ကို အမြဲယှဉ်ပြိုင်နေတတ်သူ

သင့်နဲ့ သူငယ်ချင်းဖြစ်နေသူက သင့်ကို မသိမသာဖြစ်ဖြစ် ဒါမှမဟုတ် သိသိသာသာပဲဖြစ်ဖြစ် ယှဉ်ပြိုင်နေတတ်ပြီး ဒါကိုလည်း သင်က သိထားမယ်ဆိုရင်တော့ ဒါဟာ စိတ်ရှုပ်ထွေးစရာ အခြေအနေတခုပဲ ဖြစ်ပါတယ်။ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်တွေဟာ ဘယ်တော့မှ ယှဉ်ပြိုင် မနေတတ်ကြတဲ့အပြင် ယှဉ်ပြိုင်နေဖို့ထက် ကောင်းမွန်တဲ့ အကြံဉာဏ်တွေကိုသာ ပေးလိုသူတွေ ဖြစ်ကြပါတယ်။

(၄) နေရာတကာ တွက်ချက်လွန်းသူ

နေရာတကာမှာ တွက်ချက်လွန်းသူတွေဟာ သူတို့ကိုယ်တိုင်တော့ စည်းစနစ်ကြီးလှတယ်လို့ ထင်တတ်ကြပေမယ့် ဒါဟာ တွက်ကပ်လွန်းတာပဲ ဖြစ်ပါတယ်။ Calculator တလုံးနဲ့ တင်စားရလောက်အောင်ကို နေရာတကာမှာ တွက်ချက်လွန်းသူတွေနဲ့ အပေါင်းအသင်း ပြုလုပ်မိတဲ့အခါ သူတို့နဲ့ ပတ်သက် ဆက်နွယ်ရသူတွေတိုင်း စိတ်ရှုပ်ထွေးရတာကြောင့် အပေါင်းအသင်းအဖြစ် မရွေးချယ်သင့်ပါဘူး။

(၅) ချေးငှားပြီး ပြန်မပေးတတ်သူ

ငွေရေးကြေးရေးကိစ္စတွေမှာ ချေးငှားပြီး ပြန်မပေးတတ်တဲ့ လူစားမျိုးတွေဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတာကြောင့် ငွေကြေးကိစ္စနဲ့ ပက်သက်ရင် အမျိုးမျိုး လှည့်ပတ်တတ်သူတွေကို အပေါင်းအသင်းအဖြစ် မရွေးချယ်သင့်ပါဘူး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top