iMyanmarHouse.com - Best Property Website for Myanmar
×


ပထမဆုံး အႀကိမ္ သဲကႏၲာရ ခရီးကို သြားျဖစ္ေနတဲ့ စိုင္းစိုင္းတစ္ေယာက္ အရမ္းကို ေပ်ာ္ေနပါတယ္။ႏႈတ္ခမ္းနီမေလးေတြ အသည္းစြဲ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္က လက္ရွိမွာ ဒူဘိုင္းကို ေရာက္ေနပါတယ္။ သူ႔ဘဝအတြက္ သဲကႏၲာရကို ပထမဆုံး အႀကိမ္ ေရာက္ဖူးျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

“ ဘဝမွာ ပထမဆုံးအႀကိမ္ သဲကႏၲာရထဲခရီးသြားဖူးျခင္းပါပဲ Dubai က ေလာေလာဆယ္ အေအးဆုံး အခ်ိန္ ၂၀ ဒီဂရီ ေက်ာ္မွာရွိေနတယ္ ေႏြဆိုရင္ ၅၀ ေက်ာ္ပါတယ္တဲ့  Dubai အေၾကာင္းကို ၿပီးမွဆက္ေရးပါဦးမယ္ အခုေတာ့ ဦးညီထြဋ္လိုပဲ ကႏၲာရခရီးသည္” ဆိုၿပီး ေဖေဖာ္ဝါရီ (၆) ရက္ေန႔က သူရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။

ပထမဆုံးအႀကိမ္ ေရာက္ဖူးတဲ့ ခရီးစဥ္ေလးမွာ ဝန္ေဆာင္မႈ ေကာင္းတဲ့ ခရီးသြား ေအဂ်င္စီနဲ႔ ေတြ႕ခဲ့တာေၾကာင့္ စိုင္းစိုင္းတစ္ေယာက္ အရမ္းကို ေပ်ာ္လို႔ေနပါတယ္။ သူေပ်ာ္ေနတဲ့ ပုံေလးေတြကိုလည္း ပရိသတ္ေတြအတြက္ သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ တင္ေပးထားပါေသးတယ္။


စိုင္းစိုင္းခမ္းလႈိင္ဟာ ၂၀၀၀ခုႏွစ္မွာ ေခ်ာကလက္ေရာင္ေရခဲအိမ္မက္ ေတးစီးရီးကို ထြက္ရွိခဲ့ကာ ၂၀၀၁ခုႏွစ္မွာ သူငယ္ခ်င္းမ်ားစြာအေခြ၊ ၂၀၀၃ ခုႏွစ္မွာ ေဖေဖာ္ဝါရီမွတ္တမ္း၊ ၂၀၀၄ ခုႏွစ္မွာ Sai Sai Live Show နဲ႔ ၂၀၀၅ ခုႏွစ္မွာ စိုင္းစိုင္းဟုေခၚသည္၊ ၂၀၀၇ ခုႏွစ္မွာ Sai Sai Birthday ၊ ၂၀၀၉ ခုႏွစ္မွာ အဲဗားေဂၚလီ၊ ၂၀၁၂ခုႏွစ္မွာ ဒိတ္ဒိတ္က်ဲ စတဲ့ ေတးစီးရီးမ်ားနဲ႔ အတြဲေခြမ်ားစြာမွာလည္း သီဆိုထားသူ တစ္ဦး လည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္လို႔ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ဟာ စီးပြားေရး အေနနဲ႔ Frenzo Production မွာလည္း ဦးေဆာင္သူတစ္ဦးျဖစ္ၿပီး SAI Cosmetix ရဲ႕ ထုတ္လုပ္သူလည္းျဖစ္ပါတယ္။


စိုင္းစိုင္းပါဝင္ထားတဲ့ "ၾကာေတာ့သည္လည္းေမာင့္စကား"႐ုပ္ရွင္ဇာတ္ကား ႀကီးကလည္း လက္ရွိမွာ ႐ုံတင္ျပသလ်က္ရွိၿပီး ပရိသတ္အားေပးမႈ ရရွိေနတဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ယင္းဇာတ္ကားဟာ ဆရာမဂ်ဴးရဲ႕ ဝတၳဳကို ျပန္လည္႐ိုက္ကူးတာျဖစ္ၿပီး စိုင္းစိုင္းခမ္းလႈိင္၊ ထြန္းထြန္း၊ ေဖြးေဖြးတို႔က ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ပထမဆုံး အကြိမ် သဲကန္တာရ ခရီးကို သွားဖြစ်နေတဲ့ စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်နေပါတယ်။နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာ ဒူဘိုင်းကို ရောက်နေပါတယ်။ သူ့ဘဝအတွက် သဲကန္တာရကို ပထမဆုံး အကြိမ် ရောက်ဖူးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ ဘဝမှာ ပထမဆုံးအကြိမ် သဲကန္တာရထဲခရီးသွားဖူးခြင်းပါပဲ Dubai က လောလောဆယ် အအေးဆုံး အချိန် ၂၀ ဒီဂရီ ကျော်မှာရှိနေတယ် နွေဆိုရင် ၅၀ ကျော်ပါတယ်တဲ့  Dubai အကြောင်းကို ပြီးမှဆက်ရေးပါဦးမယ် အခုတော့ ဦးညီထွဋ်လိုပဲ ကန္တာရခရီးသည်” ဆိုပြီး ဖေဖော်ဝါရီ (၆) ရက်နေ့က သူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ ခရီးစဉ်လေးမှာ ဝန်ဆောင်မှု ကောင်းတဲ့ ခရီးသွား အေဂျင်စီနဲ့ တွေ့ခဲ့တာကြောင့် စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။ သူပျော်နေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ပေးထားပါသေးတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီမှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ ခုနှစ်မှာ Sai Sai Birthday ၊ ၂၀၀၉ ခုနှစ်မှာ အဲဗားဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။

စိုင်းစိုင်းပါဝင်ထားတဲ့ "ကြာတော့သည်လည်းမောင့်စကား"ရုပ်ရှင်ဇာတ်ကား ကြီးကလည်း လက်ရှိမှာ ရုံတင်ပြသလျက်ရှိပြီး ပရိသတ်အားပေးမှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ယင်းဇာတ်ကားဟာ ဆရာမဂျူးရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးတာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top