iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္လိုေမးခြန္းေတြလဲ...

တစ္ခ်ိဳ႔ေမးခြန္းေတြက ေျဖရဆုိရတာေကာင္းေပမဲ႔ တစ္ခိ်ဳ႔ေမးခြန္းေတြက အေမးခံရသူကုိ ၀မ္းနည္းသြားေစတယ္၊ေဒါသထြက္သြားေစတယ္။စိတ္မေကာင္းျဖစ္သြားေစတယ္၊စိတ္အလိုမက်ျဖစ္သြားေစတတ္ပါတယ္။ကုိယ့္အတြက္ေမးလိုက္ရတာ ဘာမွမျဖစ္ေပမဲ႔ တစ္ျခားသူေတြေျဖရခက္သြားေစမယ့္ေမးခြန္းမ်ိဳးေတြ မေမးမိဖုိ႔လိုပါတယ္။အဲ႔ဒီအေျဖေတြသိလုိ႔လည္း သင့္မွာ ဘာမွအက်ိဳးမရွိႏုိင္ပါဘူး။ဒါေၾကာင့္ ဘယ္လိုေမးခြန္းေတြ မေမးသင့္ဘူးလဲဆုိတာ ၾကည့္လိုက္ပါဦး

*ဘယ္ေတာ့လက္ထပ္မွာလဲ?

ဒီေမးခြန္းက တစ္ေယာက္တည္းေအးေဆးေနေနတဲ႔သူကုိေမးမိရင္ ေျဖရခက္ေစမွာျဖစ္သလို စံုတြဲတစ္တြဲကိုသြားျပီး ဘယ္အခိ်န္လက္ထပ္ၾကမွာလဲသြားေမးရင္ စိတ္အလုိမက်ျဖစ္ေစမယ့္ေမးခြန္းပါ။လက္ထပ္တယ္ဆုိတာ အခုက်င္းပ အခုျဖစ္လာတာမဟုတ္တဲ႔အတြက္ သူတုိ႔မွာလည္းသူတု႔ိအေၾကာင္းအရင္း သူတုိ႔အခက္အခဲဆုိတာရွိႏုိင္ပါတယ္။တစ္ခ်ိဳ႔က ၾကည့္ေကာင္းေအာင္ေျဖၾကေပမဲ႔ တစ္ခိ်ဳ႔စိတ္ဆတ္တဲ႔သူနဲ႔ဆုိ သင့္ေမးခြန္းေၾကာင့္ အျငင္းပြားမႈေတြပါ ျဖစ္လာပါလိမ့္မယ္။လက္ထပ္ဖုိ႔အဆင္မေျပေသးတဲ႔စံုတြဲဆုိ ဒီေမးခြန္းၾကားရင္ စိတ္နာက်င္သြားႏုိင္ပါတယ္။

*ဘယ္အခ်ိန္ကေလးယူမွာလဲ?

အရမ္းရင္းႏွီးတဲ႔သူေတြေတာင္ ေတာ္ရံုမေမးသင့္တဲ႔ေမးခြန္းေတြပါ။ကေလးဆုိတာ ဘုရားေပးတဲ႔ဆုပါပဲ။ကေလးလိုခ်င္လုိ႔ၾကိဳးစားေပမဲ႔ မရေသးတာမ်ိဳး၊ကေလးယူဖုိ႔အဆင္သင့္မျဖစ္ေသးတာမ်ိဳး အဲ႔ဒီလုိအေျခအေနမ်ိဳးရွိေနတဲ႔အိမ္ေထာင္သည္စံုတြဲေတြရွိႏုိင္ပါတယ္။သင့္ေမးခြန္းေၾကာင့္သူတုိ႔ေတြ စိတ္၀မ္းမနည္းပါေစနဲ႔

*ေက်ာင္းကဘာလို႔ထြက္လိုက္တာလဲ? ဘာလို႔ေက်ာင္းဆက္မတက္ေတာ့တာလဲ?

လူတုိင္းမွာမေျပာျပခ်င္တဲ႔အေၾကာင္းအရာေတြဆုိတာရွိပါတယ္။ဒါကုိ ေက်ာင္းဘာလို႔ထြက္လိုက္တာလဲ၊တကၠသိုလ္ဘာလို႔ဆက္မတက္ေတာ့တာလဲဆုိတဲ႔ေမးခြန္းမ်ိဳးသြားေမးရင္ တစ္ခ်ိဳ႔က ဘာမွမျဖစ္ပဲ ေျဖတာေတြရွိေပမဲ႔ တကယ္ေတာ့ မေမးသင့္တဲ႔ေမးခြန္းတစ္ခုပါပဲ။ဒါက သူမ်ားရဲ႔ ကုိယ္ေရးကုိယ္တာအေၾကာင္းအရာျဖစ္သြားပါျပီ။

*ဘာလို႔ ခ်စ္သူမထားတာလဲ?

ဒီေမးခြန္းက အေတာ္ေလးေျဖရခက္တဲ႔ေမးခြန္းပါပဲ။သူခ်စ္သူမထားေသးတာ မထားတာက ကုိယ္နဲ႔လည္းမဆုိင္သလုိ သူ႔ဆီက အေျဖသိရရင္လည္းကုိယ့္အတြက္ဘာမွအက်ိဳးထူးလာမွာမဟုတ္ပါဘူး။တကယ္လို႔သူက အခ်စ္ေရးကံမေကာင္းတဲ႔သူျဖစ္ေနရင္ ကုိယ့္ေမးခြန္းေၾကာင့္ စိတ္မေကာင္းျဖစ္သြားႏုိင္ပါတယ္။ျပီးေတာ့ ေမးဖုိ႔မလိုတဲ႔ေမးခြန္းတစ္ခုပါပဲ။

*ဘာလုိ႔၀ိတ္မခ်တာလဲ?

ဒီေမးခြန္းကုိ ၀၀ကစ္ကစ္မိန္းကေလးေတြကုိသြားေမးမယ္ဆုိရင္ သင္ဟာ အလုိက္ကန္းဆိုးမသိတဲ႔သူတစ္ေယာက္လို႔ဆုိရမွာပါပဲ။သူလည္း ပိန္ပိန္ေလးျဖစ္ခ်င္မွာေပါ့။၀ိတ္လည္းၾကိဳးစားခ်ေနမွာေပါ့လို႔ေတြးရမယ့္အစား ဘာလို႔၀ိတ္မခ်ေသးတာလဲလုိ႔ေမးလိုက္တာဟာ တစ္ဖက္လူရဲ႔စိတ္ကုိ ထိရွသြားေစတယ္ဆုိတာ မေမ့ပါနဲ႔။ျပီးေတာ့ ၀တာပိန္တာက လူ႔စိတ္ကုိ အျပည့္အ၀မေဖာ္ျပေပးႏုိင္ပါဘူး။

*င့ါမွာ မင္းမၾကိဳက္တဲ႔အခ်က္ေတြဘာရွိလဲ?

တကယ္တမ္းမွာ လူေတြက ကုိယ့္အေပၚမၾကိဳက္တဲ႔အခ်က္ေတြကုိ ျပန္ၾကားရတဲ႔အခါ စိတ္မေကာင္းျဖစ္သြားၾကတာရွိသလုိ ေဒါသထြက္သြားၾကတာရွိတတ္ပါတယ္။ဘယ္လိုပဲ ကုိုယ့္ကုိယ့္ကုိယ္ ျပင္ဆင္ခ်င္လို႔၊ကုိုယ့္ကုိယ့္ကုိယ္ျပန္ျမင္ခ်င္လို႔ ဒီေမးခြန္းကုိေမးေမး တစ္ဖက္လူအတြက္ေျဖရခက္ေစသလို ဟုိဘက္ကေျဖခ်လိုက္တဲ႔အခါမွာလည္း အမွန္တရားကုိလက္မခံတတ္တဲ႔သူဆုိ ႏွစ္ေယာက္ၾကားက ရင္းႏွီးမႈေတာင္ေပ်ာက္သြားေစမွာပါ

Buzzy ပရိသတ္ၾကီးလည္း သူတစ္ပါးကုိ၀မ္းနည္းနာက်င္သြားေစတဲ႔၊တစ္ျခားသူေျဖရခက္ေစမယ့္ ေမးခြန္းမ်ိဳးေတြမေမးမိပါေစနဲ႔ေနာ္

Credit: popo

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘယ်လိုမေးခွန်းတွေလဲ...

တစ်ချို့မေးခွန်းတွေက ဖြေရဆိုရတာကောင်းပေမဲ့ တစ်ချို့မေးခွန်းတွေက အမေးခံရသူကို ဝမ်းနည်းသွားစေတယ်၊ဒေါသထွက်သွားစေတယ်။စိတ်မကောင်းဖြစ်သွားစေတယ်၊စိတ်အလိုမကျဖြစ်သွားစေတတ်ပါတယ်။ကိုယ့်အတွက်မေးလိုက်ရတာ ဘာမှမဖြစ်ပေမဲ့ တစ်ခြားသူတွေဖြေရခက်သွားစေမယ့်မေးခွန်းမျိုးတွေ မမေးမိဖို့လိုပါတယ်။အဲ့ဒီအဖြေတွေသိလို့လည်း သင့်မှာ ဘာမှအကျိုးမရှိနိုင်ပါဘူး။ဒါကြောင့် ဘယ်လိုမေးခွန်းတွေ မမေးသင့်ဘူးလဲဆိုတာ ကြည့်လိုက်ပါဦး

*ဘယ်တော့လက်ထပ်မှာလဲ?

ဒီမေးခွန်းက တစ်ယောက်တည်းအေးဆေးနေနေတဲ့သူကိုမေးမိရင် ဖြေရခက်စေမှာဖြစ်သလို စုံတွဲတစ်တွဲကိုသွားပြီး ဘယ်အချိန်လက်ထပ်ကြမှာလဲသွားမေးရင် စိတ်အလိုမကျဖြစ်စေမယ့်မေးခွန်းပါ။လက်ထပ်တယ်ဆိုတာ အခုကျင်းပ အခုဖြစ်လာတာမဟုတ်တဲ့အတွက် သူတို့မှာလည်းသူတု့ိအကြောင်းအရင်း သူတို့အခက်အခဲဆိုတာရှိနိုင်ပါတယ်။တစ်ချို့က ကြည့်ကောင်းအောင်ဖြေကြပေမဲ့ တစ်ချို့စိတ်ဆတ်တဲ့သူနဲ့ဆို သင့်မေးခွန်းကြောင့် အငြင်းပွားမှုတွေပါ ဖြစ်လာပါလိမ့်မယ်။လက်ထပ်ဖို့အဆင်မပြေသေးတဲ့စုံတွဲဆို ဒီမေးခွန်းကြားရင် စိတ်နာကျင်သွားနိုင်ပါတယ်။

*ဘယ်အချိန်ကလေးယူမှာလဲ?

အရမ်းရင်းနှီးတဲ့သူတွေတောင် တော်ရုံမမေးသင့်တဲ့မေးခွန်းတွေပါ။ကလေးဆိုတာ ဘုရားပေးတဲ့ဆုပါပဲ။ကလေးလိုချင်လို့ကြိုးစားပေမဲ့ မရသေးတာမျိုး၊ကလေးယူဖို့အဆင်သင့်မဖြစ်သေးတာမျိုး အဲ့ဒီလိုအခြေအနေမျိုးရှိနေတဲ့အိမ်ထောင်သည်စုံတွဲတွေရှိနိုင်ပါတယ်။သင့်မေးခွန်းကြောင့်သူတို့တွေ စိတ်ဝမ်းမနည်းပါစေနဲ့

*ကျောင်းကဘာလို့ထွက်လိုက်တာလဲ? ဘာလို့ကျောင်းဆက်မတက်တော့တာလဲ?

လူတိုင်းမှာမပြောပြချင်တဲ့အကြောင်းအရာတွေဆိုတာရှိပါတယ်။ဒါကို ကျောင်းဘာလို့ထွက်လိုက်တာလဲ၊တက္ကသိုလ်ဘာလို့ဆက်မတက်တော့တာလဲဆိုတဲ့မေးခွန်းမျိုးသွားမေးရင် တစ်ချို့က ဘာမှမဖြစ်ပဲ ဖြေတာတွေရှိပေမဲ့ တကယ်တော့ မမေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။ဒါက သူများရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာဖြစ်သွားပါပြီ။

*ဘာလို့ ချစ်သူမထားတာလဲ?

ဒီမေးခွန်းက အတော်လေးဖြေရခက်တဲ့မေးခွန်းပါပဲ။သူချစ်သူမထားသေးတာ မထားတာက ကိုယ်နဲ့လည်းမဆိုင်သလို သူ့ဆီက အဖြေသိရရင်လည်းကိုယ့်အတွက်ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူး။တကယ်လို့သူက အချစ်ရေးကံမကောင်းတဲ့သူဖြစ်နေရင် ကိုယ့်မေးခွန်းကြောင့် စိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။ပြီးတော့ မေးဖို့မလိုတဲ့မေးခွန်းတစ်ခုပါပဲ။

*ဘာလို့ဝိတ်မချတာလဲ?

ဒီမေးခွန်းကို ၀၀ကစ်ကစ်မိန်းကလေးတွေကိုသွားမေးမယ်ဆိုရင် သင်ဟာ အလိုက်ကန်းဆိုးမသိတဲ့သူတစ်ယောက်လို့ဆိုရမှာပါပဲ။သူလည်း ပိန်ပိန်လေးဖြစ်ချင်မှာပေါ့။ဝိတ်လည်းကြိုးစားချနေမှာပေါ့လို့တွေးရမယ့်အစား ဘာလို့ဝိတ်မချသေးတာလဲလို့မေးလိုက်တာဟာ တစ်ဖက်လူရဲ့စိတ်ကို ထိရှသွားစေတယ်ဆိုတာ မမေ့ပါနဲ့။ပြီးတော့ ဝတာပိန်တာက လူ့စိတ်ကို အပြည့်အဝမဖော်ပြပေးနိုင်ပါဘူး။

*င့ါမှာ မင်းမကြိုက်တဲ့အချက်တွေဘာရှိလဲ?

တကယ်တမ်းမှာ လူတွေက ကိုယ့်အပေါ်မကြိုက်တဲ့အချက်တွေကို ပြန်ကြားရတဲ့အခါ စိတ်မကောင်းဖြစ်သွားကြတာရှိသလို ဒေါသထွက်သွားကြတာရှိတတ်ပါတယ်။ဘယ်လိုပဲ ကိုယ့်ကိုယ့်ကိုယ် ပြင်ဆင်ချင်လို့၊ကိုယ့်ကိုယ့်ကိုယ်ပြန်မြင်ချင်လို့ ဒီမေးခွန်းကိုမေးမေး တစ်ဖက်လူအတွက်ဖြေရခက်စေသလို ဟိုဘက်ကဖြေချလိုက်တဲ့အခါမှာလည်း အမှန်တရားကိုလက်မခံတတ်တဲ့သူဆို နှစ်ယောက်ကြားက ရင်းနှီးမှုတောင်ပျောက်သွားစေမှာပါ

Buzzy ပရိသတ်ကြီးလည်း သူတစ်ပါးကိုဝမ်းနည်းနာကျင်သွားစေတဲ့၊တစ်ခြားသူဖြေရခက်စေမယ့် မေးခွန်းမျိုးတွေမမေးမိပါစေနဲ့နော်

Credit: popo

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top