iMyanmarHouse.com - Best Property Website for Myanmar
×


အလွၾကိဳက္တာ မိန္းကေလးေတြရဲ႕ သဘာဝပါ။ မိန္းကေလးေတြက ငယ္စဉ္အရြယ္ကတည္းက အလွၾကိဳက္တတ္ၾကတာပါ။ ဒါေပမယ့္ က်န္းက်န္းမာမာနဲ႔ လွဖို႔ေတာ့လိုပါမယ္။ စမတ္က်က်နဲ႔ က်န္းက်န္းမာမာလွပတဲ့ ေလဒီေလးျဖစ္ဖို႔ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို သတိထားေပးပါေနာ္။

လွခ်င္လို႔ ေလဒီေတြလုပ္မိတတ္တဲ့ အေလ့အထေတြ

အဝတ္အစားက်ပ္က်ပ္ေတြဝတ္တာ

အဝတ္အစားခပ္က်ပ္က်ပ္ေတြ၊ ႏိုင္လြန္ပါတဲ့ ေဘာင္းဘီက်ပ္က်ပ္ေတြဝတ္တာ၊ ဆြဲသားအဝတ္အစားေတြဝတ္တာက ခႏၶာကိုယ္အတြက္ေလဝင္ေလထြက္မေကာင္းတာမ်ိဳးျဖစ္ေစႏိုင္သလို အပူနဲ႔အစိုဓာတ္ေတြျဖစ္ေစႏိုင္တာေၾကာင့္ မိႈပိုေပါက္ဖြားျပီး အေရျပားျပႆနာေတြခံစားရႏိုင္သလို အရမ္းက်ပ္တဲ့အဝတ္စားေတြအခ်ိန္ၾကာျမင့္စြာဝတ္ဆင္မႈက နာတာရွည္ေျခေထာက္ေသြးျပန္ေၾကာေရာဂါကိုျဖစ္ေစနိုင္သလို မိန္းမကိုယ္ပိုးဝင္ကူးစက္တာကိုျဖစ္ေစႏိုင္ပါတယ္။

ေဒါက္ျမင့္ဖိနပ္စီးတာ

 ေလဒီေတာ္ေတ္ာမ်ားမ်ားက ေဒါက္ျမင့္ဖိနပ္စီးရတာကို သေဘာက်ၾကပါတယ္။ တကယ္ေတာ့ ဒါက က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အေလ့အထပါ။ ေဒါက္ျမင့္ဖိနပ္ေတြကို အခ်ိန္ၾကာျမင့္စြာစီးထားတာက အရိုးေတြကို ထိခိုက္ေစႏိုင္ျပီး အရိုးပြေရာဂါျဖစ္ႏိုင္ေျခကိုတိုးေစႏိုင္ပါတယ္။

ႏႈတ္ခမ္းနီဆိုးတာ

 ႏႈတ္ခမ္းနီဆိုးတာကလည္း ၾကည့္ေတာ့သာလွတာပါ တကယ္ေတာ့ ႏႈတ္ခမ္းသားကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။ အခ်ိန္ၾကာျမင့္စြာႏႈတ္ခမ္းနီဆိုးထားတဲ့အခါ ႏႈတ္ခမ္းသားေျခာက္ေသြ႔တာ၊ ကြဲအက္တာေတြကိုခံစားရႏိုင္ပါတယ္။

အိုင္းလုိင္နာဆိုးတာ

အိုင္းလိုင္နာက မ်က္လံုးေလးကို ထင္းထင္းေလးနဲ႔လွေစေပမယ့္ အျမဲတမ္းဆိုးေနရင္ေတာ့ မ်က္လံုးက်န္းမာေရးကိုထိခိုက္လာနိုင္ပါတယ္။ ဒါေၾကာင့္ အိုင္းလိုင္နာကို အျမဲဆိုးထားတာမ်ိဳးမလုပ္ဖို႔ေျပာပါရေစ။

ေျခသည္း၊လက္သည္းဆိုးတာ

 လက္သည္းနီေတြက က်န္းမာေရးကိုထိခိုက္ေစႏိုင္တဲ့အခ်က္မ်ားစြာရွိေနပါတယ္။ လက္သည္းနီေတြက အေရျပားနဲ႔မ်က္လံုးမ်ာ ဓာတ္မတည့္တာေတြျဖစ္ေစႏိုင္သလို မ်ိဳးပြားစနစ္ကိုပါ ထိခိုက္ေစႏိုင္ပါေသးတယ္။

မိတ္ကပ္တစ္ခ်ိန္လံုးလူးထားတာ

 မ်က္နွာကိုအျမဲမိတ္ကပ္လူးထားမယ္ဆိုရင္ အသားအေရကို အရြယ္မတိုင္ခင္အိုမင္းမႈျဖစ္ေစႏိုင္ပါတယ္။ Gym သြားတဲ့အခါမ်ိဳးမွာ မိတ္ကပ္မလူးသင့္သလို တစ္ခ်ိန္လံုးလည္းမိတ္ကပ္လူးမထားပါနဲ႔။ အျပင္သြားစရာမရွိတဲ့အခါမ်ိဳး၊ အိမ္မွာပဲေနတဲ့အခါမ်ိဳးမွာေတာ့ no make up day လို႔ သတ္မွတ္ျပီး အေရျပားကို အသက္ဝဝရႈခြင့္ေပးလိုက္ပါ။

ေနေရာင္မခံတာ

 ေနခင္းေနပူပူနဲ႔ ထိေတြ႔ရမယ္လို႔မဆိုလိုပါဘူး။ ခႏၶာကိုယ္က်န္းမာဖို႔လိုအပ္တဲ့ ဗီတာမင္ D ရရွိဖို႔အတြက္ေတာ့ မနက္ခင္းေနေရာင္ေႏြးေႏြးေလးနဲ႔ ထိေတြ႔ေပးပါ။

ေနေလာင္ကာခရင္မ္မလူးတာ

အျပင္ထြက္ခါနီး နာရီဝက္အလိုတိုင္းမ်ာ ေနေလာင္ကာခရင္မ္လူးေပးျပီး အသားအေရကို ကာကြယ္သင့္ပါတယ္။ ဒါမွလည္း အေရျပားျပႆနာေတြကင္းမွာပါ။ ေနေလာင္ကာခရင္မ္လူးလို႔ မိတ္ကပ္မညီတာမ်ိဳးျဖစ္မွာစိုးျပီး မလိမ္းဘဲေနတာမ်ိဳးမျဖစ္ေစဖို႔ သတိျပဳပါ။

ေရေသာက္နည္းတာ

သြားေလရာကိုေရဗူးယူသြားလို႔ အလွမပ်က္ပါဘူးေနာ္။ ေရကိုလံုေလာက္ေအာင္ မေသာက္ရင္သာအသားအေရမွာ ထိခိုက္ပ်က္စီးတာေတြျဖစ္လာႏိုင္တာပါ။

ပံုမွန္က်န္းမာေရးစစ္ေဆးမႈမလုပ္တာ

 မိန္းကေလးတိုင္းအေနနဲ႔ တစ္ႏွစ္ကို တစ္ၾကိမ္ေလာက္ေတာ့ က်န္းမာေရးစစ္ေဆးမႈလုပ္သင့္ပါတယ္။ ဒါမွအခ်ိဳ႕ေရာဂါေတြကို ကာကြယ္နိုင္မွာပါ။ ေန႔စဉ္အလွအပကိုပဲ ဦးစားေပးမေနဘဲ ခႏၶာကိုယ္က်န္းမာဖို႔ကိုလည္း ဂရုစိုက္ေစခ်င္ပါတယ္။

အခုေျပာခဲ့တဲ့ အခ်က္ေလးေတြကို လိုက္နာဆင္ျခင္လို႔ ေန႔ရက္တိုင္းကို စမတ္က်လွပတဲ့ေလဒီေလးတစ္ေယာက္အေနနဲ႔ ျဖတ္သန္းလိုက္ပါေနာ္…….

Credit: Hellosayarwon

# Unicode Version ျဖင့္ ဖတ္ပါ #

အလှကြိုက်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ မိန်းကလေးတွေက ငယ်စဉ်အရွယ်ကတည်းက အလှကြိုက်တတ်ကြတာပါ။ ဒါပေမယ့် ကျန်းကျန်းမာမာနဲ့ လှဖို့တော့လိုပါမယ်။ စမတ်ကျကျနဲ့ ကျန်းကျန်းမာမာလှပတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။

လှချင်လို့ လေဒီတွေလုပ်မိတတ်တဲ့ အလေ့အထတွေ

အဝတ်အစားကျပ်ကျပ်တွေဝတ်တာ

အဝတ်အစားခပ်ကျပ်ကျပ်တွေ၊ နိုင်လွန်ပါတဲ့ ဘောင်းဘီကျပ်ကျပ်တွေဝတ်တာ၊ ဆွဲသားအဝတ်အစားတွေဝတ်တာက ခန္ဓာကိုယ်အတွက်လေဝင်လေထွက်မကောင်းတာမျိုးဖြစ်စေနိုင်သလို အပူနဲ့အစိုဓာတ်တွေဖြစ်စေနိုင်တာကြောင့် မှိုပိုပေါက်ဖွားပြီး အရေပြားပြဿနာတွေခံစားရနိုင်သလို အရမ်းကျပ်တဲ့အဝတ်စားတွေအချိန်ကြာမြင့်စွာဝတ်ဆင်မှုက နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုဖြစ်စေနိုင်သလို မိန်းမကိုယ်ပိုးဝင်ကူးစက်တာကိုဖြစ်စေနိုင်ပါတယ်။

ဒေါက်မြင့်ဖိနပ်စီးတာ

 လေဒီတော်တေ်ာများများက ဒေါက်မြင့်ဖိနပ်စီးရတာကို သဘောကျကြပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထပါ။ ဒေါက်မြင့်ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးထားတာက အရိုးတွေကို ထိခိုက်စေနိုင်ပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။

နှုတ်ခမ်းနီဆိုးတာ

 နှုတ်ခမ်းနီဆိုးတာကလည်း ကြည့်တော့သာလှတာပါ တကယ်တော့ နှုတ်ခမ်းသားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာမြင့်စွာနှုတ်ခမ်းနီဆိုးထားတဲ့အခါ နှုတ်ခမ်းသားခြောက်သွေ့တာ၊ ကွဲအက်တာတွေကိုခံစားရနိုင်ပါတယ်။

အိုင်းလိုင်နာဆိုးတာ

အိုင်းလိုင်နာက မျက်လုံးလေးကို ထင်းထင်းလေးနဲ့လှစေပေမယ့် အမြဲတမ်းဆိုးနေရင်တော့ မျက်လုံးကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အိုင်းလိုင်နာကို အမြဲဆိုးထားတာမျိုးမလုပ်ဖို့ပြောပါရစေ။

ခြေသည်း၊လက်သည်းဆိုးတာ

 လက်သည်းနီတွေက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အချက်များစွာရှိနေပါတယ်။ လက်သည်းနီတွေက အရေပြားနဲ့မျက်လုံးမျာ ဓာတ်မတည့်တာတွေဖြစ်စေနိုင်သလို မျိုးပွားစနစ်ကိုပါ ထိခိုက်စေနိုင်ပါသေးတယ်။

မိတ်ကပ်တစ်ချိန်လုံးလူးထားတာ

 မျက်နှာကိုအမြဲမိတ်ကပ်လူးထားမယ်ဆိုရင် အသားအရေကို အရွယ်မတိုင်ခင်အိုမင်းမှုဖြစ်စေနိုင်ပါတယ်။ Gym သွားတဲ့အခါမျိုးမှာ မိတ်ကပ်မလူးသင့်သလို တစ်ချိန်လုံးလည်းမိတ်ကပ်လူးမထားပါနဲ့။ အပြင်သွားစရာမရှိတဲ့အခါမျိုး၊ အိမ်မှာပဲနေတဲ့အခါမျိုးမှာတော့ no make up day လို့ သတ်မှတ်ပြီး အရေပြားကို အသက်ဝဝရှုခွင့်ပေးလိုက်ပါ။

နေရောင်မခံတာ

 နေခင်းနေပူပူနဲ့ ထိတွေ့ရမယ်လို့မဆိုလိုပါဘူး။ ခန္ဓာကိုယ်ကျန်းမာဖို့လိုအပ်တဲ့ ဗီတာမင် D ရရှိဖို့အတွက်တော့ မနက်ခင်းနေရောင်နွေးနွေးလေးနဲ့ ထိတွေ့ပေးပါ။

နေလောင်ကာခရင်မ်မလူးတာ

အပြင်ထွက်ခါနီး နာရီဝက်အလိုတိုင်းမျာ နေလောင်ကာခရင်မ်လူးပေးပြီး အသားအရေကို ကာကွယ်သင့်ပါတယ်။ ဒါမှလည်း အရေပြားပြဿနာတွေကင်းမှာပါ။ နေလောင်ကာခရင်မ်လူးလို့ မိတ်ကပ်မညီတာမျိုးဖြစ်မှာစိုးပြီး မလိမ်းဘဲနေတာမျိုးမဖြစ်စေဖို့ သတိပြုပါ။

ရေသောက်နည်းတာ

သွားလေရာကိုရေဗူးယူသွားလို့ အလှမပျက်ပါဘူးနော်။ ရေကိုလုံလောက်အောင် မသောက်ရင်သာအသားအရေမှာ ထိခိုက်ပျက်စီးတာတွေဖြစ်လာနိုင်တာပါ။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုမလုပ်တာ

 မိန်းကလေးတိုင်းအနေနဲ့ တစ်နှစ်ကို တစ်ကြိမ်လောက်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်ပါတယ်။ ဒါမှအချို့ရောဂါတွေကို ကာကွယ်နိုင်မှာပါ။ နေ့စဉ်အလှအပကိုပဲ ဦးစားပေးမနေဘဲ ခန္ဓာကိုယ်ကျန်းမာဖို့ကိုလည်း ဂရုစိုက်စေချင်ပါတယ်။

အခုပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာဆင်ခြင်လို့ နေ့ရက်တိုင်းကို စမတ်ကျလှပတဲ့လေဒီလေးတစ်ယောက်အနေနဲ့ ဖြတ်သန်းလိုက်ပါနော်…….
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top