iMyanmarHouse.com - Best Property Website for Myanmar
×


ငါးၾကီးဆီဆိုတာ တူနာငါး၊ ဆာလမြန္ငါးေတြလိုမွာ Omega-3 အဆီအက္စစ္ၾကြယ္ဝတဲ့ ငါးေတြရဲ႕တစ္သွ်ဴးထဲက ထုတ္ယူရရွိတဲ့အဆီတစ္မ်ိဳးျဖစ္တယ္။ Omega-3 အဆီအက္စစ္က ခႏၶာကိုယ္ရွိအေရးၾကီးတဲ့အဂါၤေတြရဲ႕လုပ္ေဆာင္ခ်က္ကို ေခ်ာေမြ႔ျပီးေျမာက္ေစပါတယ္။ ငါးၾကီးဆီေသာက္ေပးရင္ ဘယ္လိိုက်န္းမာေရးအက်ိဳးေက်းဇူးေတြရႏိုင္မလဲဆိုတာကို ဆက္လက္ေဖာ္ျပေပးပါမယ္။

၁။ခႏၶာကိုယ္အဆီေတြကို ေလာင္ကၽြမ္းေစတယ္။

ငါးၾကီးဆီစားေပးျခင္းျဖင့္ အင္ဆူလင္လႈံ႔ေဆာ္မႈကိုတိုးလာေစတာေၾကာင့္ ကိုယ္တြင္းအဆီေတြကိုေခ်ဖ်က္ေပးႏိုင္တယ္လုိ႔ ေလ့လာခ်က္အရေတြ႔ရွိရပါတယ္။ ဒါေၾကာင့္ေလ့က်င့္ခန္းလုပ္သူေတြကို ငါးၾကီးဆီပံုမွန္စာသံုးေပးဖို႔ တိုက္တြန္းထားပါတယ္။

၂။ ဦးေႏွာက္က်န္းမာေရး။

ငါးၾကီးဆီမွာပါဝင္တဲ့အဆီဓာတ္က စိတ္ဓာတ္က်တာကိုေျပေပ်ာက္ေစျပီး ဦးေႏွာက္ရဲ႕သိႏုိင္စြမ္းကိုျမွင့္တင္ေပးပါတယ္။ အမွတ္တရေတြ၊ ဘာသာစကား၊ ခံစားခ်က္၊ ေဝဖန္မႈ၊ တီထြင္ဖန္တီးႏိုင္မႈ စတာေတြနဲ႔ပတ္သတ္ျပီး ျပန္လည္တံု႔ျပန္မႈကို တိုးတက္လာေစပါတယ္။ ဦးေႏွာက္ဆဲလ္အသစ္ျဖစ္ေပၚရာမွာလည္း အေထာက္အပံ့ေပးေသးပါတယ္။

၃။ႏွလံုးက်န္းမာေရး။

Omega 3 အဆီအက္စစ္က ႏွလံုးရဲ႕လုပ္ေဆာင္ခ်က္မွန္သမွ်ကို တုိးတက္ေကာင္းမြန္ေစပါတယ္။ အတၱလႏၱိတ္ေဒသဝန္းက်င္မွာေနထုိင္သူေတြမွာ ႏွလံုးအေမာေဖာက္တဲ့ကိစၥမ်ိဳးျဖစ္တာ အလြန္ရွားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီ့ေဒသခံေတြက Omega 3 ၾကြယ္ဝတဲ့ ဆာလမြန္ငါးေတြကိုစားသံုးေပးၾကလို႔ပါ။ ငါးၾကီးဆီက မေကာင္းတဲ့ကိုလက္စထေရာေတြကိုက်ဆင္းေစျပီး ေကာင္းတဲ့ကိုလက္စထေရာကိုျမွင့္တင္ေပးပါတယ္။

၄။အရိုးအဆစ္က်န္းမာေရး။

အဆစ္နာျခင္းက ခႏၶာကိုယ္လႈပ္ရွားမႈအေႏွာင့္အယွက္ျဖစ္ေစပါတယ္။ Omega 3 အဆီအက္စစ္ၾကြယ္ဝတဲ့ ငါးၾကီးဆီေသာက္ေပးရင္ေတာ့ အဆစ္အျမစ္ေရာင္ရမ္းမႈကို သက္သာေစပါတယ္။

၅။ ၾကြက္သား ေဖာင္းေရာင္ျခင္းကိုသက္သာေစ။

ကိုယ္ကာယ ေလ့က်င့္ခန္းလုပ္တဲ့အခါ ၾကြက္သားတင္းရင္ေဖာင္းေရာင္မႈျဖစ္ပါတယ္။ ငါးၾကီးဆီစားေပးျခင္းက ၾကြက္သားထဲ ေသြးစီးႏႈန္းကိုျမင့္လာေစတာမို႔ ၾကြက္သားတင္းရင္းေဖာင္းေရာင္မႈကိုသက္သာေစပါတယ္။

ငါးၾကီးဆီကို တစ္ေန႔ ပံုမွန္ ၂၀၀ မွ ၂၅၀ဂရမ္ေသာက္သံုးေပးရင္ လံုေလာက္ပါျပီ။ က်န္းမာဖြံ႔ျဖိဳးတဲ့ဘဝကိုပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ငါးၾကီးဆီကုိပံုမွန္မွီဝဲလိုက္ပါ။

Credit:myfoodmyanmar

# Unicode Version ျဖင့္ ဖတ္ပါ #

ငါးကြီးဆီဆိုတာ တူနာငါး၊ ဆာလမွန်ငါးတွေလိုမှာ Omega-3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးတွေရဲ့တစ်သျှူးထဲက ထုတ်ယူရရှိတဲ့အဆီတစ်မျိုးဖြစ်တယ်။ Omega-3 အဆီအက်စစ်က ခန္ဓာကိုယ်ရှိအရေးကြီးတဲ့အဂါၤတွေရဲ့လုပ်ဆောင်ချက်ကို ချောမွေ့ပြီးမြောက်စေပါတယ်။ ငါးကြီးဆီသောက်ပေးရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်။

၁။ခန္ဓာကိုယ်အဆီတွေကို လောင်ကျွမ်းစေတယ်။

ငါးကြီးဆီစားပေးခြင်းဖြင့် အင်ဆူလင်လှုံ့ဆော်မှုကိုတိုးလာစေတာကြောင့် ကိုယ်တွင်းအဆီတွေကိုချေဖျက်ပေးနိုင်တယ်လို့ လေ့လာချက်အရတွေ့ရှိရပါတယ်။ ဒါကြောင့်လေ့ကျင့်ခန်းလုပ်သူတွေကို ငါးကြီးဆီပုံမှန်စာသုံးပေးဖို့ တိုက်တွန်းထားပါတယ်။

၂။ ဦးနှောက်ကျန်းမာရေး။

ငါးကြီးဆီမှာပါဝင်တဲ့အဆီဓာတ်က စိတ်ဓာတ်ကျတာကိုပြေပျောက်စေပြီး ဦးနှောက်ရဲ့သိနိုင်စွမ်းကိုမြှင့်တင်ပေးပါတယ်။ အမှတ်တရတွေ၊ ဘာသာစကား၊ ခံစားချက်၊ ဝေဖန်မှု၊ တီထွင်ဖန်တီးနိုင်မှု စတာတွေနဲ့ပတ်သတ်ပြီး ပြန်လည်တုံ့ပြန်မှုကို တိုးတက်လာစေပါတယ်။ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်ရာမှာလည်း အထောက်အပံ့ပေးသေးပါတယ်။

၃။နှလုံးကျန်းမာရေး။

Omega 3 အဆီအက်စစ်က နှလုံးရဲ့လုပ်ဆောင်ချက်မှန်သမျှကို တိုးတက်ကောင်းမွန်စေပါတယ်။ အတ္တလန္တိတ်ဒေသဝန်းကျင်မှာနေထိုင်သူတွေမှာ နှလုံးအမောဖောက်တဲ့ကိစ္စမျိုးဖြစ်တာ အလွန်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့ဒေသခံတွေက Omega 3 ကြွယ်ဝတဲ့ ဆာလမွန်ငါးတွေကိုစားသုံးပေးကြလို့ပါ။ ငါးကြီးဆီက မကောင်းတဲ့ကိုလက်စထရောတွေကိုကျဆင်းစေပြီး ကောင်းတဲ့ကိုလက်စထရောကိုမြှင့်တင်ပေးပါတယ်။

၄။အရိုးအဆစ်ကျန်းမာရေး။

အဆစ်နာခြင်းက ခန္ဓာကိုယ်လှုပ်ရှားမှုအနှောင့်အယှက်ဖြစ်စေပါတယ်။ Omega 3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးကြီးဆီသောက်ပေးရင်တော့ အဆစ်အမြစ်ရောင်ရမ်းမှုကို သက်သာစေပါတယ်။

၅။ ကြွက်သား ဖောင်းရောင်ခြင်းကိုသက်သာစေ။

ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတင်းရင်ဖောင်းရောင်မှုဖြစ်ပါတယ်။ ငါးကြီးဆီစားပေးခြင်းက ကြွက်သားထဲ သွေးစီးနှုန်းကိုမြင့်လာစေတာမို့ ကြွက်သားတင်းရင်းဖောင်းရောင်မှုကိုသက်သာစေပါတယ်။

ငါးကြီးဆီကို တစ်နေ့ ပုံမှန် ၂၀၀ မှ ၂၅၀ဂရမ်သောက်သုံးပေးရင် လုံလောက်ပါပြီ။ ကျန်းမာဖွံ့ဖြိုးတဲ့ဘဝကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ငါးကြီးဆီကိုပုံမှန်မှီဝဲလိုက်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top