iMyanmarHouse.com - Best Property Website for Myanmar
×

 လူငယ္ပရိသတ္ေတြၾကားမွာ ေရးပန္းစားလာတဲ့ အထူးသျဖင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲေတြထဲက တစ္ေယာက္ျဖစ္တဲ့ တက္သစ္စ ေမာ္ဒယ္လ္သ႐ုပ္ေဆာင္ညိမ္းေသာ္ကေတာ့ သူ႔ကိုိ လူေတြက ကုိရီးယားမင္းသား လီမင္ဟုိနဲ႔ တူတယ္လုိ႔ ေျပာၾကတဲ့အေပၚ မတူခ်င္ဘူးလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ညိမ္းေသာ္က “အဲ့တုန္းက သူတုိ႔ေတြ ေျပာတုန္းက တူတယ္ ဟုိလူနဲ႔တူတယ္။ ဒီလူနဲ႔တူတယ္ေျပာတုန္းကလည္း မဟုတ္ဘူး ကြၽန္ေတာ္က တူတာ မၾကဳိက္ဘူး ကုိယ့္ပုံစံအတုိင္းကုိပဲ ကုိယ္ၾကဳိက္တယ္။ ဘုရားေပးတဲ့ ႐ုပ္ၿပီးရင္ ကြၽန္ေတာ့္ အေမေမြးထားတဲ့ ႐ုပ္ဆုိတာ သူမ်ားေတြနဲ႔ မတူခ်င္ဘူး။ ကုိယ့္ဘာသာ ခြဲထြက္ခ်င္တယ္။ တူတယ္လုိ႔ေျပာတဲ့သူေတြကလည္း သူ႔ရဲ႕ Idol ေတြဆုိေတာ့ အဲ့လူကုိ ၾကဳိက္တယ္ ၿပီးရင္ ျမန္မာျပည္မွာက်ေတာ့လည္း ကုိယ့္ကုိႀကိဳက္တယ္ သူတုိ႔ဟာနဲ႔သူတုိ႔ ယွဥ္ၿပီးေတာ့ ေျပာၾကတာေပါ့။ ကုိယ္ကေတာ့ တူတယ္လုိ႔ တစ္ခါမွေတာ့ မခံစားရပါဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Valentine’s Dayမွာ ဘာေတြ လုပ္ျဖစ္မလဲလုိ႔ ေမးျမန္းရာ “Valentine’s Day ေျပာရတာ အာေခါင္ေတြေတာင္ ေျခာက္လာၿပီ Valentine’s Day ေဖေဖာ္ဝါရီ ၁၄ ကေတာ့ မအားဘူးေပါ့။ အဲ့ရက္ကေတာ့ အလုပ္ေတြကုိ အကုန္နားထားတယ္။ အိမ္မွာပဲ ေနမယ္ အဲ့လုိပုံစံ။ ေဖေဖာ္ဝါရီ ၁၄ရက္ေန႔မွာ ေလွ်ာက္လည္ေနလုိ႔လဲ အဆင္မေျပဘူးေလ။ သူမ်ားေတြ Roေနတာေတြ ၾကည့္ၿပီးေတာ့ ကုိယ္က အားမလုိအားမရေတြနဲ႔ ျဖစ္လာမွာဆုိေတာ့ ကုိယ့္မွာလည္း မ႐ွိဘူးဆုိေတာ့ အိမ္မွာပဲ ေနမယ္ေပါ့။ ေခ်ာကလက္ကေတာ့ ႏွစ္တုိင္း ေကြၽးတဲ့သူေတြ ေပါတယ္။ ဘာလဲဆုိေတာ့ ကြၽန္ေတာ့္ We love ေတြ ကြၽန္ေတာ့္ Fan ေတြ သူတုိ႔ေတြ ေကြၽးတယ္ အိမ္တုိင္ရာေရာက္လာပုိ႔တယ္။ ေခ်ာကလက္ေတြ အ႐ုပ္ေတြ အမ်ားႀကီးရတယ္။ ႏွစ္တုိင္းလုိလုိရတယ္ဆုိေတာ့အဲ့တာ ႀကီးပဲ ထုိင္စားမယ္ေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အကယ္၍ Valentine’s Day မွာ ခ်စ္သူရသြားခဲ့ရင္ ဘယ္လုိေနမလဲလုိ႔ ေမးျမန္းလုိက္ရာ “ဟာ ေကာင္းတာေပါ့ ႐ွိတာေကာင္းတာေပါ့ ေခ်ာကလက္ေတြ လက္ေဆာင္ေတြ ရတာေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အကယ္ဒမီနဲ႔ ပတ္သက္ၿပီးေတာ့လည္း “အကုန္လုံးကလည္း ေတာ္ေနၾကတာဆုိေတာ့ အကုန္လုံးကုိ ရေစခ်င္တယ္။ ဒီႏွစ္ဆုိရင္ပုိမ်ားတယ္ ကားေတြက အမ်ားႀကီးပဲ မၾကဳံဖူးဘူး ဒီလုိမ်ိဳး အဲ့လုိၾကေတာ့ ဘယ္သူရပါေစလုိ႔ မွန္းတာေတာ့ မ႐ွိဘူး ကားေတြကလည္း အကုန္ၾကည့္ေနတာပဲဆုိေတာ့ ေျပာလုိ႔ေတာ့ မရဘူး ထုိက္တန္တဲ့သူ ရမွာပဲဆုိေတာ့ အကုန္လုံးက ဝါရင့္ေတြခ်ည္းပဲေလ။ “လုိ႔ ေျပာသြားခဲ့ပါတယ္။

ကုိယ္ကုိယ္တုိင္ အကယ္ဒမီကုိ ယူဖုိ႔ အိမ္မက္႐ွိလားလုိ႔ ေမးျမန္းရာ “ဒါက အႏုပညာသမားတုိင္း သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ တုိင္းရဲ႕ အိမ္မက္ျဖစ္တယ္ဆုိေတာ့ ကြၽန္ေတာ္တုိ႔ က အခုအခ်ိန္မွာေတာ့ ဝါႏုေသးတယ္။ ကားေတြလည္း အဲ့ေလာက္မမ်ားေသးဘူးဆုိတာက ရည္မွန္းခ်က္ကေတာ့ ႐ွိတာေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ ညိမ္းေသာ္က” ခ်စ္တဲ့ ပရိသတ္ႀကီးလည္း Valentine’s Day ေန႔ကုိလည္း မေမ့သလုိပဲေပါ့ အဲ့ရက္ေ႐ွ႕ပုိင္းက ၁၃ရက္ေန႔ကုိလည္း ေမ့လုိ႔မရဘူးလုိ႔ Valentine’s Day ေန႔မွာ ခ်စ္တဲ့သူေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေန႔ရက္တုိင္း ခ်စ္သူေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဘဝကုိ ျဖတ္သန္း ႏုိင္ၾကပါေစ။ ခ်စ္တဲ့ သူေတြတုိင္းလည္း ေပါင္းၾကပါေစလုိ႔ ဆုေတာင္းေပးပါတယ္။” လုိ႔ ပရိသတ္ကုိ စကားလက္ေဆာင္ပါးခဲ့တယ္။

Credit: thadinyatkwat

အလွအပ၊ အႏုပညာ၊ ဖက္ရွင္

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူငယ်ပရိသတ်တွေကြားမှာ ရေးပန်းစားလာတဲ့ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲတွေထဲက တစ်ယောက်ဖြစ်တဲ့ တက်သစ်စ မော်ဒယ်လ်သရုပ်ဆောင်ညိမ်းသော်ကတော့ သူ့ကို လူတွေက ကိုရီးယားမင်းသား လီမင်ဟိုနဲ့ တူတယ်လို့ ပြောကြတဲ့အပေါ် မတူချင်ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ညိမ်းသော်က “အဲ့တုန်းက သူတို့တွေ ပြောတုန်းက တူတယ် ဟိုလူနဲ့တူတယ်။ ဒီလူနဲ့တူတယ်ပြောတုန်းကလည်း မဟုတ်ဘူး ကျွန်တော်က တူတာ မကြိုက်ဘူး ကိုယ့်ပုံစံအတိုင်းကိုပဲ ကိုယ်ကြိုက်တယ်။ ဘုရားပေးတဲ့ ရုပ်ပြီးရင် ကျွန်တော့် အမေမွေးထားတဲ့ ရုပ်ဆိုတာ သူများတွေနဲ့ မတူချင်ဘူး။ ကိုယ့်ဘာသာ ခွဲထွက်ချင်တယ်။ တူတယ်လို့ပြောတဲ့သူတွေကလည်း သူ့ရဲ့ Idol တွေဆိုတော့ အဲ့လူကို ကြိုက်တယ် ပြီးရင် မြန်မာပြည်မှာကျတော့လည်း ကိုယ့်ကိုကြိုက်တယ် သူတို့ဟာနဲ့သူတို့ ယှဉ်ပြီးတော့ ပြောကြတာပေါ့။ ကိုယ်ကတော့ တူတယ်လို့ တစ်ခါမှတော့ မခံစားရပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

Valentine’s Dayမှာ ဘာတွေ လုပ်ဖြစ်မလဲလို့ မေးမြန်းရာ “Valentine’s Day ပြောရတာ အာခေါင်တွေတောင် ခြောက်လာပြီ Valentine’s Day ဖေဖော်ဝါရီ ၁၄ ကတော့ မအားဘူးပေါ့။ အဲ့ရက်ကတော့ အလုပ်တွေကို အကုန်နားထားတယ်။ အိမ်မှာပဲ နေမယ် အဲ့လိုပုံစံ။ ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ လျှောက်လည်နေလို့လဲ အဆင်မပြေဘူးလေ။ သူများတွေ Roနေတာတွေ ကြည့်ပြီးတော့ ကိုယ်က အားမလိုအားမရတွေနဲ့ ဖြစ်လာမှာဆိုတော့ ကိုယ့်မှာလည်း မရှိဘူးဆိုတော့ အိမ်မှာပဲ နေမယ်ပေါ့။ ချောကလက်ကတော့ နှစ်တိုင်း ကျွေးတဲ့သူတွေ ပေါတယ်။ ဘာလဲဆိုတော့ ကျွန်တော့် We love တွေ ကျွန်တော့် Fan တွေ သူတို့တွေ ကျွေးတယ် အိမ်တိုင်ရာရောက်လာပို့တယ်။ ချောကလက်တွေ အရုပ်တွေ အများကြီးရတယ်။ နှစ်တိုင်းလိုလိုရတယ်ဆိုတော့အဲ့တာ ကြီးပဲ ထိုင်စားမယ်ပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

အကယ်၍ Valentine’s Day မှာ ချစ်သူရသွားခဲ့ရင် ဘယ်လိုနေမလဲလို့ မေးမြန်းလိုက်ရာ “ဟာ ကောင်းတာပေါ့ ရှိတာကောင်းတာပေါ့ ချောကလက်တွေ လက်ဆောင်တွေ ရတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့လည်း “အကုန်လုံးကလည်း တော်နေကြတာဆိုတော့ အကုန်လုံးကို ရစေချင်တယ်။ ဒီနှစ်ဆိုရင်ပိုများတယ် ကားတွေက အများကြီးပဲ မကြုံဖူးဘူး ဒီလိုမျိုး အဲ့လိုကြတော့ ဘယ်သူရပါစေလို့ မှန်းတာတော့ မရှိဘူး ကားတွေကလည်း အကုန်ကြည့်နေတာပဲဆိုတော့ ပြောလို့တော့ မရဘူး ထိုက်တန်တဲ့သူ ရမှာပဲဆိုတော့ အကုန်လုံးက ဝါရင့်တွေချည်းပဲလေ။ “လို့ ပြောသွားခဲ့ပါတယ်။

ကိုယ်ကိုယ်တိုင် အကယ်ဒမီကို ယူဖို့ အိမ်မက်ရှိလားလို့ မေးမြန်းရာ “ဒါက အနုပညာသမားတိုင်း သရုပ်ဆောင်ကောင်းတစ်ယောက် တိုင်းရဲ့ အိမ်မက်ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ က အခုအချိန်မှာတော့ ဝါနုသေးတယ်။ ကားတွေလည်း အဲ့လောက်မများသေးဘူးဆိုတာက ရည်မှန်းချက်ကတော့ ရှိတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ညိမ်းသော်က” ချစ်တဲ့ ပရိသတ်ကြီးလည်း Valentine’s Day နေ့ကိုလည်း မမေ့သလိုပဲပေါ့ အဲ့ရက်ရှေ့ပိုင်းက ၁၃ရက်နေ့ကိုလည်း မေ့လို့မရဘူးလို့ Valentine’s Day နေ့မှာ ချစ်တဲ့သူတွေ ပျော်ပျော်ရွှင်ရွှင် နေ့ရက်တိုင်း ချစ်သူတွေ ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်း နိုင်ကြပါစေ။ ချစ်တဲ့ သူတွေတိုင်းလည်း ပေါင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။” လို့ ပရိသတ်ကို စကားလက်ဆောင်ပါးခဲ့တယ်။

Credit: thadinyatkwat

အလှအပ၊ အနုပညာ၊ ဖက်ရှင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top