iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသား – ကၽြန္ေတာ္ကအိမ္ေထာင္႐ွိပါတယ္။

ဒါေပမဲ့ အျခားမိန္းကေလးတစ္ေယာက္ကို႐ူး႐ူးမူးမူး ခ်စ္မိေနတယ္။ အဲဒါဘယ္လိုလုပ္ရမလဲ။

အတိုင္ပင္ခံ – ဒီမိန္းကေလးဟာ သင့္ဘ၀အတြက္ ေနာက္ဆံုး ခ်စ္ႏိုင္တဲ့မိန္းကေလးဆိုတာ သင္ေသခ်ာလား။

အမ်ိဳးသား – ဟုတ္ပါတယ္။

အတိုင္ပင္ခံ – ကြာ႐ွင္းၿပီး ခုမင္းခ်စ္ေနတဲ့ တစ္ေယာက္ကို ယူလုိက္။

အမ်ိဳးသား – ဒါေပမဲ့ ခုလက္႐ွိမိန္းမက နားလည္ေပးတယ္ သည္းခံတယ္ ေတာ္တယ္။ကၽြန္ေတာ္ဒီလို လုပ္ရင္ သူ႔အတြက္ ရက္စက္ရာက်မလား။

အတိုင္ပင္ခံ – အိမ္ေထာင္ေရးဆိုတာ တရားတယ္ ရက္စက္တယ္လို႔ ဆိုတာေတြ မ႐ွိပါဘူး။

ခုမင္းခ်စ္ေနတာက တျခားမိန္းကေလးျဖစ္ေနၿပီ။

အမ်ိဳးသား – ဒါေပမဲ့ ကၽြန္ေတာ့္ မိန္းမက ကၽြန္ေတာ့္ကို အရမ္းခ်စ္တာ။

အတိုင္ပင္ခံ – ဒါဆို သူက ေပးဆပ္မႈနဲ႔ ေပ်ာ္႐ႊင္ေနတယ္။

အမ်ိဳးသား – ကြာ႐ွင္းၿပီး တျခားမိန္းကေလးကို လက္ထက္လိုက္ရင္သူနာက်င္ခံစားရလိမ့္မယ္။

အတိုင္ပင္ခံ – အိမ္ေထာင္အရေျပာရရင္ မင္းကို ခ်စ္ေနတဲ့ အခ်စ္ကို သူမပိုင္ဆိုင္ေနမယ္။

ဒါေပမဲ့ ဒီအိမ္ေထာင္ မွာ မင္းက သူ႔ကို ခ်စ္တဲ့ အခ်စ္ မင္းမွာမ႐ွိေတာ့ဘူး။

မင္းက တျခားတစ္ေယာက္ကို မင္းရဲ့အခ်စ္ေတြေပးလိုက္လို႔။

မင္း သူ႔ကိုမခ်စ္ေတာ့တဲ့ အတြက္ မင္းဆံုး႐ႈံးေနတာ နာက်င္မွာ မင္းပဲ။

အမ်ိဳးသား – ကၽြန္ေတာ္ ေနာက္တစ္ေယာက္နဲ႔ ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္သစ္ကိုအစျပဳေတာ့မွာ။ သူ႔ ကၽြန္ေတာ့္ကို ဆံုး႐ႈံးတာ။

အတိုင္ပင္ခံ – မင္းမွားေနၿပီ။ သူမ က ဒီအိမ္ေထာင္မွာ ဒီအခ်စ္စစ္ တစ္ခုနဲ႔သူေလွ်ာက္လွမ္းေနတာ။

သူ႔ရဲ့ အခ်စ္စစ္ကို သူေပးဆပ္တယ္။ သူ ေပ်ာ္တယ္။

မင္းသာမင္းကို အခ်စ္စစ္နဲ႔ ခ်စ္ေနတဲ့သူကို မင္းလက္လြတ္ဆံုး႐ံႈးရမွာ။

အမ်ိဳးသား – သူမေျပာဖူးတယ္။ သူမက ကၽြန္ေတာ္ကလြဲၿပီး တျခားတစ္ေယာက္ကိုမခ်စ္ႏိုင္ေတာ့ဘူးတဲ့။

အတိုင္ပင္ခံ – ဒီလို စကား မင္းေကာ ေျပာဖူးသလား။

အမ်ိဳးသား – ကၽြန္ေတာ္………..

အတိုင္ပင္ခံ – မင္းေ႐ွ႕ကဖေယာင္းတို္င္ ၃ တိုင္ကို ၾကည့္လိုက္။ ဘယ္ဟာအလင္းဆံုးလဲ။

အမ်ိဳးသား – မသိပါဘူး။

အတိုင္ပင္ခံ – ဒီဖေယာင္းတို္င္ ၃ တိုင္သာ မိန္းကေလး ၃ ေယာက္ကိုကိုယ္စားျပဳေနမယ္ဆိုရင္ ဒီ လူ႔ေလာကမွာ မေရမတြက္ႏိုင္တဲ့ မိန္းကေလးေတြ႐ွိတယ္။

ဒီ ၃ တိုင္ေတာင္ ဘယ္တိုင္က ပို လင္းၿပီး ေတာက္ပ ေနတယ္ဆိုတာ မင္းမေျပာႏိုင္ဘူး။

အခု မင္းခ်စ္ေနတဲ့ တစ္ေယာက္က မင္းရဲ့ ေနာက္ဆံုးခ်စ္ႏိုင္တဲ့ မိန္းကေလးဆိုတာကိုမင္း ေျပာႏိုင္လား။

အမ်ိဳးသား – ကၽြန္ေတာ္…………

အတိုင္ပင္ခံ – မင္း အခု ဖေယာင္းတိုင္တစ္တိုင္ကို မင္းယူလိုက္။

မင္းစိတ္နဲ႔ၾကည္႔လိုက္ ဘယ္အတိုင္ အလင္းဆံုးလဲ။

အမ်ိဳးသား – ကၽြန္ေတာ္ ကိုင္ထားတဲ့ အတိုင္ေပါ့ဗ်ာ။

အတိုင္ပင္ခံ – ကယ္ နဂိုေနရာျပန္ထားလိုက္။ ဘယ္အတိုင္ အလင္းဆံုးလဲ။

အမ်ိဳးသား – မသိေတာ့ဘူး။

အတိုင္ပင္ခံ – မင္းခုနက ယူလိုက္တဲ့ ဖေယာင္းတိုင္က မင္းလက္႐ွိ မိန္းမကို

ကိုယ္စားျပဳမယ္ဆိုရင္ အခ်စ္ဆိုတာ ရင္ထဲက ျဖစ္လာတဲ့ အတြက္ မင္း သူ႔ကို ခ်စ္ေနရင္

မင္းစိတ္ထဲမွာ သူဟာအလင္းဆံုး မင္းသာ သူ႔ကို စိတ္ထဲမွာ မထားဘူး

နဂိုေနရာမွာဆိုရင္ မင္းစိတ္ထဲကို မထည့္တဲ့ အတြက္ အလင္းဆံုးကို မင္းေတြ႔မွာ

မဟုတ္ဘူး။ ခ်စ္တယ္ မခ်စ္တယ္ ဆိုတာ မင္းရဲ့ စိတ္ပါပဲ။

အမ်ိဳးသား – ေအာ္။ ကၽြန္ေတာ္နားလည္ပါၿပီ။ တကယ္ကြာ႐ွင္းခိုင္းတာမဟုတ္ပါဘူးလား။

လမ္းမွန္ကို ေရာက္ေအာင္ လမ္းညြန္ျပေနတာပါလား။

အတိုင္ပင္ခံ – ကယ္ နားလည္ၿပီဆိုရင္ မင္းရဲ့ စိတ္နဲ႔ အလင္းဆံုးဖေယာင္းတိုင္တစ္တိုင္ကို မင္းစိတ္နဲ႔ သြား႐ွာေတာ့…..

အမ်ိဳးသား – ကၽြန္ေတာ္ ရင္ထဲမွာ ဘယ္သူအလင္းဆံုးလဲ ဆိုတာ ကၽြန္ေတာ္သိၿပီ။

ကၽြန္ေတာ့္ မိန္းမပါ။

ဒီ လူ႔ေလာကႀကီးမွာ အိမ္ေထာင္ေရးဆိုတဲ့ တံတိုင္းႀကီးေပါ့… တံတိုင္းထဲ နဲ႔တံတို္င္းျပင္ ေပါ့။

အျပင္မွာ ႐ွိေနတဲ့ သူေတြက အထဲ၀င္ခ်င္ အထဲမွာ႐ွိတဲ့ သူက အျပင္ထြက္ခ်င္။

အထဲမွာ႐ွိတဲ့ သူေတြကလဲ အျပင္ဘက္က ႐ူ႕ခင္းေတြကို ၾကည့္ခ်င္။

ရထားပိုင္ဆိုင္ထားတာေတြနဲ႔ မေက်နပ္ၾကဘူး။ မေရာင့္ရဲၾကဘူး။

မိုးေပၚကၾကယ္ေလးေတြလင္းလက္ေနတာကို မက္ေမာၾကတယ္။

ကိုယ့္ရဲ့ အိမ္မွာ ေႏြးေထြးတဲ့ ဟင္းနဲ႔ေစာင့္ေနတာကို မျမင္ၾကဘူး။

သာမာန္႐ိုးက် ေန႔စဥ္လုပ္ရပ္ေတြကို ၿငီးေငြ႔လာတယ္။အခ်စ္သစ္ရဲ့ စိတ္လႈပ္႐ွားမႈေတြကို မက္ေမာလာတယ္။

ကိုယ့္ရဲ့ေပ်ာ္႐ႊင္မႈေတြကိုအေ၀းမွာပဲ ထင္ၿပီး ေနာက္တစ္ေယာက္ လာေခၚေဆာင္မႈကို ေစာင့္စားေနတယ္။.

ေနာက္တစ္ေယာက္ေၾကာင့္ ဘ၀ဟာ စိုေျပလာတယ္လို႔ ထင္လာတယ္….

ဒါကို သင္ကေက်နပ္ေနမိတယ္….

တစ္ခ်ိဳ႕အရာေတြက မသိစိတ္ကေန စိတ္ထဲမွာ ျဖစ္ေပၚလာတယ္…

စိတ္ထဲမွာ ျဖစ္လာတဲ့အတိုင္း လုပ္ၾကတယ္….. ဒီလိုနဲ႔ ပဲ ေဖါက္ျပန္မႈေတြက မ်ားျပားလာေတာ့တာေပါ့…….

Credit:(တကၠသိုလ္ ဘုန္းနိုင္)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။

ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကိုရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ။

အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘဝအတွက် နောက်ဆုံး ချစ်နိုင်တဲ့မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား – ဟုတ်ပါတယ်။

အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာကျမလား။

အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။

ခုမင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အတိုင်ပင်ခံ – ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား – ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်သူနာကျင်ခံစားရလိမ့်မယ်။

အတိုင်ပင်ခံ – အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမပိုင်ဆိုင်နေမယ်။

ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာမရှိတော့ဘူး။

မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။

မင်း သူ့ကိုမချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား – ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကိုအစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အတိုင်ပင်ခံ – မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့သူလျှောက်လှမ်းနေတာ။

သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။

မင်းသာမင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။

အမျိုးသား – သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကိုမချစ်နိုင်တော့ဘူးတဲ့။

အတိုင်ပင်ခံ – ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား – ကျွန်တော်………..

အတိုင်ပင်ခံ – မင်းရှေ့ကဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာအလင်းဆုံးလဲ။

အမျိုးသား – မသိပါဘူး။

အတိုင်ပင်ခံ – ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကိုကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။

ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။

အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကိုမင်း ပြောနိုင်လား။

အမျိုးသား – ကျွန်တော်…………

အတိုင်ပင်ခံ – မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။

မင်းစိတ်နဲ့ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား – ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။

အတိုင်ပင်ခံ – ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား – မသိတော့ဘူး။

အတိုင်ပင်ခံ – မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို

ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင်

မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး

နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ

မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။

အမျိုးသား – အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။

လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။

အတိုင်ပင်ခံ – ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံးဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…..

အမျိုးသား – ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။

ကျွန်တော့် မိန်းမပါ။

ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့တံတိုင်းပြင် ပေါ့။

အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။

အထဲမှာရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။

ရထားပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။

မိုးပေါ်ကကြယ်လေးတွေလင်းလက်နေတာကို မက်မောကြတယ်။

ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့စောင့်နေတာကို မမြင်ကြဘူး။

သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။

ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုအဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။.

နောက်တစ်ယောက်ကြောင့် ဘဝဟာ စိုပြေလာတယ်လို့ ထင်လာတယ်….

ဒါကို သင်ကကျေနပ်နေမိတယ်….

တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်…

စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…….

Credit:(တက္ကသိုလ် ဘုန်းနိုင်)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top