iMyanmarHouse.com - Best Property Website for Myanmar
×

လူၾကမ္းသရုပ္ေဆာင္အျဖစ္ ျမန္မာဗီဒီယိုနဲ႔ ရုပ္ရွင္ေလာကမွာ မပါမျဖစ္ အေရးၾကီးတဲ့အခန္းေတြကေန ပါဝင္သရုပ္ေဆာင္ခဲ့သူ လူၾကမ္းမင္းသား ကိုကိုဦးကေတာ့ သားေခ်ာေလးတစ္ေယာက္ကို ပိုင္ဆုိင္ထားတာပါ။ သားေခ်ာေလးေၾကာင့္လည္း မ်က္ႏွာပြင့္လန္းေနရတဲ့ ကိုကိုဦးကေတာ့ သားျဖစ္သူကို အကယ္ဒမီေရႊၾကိဳမွာပါဝင္ႏိုင္ဖို႔ ေျပာဆိုထားခဲ့ေပမယ့္လည္း မပါခဲ့လို႔ စိတ္မေကာင္းျဖစ္ေနခဲ့တာပါ။

“ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရံုးမွာကြ်န္ေတာ္က အကယ္ဒမီ ဗန္းကိုင္အတြက္ ေရႊၾကိဳအတြက္ကို ကြ်န္ေတာ္႕သားေလးကိုပါေစခ်င္တယ္။ပါဖို႕လည္း ကြ်န္ေတာ္က လြန္ခဲ႔တဲ႕ ၃ လေလာက္က ကြ်န္ေတာ္ကေျပာထားခဲ႕တယ္ ဒါေပမဲ႔ ကြ်န္ေတာ္ေျပာခဲ႔တဲ႔လူၾကီးကတစ္ဖြဲ႔ ေအးစိတ္ခ် ငါတို႔မိသားစုထဲကေရြးမွာငါတို႔လုပ္ေပးမယ္ ေျပာေပးမယ္ ငါတို႕ထည္႔ေပးမယ္ေပါ႔ေနာ္။ ဒါေပမဲ႔အခုက သူတို႔ဖြဲ႕စည္းထားတာေနာက္တစ္ဖြဲ႔ျဖစ္ေနတယ္ ဒီအဖြဲ႔နဲ႔ဟိုဘက္အဖြဲ႔ကမခ်ိတ္မိဘူး မခ်ိတ္မိေတာ႔သူတို႔က ဒီဘက္အဖြဲ႔ကိုတာ၀န္ေပးလိုက္ေတာ႔ ဒီဘက္အဖြဲ႕ကေနသူတို႕စိတ္ၾကိဳက္ေရြးျပီးသြားျပီ ေရြးျပီးသြားျပီဆိုေတာ႔ ကြ်န္ေတာ္႕သားကၾကားကက်န္ခဲ႔တယ္ေပါ႔ေနာ္”

“က်န္ခဲ႔ေတာ႔ အခုလာတတ္ေရာက္တဲ႔ပြဲကလည္း တစ္ဖက္ကလည္းေပ်ာ္တယ္ တစ္ဖက္က ကိုယ္႕သားကမရဘူးဆိုေတာ႔စိတ္မေကာင္းဘူးေပါ႔ ကိုဇင္၀ုိင္းအေနနဲ႔ကေတာ႕သူလည္းစိတ္မေကာင္းဘူး ေျသာ္ကိုဦးသားက ဒီအရြယ္ေတာင္ေရာက္ေနျပီလားတဲ႔ အမွန္ကဒီလိုမ်ိဳးျဖစ္ရမွာေပါ႔ေနာ္ က်ေတာ္တို႕လည္းသတိမထားမိဘူး သူတို႕ကိုကြ်န္ေတာ္တို႕ကတာ၀န္လႊဲေပးလိုက္တာ အဲ႔အတြက္ကိုမပါတဲ႔အတြက္ ကြ်န္ေတာ္ေတာင္းပန္ပါတယ္ ေနာက္တစ္ခါ ေနာက္ႏွစ္ေပါ႔ေနာက္ႏွစ္ကိုေတာ႕အကို႔သားေလးကိုစိတ္ခ်ပါတဲ႔ ထည္႔ေပးပါ႔မယ္ဆိုေတာ႔ ဒါေပမဲ႔ ကိုယ္႕ရင္ထဲမွာေတာ႔ေနာက္ႏွစ္ဆိုတာမေသခ်ာဘူးလို႔စိတ္ထဲမွာေပါ႔ေနာ္။” လို႔ MC အင္တာဗ်ဴးမွာေျဖၾကားသြားခဲ့တာပါ။

သရုပ္ေဆာင္ ကိုကိုဦးရဲ႕သားျဖစ္သူ သီဟေအာင္ကေတာ့ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေျဖဆိုေအာင္ျမင္ျပီးခဲ့ပါျပီ။ ဖခင္လိုပဲ အႏုပညာပိုးပါတဲ့ သီဟေအာင္ရဲ႕ အႏုပညာလွုပ္ရွားမွုေတြကို ပရိသတ္ေတြ တဝၾကီး ၾကည့္ရွုရဦးမွာပါေနာ္။
Credit: We Love Cele
Photos-Thi Ha Aung
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


လူကြမ်းသရုပ်ဆောင်အဖြစ် မြန်မာဗီဒီယိုနဲ့ ရုပ်ရှင်လောကမှာ မပါမဖြစ် အရေးကြီးတဲ့အခန်းတွေကနေ ပါဝင်သရုပ်ဆောင်ခဲ့သူ လူကြမ်းမင်းသား ကိုကိုဦးကတော့ သားချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ သားချောလေးကြောင့်လည်း မျက်နှာပွင့်လန်းနေရတဲ့ ကိုကိုဦးကတော့ သားဖြစ်သူကို အကယ်ဒမီရွှေကြိုမှာပါဝင်နိုင်ဖို့ ပြောဆိုထားခဲ့ပေမယ့်လည်း မပါခဲ့လို့ စိတ်မကောင်းဖြစ်နေခဲ့တာပါ။

“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာကျွန်တော်က အကယ်ဒမီ ဗန်းကိုင်အတွက် ရွှေကြိုအတွက်ကို ကျွန်တော့်သားလေးကိုပါစေချင်တယ်။ပါဖို့လည်း ကျွန်တော်က လွန်ခဲ့တဲ့ ၃ လလောက်က ကျွန်တော်ကပြောထားခဲ့တယ် ဒါပေမဲ့ ကျွန်တော်ပြောခဲ့တဲ့လူကြီးကတစ်ဖွဲ့ အေးစိတ်ချ ငါတို့မိသားစုထဲကရွေးမှာငါတို့လုပ်ပေးမယ် ပြောပေးမယ် ငါတို့ထည့်ပေးမယ်ပေါ့နော်။ ဒါပေမဲ့အခုက သူတို့ဖွဲ့စည်းထားတာနောက်တစ်ဖွဲ့ဖြစ်နေတယ် ဒီအဖွဲ့နဲ့ဟိုဘက်အဖွဲ့ကမချိတ်မိဘူး မချိတ်မိတော့သူတို့က ဒီဘက်အဖွဲ့ကိုတာဝန်ပေးလိုက်တော့ ဒီဘက်အဖွဲ့ကနေသူတို့စိတ်ကြိုက်ရွေးပြီးသွားပြီ ရွေးပြီးသွားပြီဆိုတော့ ကျွန်တော့်သားကကြားကကျန်ခဲ့တယ်ပေါ့နော်”

“ကျန်ခဲ့တော့ အခုလာတတ်ရောက်တဲ့ပွဲကလည်း တစ်ဖက်ကလည်းပျော်တယ် တစ်ဖက်က ကိုယ့်သားကမရဘူးဆိုတော့စိတ်မကောင်းဘူးပေါ့ ကိုဇင်ဝိုင်းအနေနဲ့ကတော့သူလည်းစိတ်မကောင်းဘူး သြော်ကိုဦးသားက ဒီအရွယ်တောင်ရောက်နေပြီလားတဲ့ အမှန်ကဒီလိုမျိုးဖြစ်ရမှာပေါ့နော် ကျတော်တို့လည်းသတိမထားမိဘူး သူတို့ကိုကျွန်တော်တို့ကတာဝန်လွှဲပေးလိုက်တာ အဲ့အတွက်ကိုမပါတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ် နောက်တစ်ခါ နောက်နှစ်ပေါ့နောက်နှစ်ကိုတော့အကို့သားလေးကိုစိတ်ချပါတဲ့ ထည့်ပေးပါ့မယ်ဆိုတော့ ဒါပေမဲ့ ကိုယ့်ရင်ထဲမှာတော့နောက်နှစ်ဆိုတာမသေချာဘူးလို့စိတ်ထဲမှာပေါ့နော်။” လို့ MC အင်တာဗျူးမှာဖြေကြားသွားခဲ့တာပါ။

သရုပ်ဆောင် ကိုကိုဦးရဲ့သားဖြစ်သူ သီဟအောင်ကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးခဲ့ပါပြီ။ ဖခင်လိုပဲ အနုပညာပိုးပါတဲ့ သီဟအောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေ တဝကြီး ကြည့်ရှုရဦးမှာပါနော်။
Credit: We Love Cele
Photos-Thi Ha Aung

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top