iMyanmarHouse.com - Best Property Website for Myanmar
×

လုပ္ေနက် အလြဲေတြ အမ်ားဆံုးပါေနတာဆိုေတာ့ မျပင္ဘဲ ဒီအတိုင္းဆက္သြားရင္ ခက္ရခ်ည္ရဲ႕…

ႏွင္းရဲ႕ အခ်စ္တံုး ေယာင္းေယာင္းေလးတို႔ေရ… မေတြ႔ရတာေတာင္ အရမ္းၾကာေနၿပီေနာ္။ ႏွင္းကိုေရာ လြမ္းေနၾကရဲ႕လား? (မလြမ္းလည္း ရႊီေရွာင္ေပါ့ေအ။) ဆိုေတာ့ကား  စစခ်င္း ျပန္ေရးတဲ့အပုဒ္ကို ေဆာက္နဲ႔ထြင္းခ်မယ္ 😛

ဝိတ္ေတြခ်ၾကတယ္ေလေနာ္႔၊ တစ္ရက္လံုးလံုး ေရပဲေသာက္တယ္တို႔၊ အရြက္ျပဳတ္ကလြဲရင္ တျခားဟာေတြကို အနံ႕ေတာင္မခံဘူးတို႔၊ ဟုတ္ပါတယ္ ဝိတ္က်ဖို႔အတြက္ဆိုရင္ အစားေရွာင္မွ က်မယ္ဆိုတာမွန္တယ္။ ဒါေပမဲ့လည္း က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ဝိတ္ခ်နည္းလား ဘယ္သေကာင့္သားက ေပါက္ကရေျပာလႊတ္မွန္းမသိတဲ့ ယံုတမ္းစကားေတြလားဆိုတာေတာ့ မခြဲၾကတာ၊ မကြဲၾကတာ ခက္သားလားေနာ္.. ကဲ.. ဒါဆို ဆက္ၾကည့္လိုက္ရေအာင္…

(၁) ပိုပင္ပန္းေလ ပိုထိေရာက္ေလပဲ။

အားလားလားလား တစ္ေန႔မွ အရြက္ျပဳတ္ေလး တစ္ခြက္ပဲ ပါခ်ီပါခ်က္စားေတာ့ တစ္ေနကုန္ ဗိုက္ေတြဆာၿပီး ျမင္သာျမင္ရ မၾကင္ရဘဝကို ေရာက္ေနတာေလ။ ကဲ ဟုတ္ၿပီ၊ ဒီလိုစားၿပီး ကိုယ္ကအိမ္မွာ ေအးေဆးနားေနလားဆိုေတာ့ ျမန္ျမန္ဝိတ္က်ေအာင္ဆိုၿပီး Gym ေလးပါေျပးေဆာ့လိုက္ေသးတာ။ အဲ့ေတာ့ ကိုယ့္ခႏၶာကိုယ္က လိုအပ္တဲ့ အာဟာရဓာတ္ကို မရတဲ့အတြက္ ဆႏၵျပၿပီေလ။ မူးကနဲ မိုက္ကနဲျဖစ္၊ မ်က္လံုးေတြျပာၿပီး လူက အသက္ရွဴေတြၾကပ္ေရာ။ အဲဒါကို ‘ဟယ္ ငါ ဒီေလာက္ အငတ္ခံ အပင္ပန္းခံထားေတာ့ ငါဝိတ္ေတြ ဝုန္းကနဲက်ပါၿပီ’ ဆိုၿပီး ႀကိတ္ဝမ္းသာေနတာ။ တစ္ပတ္အတြင္း ၇ ေပါင္ေလာက္ ဝုန္းကနဲက်သြားေပမဲ့ တစ္ရက္ေလာက္ ထမင္းလည္း ျပန္စားေရာ အဲဒီ ၇ ေပါင္က ကၽြိကနဲျပန္တက္ပါေလေရာ။ အဲ့လိုနဲ႔ တစ္ပတ္စာအငတ္ခံသမွ် အခ်ည္းအႏွီးျဖစ္ျပန္ၿပီ ပလံုကနဲပဲ။

တကယ္တမ္းက်ေတာ့ ဝိတ္ေလွ်ာ႔တယ္ဆိုတာ အစာပဲ အငတ္ခံၿပီး လံုးဝမစားမေသာက္ ေနခိုင္းတာမ်ိဳးမဟုတ္ဘဲ ခႏၶာကိုယ္မွာရွိတဲ့ အဆီေလ်ာ႔သြားၿပီး အဲဒီအဆီေနရာမွာ ႂကြက္သားေတြ အစားထိုးၿပီး က်စ္က်စ္လ်စ္လ်စ္ျဖစ္သြားဖို႔ပဲမို႔ အဆီ၊ အခ်ိဳမ်ားတဲ့ အစာေတြပဲ ေလွ်ာ႔စားၿပီး ကိုယ့္အတြက္ လိုအပ္တဲ့ ဓာတ္ေတြကိုေတာ့ မျဖစ္မေနစားသံုးၿပီး ျဖည့္ေပးဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ အရမ္းပင္ပန္းစရာမလိုပါဘူး၊ ဇြဲရွိဖို႔ပဲ လိုပါတယ္လို႔ ေျပာပါရေစ ေယာင္းတို႔ေရ…

(၂)  ျမန္ျမန္က်ေလ ေကာင္းေလ။

အင္းပါ ေန႔တိုင္း မာလာရွမ္းေကာနဲ႔ ေဟာ့ေပါ့ကို အလွည့္က်စားေနၿပီး ပြဲတစ္ခုခုရွိေတာ့မွ တစ္ပတ္အတြင္း ၁၀ ေပါင္က်နည္းတို႔၊ ၃ ရက္အတြင္း ခါးတစ္လက္မ ေလ်ာ႔ေရး ငါ့အေရးတို႔ စသည္ျဖင့္ အသီးသီးေႂကြးေၾကာ္ၿပီး ခ်လိုက္ၾကတဲ့ ဝိတ္ေတြဆိုတာ။ ျပင္းျပင္းထန္ထန္လုပ္ရင္ တကယ္လည္း  ဝုန္းကနဲက်တာကိုး။ အဲ့ေတာ့ လူေတြက ျမန္ျမန္က်တဲ့ဝိတ္ကို အတည္ထင္ၿပီး တျခားေန႔ေတြမွာ ပရမ္းပတာေတြစား၊ ပြဲတစ္ခုခုနီးတဲ့အခ်ိန္မွာေတာ့ အေသအလဲ ဝိတ္ကိုခ်ပစ္တဲ့ နည္းကို သံုးလာေရာ။ အဲ့ေတာ့ ျမန္ျမန္က်ေလ ေကာင္းေလ ဆိုတဲ့ အသိက အမွန္လိုလို ဘာလိုလို…

ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီလိုမ်က္စိတစ္မွိတ္အတြင္း ရလဒ္ထြက္လာတာကို ႀကိဳက္ၾကမွာပဲေလ။ ဒါေပမဲ့လည္း တကယ္တမ္းက်ေတာ့ ဒီလို ေမွာ္ဆန္ဆန္ ဝိတ္ခ်တဲ့နည္းေတြက အရမ္းျပင္းထန္တာမို႔ ကိုယ့္ရဲ႕ခႏၶာကိုယ္နဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာကို အရမ္းထိခိုက္ေစပါတယ္။ ဒါေၾကာင့္ ပံုမွန္ေလးပဲ ထိန္းသိမ္းပါလို႔ ႏွင္းကထပ္ေျပာခ်င္ပါတယ္ေနာ္။

(၃) Diet food လို႔ေခၚတဲ့ ဝိတ္က်ေစမယ့္ အစားအစာေတြကို အရမ္းယံုၾကည္တယ္။

Gym မွာေရာင္းတဲ့ ပရိုတင္းဘားတို႔၊ ေရွာ႔ပင္စင္တာႀကီးေတြမွာ ေရာင္းတဲ့ Sugar free (သၾကားမပါတဲ့) အစားအေသာက္ေတြ၊ Low fat (အဆီေလ်ာ႔တဲ့) အစားအေသာက္ေတြကို အားပါးတရကို ဝယ္ၿပီး ထမင္းလြတ္၊ ဟင္းလြတ္ ႀကိတ္တာ၊ ႀကိတ္တာေနာ္… ၿပီးေတာ့ ဒီလို အစားအေသာက္ေတြက ပံုမွန္ေတြ႔ေနက် စားစရာေတြထက္ ေဈးလည္း ပိုေျမာက္တာမို႔ လူ႔စိတ္သဘာဝအရ အလိုလို ယံုၾကည္မိေနတယ္ေလ။

အမွန္ကေတာ့ ဒါကိုယ့္ကို လက္တစ္လံုးျခား ဂ်င္းထည့္ၿပီး စီးပြားရွာထားၾကတာပါ။ သၾကားမပါတဲ့ sugar free အစားအေသာက္ေတြဆိုရင္ သၾကားမႈန္႔မထည့္ဘဲ artificial sweets လို႔ေခၚတဲ့ လူလုပ္အခ်ိဳေတြကို အစားထိုးထည့္ထားၿပီး Low-fat လို႔ေခၚတဲ့ အဆီထုတ္အစားအေသာက္ေတြဆိုရင္ေတာ့ သၾကားကို ပံုမွန္ထက္ ပိုကဲထားပါတယ္။ ဘယ္ေလာက္ပဲ အဆီထုတ္၊ သၾကားမပါဘူးပဲ ေျပာေျပာ စားေကာင္းမွလည္း လူေတြက ဝယ္စားၾကမွာကိုး။ ဒါေၾကာင့္  ဒီအစားအေသာက္ေတြကလည္း ဂ်င္းႀကီးေတြထဲက တစ္ခုပါပဲ။

(၄) ဝိတ္ဆိုတာ လိုခ်င္တဲ့အခ်ိန္မွ ေသခ်ာခ်တတ္ဖို႔ပဲ လိုတယ္။ က်န္တဲ့ အခ်ိန္ကေတာ့ စားခ်င္တာစား။

ပံုမွန္အခ်ိန္မွာေတာ့ ကိတ္မုန္႔၊ အခ်ိဳရည္ေတြ ေဟာ့ေပါ့နဲ႔ မာလာရွမ္းေကာကို စားခ်င္သေလာက္ စပိုးနင့္ေအာင္ စားခ်င္စားမယ္။ ဘာလို႔လဲဆိုေတာ့ ဝိတ္အတက္အက်ဆိုတာ ကိုယ့္ေစလိုရာေစလို႔ရတဲ့ အရာတစ္ခုကိုးေနာ္႔ ဟုတ္တယ္မလား?

ေအးပါ ယူတို႔ကလည္း ဘယ္သူ႔အားကိုးနဲ႔ ဒီေလာက္ေတာင္ မိုက္တတ္ေနတာလဲ ေျပာၾကည့္။ ပိန္လိုက္ေဖာင္းလိုက္နဲ႔ အစားေတြစြတ္ေရွာင္ၿပီး လူမမာပိန္ပိန္သြားတာကို အဇမ္းဂုဏ္ယူေနတယ္ေပါ့? တစ္ပတ္ေလာက္ ကိုယ္ေရစစ္ၿပီး က်န္တဲ့ရက္ေတြမွာ ေလးပင္ေနတဲ့ ခႏၶာကိုယ္ႀကီးကို သယ္ထားရတာ သိပ္ေပါ့ပါတယ္ေပါ့? ပံုမွန္အတိုင္း က်န္းမာေရးနဲ႔ညီညႊတ္ေအာင္ ေနထိုင္သြားလာ၊ စားေသာက္ေနတဲ့ လူေတြကို ရူးေနလားဆိုတဲ့အၾကည့္နဲ႔ ၾကည့္တယ္ေပါ့? ေတာ္တယ္ ဂြတ္!!!

ႏွင္းရဲ႕ ေယာင္းေယာင္းေလးေတြလည္း သနားပါတယ္။ ဘယ္သေကာင့္သားက ေပါက္ပန္းေဈးေျပာလႊတ္မွန္းမသိတဲ့ အလြဲႀကီးေတြကို အတည္ေတြထင္ၿပီး တကယ္လိုက္လုပ္ေနၾကတာ။ ႏွင္း ဟိုးအရင္ေဆာင္းပါးေတြကလည္းက ေျပာထားၿပီးသား။ ဝိတ္ဘယ္ေလာက္လဲဆိုတာထက္ ကိုယ့္ရဲ႕ခႏၶာကိုယ္က က်စ္က်စ္လ်စ္လ်စ္၊ ေပါ့ေပါ့ပါးပါးနဲ႔ က်န္းမာေနဖို႔က အေရးႀကီးဆံုးပဲဆိုတာကို။

အခုအလြဲေတြ ထပ္ေရးတယ္ဆိုတာ ကိုယ့္ပတ္ဝန္းက်င္မွာကိုက ဒီလိုလူမ်ိဳးေတြ တျဖည္းျဖည္းမ်ားလာၿပီး မူးေမ့လဲ၊ အစာအိမ္ေရာဂါျဖစ္လာၾကလို႔ပါ။ ေယာင္းေယာင္းေလးေတြကို က်န္းက်န္းမာမာနဲ႔ လွေစခ်င္လြန္းလို႔ အမုန္းခံၿပီး ေစတနာထား ေရးေပးတာမို႔ နည္းနည္းေလးျဖစ္ျဖစ္ စကားနားေထာင္ၾကပါလို႔ အဟင့္။

Credit:Hnin Ei Oo (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
လုပ်နေကျ အလွဲတွေ အများဆုံးပါနေတာဆိုတော့ မပြင်ဘဲ ဒီအတိုင်းဆက်သွားရင် ခက်ရချည်ရဲ့…

နှင်းရဲ့ အချစ်တုံး ယောင်းယောင်းလေးတို့ရေ… မတွေ့ရတာတောင် အရမ်းကြာနေပြီနော်။ နှင်းကိုရော လွမ်းနေကြရဲ့လား? (မလွမ်းလည်း ရွှီရှောင်ပေါ့အေ။) ဆိုတော့ကား  စစချင်း ပြန်ရေးတဲ့အပုဒ်ကို ဆောက်နဲ့ထွင်းချမယ် 😛

ဝိတ်တွေချကြတယ်လေနော့်၊ တစ်ရက်လုံးလုံး ရေပဲသောက်တယ်တို့၊ အရွက်ပြုတ်ကလွဲရင် တခြားဟာတွေကို အနံ့တောင်မခံဘူးတို့၊ ဟုတ်ပါတယ် ဝိတ်ကျဖို့အတွက်ဆိုရင် အစားရှောင်မှ ကျမယ်ဆိုတာမှန်တယ်။ ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝိတ်ချနည်းလား ဘယ်သကောင့်သားက ပေါက်ကရပြောလွှတ်မှန်းမသိတဲ့ ယုံတမ်းစကားတွေလားဆိုတာတော့ မခွဲကြတာ၊ မကွဲကြတာ ခက်သားလားနော်.. ကဲ.. ဒါဆို ဆက်ကြည့်လိုက်ရအောင်…

(၁) ပိုပင်ပန်းလေ ပိုထိရောက်လေပဲ။

အားလားလားလား တစ်နေ့မှ အရွက်ပြုတ်လေး တစ်ခွက်ပဲ ပါချီပါချက်စားတော့ တစ်နေကုန် ဗိုက်တွေဆာပြီး မြင်သာမြင်ရ မကြင်ရဘဝကို ရောက်နေတာလေ။ ကဲ ဟုတ်ပြီ၊ ဒီလိုစားပြီး ကိုယ်ကအိမ်မှာ အေးဆေးနားနေလားဆိုတော့ မြန်မြန်ဝိတ်ကျအောင်ဆိုပြီး Gym လေးပါပြေးဆော့လိုက်သေးတာ။ အဲ့တော့ ကိုယ့်ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်ကို မရတဲ့အတွက် ဆန္ဒပြပြီလေ။ မူးကနဲ မိုက်ကနဲဖြစ်၊ မျက်လုံးတွေပြာပြီး လူက အသက်ရှူတွေကြပ်ရော။ အဲဒါကို ‘ဟယ် ငါ ဒီလောက် အငတ်ခံ အပင်ပန်းခံထားတော့ ငါဝိတ်တွေ ဝုန်းကနဲကျပါပြီ’ ဆိုပြီး ကြိတ်ဝမ်းသာနေတာ။ တစ်ပတ်အတွင်း ၇ ပေါင်လောက် ဝုန်းကနဲကျသွားပေမဲ့ တစ်ရက်လောက် ထမင်းလည်း ပြန်စားရော အဲဒီ ၇ ပေါင်က ကျွိကနဲပြန်တက်ပါလေရော။ အဲ့လိုနဲ့ တစ်ပတ်စာအငတ်ခံသမျှ အချည်းအနှီးဖြစ်ပြန်ပြီ ပလုံကနဲပဲ။

တကယ်တမ်းကျတော့ ဝိတ်လျှော့တယ်ဆိုတာ အစာပဲ အငတ်ခံပြီး လုံးဝမစားမသောက် နေခိုင်းတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်မှာရှိတဲ့ အဆီလျော့သွားပြီး အဲဒီအဆီနေရာမှာ ကြွက်သားတွေ အစားထိုးပြီး ကျစ်ကျစ်လျစ်လျစ်ဖြစ်သွားဖို့ပဲမို့ အဆီ၊ အချိုများတဲ့ အစာတွေပဲ လျှော့စားပြီး ကိုယ့်အတွက် လိုအပ်တဲ့ ဓာတ်တွေကိုတော့ မဖြစ်မနေစားသုံးပြီး ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အရမ်းပင်ပန်းစရာမလိုပါဘူး၊ ဇွဲရှိဖို့ပဲ လိုပါတယ်လို့ ပြောပါရစေ ယောင်းတို့ရေ…

(၂)  မြန်မြန်ကျလေ ကောင်းလေ။

အင်းပါ နေ့တိုင်း မာလာရှမ်းကောနဲ့ ဟော့ပေါ့ကို အလှည့်ကျစားနေပြီး ပွဲတစ်ခုခုရှိတော့မှ တစ်ပတ်အတွင်း ၁၀ ပေါင်ကျနည်းတို့၊ ၃ ရက်အတွင်း ခါးတစ်လက်မ လျော့ရေး ငါ့အရေးတို့ စသည်ဖြင့် အသီးသီးကြွေးကြော်ပြီး ချလိုက်ကြတဲ့ ဝိတ်တွေဆိုတာ။ ပြင်းပြင်းထန်ထန်လုပ်ရင် တကယ်လည်း  ဝုန်းကနဲကျတာကိုး။ အဲ့တော့ လူတွေက မြန်မြန်ကျတဲ့ဝိတ်ကို အတည်ထင်ပြီး တခြားနေ့တွေမှာ ပရမ်းပတာတွေစား၊ ပွဲတစ်ခုခုနီးတဲ့အချိန်မှာတော့ အသေအလဲ ဝိတ်ကိုချပစ်တဲ့ နည်းကို သုံးလာရော။ အဲ့တော့ မြန်မြန်ကျလေ ကောင်းလေ ဆိုတဲ့ အသိက အမှန်လိုလို ဘာလိုလို…

ရာခိုင်နှုန်း တော်တော်များများကတော့ ဒီလိုမျက်စိတစ်မှိတ်အတွင်း ရလဒ်ထွက်လာတာကို ကြိုက်ကြမှာပဲလေ။ ဒါပေမဲ့လည်း တကယ်တမ်းကျတော့ ဒီလို မှော်ဆန်ဆန် ဝိတ်ချတဲ့နည်းတွေက အရမ်းပြင်းထန်တာမို့ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အရမ်းထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်လေးပဲ ထိန်းသိမ်းပါလို့ နှင်းကထပ်ပြောချင်ပါတယ်နော်။

(၃) Diet food လို့ခေါ်တဲ့ ဝိတ်ကျစေမယ့် အစားအစာတွေကို အရမ်းယုံကြည်တယ်။

Gym မှာရောင်းတဲ့ ပရိုတင်းဘားတို့၊ ရှော့ပင်စင်တာကြီးတွေမှာ ရောင်းတဲ့ Sugar free (သကြားမပါတဲ့) အစားအသောက်တွေ၊ Low fat (အဆီလျော့တဲ့) အစားအသောက်တွေကို အားပါးတရကို ဝယ်ပြီး ထမင်းလွတ်၊ ဟင်းလွတ် ကြိတ်တာ၊ ကြိတ်တာနော်… ပြီးတော့ ဒီလို အစားအသောက်တွေက ပုံမှန်တွေ့နေကျ စားစရာတွေထက် ဈေးလည်း ပိုမြောက်တာမို့ လူ့စိတ်သဘာဝအရ အလိုလို ယုံကြည်မိနေတယ်လေ။

အမှန်ကတော့ ဒါကိုယ့်ကို လက်တစ်လုံးခြား ဂျင်းထည့်ပြီး စီးပွားရှာထားကြတာပါ။ သကြားမပါတဲ့ sugar free အစားအသောက်တွေဆိုရင် သကြားမှုန့်မထည့်ဘဲ artificial sweets လို့ခေါ်တဲ့ လူလုပ်အချိုတွေကို အစားထိုးထည့်ထားပြီး Low-fat လို့ခေါ်တဲ့ အဆီထုတ်အစားအသောက်တွေဆိုရင်တော့ သကြားကို ပုံမှန်ထက် ပိုကဲထားပါတယ်။ ဘယ်လောက်ပဲ အဆီထုတ်၊ သကြားမပါဘူးပဲ ပြောပြော စားကောင်းမှလည်း လူတွေက ဝယ်စားကြမှာကိုး။ ဒါကြောင့်  ဒီအစားအသောက်တွေကလည်း ဂျင်းကြီးတွေထဲက တစ်ခုပါပဲ။

(၄) ဝိတ်ဆိုတာ လိုချင်တဲ့အချိန်မှ သေချာချတတ်ဖို့ပဲ လိုတယ်။ ကျန်တဲ့ အချိန်ကတော့ စားချင်တာစား။

ပုံမှန်အချိန်မှာတော့ ကိတ်မုန့်၊ အချိုရည်တွေ ဟော့ပေါ့နဲ့ မာလာရှမ်းကောကို စားချင်သလောက် စပိုးနင့်အောင် စားချင်စားမယ်။ ဘာလို့လဲဆိုတော့ ဝိတ်အတက်အကျဆိုတာ ကိုယ့်စေလိုရာစေလို့ရတဲ့ အရာတစ်ခုကိုးနော့် ဟုတ်တယ်မလား?

အေးပါ ယူတို့ကလည်း ဘယ်သူ့အားကိုးနဲ့ ဒီလောက်တောင် မိုက်တတ်နေတာလဲ ပြောကြည့်။ ပိန်လိုက်ဖောင်းလိုက်နဲ့ အစားတွေစွတ်ရှောင်ပြီး လူမမာပိန်ပိန်သွားတာကို အဇမ်းဂုဏ်ယူနေတယ်ပေါ့? တစ်ပတ်လောက် ကိုယ်ရေစစ်ပြီး ကျန်တဲ့ရက်တွေမှာ လေးပင်နေတဲ့ ခန္ဓာကိုယ်ကြီးကို သယ်ထားရတာ သိပ်ပေါ့ပါတယ်ပေါ့? ပုံမှန်အတိုင်း ကျန်းမာရေးနဲ့ညီညွှတ်အောင် နေထိုင်သွားလာ၊ စားသောက်နေတဲ့ လူတွေကို ရူးနေလားဆိုတဲ့အကြည့်နဲ့ ကြည့်တယ်ပေါ့? တော်တယ် ဂွတ်!!!

နှင်းရဲ့ ယောင်းယောင်းလေးတွေလည်း သနားပါတယ်။ ဘယ်သကောင့်သားက ပေါက်ပန်းဈေးပြောလွှတ်မှန်းမသိတဲ့ အလွဲကြီးတွေကို အတည်တွေထင်ပြီး တကယ်လိုက်လုပ်နေကြတာ။ နှင်း ဟိုးအရင်ဆောင်းပါးတွေကလည်းက ပြောထားပြီးသား။ ဝိတ်ဘယ်လောက်လဲဆိုတာထက် ကိုယ့်ရဲ့ခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျန်းမာနေဖို့က အရေးကြီးဆုံးပဲဆိုတာကို။

အခုအလွဲတွေ ထပ်ရေးတယ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာကိုက ဒီလိုလူမျိုးတွေ တဖြည်းဖြည်းများလာပြီး မူးမေ့လဲ၊ အစာအိမ်ရောဂါဖြစ်လာကြလို့ပါ။ ယောင်းယောင်းလေးတွေကို ကျန်းကျန်းမာမာနဲ့ လှစေချင်လွန်းလို့ အမုန်းခံပြီး စေတနာထား ရေးပေးတာမို့ နည်းနည်းလေးဖြစ်ဖြစ် စကားနားထောင်ကြပါလို့ အဟင့်။

Credit:Hnin Ei Oo (For Her Myanmar)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top